Zawgyiျဖင့္ဖတ္ရန္
လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ေလာက္က အေမရိကန္ႏိုင္ငံသား မစၥတာဒန္နီယယ္ (Daniel Ehrlich)တစ္ေယာက္ ျမန္မာ့အႏုသုခမေတြနဲ႔ ထင္ရွားရာ မႏၲေလးၿမိဳ႕ဆီ အလည္တစ္ေခါက္ ေရာက္လာခဲ့ပါတယ္။ သူဟာ ဆိုက္ကားသမားတစ္ေယာက္ရဲ႕ ေကာင္းမႈနဲ႔ ျမန္မာဇာတ္ပြဲတစ္ပြဲဆီ မထင္မွတ္ဘဲ ေရာက္ရွိသြားၿပီး ဇာတ္ခုံေနာက္အထိပါ ဝင္ေရာက္ေလ့လာခြင့္ ရပါတယ္။
ဒီအခိုက္အတန္႔မွာပဲ ျမန္မာအကဟာ ႏွစ္သက္ဖြယ္ အႏုပညာပုံစံတစ္ခု၊ ဇာတ္ပြဲေတြဟာ မႏၲေလးၿမိဳ႕ရဲ႕ ႀကီးမားတဲ့ အစိတ္အပိုင္းတစ္ရပ္၊ ျမန္မာေတြရဲ႕ အေၾကာင္းနဲ႔ အတိတ္ကဇာတ္ေၾကာင္းေတြ၊ လူေနထိုင္မႈပုံစံေတြ၊ ဇာတ္ပြဲအႏုပညာရွင္ေတြရဲ႕ ဘဝေတြကို ရွာေတြ႕ႏိုင္တဲ့အျပင္ အားလုံးလက္ခံနားလည္ႏိုင္တဲ့ အႏုပညာပုံစံဟာ ျမန္မာ့အကမွာ ေပ်ာ္ဝင္ေနတယ္လို႔ သူ ယုံၾကည္သြားခဲ့ပါတယ္။
ျမန္မာအကကို ျမတ္ႏိုးတဲ့စိတ္နဲ႔ပဲ မက္ဆာခ်ဴးဆက္ နည္းပညာတကၠသိုလ္က ပါေမာကၡဒန္နီယယ္ဟာ မႏၲေလးၿမိဳ႕ကို ႏွစ္တိုင္း အေရာက္လာခဲ့ပါေတာ့တယ္။ ဒါေပမဲ့ ျမန္မာအကကို စြဲလမ္းသြားတဲ့ တိုင္းတစ္ပါးသားတစ္ေယာက္အတြက္ ေနာက္ပိုင္း အေတြ႕အႀကဳံေတြဟာ ကံမေကာင္းစြာနဲ႔ စိတ္ပ်က္ဝမ္းနည္းဖြယ္ရာသာ ျဖစ္ခဲ့ပါေတာ့တယ္။
ေခတ္ေရစီးေၾကာင္းအရ ေပၚေပါက္လာခဲ့တဲ့ ေဖ်ာ္ေျဖေရးပုံစံအသစ္ေတြဟာ မစၥတာဒန္နီယယ္ ျမတ္ႏိုးတဲ့ မႏၲေလးရဲ႕ ထြန္းကားခမ္းနားတဲ့ အၿငိမ့္ေတြ၊ ဇာတ္ပြဲေတြကို အရွိန္အဟုန္နဲ႔တြန္းထိုးတိုက္စား ပစ္လိုက္ပါတယ္။ ၁၉၈၀ ျပည့္ႏွစ္ ဝန္းက်င္မွာ အၿငိမ့္ေပါင္း ၃၀ ေက်ာ္၊ ၄၀ နီးပါး ရွိခဲ့တဲ့ မႏၲေလးၿမိဳ႕ဟာ ယေန႔ကာလမွာေတာ့ အၿငိမ့္အဖြဲ႕ ႏွစ္ဖြဲ႕၊ သုံးဖြဲ႕ေလာက္သာ က်န္တဲ့အထိ ေပ်ာက္ကြယ္ကုန္ၿပီး ျမန္မာ့အကရဲ႕ နယ္ပယ္ဟာ တျဖည္းျဖည္းက်ဥ္းေျမာင္း လာလိုက္တာ ဇာတ္ခုံေတြထဲမွာ ေခတ္ေပၚတူရိယာေတြနဲ႔ တီးမႈတ္ သီဆိုၾကတဲ့ စတိတ္ရႈိးေတြသာ ေနရာယူလာေနခဲ့ၿပီ ျဖစ္ပါတယ္။
အၿငိမ့္ေတြ၊ ဇာတ္ပြဲေတြ၊ ၾကည့္ခ်င္ပြဲေတြနဲ႔ တစ္ခ်ိန္က ၿခိမ့္ၿခိမ့္သဲ အသက္ဝင္ခဲ့တဲ့ မႏၲေလးၿမိဳ႕မွာ အခုအခါ ျမန္မာအကစစ္စစ္ကို ၾကည့္ခ်င္ပါတယ္ဆိုရင္ လမ္းၫႊန္ျပစရာ ေနရာဟာ ေတာ္ေတာ္ရွားပါးေနခဲ့ပါၿပီ။
“ျမန္မာ့အၿငိမ့္ေတြအတြက္ စိုးရိမ္စရာပါပဲ။ ဇာတ္ပြဲေတြမွာမင္းသမီး အနည္းငယ္ေလာက္သာ အဆိုေရာ၊ အကပါ ပိုင္ႏိုင္ပါေတာ့တယ္။ ဒါဟာ သိပ္လွတဲ့ ႐ိုးရာအႏုပညာတစ္ရပ္ ကမာၻေပၚကေပ်ာက္ကြယ္သြားေတာ့မွာပါ။ ကြၽန္ေတာ္တည္ေထာင္တဲ့ အင္းဝအကသင္တန္းေက်ာင္းက ဒီ႐ိုးရာ အႏုပညာကို ကာကြယ္သြားခ်င္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က သိပ္ေသးငယ္တဲ့ အဖြဲ႕ေလးျဖစ္ေနေတာ့ ထင္ရွားတဲ့ ကြဲျပားမႈေတြ လုပ္ျပဖို႔ ေငြေၾကးပိုလိုပါတယ္”လို႔ အသက္ ၆၈ ႏွစ္အ႐ြယ္ ဒန္နီယယ္က ေျပာပါတယ္။
ျမန္မာအကကို ႏွစ္သက္တဲ့ ဒန္နီယယ္ဟာ “မင္းသား” ကဇာတ္႐ုံကို မႏၲေလးဆီဒိုးနားဟိုတယ္ (ယခု ဟီလ္တန္ဟိုတယ္) အနီးမွာ၂၀ဝ၆ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အထိ ဖြင့္ခဲ့ေပမဲ့ အခက္အခဲေတြႀကဳံခဲ့ရတာေၾကာင့္ ရပ္နားခဲ့ရပါတယ္။ ၂၀ဝ၆ ခုႏွစ္ကေန ၂၀၁၀ျပည့္ႏွစ္အတြင္း ဧည့္သည္အဝင္နည္းတဲ့ ျပႆနာကို သူႀကဳံေတြ႕ခဲ့ရၿပီး ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ဧည့္သည္အဝင္မ်ားလာတဲ့ အခါမွာေတာ့ မႏၲေလးၿမိဳ႕မွာ ေျမေနရာငွားရမ္းခေတြက ႏွစ္ဆ၊ သုံးဆခုန္တက္သြားတဲ့ ျပႆနာကို ထပ္ႀကဳံရျပန္ပါတယ္။ သူ႔အတြက္အဲဒီထက္ ပိုဆိုးတဲ့ ျပႆနာကေတာ့ ေက်ာင္းသားအကပညာရွင္ေတြရွားပါးလာတာျဖစ္သလို ပန္တ်ာေက်ာင္းမွာလည္းေက်ာင္းသား ရွားပါးလာတာ ျဖစ္တယ္လို႔ မစၥတာ ဒန္နီယယ္က ေျပာပါတယ္။
ျမန္မာ့အက က႑အတြက္ ျပႆနာႀကီးႀကဳံေနရတာကို လက္ခံလိုက္ရတဲ့ေနာက္ပိုင္း ၂၀၁၃ ခုႏွစ္မွာ ]မင္းသား} ကဇာတ္႐ုံကို ရပ္နားလိုက္ရပါတယ္။ ဒါေပမဲ့ ဒန္နီယယ္ဟာ လက္မေလွ်ာ့ဘဲ ပိုႀကီးမားတဲ့ အိပ္မက္ကို ေမြးျမဴခဲ့ၿပီး အေမရိကန္ကို ျပန္ကာ ရန္ပုံေငြရဖို႔ႀကိဳးပမ္းခဲ့ပါတယ္။ အေမရိကန္ကေန ခရီးသြားအုပ္စုေလးေတြကို ဖိတ္ေခၚၿပီး ဇာတ္သဘင္အႏုပညာနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီလိုနဲ႔၂၀၁၆ ခုႏွစ္မွာ သူဟာ ]အင္းဝ} အကသင္တန္းေက်ာင္းကို ထူေထာင္ၿပီး သူ႔ရဲ႕သင္တန္းသားေတြ၊ ပန္တ်ာနည္းျပေတြရဲ႕ အင္အားနဲ႔ ]မင္းသား}ကဇာတ္႐ုံကို ျပန္အသက္သြင္းပါေတာ့တယ္။
“သင္တန္းဆင္းၿပီးတဲ့ေနာက္ သင္တန္းသားအမ်ားစုဟာ ျပည္တြင္းမွာပရိသတ္ေတြကို ေဖ်ာ္ေျဖတဲ့သူေတြ ျဖစ္လာပါတယ္။ တကယ္ေတာ့ ေကာင္းေကာင္းေလ့က်င့္ေပးထားတဲ့သူေတြကို ဒီနယ္ပယ္ထဲမွာ ေတြ႕ဖို႔ဆိုတာ ေတာ္ေတာ္ခက္ခဲပါတယ္။ သူတို႔ကို ျပည္တြင္းက ပရိသတ္ေတြက ေတာ္ေတာ္ ႏွစ္သက္သလိုျပည္ပက ပရိသတ္ေတြကလည္း ျမန္မာ့႐ိုးရာကို ႏွစ္သက္တယ္။ ဒါေပမဲ့ ျပည္ပက ပရိသတ္ေတြအတြက္ ျမန္မာျပည္မွာ ပြဲၾကည့္စရာေနရာေကာင္းေကာင္း မရွိပါဘူး။ ဟိုတယ္ေတြမွာ ကျပတဲ့ ေဖ်ာ္ေျဖမႈနဲ႔ ျပင္ပမွာ အစစ္အမွန္ ကျပတာေတြရဲ႕ ကြဲျပားမႈကို သူတို႔ ေကာင္းေကာင္းသိၾက တယ္”လို႔ ဒန္နီယယ္က ေျပာပါတယ္။
အင္းဝ အကသင္တန္းေက်ာင္းဆီကို ျမန္မာ့ဓေလ့ေတြ ရွင္သန္ေနဆဲျဖစ္တဲ့ ေနရာေတြဆီက သင္တန္းသားေတြ ေရာက္လာၾကတာမ်ားေၾကာင္း သူက ေျပာပါတယ္။ သင္တန္းေက်ာင္းဟာ အဆို အက ပါရမီပါသူေတြကို မိဘက မတတ္ႏိုင္ဘူးဆိုရင္ ေန၊ စားစရိတ္ၿငိမ္းနဲ႔ ႏွစ္ႏွစ္တာ အခမဲ့သင္တန္းေပးသလိုေဖာင္ေတာ္ဦး ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းနဲ႔ ခ်ိတ္ဆက္ထားၿပီးပညာလည္း သင္ၾကားေပးတာ ျဖစ္ပါတယ္။
“အင္းဝသင္တန္းေက်ာင္းကို ျမန္မာေတြအားလုံးအတြက္ အေရးပါတဲ့အႏုပညာအထက္တန္းေက်ာင္းတစ္ေက်ာင္း ျဖစ္ေစခ်င္ပါတယ္။ ဒါကို လည္ပတ္ခဲ့တာ ေလးႏွစ္ရွိပါၿပီ။ အႏုပညာ ေက်ာင္းတစ္ေက်ာင္းကို ဘယ္လို လည္ပတ္ရမလဲ ဆိုတာလည္း နားလည္ၿပီ။ ကြၽန္ေတာ္တို႔ ေငြေၾကးရွာႏိုင္သေလာက္နဲ႔ျဖည္းျဖည္းခ်င္း ႀကီးထြားလာရမွာေပါ့”လို႔ ဒန္နီယယ္က ေျပာပါတယ္။
ရန္ပုံေငြေၾကးဟာ သင္တန္းေက်ာင္းအတြက္ ျပႆနာတစ္ရပ္အျဖစ္ ရွိေနဆဲပါ။ လက္ရွိမွာ လႉ·ရွင္အားလုံးနီးပါးဟာ အေမရိကန္နဲ႔ ဥေရာပကျဖစ္ၿပီးလုပ္ငန္းလည္ပတ္မႈ ကုန္က်စရိတ္ရဲ႕ သုံးပုံ တစ္ပုံေလာက္ကို “မင္းသား”ကဇာတ္႐ုံဝင္ေငြကေန ရေနပါတယ္။
အကသင္တန္းေက်ာင္းကေန သင္တန္းသား သင္တန္းသူေပါင္း ၄၀ ေလာက္ေမြးထုတ္ေပးခဲ့ၿပီလို႔ ေက်ာင္းအဖြဲ႕ဝင္ ဦးထြန္းထြန္းက ေျပာပါတယ္။ ]မင္းသား} ကဇာတ္႐ုံမွာ ေက်ာင္းသားေက်ာင္းသူ ၁၃ ဦးနဲ႔ ကျပေနၿပီး က်န္တဲ့သူေတြထဲမွာ တခ်ိဳ႕က ဇာတ္ေတြထဲ လိုက္တယ္လို႔ ေျပာပါတယ္။
“သင္တန္းနဲ႔ ပတ္သက္ရင္ ေက်နပ္မႈရွိပါတယ္။ နယ္ကလာၿပီးတကယ္ ဝါသနာပါတဲ့သူေတြကို ေတြ႕ရတာ အားရတယ္။ မစၥတာဒင္နီယယ္စိတ္အားထက္သန္မႈက ျမန္မာေတြထက္သာတယ္”လို႔ ဦးထြန္းထြန္းက ေျပာပါတယ္။
ဒီလိုအားရစရာအခ်က္ေတြ ရွိေနေပမဲ့ ျမန္မာ့အကဟာ ေခတ္ေပၚအကေတြ၊ တူရိယာေတြကို ယွဥ္ၿပီး လူႀကိဳက္မ်ားလာဖို႔အတြက္ေတာ့ အေတာ္ႀကိဳးစားယူရလိမ့္မယ္လို႔ သူက ျမင္ပါတယ္။

ဒီအေျခအေနေတြၾကားမွာ သင္တန္းေက်ာင္းဟာ သူ႔နည္း သူ႔ဟန္နဲ႔တိုးတက္မႈေတြကိုလည္း ရွာႏိုင္ခဲ့ပါတယ္။ ]မင္းသား} ကဇာတ္႐ုံဟာ ေရာက္ဖူးၾကည့္ဖူးသူေတြရဲ႕ ခ်ီးက်ဴးေထာက္ခံခ်က္ေတြကို ရေနၿပီျဖစ္ကာ ႏိုင္ငံတစ္ႏိုင္ငံဆီကေန ကိုယ္စားျပဳအဖြဲ႕တစ္ဖြဲ႕စီ ေ႐ြးခ်ယ္ၿပီး ႐ိုးရာအႏုပညာေတြကို ဖလွယ္ေစတဲ့ Asian Youth Theatre Festival ဆီကို ၂၀၁၆ ခုႏွစ္ကစလို႔ အင္းဝသင္တန္းေက်ာင္းက ေက်ာင္းသားေတြ ႏွစ္စဥ္ သြားေရာက္ရသလို အေရွ႕ေတာင္အာရွ အႏုပညာကြန္ရက္ အစီအစဥ္အတြက္လည္း ႏွစ္စဥ္ သြားေနရၿပီျဖစ္ပါတယ္။
“ထိပ္တန္းအႏုပညာရွင္ေတြအတြက္ အလုပ္အကိုင္ေကာင္းေတြ ရွိတယ္ဆိုတာ ျမန္မာျပည္က မိဘေတြ မသိၾက ပါဘူး။ ကေမာၻဒီးယား၊ ဒါမွမဟုတ္ ဘာလီတို႔နဲ႔ယွဥ္ရင္ အႏုပညာဟာ ျမန္မာ့ခရီးသြားက႑မွာ အသုံးမျပဳရေသးတဲ့အရင္းအျမစ္တစ္ခု ျဖစ္ေနပါတယ္။ ခရီးသြားက႑မွာ ဇာတ္ပြဲေတြသာမဟုတ္ဘဲ တျခား အလုပ္အကိုင္ေတြမွာပါ အလုပ္သစ္ေတြဟာ အလုပ္ေဟာင္းေတြနဲ႔ ကြဲျပား ခ်က္ေတြရွိေနမွာပါ။ ကေလးေတြဟာ အႏုပညာမွာ စိတ္အားထက္သန္ေနရင္ မိဘေတြအေနနဲ႔ သအင္းဝသင္တန္းေက်ာင္းဆီ ပို႔မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဒန္နီယယ္က ေျပာပါတယ္။
Unicode ဖြင့်ဖတ်ရန်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က အမေရိကန်နိုင်ငံသား မစ္စတာဒန်နီယယ် (Daniel Ehrlich)တစ်ယောက် မြန်မာ့အနုသုခမတွေနဲ့ ထင်ရှားရာ မန္တလေးမြို့ဆီ အလည်တစ်ခေါက် ရောက်လာခဲ့ပါတယ်။ သူဟာ ဆိုက်ကားသမားတစ်ယောက်ရဲ့ ကောင်းမှုနဲ့ မြန်မာဇာတ်ပွဲတစ်ပွဲဆီ မထင်မှတ်ဘဲ ရောက်ရှိသွားပြီး ဇာတ်ခုံနောက်အထိပါ ဝင်ရောက်လေ့လာခွင့် ရပါတယ်။
ဒီအခိုက်အတန့်မှာပဲ မြန်မာအကဟာ နှစ်သက်ဖွယ် အနုပညာပုံစံတစ်ခု၊ ဇာတ်ပွဲတွေဟာ မန္တလေးမြို့ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်၊ မြန်မာတွေရဲ့ အကြောင်းနဲ့ အတိတ်ကဇာတ်ကြောင်းတွေ၊ လူနေထိုင်မှုပုံစံတွေ၊ ဇာတ်ပွဲအနုပညာရှင်တွေရဲ့ ဘဝတွေကို ရှာတွေ့နိုင်တဲ့အပြင် အားလုံးလက်ခံနားလည်နိုင်တဲ့ အနုပညာပုံစံဟာ မြန်မာ့အကမှာ ပျော်ဝင်နေတယ်လို့ သူ ယုံကြည်သွားခဲ့ပါတယ်။
မြန်မာအကကို မြတ်နိုးတဲ့စိတ်နဲ့ပဲ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က ပါမောက္ခဒန်နီယယ်ဟာ မန္တလေးမြို့ကို နှစ်တိုင်း အရောက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ မြန်မာအကကို စွဲလမ်းသွားတဲ့ တိုင်းတစ်ပါးသားတစ်ယောက်အတွက် နောက်ပိုင်း အတွေ့အကြုံတွေဟာ ကံမကောင်းစွာနဲ့ စိတ်ပျက်ဝမ်းနည်းဖွယ်ရာသာ ဖြစ်ခဲ့ပါတော့တယ်။
ခေတ်ရေစီးကြောင်းအရ ပေါ်ပေါက်လာခဲ့တဲ့ ဖျော်ဖြေရေးပုံစံအသစ်တွေဟာ မစ္စတာဒန်နီယယ် မြတ်နိုးတဲ့ မန္တလေးရဲ့ ထွန်းကားခမ်းနားတဲ့ အငြိမ့်တွေ၊ ဇာတ်ပွဲတွေကို အရှိန်အဟုန်နဲ့တွန်းထိုးတိုက်စား ပစ်လိုက်ပါတယ်။ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်မှာ အငြိမ့်ပေါင်း ၃၀ ကျော်၊ ၄၀ နီးပါး ရှိခဲ့တဲ့ မန္တလေးမြို့ဟာ ယနေ့ကာလမှာတော့ အငြိမ့်အဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့လောက်သာ ကျန်တဲ့အထိ ပျောက်ကွယ်ကုန်ပြီး မြန်မာ့အကရဲ့ နယ်ပယ်ဟာ တဖြည်းဖြည်းကျဉ်းမြောင်း လာလိုက်တာ ဇာတ်ခုံတွေထဲမှာ ခေတ်ပေါ်တူရိယာတွေနဲ့ တီးမှုတ် သီဆိုကြတဲ့ စတိတ်ရှိုးတွေသာ နေရာယူလာနေခဲ့ပြီ ဖြစ်ပါတယ်။
အငြိမ့်တွေ၊ ဇာတ်ပွဲတွေ၊ ကြည့်ချင်ပွဲတွေနဲ့ တစ်ချိန်က ခြိမ့်ခြိမ့်သဲ အသက်ဝင်ခဲ့တဲ့ မန္တလေးမြို့မှာ အခုအခါ မြန်မာအကစစ်စစ်ကို ကြည့်ချင်ပါတယ်ဆိုရင် လမ်းညွှန်ပြစရာ နေရာဟာ တော်တော်ရှားပါးနေခဲ့ပါပြီ။
“မြန်မာ့အငြိမ့်တွေအတွက် စိုးရိမ်စရာပါပဲ။ ဇာတ်ပွဲတွေမှာမင်းသမီး အနည်းငယ်လောက်သာ အဆိုရော၊ အကပါ ပိုင်နိုင်ပါတော့တယ်။ ဒါဟာ သိပ်လှတဲ့ ရိုးရာအနုပညာတစ်ရပ် ကမ္ဘာပေါ်ကပျောက်ကွယ်သွားတော့မှာပါ။ ကျွန်တော်တည်ထောင်တဲ့ အင်းဝအကသင်တန်းကျောင်းက ဒီရိုးရာ အနုပညာကို ကာကွယ်သွားချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သိပ်သေးငယ်တဲ့ အဖွဲ့လေးဖြစ်နေတော့ ထင်ရှားတဲ့ ကွဲပြားမှုတွေ လုပ်ပြဖို့ ငွေကြေးပိုလိုပါတယ်”လို့ အသက် ၆၈ နှစ်အရွယ် ဒန်နီယယ်က ပြောပါတယ်။
မြန်မာအကကို နှစ်သက်တဲ့ ဒန်နီယယ်ဟာ “မင်းသား” ကဇာတ်ရုံကို မန္တလေးဆီဒိုးနားဟိုတယ် (ယခု ဟီလ်တန်ဟိုတယ်) အနီးမှာ၂၀ဝ၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဖွင့်ခဲ့ပေမဲ့ အခက်အခဲတွေကြုံခဲ့ရတာကြောင့် ရပ်နားခဲ့ရပါတယ်။ ၂၀ဝ၆ ခုနှစ်ကနေ ၂၀၁၀ပြည့်နှစ်အတွင်း ဧည့်သည်အဝင်နည်းတဲ့ ပြဿနာကို သူကြုံတွေ့ခဲ့ရပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ဧည့်သည်အဝင်များလာတဲ့ အခါမှာတော့ မန္တလေးမြို့မှာ မြေနေရာငှားရမ်းခတွေက နှစ်ဆ၊ သုံးဆခုန်တက်သွားတဲ့ ပြဿနာကို ထပ်ကြုံရပြန်ပါတယ်။ သူ့အတွက်အဲဒီထက် ပိုဆိုးတဲ့ ပြဿနာကတော့ ကျောင်းသားအကပညာရှင်တွေရှားပါးလာတာဖြစ်သလို ပန်တျာကျောင်းမှာလည်းကျောင်းသား ရှားပါးလာတာ ဖြစ်တယ်လို့ မစ္စတာ ဒန်နီယယ်က ပြောပါတယ်။
မြန်မာ့အက ကဏ္ဍအတွက် ပြဿနာကြီးကြုံနေရတာကို လက်ခံလိုက်ရတဲ့နောက်ပိုင်း ၂၀၁၃ ခုနှစ်မှာ ]မင်းသား} ကဇာတ်ရုံကို ရပ်နားလိုက်ရပါတယ်။ ဒါပေမဲ့ ဒန်နီယယ်ဟာ လက်မလျှော့ဘဲ ပိုကြီးမားတဲ့ အိပ်မက်ကို မွေးမြူခဲ့ပြီး အမေရိကန်ကို ပြန်ကာ ရန်ပုံငွေရဖို့ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန်ကနေ ခရီးသွားအုပ်စုလေးတွေကို ဖိတ်ခေါ်ပြီး ဇာတ်သဘင်အနုပညာနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့၂၀၁၆ ခုနှစ်မှာ သူဟာ ]အင်းဝ} အကသင်တန်းကျောင်းကို ထူထောင်ပြီး သူ့ရဲ့သင်တန်းသားတွေ၊ ပန်တျာနည်းပြတွေရဲ့ အင်အားနဲ့ ]မင်းသား}ကဇာတ်ရုံကို ပြန်အသက်သွင်းပါတော့တယ်။
“သင်တန်းဆင်းပြီးတဲ့နောက် သင်တန်းသားအများစုဟာ ပြည်တွင်းမှာပရိသတ်တွေကို ဖျော်ဖြေတဲ့သူတွေ ဖြစ်လာပါတယ်။ တကယ်တော့ ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့သူတွေကို ဒီနယ်ပယ်ထဲမှာ တွေ့ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ သူတို့ကို ပြည်တွင်းက ပရိသတ်တွေက တော်တော် နှစ်သက်သလိုပြည်ပက ပရိသတ်တွေကလည်း မြန်မာ့ရိုးရာကို နှစ်သက်တယ်။ ဒါပေမဲ့ ပြည်ပက ပရိသတ်တွေအတွက် မြန်မာပြည်မှာ ပွဲကြည့်စရာနေရာကောင်းကောင်း မရှိပါဘူး။ ဟိုတယ်တွေမှာ ကပြတဲ့ ဖျော်ဖြေမှုနဲ့ ပြင်ပမှာ အစစ်အမှန် ကပြတာတွေရဲ့ ကွဲပြားမှုကို သူတို့ ကောင်းကောင်းသိကြ တယ်”လို့ ဒန်နီယယ်က ပြောပါတယ်။
အင်းဝ အကသင်တန်းကျောင်းဆီကို မြန်မာ့ဓလေ့တွေ ရှင်သန်နေဆဲဖြစ်တဲ့ နေရာတွေဆီက သင်တန်းသားတွေ ရောက်လာကြတာများကြောင်း သူက ပြောပါတယ်။ သင်တန်းကျောင်းဟာ အဆို အက ပါရမီပါသူတွေကို မိဘက မတတ်နိုင်ဘူးဆိုရင် နေ၊ စားစရိတ်ငြိမ်းနဲ့ နှစ်နှစ်တာ အခမဲ့သင်တန်းပေးသလိုဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ချိတ်ဆက်ထားပြီးပညာလည်း သင်ကြားပေးတာ ဖြစ်ပါတယ်။
“အင်းဝသင်တန်းကျောင်းကို မြန်မာတွေအားလုံးအတွက် အရေးပါတဲ့အနုပညာအထက်တန်းကျောင်းတစ်ကျောင်း ဖြစ်စေချင်ပါတယ်။ ဒါကို လည်ပတ်ခဲ့တာ လေးနှစ်ရှိပါပြီ။ အနုပညာ ကျောင်းတစ်ကျောင်းကို ဘယ်လို လည်ပတ်ရမလဲ ဆိုတာလည်း နားလည်ပြီ။ ကျွန်တော်တို့ ငွေကြေးရှာနိုင်သလောက်နဲ့ဖြည်းဖြည်းချင်း ကြီးထွားလာရမှာပေါ့”လို့ ဒန်နီယယ်က ပြောပါတယ်။
ရန်ပုံငွေကြေးဟာ သင်တန်းကျောင်းအတွက် ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲပါ။ လက်ရှိမှာ လှူ·ရှင်အားလုံးနီးပါးဟာ အမေရိကန်နဲ့ ဥရောပကဖြစ်ပြီးလုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ရဲ့ သုံးပုံ တစ်ပုံလောက်ကို “မင်းသား”ကဇာတ်ရုံဝင်ငွေကနေ ရနေပါတယ်။
အကသင်တန်းကျောင်းကနေ သင်တန်းသား သင်တန်းသူပေါင်း ၄၀ လောက်မွေးထုတ်ပေးခဲ့ပြီလို့ ကျောင်းအဖွဲ့ဝင် ဦးထွန်းထွန်းက ပြောပါတယ်။ ]မင်းသား} ကဇာတ်ရုံမှာ ကျောင်းသားကျောင်းသူ ၁၃ ဦးနဲ့ ကပြနေပြီး ကျန်တဲ့သူတွေထဲမှာ တချို့က ဇာတ်တွေထဲ လိုက်တယ်လို့ ပြောပါတယ်။
“သင်တန်းနဲ့ ပတ်သက်ရင် ကျေနပ်မှုရှိပါတယ်။ နယ်ကလာပြီးတကယ် ဝါသနာပါတဲ့သူတွေကို တွေ့ရတာ အားရတယ်။ မစ္စတာဒင်နီယယ်စိတ်အားထက်သန်မှုက မြန်မာတွေထက်သာတယ်”လို့ ဦးထွန်းထွန်းက ပြောပါတယ်။
ဒီလိုအားရစရာအချက်တွေ ရှိနေပေမဲ့ မြန်မာ့အကဟာ ခေတ်ပေါ်အကတွေ၊ တူရိယာတွေကို ယှဉ်ပြီး လူကြိုက်များလာဖို့အတွက်တော့ အတော်ကြိုးစားယူရလိမ့်မယ်လို့ သူက မြင်ပါတယ်။
ဒီအခြေအနေတွေကြားမှာ သင်တန်းကျောင်းဟာ သူ့နည်း သူ့ဟန်နဲ့တိုးတက်မှုတွေကိုလည်း ရှာနိုင်ခဲ့ပါတယ်။ ]မင်းသား} ကဇာတ်ရုံဟာ ရောက်ဖူးကြည့်ဖူးသူတွေရဲ့ ချီးကျူးထောက်ခံချက်တွေကို ရနေပြီဖြစ်ကာ နိုင်ငံတစ်နိုင်ငံဆီကနေ ကိုယ်စားပြုအဖွဲ့တစ်ဖွဲ့စီ ရွေးချယ်ပြီး ရိုးရာအနုပညာတွေကို ဖလှယ်စေတဲ့ Asian Youth Theatre Festival ဆီကို ၂၀၁၆ ခုနှစ်ကစလို့ အင်းဝသင်တန်းကျောင်းက ကျောင်းသားတွေ နှစ်စဉ် သွားရောက်ရသလို အရှေ့တောင်အာရှ အနုပညာကွန်ရက် အစီအစဉ်အတွက်လည်း နှစ်စဉ် သွားနေရပြီဖြစ်ပါတယ်။
“ထိပ်တန်းအနုပညာရှင်တွေအတွက် အလုပ်အကိုင်ကောင်းတွေ ရှိတယ်ဆိုတာ မြန်မာပြည်က မိဘတွေ မသိကြ ပါဘူး။ ကမ္ဘောဒီးယား၊ ဒါမှမဟုတ် ဘာလီတို့နဲ့ယှဉ်ရင် အနုပညာဟာ မြန်မာ့ခရီးသွားကဏ္ဍမှာ အသုံးမပြုရသေးတဲ့အရင်းအမြစ်တစ်ခု ဖြစ်နေပါတယ်။ ခရီးသွားကဏ္ဍမှာ ဇာတ်ပွဲတွေသာမဟုတ်ဘဲ တခြား အလုပ်အကိုင်တွေမှာပါ အလုပ်သစ်တွေဟာ အလုပ်ဟောင်းတွေနဲ့ ကွဲပြား ချက်တွေရှိနေမှာပါ။ ကလေးတွေဟာ အနုပညာမှာ စိတ်အားထက်သန်နေရင် မိဘတွေအနေနဲ့ သအင်းဝသင်တန်းကျောင်းဆီ ပို့မယ်လို့ မျှော်လင့်ပါတယ်”လို့ ဒန်နီယယ်က ပြောပါတယ်။
Credit: ေအာင္ပါေစ

မှတ်ချက်များ