အသက္ကိုစြန္႔ျပီး ေပ(၆၀)ေရတြင္းထဲကေန ေရသယ္ေနၾကတဲ့ အမ်ိဳးသမီးမ်ာ


Zawgyiျဖင့္ဖတ္ရန္

အိႏိၵယႏိုင္ငံရဲ႕ ေနရာေဒသအမ်ားအျပားဟာ မိုးေခါင္ေရရွားမႈနဲ႔ ရင္ဆိုင္ၾကံဳေတြ႔ေနရပါတယ္။ ေက်းလက္ေဒသမွာရွိတဲ့ အိႏိၵယအမ်ိဳးသမီးေတြဟာလည္း မိသားစုအတြက္ ေသာက္သံုးရယူေပးႏိုင္ဖို႔ အသက္အႏ ၱရာယ္ စိုးရိမ္ရေလာက္တဲ့အထိေအာင္ ၾကိဳးပမ္းေနၾကရတာပါ။

အထူးသျဖင့္ အိႏိၵယႏိုင္ငံရဲ႕ အေနာက္ပိုင္းခရိုင္က ေက်းရြာ(၂၅) ရြာမွာဆိုရင္ ေရအရင္းအျမစ္ေတြ အေတာ္ေလး ခမ္းေျခာက္ေနကုန္ပါၿပီ။ ဒါေၾကာင့္ ထိုေဒသေတြမွာရွိတဲ့ အမ်ိဳးသမီးအမ်ားစုက ေအာက္ေျခေရာက္လုနီးနီးရွိေနတဲ့ ေရတြင္းၾကီးေတြထဲ ကိုယ္တိုင္ ၀င္ၿပီး ေရငင္ရတဲ့ အျဖစ္ကို ေရာက္ေနၾကပါတယ္။

ေအာက္မွာ ေတြ႔ရမယ့္ ဗီဒီယိုဖိုင္ကေတာ့ ေပ(၆၀) အနက္ရွိတဲ့ေရတြင္းထဲကို မေၾကာက္မရြံ႕ဆင္းၿပီး ေရခပ္ေနရတဲ့ အမ်ိဳးသီးေတြရဲ႕ ရုပ္သံပါ။ ဒီဗီဒီယိုကိုေတာ့ ဘာဒီ၀ါဒီဆိုတဲ့ ရြာေလးမွာ ရိုက္ကူးထားတာ ျဖစ္ပါတယ္။ လူ႔အခြင့္အေရးလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ ဘဂၢ၀မ္းမက္ဒ္ဟီကေတာ့ ဒီေဒသေတြမွာ ေရရွားပါးမႈျပႆနာ ၾကံဳေတြ႔လာရတာ (၃) ႏွစ္တာရွိၿပီျဖစ္ေၾကာင္းနဲ႔ အစိုးရကလည္း ေရရဖို႔ ထိထိေရာက္ေရာက္ လုပ္ကိုင္ေပးတာမ်ိဳး မရွိဘူးလို႔ ဆိုပါတယ္။ ယေန႔အခ်ိန္အထိေတာ့ ေရတြငး္ထဲ အရဲစြန္႔ေရခပ္တဲ့ အမ်ိဳးသမီးေတြဟာ ကံေကာင္းေထာက္မစြာနဲ႔ ထိခိုက္ဒဏ္ရာရသူ အမ်ိဳးသမီးတစ္ဦးတစ္ေယာက္မွ မရွိေသးေၾကာင္းလည္း သိရပါတယ္။

Ref: yahoo, dailymail

Credit:shwemom

Unicodeဖြင့်ဖတ်ရန်

အသက်ကိုစွန့်ပြီး ပေ(၆၀)ရေတွင်းထဲကနေ ရေသယ်နေကြတဲ့ အမျိုးသမီးမျာ

အိန္ဒိယနိုင်ငံရဲ့ နေရာဒေသအများအပြားဟာ မိုးခေါင်ရေရှားမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ကျေးလက်ဒေသမှာရှိတဲ့ အိန္ဒိယအမျိုးသမီးတွေဟာလည်း မိသားစုအတွက် သောက်သုံးရယူပေးနိုင်ဖို့ အသက်အန ္တရာယ် စိုးရိမ်ရလောက်တဲ့အထိအောင် ကြိုးပမ်းနေကြရတာပါ။

အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ အနောက်ပိုင်းခရိုင်က ကျေးရွာ(၂၅) ရွာမှာဆိုရင် ရေအရင်းအမြစ်တွေ အတော်လေး ခမ်းခြောက်နေကုန်ပါပြီ။ ဒါကြောင့် ထိုဒေသတွေမှာရှိတဲ့ အမျိုးသမီးအများစုက အောက်ခြေရောက်လုနီးနီးရှိနေတဲ့ ရေတွင်းကြီးတွေထဲ ကိုယ်တိုင် ဝင်ပြီး ရေငင်ရတဲ့ အဖြစ်ကို ရောက်နေကြပါတယ်။

အောက်မှာ တွေ့ရမယ့် ဗီဒီယိုဖိုင်ကတော့ ပေ(၆၀) အနက်ရှိတဲ့ရေတွင်းထဲကို မကြောက်မရွံ့ဆင်းပြီး ရေခပ်နေရတဲ့ အမျိုးသီးတွေရဲ့ ရုပ်သံပါ။ ဒီဗီဒီယိုကိုတော့ ဘာဒီဝါဒီဆိုတဲ့ ရွာလေးမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဘဂ္ဂဝမ်းမက်ဒ်ဟီကတော့ ဒီဒေသတွေမှာ ရေရှားပါးမှုပြဿနာ ကြုံတွေ့လာရတာ (၃) နှစ်တာရှိပြီဖြစ်ကြောင်းနဲ့ အစိုးရကလည်း ရေရဖို့ ထိထိရောက်ရောက် လုပ်ကိုင်ပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ယနေ့အချိန်အထိတော့ ရေတွင်းထဲ အရဲစွန့်ရေခပ်တဲ့ အမျိုးသမီးတွေဟာ ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးတစ်ဦးတစ်ယောက်မှ မရှိသေးကြောင်းလည်း သိရပါတယ်။

Ref: yahoo, dailymail

Credit:shwemom

မှတ်ချက်များ