ေငြမရွိရင္ အခ်စ္ဆုိတာ ဘာမွအသုံးမဝင္ဘူးဆုိၿပီး ေကာင္ေလးကို ဇာတ္လမ္းဖ်က္လုိက္တဲ့သူ
Zawgyiျဖင့္ဖတ္ရန္
မေလးရွားႏုိင္ငံက အမ်ိဳးသမီးငယ္တစ္ေယာက္ဟာ သူမရဲ႕ခ်စ္သူက ကမာၻေက်ာ္ကုန္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Chanel Bag အမိ်ဳးစား အိတ္တစ္လုံး ဝယ္ခုိင္းခဲ့ရာ၊ ဝယ္မေပးခဲ့တဲ့အတြက္ အလြန္ေဒါသထြက္ၿပီး ေပါက္ကြဲခဲ့ေၾကာင္း ဆုိပါတယ္။ ဒီအေၾကာင္းကို UTAR Confessions အမည္ရ Faccebook Page တစ္ခုမွာ အဲဒီအမ်ိဳးသမီးက ျပန္လည္မွ်ေဝထားတာပါ။
အခုေတာ့ သူမဟာ အခ်စ္ထက္ ဘာမွ အေရးမႀကီးဘူးဆုိတာကို သိလုိက္ရၿပီမုိ႔ သူမရဲ႕ လုပ္ရပ္အတြက္ အလြန္ေနာင္တရေနၿပီလုိ႔ ဆုိပါတယ္။ ခ်စ္သူအမ်ိဳးသားက သူမလုိခ်င္တာကို ဝယ္မေပးႏုိင္ေတာ့ “ ေငြမရွိဘူးဆုိရင္ အခ်စ္ဆုိတာကလည္း အလကား အသုံးမဝင္ဘူး ”လုိ႔ ေျပာခဲ့တာပါ။ ဒီအေျပာအဆုိေၾကာင့္ပဲ သူတုိ႔ဇာတ္လမ္း အဆုံးသတ္သြားပါတယ္။
ေကာင္မေလးရဲ႕အဆုိအရ သူတုိ႔ႏွစ္ေယာက္ဟာ တကၠသုိလ္ပထမႏွစ္မွာ စတင္ရင္းနီးၿပီး ခ်စ္ကၽြမ္းဝင္ခဲ့ၾကတာပါတဲ့။ ေက်ာင္းၿပီးေတာ့ ကာင္ေလးက Sibu က ျဖစ္ၿပီး၊ KL မွာ လာေနဖုိ႔ သူမက စြဲေဆာင္ႏုိင္ခဲ့ပါတယ္။ သူမဟာ Seri Kembangan က ကုမၸဏီငယ္ေလးတစ္ခုမွာ အလုပ္ရခဲ့ၿပီး၊ ေကာင္ေလးကေတာ့ KL Sentral က ဘဏ္တစ္ခုမွာ တစ္လ ရင္းဂစ္ (၂၅၀၀) ရခဲ့ပါတယ္။
အခန္းငွားခကုိလည္း ေကာင္ေလးက စုိက္ရတာျဖစ္ၿပီး၊ သူမဟာ အလုပ္ကို သြားလာရတာ ခက္ခဲလုိ႔ ကားလည္း ဝယ္ခုိင္းခဲ့ေပမယ့္ ဒီေလာက္ လစာေလးနဲ႔ ဘယ္လုိမွ အဆင္မေျပခဲ့ပါဘူးတဲ့။ ေငြေရးေၾကးေရးကိုလည္း ေခၽြတာလြန္းၿပီး၊ သူ႕ေကာင္ေလးက ကပ္ေစးနည္းတဲ့သေဘာကို ေျပာပါတယ္။ မုိးအလြန္မ်ားတဲ့ ရက္ေလာက္သာ Grab တကၠစီ စီးရတယ္လုိ႔ ဆုိပါတယ္။
(၂)ႏွစ္ၾကာေတာ့ သူတုိ႔ဟာ နည္းနည္း စာရိတ္စက ပုိကုန္တဲ့ အခန္းတစ္ခုကို ေျပာင္းခဲ့ၾကပါတယ္။ ဒီအခ်ိန္မွာ လစာလည္း အနည္းငယ္တုိးလာၿပီမုိ႔ ေကာင္ေလးကို ကားဝယ္ခုိင္းေတာ့ သူက ျငင္းျပန္ပါတယ္။ လုိလည္း မလုိအပ္ဘူးလုိ႔ ေျပာခဲ့ပါသတဲ့။ သူမဟာ ကုန္ပစၥည္းေတြဆုိရင္ နာမည္ႀကီးမွ ေကာင္းမွ သုံးခ်င္တာေၾကာင့္ ဒီခံစားခ်က္ဟာ ေကာင္ေလးနဲ႔ သဟဇာတ မျဖစ္ခဲ့ပါဘူး။
ေနာက္ၿပီး ေကာင္ေလးက တစ္လကုိ ရင္းဂစ္(၁၀၀၀) မိသားစုကုိ ျပန္ေထာက္ေနတာကိုလည္း သူမက အျပစ္လုိ႔ ျမင္ပုံရပါတယ္။ တစ္ရက္မွာေတာ့ သူမရဲ႕သူငယ္ခ်င္းက Chanel Bag တစ္လုံး ဝယ္လုိ႔ သူ႕ကိုျပၿပီး ဒီလုိဟာ လုိခ်င္တယ္လုိ႔ ပူဆာခဲ့ပါသတဲ့။ အဲဒီမွာ ေကာင္ေလးက “ ငါ့ လစာနဲ႔ဆုိ (၃)ႏွစ္ေတာင္ တက္ႏုိင္မွာ မဟုတ္ဘူး ”လုိ႔ ေျပာခဲ့ပါတယ္။
ဒီမွာတင္ပဲ ႏွစ္ေယာက္သား အခ်င္းမ်ားရန္ျဖစ္ခဲ့ၾကၿပီး၊ “ ေငြမရွိတဲ့ အခ်စ္ဆုိတာ ဘာအသုံးက်မွာမုိ႔လုိ႔လဲ … ရွင္ ဒီေလာက္ေတာင္ အသုံးမက်တဲ့လူလား ”စသျဖင့္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။ ေနာက္ရက္မွာ ေကာင္ေလးက သူ႕ဇာတိကုိ ေလယာဥ္နဲ႔ ျပန္သြားခဲ့ပါတယ္။ ကုိယ့္ကိုယ္ကုိ ဂ႐ုစုိက္ဖုိ႔လည္း မွာသြားခဲ့ပါတယ္တဲ့။ အဲဒီေနာက္ သူမမွာ ေငြပုိေငြလွ်ံ မရွိေတာ့ပါဘူး။
အခန္းခကုိလည္း သူမတစ္ေယာက္တည္း က်သင့္ေငြ ေပးခဲ့ရၿပီး၊ တစ္လေလာက္ေတာ့ ႐ုံးမွာ သူမကို Crush ေနတဲ့လူက အိမ္ခဏခဏျပန္ပုိ႔ေပးခဲ့ေပမယ့္ ေနာက္ေတာ့ မပုိ႔ေတာ့ေၾကာင္းဆုိပါတယ္။ ဒီအခ်ိန္မွ သူမဟာ အခ်စ္အေၾကာင္းကို နားလည္ သေဘာေပါက္သြားၿပီး၊ အခ်စ္ဟာ ကမာၻေပၚမွာ အေရးပါဆုံးျဖစ္ေၾကာင္း သိရွိခဲ့ရတယ္လုိ႔ ဆုိပါတယ္။ သူမကုိ လူေတြက ဝုိင္းဝန္း ေဝဖန္ခဲ့ၾကၿပီး၊ အခ်စ္စစ္နဲ႔ မထုိက္တန္တဲ့လူလုိ႔ ေျပာခဲ့ၾကပါတယ္။
လင္းေဇာ္ကုိ
Credit:shwemom
Unicodeဖြင့်ဖတ်ရန်
ငွေမရှိရင် အချစ်ဆိုတာ ဘာမှအသုံးမဝင်ဘူးဆိုပြီး ကောင်လေးကို ဇာတ်လမ်းဖျက်လိုက်တဲ့သူ
မလေးရှားနိုင်ငံက အမျိုးသမီးငယ်တစ်ယောက်ဟာ သူမရဲ့ချစ်သူက ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Chanel Bag အမျိုးစား အိတ်တစ်လုံး ဝယ်ခိုင်းခဲ့ရာ၊ ဝယ်မပေးခဲ့တဲ့အတွက် အလွန်ဒေါသထွက်ပြီး ပေါက်ကွဲခဲ့ကြောင်း ဆိုပါတယ်။ ဒီအကြောင်းကို UTAR Confessions အမည်ရ Faccebook Page တစ်ခုမှာ အဲဒီအမျိုးသမီးက ပြန်လည်မျှဝေထားတာပါ။
အခုတော့ သူမဟာ အချစ်ထက် ဘာမှ အရေးမကြီးဘူးဆိုတာကို သိလိုက်ရပြီမို့ သူမရဲ့ လုပ်ရပ်အတွက် အလွန်နောင်တရနေပြီလို့ ဆိုပါတယ်။ ချစ်သူအမျိုးသားက သူမလိုချင်တာကို ဝယ်မပေးနိုင်တော့ “ ငွေမရှိဘူးဆိုရင် အချစ်ဆိုတာကလည်း အလကား အသုံးမဝင်ဘူး ”လို့ ပြောခဲ့တာပါ။ ဒီအပြောအဆိုကြောင့်ပဲ သူတို့ဇာတ်လမ်း အဆုံးသတ်သွားပါတယ်။
ကောင်မလေးရဲ့အဆိုအရ သူတို့နှစ်ယောက်ဟာ တက္ကသိုလ်ပထမနှစ်မှာ စတင်ရင်းနီးပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာပါတဲ့။ ကျောင်းပြီးတော့ ကာင်လေးက Sibu က ဖြစ်ပြီး၊ KL မှာ လာနေဖို့ သူမက စွဲဆောင်နိုင်ခဲ့ပါတယ်။ သူမဟာ Seri Kembangan က ကုမ္ပဏီငယ်လေးတစ်ခုမှာ အလုပ်ရခဲ့ပြီး၊ ကောင်လေးကတော့ KL Sentral က ဘဏ်တစ်ခုမှာ တစ်လ ရင်းဂစ် (၂၅၀၀) ရခဲ့ပါတယ်။
အခန်းငှားခကိုလည်း ကောင်လေးက စိုက်ရတာဖြစ်ပြီး၊ သူမဟာ အလုပ်ကို သွားလာရတာ ခက်ခဲလို့ ကားလည်း ဝယ်ခိုင်းခဲ့ပေမယ့် ဒီလောက် လစာလေးနဲ့ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူးတဲ့။ ငွေရေးကြေးရေးကိုလည်း ချွေတာလွန်းပြီး၊ သူ့ကောင်လေးက ကပ်စေးနည်းတဲ့သဘောကို ပြောပါတယ်။ မိုးအလွန်များတဲ့ ရက်လောက်သာ Grab တက္ကစီ စီးရတယ်လို့ ဆိုပါတယ်။
(၂)နှစ်ကြာတော့ သူတို့ဟာ နည်းနည်း စာရိတ်စက ပိုကုန်တဲ့ အခန်းတစ်ခုကို ပြောင်းခဲ့ကြပါတယ်။ ဒီအချိန်မှာ လစာလည်း အနည်းငယ်တိုးလာပြီမို့ ကောင်လေးကို ကားဝယ်ခိုင်းတော့ သူက ငြင်းပြန်ပါတယ်။ လိုလည်း မလိုအပ်ဘူးလို့ ပြောခဲ့ပါသတဲ့။ သူမဟာ ကုန်ပစ္စည်းတွေဆိုရင် နာမည်ကြီးမှ ကောင်းမှ သုံးချင်တာကြောင့် ဒီခံစားချက်ဟာ ကောင်လေးနဲ့ သဟဇာတ မဖြစ်ခဲ့ပါဘူး။
နောက်ပြီး ကောင်လေးက တစ်လကို ရင်းဂစ်(၁၀၀၀) မိသားစုကို ပြန်ထောက်နေတာကိုလည်း သူမက အပြစ်လို့ မြင်ပုံရပါတယ်။ တစ်ရက်မှာတော့ သူမရဲ့သူငယ်ချင်းက Chanel Bag တစ်လုံး ဝယ်လို့ သူ့ကိုပြပြီး ဒီလိုဟာ လိုချင်တယ်လို့ ပူဆာခဲ့ပါသတဲ့။ အဲဒီမှာ ကောင်လေးက “ ငါ့ လစာနဲ့ဆို (၃)နှစ်တောင် တက်နိုင်မှာ မဟုတ်ဘူး ”လို့ ပြောခဲ့ပါတယ်။
ဒီမှာတင်ပဲ နှစ်ယောက်သား အချင်းများရန်ဖြစ်ခဲ့ကြပြီး၊ “ ငွေမရှိတဲ့ အချစ်ဆိုတာ ဘာအသုံးကျမှာမို့လို့လဲ … ရှင် ဒီလောက်တောင် အသုံးမကျတဲ့လူလား ”စသဖြင့် ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။ နောက်ရက်မှာ ကောင်လေးက သူ့ဇာတိကို လေယာဉ်နဲ့ ပြန်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း မှာသွားခဲ့ပါတယ်တဲ့။ အဲဒီနောက် သူမမှာ ငွေပိုငွေလျှံ မရှိတော့ပါဘူး။
အခန်းခကိုလည်း သူမတစ်ယောက်တည်း ကျသင့်ငွေ ပေးခဲ့ရပြီး၊ တစ်လလောက်တော့ ရုံးမှာ သူမကို Crush နေတဲ့လူက အိမ်ခဏခဏပြန်ပို့ပေးခဲ့ပေမယ့် နောက်တော့ မပို့တော့ကြောင်းဆိုပါတယ်။ ဒီအချိန်မှ သူမဟာ အချစ်အကြောင်းကို နားလည် သဘောပေါက်သွားပြီး၊ အချစ်ဟာ ကမ္ဘာပေါ်မှာ အရေးပါဆုံးဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ သူမကို လူတွေက ဝိုင်းဝန်း ဝေဖန်ခဲ့ကြပြီး၊ အချစ်စစ်နဲ့ မထိုက်တန်တဲ့လူလို့ ပြောခဲ့ကြပါတယ်။
လင်းဇော်ကို
Credit:shwemom


မှတ်ချက်များ