Zawgyi ျဖင့္ဖတ္ရန္
အညာေဒသမွာေတာ့ သီးသီး အရမ္းေပါ၏။ စားသာစားေနတာ ေဆးစြမ္း ဒီေလာက္ထက္မွန္းခုမွ သိရ၏။ သီးသီးမွာ လုံးဝိုင္းၿပီး သစ္သားေရာင္ သန္းေနပါတယ္။ သီးသီးက မာေက်ာ္ၿပီး အျပင္အေရာင္မႈိင္းကာ အတြင္းမွာ ညိဳေရာင္သန္းေနတဲ့ အႏွစ္ရွိပါတယ္။ သီးသီးမွာ က်န္းမာေရး အက်ိဳးေက်းဇူး အမ်ားအျပား ရွိတာေၾကာင့္ တန္ဖိုး အရွိဆုံး ေဆးဖက္ဝင္ အပင္ အမ်ိဳအစား တစ္မ်ိဳးအျဖစ္ အိႏၵိယမွာ အသုံးမ်ားၾက ပါတယ္။
ဗီတာမင္ ပါဝင္မႈမ်ားျခင္း
သီးသီးမွာ ေအာက္ဇဲလ္လစ္၊ မဲလ္ လစ္၊ ဆစ္ထရစ္နဲ႔ တန္းနစ္အက္စစ္တို႔ မ်ားစြာ ပါဝင္ပါတယ္။ ကယ္လ္စီယမ္၊ သံဓာတ္၊ ေဖာ့စ္ဖရပ္စ္၊ ကာ႐ိုတင္း၊ သိုင္ ယာမင္း၊ ႐ိုင္ဘိုဖေလဗင္နဲ႔ ႏိုင္ယာစင္ စတဲ့ ဗီတာမင္နဲ႔ သတåုဓာတ္ေတြလည္း အမ်ားအျပား ပါဝင္ေနပါတယ္။ သီးသီး မွာ ပါဝင္တဲ့ ဗီတာမင္ပမာဏဟာ ေဆး ဖက္ဝင္အစာအျဖစ္ အိႏၵိယမွာ အသုံးမ်ားရတဲ့အေၾကာင္းရင္းလည္း ျဖစ္ပါတယ္။
အစာေျခလမ္းေၾကာင္း ေဝဒနာမ်ားကို သက္သာေစျခင္း
သီးသီးမွာ တန္နင္ဓာတ္ ပါဝင္တာေၾကာင့္ နာတာရွည္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါလို အစာေျခစနစ္ေဝဒနာေတြကို သက္သာေစပါတယ္။ သီးသီးအႏွစ္ကို ပ်ားရည္နဲ႔ ေရာစားတာေၾကာင့္ အစာမ ေၾကတာကို သက္သာေစပါတယ္။
အစာအိမ္အနာကို သက္သာေစျခင္း
သီးသီးအပင္ရဲ႕ အ႐ြက္ဟာ အစာ အိမ္အနာ (Peptic Ulcer) ကို သက္ သာေစႏိုင္ပါတယ္။ သီးသီးအ႐ြက္ကို တစ္ ညလုံး ေရထဲ စိမ္ထားၿပီး နံနက္ခင္းမွာ ေရကို စစ္ကာ အ႐ြက္ကို စားေပးရမွာ ျဖစ္ပါတယ္။ သီးသီးအႏွစ္သားကို စား တာေၾကာင့္ အစာအိမ္အနာကို အနာ က်က္ေစၿပီး နာက်င္မႈေဝဒနာကို သက္ သာေစပါတယ္။ အပႈဒဏ္ ခံရေသာ ေဝဒနာမ်ားကို သက္သာေစပါတယ္သီးသီးဟာ အပူဒဏ္ေၾကာင့္ ျဖစ္ တဲ့ ေဝဒနာကိုလည္း သက္သာေစတယ္ လို႔ အိႏၵိယမွာ နာမည္ႀကီးပါတယ္။ သီး သီးေဖ်ာ္ရည္ထဲကို သံပရာရည္ေလးစက္ ခန႔္ထည့္ကာ အပူဒဏ္ခံရသူလူနာအား သုံးရက္ဆက္တိုက္ တိုက္ေကြၽးေလ့ရွိပါ တယ္။
အသက္ရႈ လမ္းေၾကာင္း ေဝဒနာမ်ားကို သက္သာေစျခင္း
သီးသီးအ႐ြက္ဟာ အေအးမိေဝဒ နာနဲ႔ တျခားအသက္ရႉလမ္းေၾကာင္း ေဝ ဒနာကို ေရွာင္လႊဲႏိုင္ေစ႐ုံသာမက မၾကာ ခဏျပန္ျဖစ္တတ္တဲ့ အေအးမိေဝဒနာကို လည္း သက္သာေစပါတယ္။ သီးသီးကို စားေပးတာက လည္ေခ်ာင္းနာတာနဲ႔ နာ တာရွည္ ေခ်ာင္းဆိုးေဝဒနာကို သက္သာ ေစပါတယ္။
ေက်ာက္ကပ္ က်န္းမာေရးကို ေကာင္းမြန္ေစျခင္း
သီးသီးကို ပုံမွန္စားေပးတာေၾကာင့္ ေက်ာက္ကပ္ေဝဒနာေတြကို သက္သာ ေစပါတယ္။ ပုံမွန္စားေပးရင္ ဆီးေက်ာက္ တည္တာကို သက္သာေစပါတယ္။ တစ္ ေန႔ သီးသီး အႏွစ္သား ၁ဝဝ ဂရမ္နဲ႔အ ထက္ စားရင္ ေက်ာက္ကပ္ေဝဒနာရွိသူ ေတြကို သက္သာေစတယ္လို႔ ေလ့လာသူ ေတြက ဆိုပါတယ္။
မ်က္စိ က်န္းမာေရး ေစာင့္ေရွာက္မႈ
သီးသီးမွာ ကယ္႐ိုတင္းပါဝင္တာ ေၾကာင့္ မ်က္စိက်န္းမာေရးအတြက္ အ က်ိဳးရွိပါတယ္။ ကယ္႐ိုတင္းဟာ မ်က္စိ ကို က်န္းမာေအာင္ ပံ့ပိုးေပးႏိုင္တာ ေၾကာင့္ သီးသီးကို ပုံမွန္စားေပးတာက မ်က္စိအျမင္အာ႐ုံ က်န္းမာေရးကို ေကာင္း မြန္ေစပါတယ္။ တခ်ိဳ႕ မ်က္စိေဝဒနာရွိ သူေတြကို သီးသီးပုံမွန္ စားဖို႔ မ်က္စိဆရာ ဝန္တခ်ိဳ႕က အႀကံျပဳေလ့ ရွိပါတယ္။
Credit- Good Health
Unicode ဖြင့်ဖတ်ရန်
ကျောက်ကပ်, မျက်စိနှင့် အစာအိမ်အတွက် ဆေးစွမ်းထက်တဲ့ သီးသီးအစွမ်း။
အညာဒေသမှာတော့ သီးသီး အရမ်းပေါ၏။ စားသာစားနေတာ ဆေးစွမ်း ဒီလောက်ထက်မှန်းခုမှ သိရ၏။ သီးသီးမှာ လုံးဝိုင်းပြီး သစ်သားရောင် သန်းနေပါတယ်။ သီးသီးက မာကျော်ပြီး အပြင်အရောင်မှိုင်းကာ အတွင်းမှာ ညိုရောင်သန်းနေတဲ့ အနှစ်ရှိပါတယ်။ သီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူး အများအပြား ရှိတာကြောင့် တန်ဖိုး အရှိဆုံး ဆေးဖက်ဝင် အပင် အမျိုအစား တစ်မျိုးအဖြစ် အိန္ဒိယမှာ အသုံးများကြ ပါတယ်။
ဗီတာမင် ပါဝင်မှုများခြင်း
သီးသီးမှာ အောက်ဇဲလ်လစ်၊ မဲလ် လစ်၊ ဆစ်ထရစ်နဲ့ တန်းနစ်အက်စစ်တို့ များစွာ ပါဝင်ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ကာရိုတင်း၊ သိုင် ယာမင်း၊ ရိုင်ဘိုဖလေဗင်နဲ့ နိုင်ယာစင် စတဲ့ ဗီတာမင်နဲ့ သတåုဓာတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။ သီးသီး မှာ ပါဝင်တဲ့ ဗီတာမင်ပမာဏဟာ ဆေး ဖက်ဝင်အစာအဖြစ် အိန္ဒိယမှာ အသုံးများရတဲ့အကြောင်းရင်းလည်း ဖြစ်ပါတယ်။
အစာခြေလမ်းကြောင်း ဝေဒနာများကို သက်သာစေခြင်း
သီးသီးမှာ တန်နင်ဓာတ် ပါဝင်တာကြောင့် နာတာရှည် ဝမ်းပျက်ဝမ်းလျှော ရောဂါလို အစာခြေစနစ်ဝေဒနာတွေကို သက်သာစေပါတယ်။ သီးသီးအနှစ်ကို ပျားရည်နဲ့ ရောစားတာကြောင့် အစာမ ကြေတာကို သက်သာစေပါတယ်။
အစာအိမ်အနာကို သက်သာစေခြင်း
သီးသီးအပင်ရဲ့ အရွက်ဟာ အစာ အိမ်အနာ (Peptic Ulcer) ကို သက် သာစေနိုင်ပါတယ်။ သီးသီးအရွက်ကို တစ် ညလုံး ရေထဲ စိမ်ထားပြီး နံနက်ခင်းမှာ ရေကို စစ်ကာ အရွက်ကို စားပေးရမှာ ဖြစ်ပါတယ်။ သီးသီးအနှစ်သားကို စား တာကြောင့် အစာအိမ်အနာကို အနာ ကျက်စေပြီး နာကျင်မှုဝေဒနာကို သက် သာစေပါတယ်။ အပှုဒဏ် ခံရသော ဝေဒနာများကို သက်သာစေပါတယ်သီးသီးဟာ အပူဒဏ်ကြောင့် ဖြစ် တဲ့ ဝေဒနာကိုလည်း သက်သာစေတယ် လို့ အိန္ဒိယမှာ နာမည်ကြီးပါတယ်။ သီး သီးဖျော်ရည်ထဲကို သံပရာရည်လေးစက် ခန့်ထည့်ကာ အပူဒဏ်ခံရသူလူနာအား သုံးရက်ဆက်တိုက် တိုက်ကျွေးလေ့ရှိပါ တယ်။
အသက်ရှု လမ်းကြောင်း ဝေဒနာများကို သက်သာစေခြင်း
သီးသီးအရွက်ဟာ အအေးမိဝေဒ နာနဲ့ တခြားအသက်ရှူလမ်းကြောင်း ဝေ ဒနာကို ရှောင်လွှဲနိုင်စေရုံသာမက မကြာ ခဏပြန်ဖြစ်တတ်တဲ့ အအေးမိဝေဒနာကို လည်း သက်သာစေပါတယ်။ သီးသီးကို စားပေးတာက လည်ချောင်းနာတာနဲ့ နာ တာရှည် ချောင်းဆိုးဝေဒနာကို သက်သာ စေပါတယ်။
ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်စေခြင်း
သီးသီးကို ပုံမှန်စားပေးတာကြောင့် ကျောက်ကပ်ဝေဒနာတွေကို သက်သာ စေပါတယ်။ ပုံမှန်စားပေးရင် ဆီးကျောက် တည်တာကို သက်သာစေပါတယ်။ တစ် နေ့ သီးသီး အနှစ်သား ၁ဝဝ ဂရမ်နဲ့အ ထက် စားရင် ကျောက်ကပ်ဝေဒနာရှိသူ တွေကို သက်သာစေတယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။
မျက်စိ ကျန်းမာရေး စောင့်ရှောက်မှု
သီးသီးမှာ ကယ်ရိုတင်းပါဝင်တာ ကြောင့် မျက်စိကျန်းမာရေးအတွက် အ ကျိုးရှိပါတယ်။ ကယ်ရိုတင်းဟာ မျက်စိ ကို ကျန်းမာအောင် ပံ့ပိုးပေးနိုင်တာ ကြောင့် သီးသီးကို ပုံမှန်စားပေးတာက မျက်စိအမြင်အာရုံ ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ တချို့ မျက်စိဝေဒနာရှိ သူတွေကို သီးသီးပုံမှန် စားဖို့ မျက်စိဆရာ ဝန်တချို့က အကြံပြုလေ့ ရှိပါတယ်။
Credit- Good Health


မှတ်ချက်များ