မုန္႔ဖက္ထုပ္ ျပဳလုပ္နည္း
Zawgyiျဖင့္ဖတ္ရန္
မုန္႔ဖက္ထုပ္ျကိဳက္သူမ်ား အတြက္ မုန္႔ဖက္ထုပ္ ျပဳလုပ္နည္း
မုန္႔ဖက္ထုပ္ျကိဳက္သူမ်ားအတြက္ မုန္႔ဖက္ထုပ္ျပဳလုပ္နည္း ေ၀မွ်ေပးလိုက္ပါတယ္
ပါ၀င္ပစၥည္းမ်ား
၁. ေကာက္ညင္းဆန္မႈန္႔ (မုန္႔ႏွစ္)
၂. အုန္းသီး ၊ ပဲ
၃. သၾကား
၄. ငွက္ေပ်ာရြက္
ျပဳလုပ္ပံု
၁။ ေကာက္ညႇင္းဆန္ကို ေရေဆးပါ။ ၿပီးရင္ ေျခာက္သည္ အထိ ေရစစ္ထားပါ။
၂။ ေရေျခာက္သြားတဲ႔ အခါ အမႈန္႔ျဖစ္ေအာင္ အမႈန္႕ၾကိတ္စက္ ျဖင့္ ၾကိတ္ပါ။ အမႈန္႔ရတဲ႔ အခါ ေနျပန္လွန္းပါ။
၃။ ၿပီးလ်ွင္ မုန္႔လုပ္ရန္ ေရစက္စက္ျဖင္႔ ႏွယ္ပါ။ ဖဲ႔ယူၿပီး ပံုသြင္းလို႔ရသည္ အထိ ညွက္ေနေအာင္ လုပ္ပါ။
ရၿပီဆိုလွ်င္ ေနာက္တခုက
၄။ အုန္းသီးကိုျခစ္ၿပီး သၾကားႏွင္႔ ဦးစြာႏွယ္ထား ခဲ႔ရမည္။
၅။ ၄င္းကို ႏွယ္ထားသည္႔မုန္႔ထဲ ထည္႔ရမည္။ ပဲႏွင္႔ႀကိဳက္ရင္ ပဲႏွင္႔ သၾကား ထန္းလ်က္ နဲ႔ လုပ္လည္း ရသည္။
၆။ ငွက္ေပ်ာရြက္ကား အစိမ္းမလုပ္ရ။ မုန္႔လုပ္ေတာ႔မည္ စိတ္ကူးကတည္းက မုန္႔ထုပ္ေလာက္ေသာ အရြယ္ေလာက္ ဓားျဖင္႔ျဖတ္ၿပီး အနည္းငယ္ ညိဳးႏြမ္းသည္အ ထိ ေနလွန္းထားရမည္။ ေနလွန္းရန္ အခ်ိန္ မ႐ွိလ်င္ မီးကင္လည္း ရသည္။
၇။ ေစာေစာက အဆာသြပ္ၿပီးသားမုန္႔ကို ေနလွန္းၿပီးသား ငွက္ေပ်ာရြက္ႏွင္႔ ထုပ္ၿပီး ေပါင္းအိုးထဲထည္႔ ေပါင္းလွ်င္ မုန္႔ဖက္ထုပ္ရၿပီ။
Crd :ေဒၚေမတို႔႐ြာကေလး
Unicodeဖြင့်ဖတ်ရန်
မုန့်ဖက်ထုပ် ပြုလုပ်နည်း
မုန့်ဖက်ထုပ်ကြိုက်သူများ အတွက် မုန့်ဖက်ထုပ် ပြုလုပ်နည်း
မုန့်ဖက်ထုပ်ကြိုက်သူများအတွက် မုန့်ဖက်ထုပ်ပြုလုပ်နည်း ဝေမျှပေးလိုက်ပါတယ်
ပါဝင်ပစ္စည်းများ
၁. ကောက်ညင်းဆန်မှုန့် (မုန့်နှစ်)
၂. အုန်းသီး ၊ ပဲ
၃. သကြား
၄. ငှက်ပျောရွက်
ပြုလုပ်ပုံ
၁။ ကောက်ညှင်းဆန်ကို ရေဆေးပါ။ ပြီးရင် ခြောက်သည် အထိ ရေစစ်ထားပါ။
၂။ ရေခြောက်သွားတဲ့ အခါ အမှုန့်ဖြစ်အောင် အမှုန့်ကြိတ်စက် ဖြင့် ကြိတ်ပါ။ အမှုန့်ရတဲ့ အခါ နေပြန်လှန်းပါ။
၃။ ပြီးလျှင် မုန့်လုပ်ရန် ရေစက်စက်ဖြင့် နှယ်ပါ။ ဖဲ့ယူပြီး ပုံသွင်းလို့ရသည် အထိ ညှက်နေအောင် လုပ်ပါ။
ရပြီဆိုလျှင် နောက်တခုက
၄။ အုန်းသီးကိုခြစ်ပြီး သကြားနှင့် ဦးစွာနှယ်ထား ခဲ့ရမည်။
၅။ ၎င်းကို နှယ်ထားသည့်မုန့်ထဲ ထည့်ရမည်။ ပဲနှင့်ကြိုက်ရင် ပဲနှင့် သကြား ထန်းလျက် နဲ့ လုပ်လည်း ရသည်။
၆။ ငှက်ပျောရွက်ကား အစိမ်းမလုပ်ရ။ မုန့်လုပ်တော့မည် စိတ်ကူးကတည်းက မုန့်ထုပ်လောက်သော အရွယ်လောက် ဓားဖြင့်ဖြတ်ပြီး အနည်းငယ် ညိုးနွမ်းသည်အ ထိ နေလှန်းထားရမည်။ နေလှန်းရန် အချိန် မရှိလျင် မီးကင်လည်း ရသည်။
၇။ စောစောက အဆာသွပ်ပြီးသားမုန့်ကို နေလှန်းပြီးသား ငှက်ပျောရွက်နှင့် ထုပ်ပြီး ပေါင်းအိုးထဲထည့် ပေါင်းလျှင် မုန့်ဖက်ထုပ်ရပြီ။
Crd :ဒေါ်မေတို့ရွာကလေး


မှတ်ချက်များ