ပုစြန္ င႐ုတ္သီး ရခိုင္ခ်က္နည္း
Zawgyiျဖင့္ဖတ္ရန္
ဒီပံုေတြထဲပုစြန္အေကာင္ အႀကီးအေသးအရြယ္မတူေပမဲ့ ခ်က္နည္းကေတာ့ တူတူပါပဲေနာ္။ ခ်က္ရတာ ႐ိုး႐ွင္းလြယ္ကူၿပီး ခ်ဥ္ငံစပ္ ႀကိဳက္သူမ်ား ထမင္းအရမ္းၿမိန္ေစတဲ့ ရခိုင္ဟင္းခ်က္နည္းပါ။
ပါဝင္ပစၥည္းေတြကေတာ့
၁။ ပုစြန္
၂။ င႐ုတ္သီး
၃။ ငပိ
၄။ ဆား၊ အခ်ိဳမႈန္႔၊ဆႏြင္းမႈန္႔
၅။မန္က်ည္းမွည့္ေရ
၆။ အာပူရြက္
ခ်က္ျပဳတ္နည္းအဆင့္ဆင့္။
၁။ င႐ုတ္သီးမ်ားကို အညႇာေခြၽၿပီး မႏူးတႏူးျပဳတ္ပါ။
၂။ ျပဳတ္ၿပီးေသာင႐ုတ္သီးမ်ားကို င႐ုတ္ဆံုထဲထည့္ေထာင္းပါ။
၃။ ခ်က္မည့္အိုးထဲသို႔ ေရအေနေတာ္ထည့္၍ ေထာင္းထားေသာ ငရုတ္သီးမ်ား၊ ဆား၊ ဆႏြင္း၊ အခ်ိဳမႈန္႔၊ ငပိ၊ ထည့္၍ ခဏတည္ပါ။
၄။ င႐ုတ္သီးနံ႔မ်ား ေမႊးၾကဴလာလ်ွင္၊ ကိုင္ထားေသာ ဆားဆႏြင္းနယ္ပီးသား ပုစြန္မ်ားကို ထည့္ပါ။
၅။ မန္က်ည္းမွည့္ေရေဖ်ာ္ထည့္ပါ။ အာပူရြက္မ်ားကို ေရစိမ္ထားပါ။
၆။ အိုးခ်ခါနီးလ်ွင္ ေရစိမ္ထားေသာ အာပူရြက္မ်ားကုိ ေရညႇစ္ၿပီးထည့္ပါ။ ရပါၿပီ႐ွင့္။
EllOu
Crd :ေဒၚေမတို႔ရြာကေလး
Unicodeဖြင့်ဖတ်ရန်
ပုစွန် ငရုတ်သီး ရခိုင်ချက်နည်း
ဒီပုံတွေထဲပုစွန်အကောင် အကြီးအသေးအရွယ်မတူပေမဲ့ ချက်နည်းကတော့ တူတူပါပဲနော်။ ချက်ရတာ ရိုးရှင်းလွယ်ကူပြီး ချဉ်ငံစပ် ကြိုက်သူများ ထမင်းအရမ်းမြိန်စေတဲ့ ရခိုင်ဟင်းချက်နည်းပါ။
ပါဝင်ပစ္စည်းတွေကတော့
၁။ ပုစွန်
၂။ ငရုတ်သီး
၃။ ငပိ
၄။ ဆား၊ အချိုမှုန့်၊ဆနွင်းမှုန့်
၅။မန်ကျည်းမှည့်ရေ
၆။ အာပူရွက်
ချက်ပြုတ်နည်းအဆင့်ဆင့်။
၁။ ငရုတ်သီးများကို အညှာချွေပြီး မနူးတနူးပြုတ်ပါ။
၂။ ပြုတ်ပြီးသောငရုတ်သီးများကို ငရုတ်ဆုံထဲထည့်ထောင်းပါ။
၃။ ချက်မည့်အိုးထဲသို့ ရေအနေတော်ထည့်၍ ထောင်းထားသော ငရုတ်သီးများ၊ ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ငပိ၊ ထည့်၍ ခဏတည်ပါ။
၄။ ငရုတ်သီးနံ့များ မွှေးကြူလာလျှင်၊ ကိုင်ထားသော ဆားဆနွင်းနယ်ပီးသား ပုစွန်များကို ထည့်ပါ။
၅။ မန်ကျည်းမှည့်ရေဖျော်ထည့်ပါ။ အာပူရွက်များကို ရေစိမ်ထားပါ။
၆။ အိုးချခါနီးလျှင် ရေစိမ်ထားသော အာပူရွက်များကို ရေညှစ်ပြီးထည့်ပါ။ ရပါပြီရှင့်။
EllOu
Crd :ဒေါ်မေတို့ရွာကလေး


မှတ်ချက်များ