ယ​ေန႔ ​ေခတ္္​စား​ေန​ေသာ တို႔​ေဆး ကို ေဆးအာနိသင္္ေျပေစသည္႔ ဂါထာ


Zawgyiျဖင့္ဖတ္ရန္

ယ​ေန႔​ေခတ္္​စား​ေန​ေသာတို႔​ေဆး ကို အႏိုင္​ယူ​လိုက္​ေ​သာနည္​း

က်​ေနာ္​ကိုယ္​တိိုင္​ တ​ေန႔ကၾကံဳခဲ့ရပါတယ္​။တ​​ေန႔က က်​ေနာ္​့အလုပ္​ခြင္​ကအျပန္​ လိႈင္​သာယာ ရံုး​ေ႐ွ႕မွတ္​တိုင္​မွ YBS 99 စီးလို႔အိမ္​ျပန္​ဖို႔ ရံုး​ေရွ့မွတ္​တိုင္​​ေ႐ွ႕ကို က်​ေနာ္​ ည​ေန၆နာရီခြဲခန္​႔​ေရာက္​ခဲ့ပါတယ္​။

အခ်ိိန္​က ည​ေန ၆နာရီခြဲဆို​ေပမဲ့ အ​ေတာ္​​ေမွာင္​လာ​ေပမဲ့ EPC လမ္​းမီးတိုင္​မ်ားကမလင္​း​ေသးပါဘူး။ က်​ေနာ္​လည္​းက်​ေနာ္​စီးမဲ့ကားလာမယ္​့ ဖက္​ကို​ေမ်ာ္​ၾကည္​့ယင္​းရပ္​​ေစာင္​့​ေနခဲ့ပါတယ္​။ အဲဲဒီအခ်ိန္​မွာ က်​ေနာ့​​ေနာက္​မွ လူတစ္​​ေယာက္​ေလွ်ာက္​လာၿပီး​နံ​ေဘး​ေရာက္​​ေတာ့ က်​ေနာ့္​ဘယ္​ဖက္​လက္​ဖ်ံကိုဆတ္​ခနဲပုတ္​လိုက္​ပါတယ္​။

သူပုတ္​လို္က္​ခ်ိန္​မွာက်​ေနာ္​စိတ္​ထဲဖ်င္​းကနဲျဖစ္​ၿပီး ​ေခါင္​နပမ္​းႀကီးသြားတာခံစားမိ​ေပမဲ့ သတိမလြတ္​တာ​ေၾကာင္​့ ​ေဟ့ဘာလဲကြဟု​ေမးလိုက္​ရာ ထိုသူမွ ​ေခါင္​ငုန္​႔ၿပီး ဘာမွမဟုတ္​ပါဘူးဟု​ေျပာ၍ ဆက္​ထြက္​သြားကာ ဓာတ္​တိုင္​တစ္​တိုင္​ခန္​႔အကြာ ဓာတ္​တိုင္​ကိုကြယ္​လ်က္​ က်​ေနာ္​ကိုျပန္​​ေခ်ာင္​းသည္​ကို​ေတြ႔ရပါသည္​။ သူ​ေခ်ာင္​းပံုမွာက်​ေနာ္​့ကို​ေခ်ာင္​းလိုက္​ သူ႔ညာလက္​ဖဝါးကိုၾကည္​့လိုက္​လုပ္​​ေနသျဖင္​့ က်​ေနာ္​မွ သူထံ​ေျပးဟန္​ျပဳလိုက္​ရာ အားကုန္​​ေျပး​ေလ​ေတာ့သည္​။

က်​ေနာ္​တခုသတိထားမိသည္​မွာ သူပုတ္​လိုက္​၍ က်​ေနာ္​စိတ္​ထဲဖ်င္​းကနဲျဖစ္​သြားစဥ္​ က်​ေနာ္​့စိတ္​ထဲမွသတိ႐ွိ​ေနၿပီး က်​ေနာ္​ရြတ္​ဖတ္​​ေနက် ဂါထာ​ေတာ္​ကိုရြတ္​ဖတ္​လိုက္​ရာ..​ေခါင္​းနပမ္​းႀကီးျဖစ္​​ေနရာမွ စိတ္​ကတည္​ၿငိမ္​သြားပါသည္​။ ထို႔​ေနာက္​ ဦး​ေခါင္​းမွ​ေျခ​ေထာက္​သိုပူကနဲဆင္​းသြားတာသိလိုက္​ပါသည္​။ ထိုိ႔​ေၾကာင္​့က်​ေနာ္​သိစိတ္​နဲ႔သတိလြတ္​မသြားခဲ့ပါ။

မိိတ္​​ေဆြမ်ားအား ယခု​ေလာအလြန္​​ေခတ္​စား​ေန​ေသာတို႔​ေဆးကို က်​ေနာ္​ကိုယ္​တိုင္​ၾကံဳ​ေတြ႔ရ​ေသာ္​လည္​း တို႔​ေဆးမ​ေအာင္​ခဲ့​ေသာဂါထာကိုမ်ွ​ေဝပါအံ့။ က်​ေနာ္​့အ​ေနျဖင္​့ ကိုယ္​​ေတြ႔ျဖစ္​စဥ္​ကို​ေရသားရျခင္​းျဖစ္​ၿပီး အထင္​ႀကီး​ေစရန္​ နာမည္​ႀကီး​ေစရန္​ ရည္​ရြယ္​ခ်က္​မ႐ွိပါ​ေၾကာင္​းသစၥာျပဳအပ္​ပါသည္​။ အဆိုပါဂါထာ​ေတာ္​မွာ

႐ွင္​္အရဟံ ပရိတ္​​ေတာ္​

ဗုုဒၶံသရဏံ ဂစၦာမိ နာမ႐ူပံ အနိစၥ ဒုကၡ အနတၱ၊

ဓမၼံ သရဏံ ဂစၦာမိ နာမ႐ူပံ အနိစၥ ဒုကၡ အနတၱ၊

သံဃံ သရဏံ ဂစၦာမိ နာမ႐ူပံ အနိစၥ ဒုကၡ အနတၱ၊

ဗုုဒၶံသရဏံ ဂစၦာမိ ဓမၼံသရဏံ ဂစၦာမိ သံဃံသရဏံ ဂစၦာမိ

နာမ႐ူပံ အနိစၥ ဒုကၡ အနတၱ၊

အနႏၱံ ဗလဝံဗုဒၶံ

အနႏၱံ ​ေဂါစယံဓမၼံ

အနႏၱံ အရိယသံဃံ

အနႏၱံ ​ေဗာဓိမုတၱမံ။

ပရိိတ္​​ေတာ္​မွာ တိုတို​ေလးျဖစ္​ပါသည္​။ သိုပါ​ေသာ္​လည္​းအလြန္​အစြမ္​းထက္​သည္​မွာကိုယ္​​ေတြ႔ျဖစ္​ပါသည္​။ ယံုၾကည္​သူမ်ား ပရိတ္​​ေတာ္​ကိုရြတ္​ဖတ္​၍ မ​ေကာင္​း​ေသာတို႔​ေဆး​ေဘးအႏၱရာယ္​ မွလြတ္​​ေျမာက္​ၾကပါ​ေစ။ သတိျပဳႏိုင္​ရန္​အတြက္​အ​ေတြ႔အၾကံဳတို႔ကိုတင္​ျပအံ့၊

(၁) တို႔​ေဆးသမားတို႔ပုတ္​လ်င္​ ဘယ္​လက္​ဖ်ံ ကိုအပုတ္​မ်ား၏။

(၂)မ်က္​ႏွာခ်င္​းဆိုင္​မွလုပ္​​ေလ့မ႐ွိ ​ေနာက္​မွလိုက္​လာပုတ္​တတ္​၏။

(၃) မ​ေၾကာက္​ပါႏွင္​့ သတိမလြတ္​​ေစနဲ႔

(၄) ပရိတ္​​ေတာ္​ကိုယံုယံုၾကည္​ၾကည္​သာရြတ္​ပါ ျပန္​​ေလ်ာက်သြားတာ သင္​ကိုယ္​တိုင္​ခံစားရပါလိမ္​့မည္​။

လူတိုင္​း ကိုယ္​ပိုင္​ကားႏွင္​့သြားလာ​ေနၾကသည္​မဟုတ္​ပါ သတိပိုသည္​မ႐ွိပါ။ ယံုၾကည္​စြာရြတ္​ဆိုယင္​းသြားလာၾကပါ​ေလ။ အဓိိက က ဗုဒၶနႆတိပြားမ်ား​ေနယင္​ သတိမလြတ္​ဘူး​ေလ။(ယံုလ်င္​ရြတ္​…မယံုလ်င္​လည္​းမရြတ္​နဲ႔​ေပါ့)အားလံုး အနၱရာယ္​ကင္​းၾက​ေစ။

Crd :SWNKN 22.11.2019

Unicodeဖြင့်ဖတ်ရန်

ယနေ့ ခေတ်စားနေသော တို့ဆေး ကို ဆေးအာနိသင်ပြေစေသည့် ဂါထာ

ယနေ့ခေတ်စားနေသောတို့ဆေး ကို အနိုင်ယူလိုက်သောနည်း

ကျနော်ကိုယ်တိုင် တနေ့ကကြုံခဲ့ရပါတယ်။တနေ့က ကျနော့်အလုပ်ခွင်ကအပြန် လှိုင်သာယာ ရုံးရှေ့မှတ်တိုင်မှ YBS 99 စီးလို့အိမ်ပြန်ဖို့ ရုံးရှေ့မှတ်တိုင်ရှေ့ကို ကျနော် ညနေ၆နာရီခွဲခန့်ရောက်ခဲ့ပါတယ်။

အချိန်က ညနေ ၆နာရီခွဲဆိုပေမဲ့ အတော်မှောင်လာပေမဲ့ EPC လမ်းမီးတိုင်များကမလင်းသေးပါဘူး။ ကျနော်လည်းကျနော်စီးမဲ့ကားလာမယ့် ဖက်ကိုမျော်ကြည့်ယင်းရပ်စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော့နောက်မှ လူတစ်ယောက်လျှောက်လာပြီးနံဘေးရောက်တော့ ကျနော့်ဘယ်ဖက်လက်ဖျံကိုဆတ်ခနဲပုတ်လိုက်ပါတယ်။

သူပုတ်လိုက်ချိန်မှာကျနော်စိတ်ထဲဖျင်းကနဲဖြစ်ပြီး ခေါင်နပမ်းကြီးသွားတာခံစားမိပေမဲ့ သတိမလွတ်တာကြောင့် ဟေ့ဘာလဲကွဟုမေးလိုက်ရာ ထိုသူမှ ခေါင်ငုန့်ပြီး ဘာမှမဟုတ်ပါဘူးဟုပြော၍ ဆက်ထွက်သွားကာ ဓာတ်တိုင်တစ်တိုင်ခန့်အကွာ ဓာတ်တိုင်ကိုကွယ်လျက် ကျနော်ကိုပြန်ချောင်းသည်ကိုတွေ့ရပါသည်။ သူချောင်းပုံမှာကျနော့်ကိုချောင်းလိုက် သူ့ညာလက်ဖဝါးကိုကြည့်လိုက်လုပ်နေသဖြင့် ကျနော်မှ သူထံပြေးဟန်ပြုလိုက်ရာ အားကုန်ပြေးလေတော့သည်။

ကျနော်တခုသတိထားမိသည်မှာ သူပုတ်လိုက်၍ ကျနော်စိတ်ထဲဖျင်းကနဲဖြစ်သွားစဉ် ကျနော့်စိတ်ထဲမှသတိရှိနေပြီး ကျနော်ရွတ်ဖတ်နေကျ ဂါထာတော်ကိုရွတ်ဖတ်လိုက်ရာ..ခေါင်းနပမ်းကြီးဖြစ်နေရာမှ စိတ်ကတည်ငြိမ်သွားပါသည်။ ထို့နောက် ဦးခေါင်းမှခြေထောက်သိုပူကနဲဆင်းသွားတာသိလိုက်ပါသည်။ ထို့ကြောင့်ကျနော်သိစိတ်နဲ့သတိလွတ်မသွားခဲ့ပါ။

မိတ်ဆွေများအား ယခုလောအလွန်ခေတ်စားနေသောတို့ဆေးကို ကျနော်ကိုယ်တိုင်ကြုံတွေ့ရသော်လည်း တို့ဆေးမအောင်ခဲ့သောဂါထာကိုမျှဝေပါအံ့။ ကျနော့်အနေဖြင့် ကိုယ်တွေ့ဖြစ်စဉ်ကိုရေသားရခြင်းဖြစ်ပြီး အထင်ကြီးစေရန် နာမည်ကြီးစေရန် ရည်ရွယ်ချက်မရှိပါကြောင်းသစ္စာပြုအပ်ပါသည်။ အဆိုပါဂါထာတော်မှာ

ရှင်အရဟံ ပရိတ်တော်

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ နာမရူပံ အနိစ္စ ဒုက္ခ အနတ္တ၊

ဓမ္မံ သရဏံ ဂစ္ဆာမိ နာမရူပံ အနိစ္စ ဒုက္ခ အနတ္တ၊

သံဃံ သရဏံ ဂစ္ဆာမိ နာမရူပံ အနိစ္စ ဒုက္ခ အနတ္တ၊

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ

နာမရူပံ အနိစ္စ ဒုက္ခ အနတ္တ၊

အနန္တံ ဗလဝံဗုဒ္ဓံ

အနန္တံ ဂေါစယံဓမ္မံ

အနန္တံ အရိယသံဃံ

အနန္တံ ဗောဓိမုတ္တမံ။

ပရိတ်တော်မှာ တိုတိုလေးဖြစ်ပါသည်။ သိုပါသော်လည်းအလွန်အစွမ်းထက်သည်မှာကိုယ်တွေ့ဖြစ်ပါသည်။ ယုံကြည်သူများ ပရိတ်တော်ကိုရွတ်ဖတ်၍ မကောင်းသောတို့ဆေးဘေးအန္တရာယ် မှလွတ်မြောက်ကြပါစေ။ သတိပြုနိုင်ရန်အတွက်အတွေ့အကြုံတို့ကိုတင်ပြအံ့၊

(၁) တို့ဆေးသမားတို့ပုတ်လျင် ဘယ်လက်ဖျံ ကိုအပုတ်များ၏။

(၂)မျက်နှာချင်းဆိုင်မှလုပ်လေ့မရှိ နောက်မှလိုက်လာပုတ်တတ်၏။

(၃) မကြောက်ပါနှင့် သတိမလွတ်စေနဲ့

(၄) ပရိတ်တော်ကိုယုံယုံကြည်ကြည်သာရွတ်ပါ ပြန်လျောကျသွားတာ သင်ကိုယ်တိုင်ခံစားရပါလိမ့်မည်။

လူတိုင်း ကိုယ်ပိုင်ကားနှင့်သွားလာနေကြသည်မဟုတ်ပါ သတိပိုသည်မရှိပါ။ ယုံကြည်စွာရွတ်ဆိုယင်းသွားလာကြပါလေ။ အဓိက က ဗုဒ္ဓနဿတိပွားများနေယင် သတိမလွတ်ဘူးလေ။(ယုံလျင်ရွတ်…မယုံလျင်လည်းမရွတ်နဲ့ပေါ့)အားလုံး အန္တရာယ်ကင်းကြစေ။

Crd :SWNKN 22.11.2019

မှတ်ချက်များ