အျမႊာကိုယ္ဝန္လိုခ်င္သူေတြ လိုက္နာ၊သိထားသင့္တဲ့ အခ်က္မ်ား


Zawgyiျဖင့္ဖတ္ရန္

အျမႊာသားသား၊ မီးမီးေလးေတြကိုမွ ပိုင္ဆိုင္ခ်င္တဲ့သူေတြအတြက္ အျမႊာကိုယ္၀န္ရႏိုင္မယ့္ သဘာ၀နည္းလမ္းတစ္ခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။ အျမႊာကိုယ္၀န္မွာမွ သြင္တူနဲ႔ သြင္မတူဆုိၿပီး  (၂)မ်ိဳးႏွစ္စား ရွိပါတယ္။ သြင္တူ (သို႕) (monozygotic twins) ဆိုတာကေတာ႔  မမ်ိဳးဥ တစ္လံုးနဲ႔ Sperm တစ္္ေကာင္က မ်ိဳးေအာင္ၿပီးေနာက္ သေႏၶသားေလာင္း(၂)ခု ခြဲေ၀ျဖစ္ေပၚတာပါ။ genetic components ခ်င္းလည္းတူ၊ သြင္တူ genetic structures လည္း တူၿပီး သူတို႔ေတြဟာ အခ်င္းတစ္ခုတည္းကို မွ်ေ၀ၿပီးရွင္သန္ၾကတာပါ။

သြင္မတူ (သို႔) dizygotic twins ဆုိတာကေတာ႔ မမ်ိဳးဥႏွစ္လံုးနဲ႔ Sperm (၂)ခု နဲ႔သေႏၶေအာင္တာမ်ိဳးပါ။ သူတို႔မွာ ဆိုရင္ ကိုယ္ပိုင္သီးသန္႔ ပံုစံမ်ိဳးနဲ႔ ေနၾကသလို အခ်င္းမွာဆုိရင္လည္း သီးသန္႔ ကိုယ္ပိုင္ရွင္သန္ေနထိုင္ၾကတာပါ။ အျမႊာဆိုတာက မ်ိဳးရိုးလိုက္တတ္ပါတယ္။ ဒါေပမယ့္ မ်ိဳးရိုးဗီဇက ေယာက်ာ္းေလးထက္ မိန္းကေလးကပဲ ဆက္ခံတာမ်ားပါတယ္။ဥပမာ- အျမႊာေမြးတဲ့မိခင္က ဆင္းသက္လာတဲ့ သမီးမိန္းကေလးက မိခင္ရဲ႕ ဗီဇကို ဆက္ခံတာမ်ိဳးပါ။ အျမႊာရႏိုင္ေခ် (Chances)ကို ပိုမ်ားေစဖို႔ ဘာေတြ လိုအပ္လဲ..?

(1)folate (folic acid)

ေလ့လာမႈေတြအရေတာ႔ (folic acid ) ကို မွီ၀ဲရင္ အျမႊာကိုယ္၀န္ရႏိုင္ေခ် မ်ားတယ္လုိ႔ ေျပာၾကပါတယ္။ ရာခိုင္ႏႈန္းအားျဖင့္ (၄၀)ရာခိုင္ႏႈန္း ပိုရႏိုင္ေခ် မ်ားပါတယ္။ ကိုယ္၀န္မယူခင္တည္းက မွီ၀ဲေပးရမွာပါ။ ဒါေပမယ့္ ဒါဟာ In vitro fertilisation (IVF)ဖန္ျပြန္သေႏၶသား ယူမယ့္သူေတြအတြက္ ပိုထိေရာက္တယ္လုိ႔ သိရပါတယ္။

(2) ပီေလာပီနံ

ပီေလာပီနံက သားအိမ္ဥတည္ျခင္းကိို (မ်ိဳးဥအပိုထြက္)ကို အားေပးတယ္လုိ႔ သိရပါတယ္။ မ်ိဳးဥအပိုထြက္ေလ အျမႊာရႏိုင္ေခ် ပိုမ်ားေလမုိ႔ တစ္ခ်ိဳ႕ကေတာ႔ အျမႊာလိုခ်င္ရင္ ပီေလာပီနံကို စားေပးဖို႔ တိုက္တြနး္ၾကတာေတြ ရွိပါတယ္။

(3) ႏို႔ထြက္ပစၥည္း၊ ကမာ

ေလ့လာမႈေတြအရေတာ႔ ႏုိ႔ထြက္ ပစၥည္းေတြကို မ်ားမ်ားစားသံုးေပးတဲ့ သူေတြဟာ အျမႊာကိုယ္၀န္ရႏိုင္ေခ် ပိုမ်ားတယ္လုိ႔ ဆိုပါတယ္။ ဒါဟာ ႏြားႏုိ႔မွာပါတဲ့ အင္ဆူလင္နဲ႔တူတဲဲ့ Growth Factor (IGF)ပရိုတင္းကလည္း အျမႊာရနိုင္ေခ်် ပိုမ်ားေအာင္ အေထာက္အပံ့ျဖစ္ေစပါတယ္။ ခင္ပြန္းျဖစ္သူကေတာ႔ ကမာေကာင္၊ zinc ဓါတ္မ်ားမ်ား စားေပးရပါမယ္။

(4) အသက္

အသက္ႀကီးတဲ့ အမ်ိဳးသမီးေတြက အျမႊာကိုယ္၀န္ရႏိုင္ေခ် ပိုမ်ားပါတယ္။ အသက္ႀကီးတဲ့ အမ်ိဳးသမီးေတြဟာ FSH (follicle stimulating hormone) ကို ပိုထုတ္ေပးနိုင္တာေၾကာင့္ မမ်ိဳးဥေတြ အမ်ားႀကီး ေၾကြက်ႏိုင္ေခ် မ်ားပါတယ္။ဒါေပမယ့္ မ်ိဳးေအာင္ႏိုင္ေခ်ကေတာ႔ နည္းပါးတာေၾကာင့္ ကိုယ္၀န္ရဖုိ႔ အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းရတာ ေတြရွိႏိုင္ပါတယ္။

(5) မ်ိဳးရိုး

မိန္းကေလးဘက္က မိသားစုမ်ိဳးရိုးမွာ အျမႊာမ်ိဳးရိုးရွိရင္ အျမႊာကိုယ္၀န္ရႏိုင္ေခ် ပိုမ်ားပါတယ္။(genetic hyperovulation)ေၾကာင့္ အျမြာရႏိုင္ေခ် ပိုမ်ားပါတယ္။

(6) ကိုယ္အေလးခ်ိန္

အရပ္ရွည္တဲ့ အမ်ိဳးသမီးေတြ၊ အရပ္အေမာင္းအလယ္အလတ္(သို႔) ၀တဲ့အမ်ိဳးသမီးေတြဟာ ပိန္တဲ့အမ်ိဳးသမီးေတြ၊ ပုတဲ့ အမ်ိဳးသမီးေတြထက္ အျမြာကိုယ္၀န္ရႏိုင္ေခ် ပိုမ်ားပါတယ္။

(7) ႏို႔တုိက္မိခင္၊ ကေလးမ်ား

အရင္ကေလးေမြးၿပီး အဲ့ဒီရင္ေသြးကို ႏို႔ၾကာၾကာ တိုက္ေကၽြးမယ္ဆိုရင္ ေနာက္ကေလးက်ရင္ အျမႊာကိုယ္၀န္ ရႏိုင္ေခ် ပိုမ်ားပါတယ္။ ကေလးမ်ားတဲ့ သူေတြမွာလည္း အျမႊာရႏိုင္ေခ် မ်ားပါတယ္။

(8) Magnesium/Calcium

ဒါကေတာ႔ အျမႊာရနိုင္ေခ််မ်ားတယ္ဆုိၿပီး အေထာက္အထားေတာ႔ ျပစရာမရွိေပမယ့္ Magnesium/Calcium ဓါတ္မွီ၀ဲျခင္းဟာလည္း အျမႊာရႏိုင္ေခ် မ်ားတယ္လုိ႔ ေျပာၾကတာေတြရွိပါတယ္။ ဒါေပမယ့္ အလြန္အကၽြံ မျဖစ္ေအာင္ေတာ႔ ဆရာ၀န္နဲ႔ တိုင္ပင္ၿပီးမွ မွီ၀ဲသင့္ပါတယ္။ မိန္းကေလးရႏိုင္ေခ်လည္း မ်ားတယ္လုိ႔ ေျပာၾကတာေတြ လည္းရွိပါတယ္။

(9) နာနတ္သီးအူတိုင္

နာနတ္သီးအူတိုင္မွာဆိုရင္ Bromelain ဆိုတဲ့ အင္ဇိုင္းအမ်ားႀကီး ပါ၀င္ပါတယ္။ ဒီအင္ဇိုင္းက မ်ိဳးဥေၾကြျခင္းကို အားေပးတာေၾကာင့္ နာနတ္သီးအူတိုင္စားသံုးျခင္းဟာလည္း အျမႊာကိုယ္၀န္ရႏိုင္ေခ် မ်ားပါတယ္။ ဒါေပမယ့္ အလြန္အကၽြံမွီ၀ဲရင္ေတာ႔ သားပ်က္သားေလွ်ာတာေတြလည္း ျဖစ္ႏိုင္တာမို႔ ဂရုတစိုက္ မွီ၀ဲသင့္ပါတယ္။

(10) ေဆးပညာဆိုင္ရာ နည္းလမ္း

Clomid မ်ိဳးဥေဆးသံုးၾကသူေတြမွာ အျမႊာကိုယ္၀န္ရႏိုင္ေခ် မ်ားပါတယ္။ ေနာက္တစ္ခုကေတာ႔ In vitro fertilisati on (IVF) ဖန္ျပြန္သေႏၶနည္းလမ္းကလည္း အျမႊာကိုယ္၀န္ရႏိုင္ေခ် မ်ားပါတယ္။

Source trimestertalk.

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အမြွှာကိုယ်ဝန်လိုချင်သူတွေ လိုက်နာ၊သိထားသင့်တဲ့ အချက်များ

အမြွှာသားသား၊ မီးမီးလေးတွေကိုမှ ပိုင်ဆိုင်ချင်တဲ့သူတွေအတွက် အမြွှာကိုယ်ဝန်ရနိုင်မယ့် သဘာဝနည်းလမ်းတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ အမြွှာကိုယ်ဝန်မှာမှ သွင်တူနဲ့ သွင်မတူဆိုပြီး  (၂)မျိုးနှစ်စား ရှိပါတယ်။ သွင်တူ (သို့) (monozygotic twins) ဆိုတာကတော့  မမျိုးဥ တစ်လုံးနဲ့ Sperm တစ်ကောင်က မျိုးအောင်ပြီးနောက် သန္ဓေသားလောင်း(၂)ခု ခွဲဝေဖြစ်ပေါ်တာပါ။ genetic components ချင်းလည်းတူ၊ သွင်တူ genetic structures လည်း တူပြီး သူတို့တွေဟာ အချင်းတစ်ခုတည်းကို မျှဝေပြီးရှင်သန်ကြတာပါ။

သွင်မတူ (သို့) dizygotic twins ဆိုတာကတော့ မမျိုးဥနှစ်လုံးနဲ့ Sperm (၂)ခု နဲ့သန္ဓေအောင်တာမျိုးပါ။ သူတို့မှာ ဆိုရင် ကိုယ်ပိုင်သီးသန့် ပုံစံမျိုးနဲ့ နေကြသလို အချင်းမှာဆိုရင်လည်း သီးသန့် ကိုယ်ပိုင်ရှင်သန်နေထိုင်ကြတာပါ။ အမြွှာဆိုတာက မျိုးရိုးလိုက်တတ်ပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇက ယောကျာ်းလေးထက် မိန်းကလေးကပဲ ဆက်ခံတာများပါတယ်။ဥပမာ- အမြွှာမွေးတဲ့မိခင်က ဆင်းသက်လာတဲ့ သမီးမိန်းကလေးက မိခင်ရဲ့ ဗီဇကို ဆက်ခံတာမျိုးပါ။ အမြွှာရနိုင်ချေ (Chances)ကို ပိုများစေဖို့ ဘာတွေ လိုအပ်လဲ..?

(1)folate (folic acid)

လေ့လာမှုတွေအရတော့ (folic acid ) ကို မှီဝဲရင် အမြွှာကိုယ်ဝန်ရနိုင်ချေ များတယ်လို့ ပြောကြပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၄၀)ရာခိုင်နှုန်း ပိုရနိုင်ချေ များပါတယ်။ ကိုယ်ဝန်မယူခင်တည်းက မှီဝဲပေးရမှာပါ။ ဒါပေမယ့် ဒါဟာ In vitro fertilisation (IVF)ဖန်ပြွန်သန္ဓေသား ယူမယ့်သူတွေအတွက် ပိုထိရောက်တယ်လို့ သိရပါတယ်။

(2) ပီလောပီနံ

ပီလောပီနံက သားအိမ်ဥတည်ခြင်းကို (မျိုးဥအပိုထွက်)ကို အားပေးတယ်လို့ သိရပါတယ်။ မျိုးဥအပိုထွက်လေ အမြွှာရနိုင်ချေ ပိုများလေမို့ တစ်ချို့ကတော့ အမြွှာလိုချင်ရင် ပီလောပီနံကို စားပေးဖို့ တိုက်တွန်းကြတာတွေ ရှိပါတယ်။

(3) နို့ထွက်ပစ္စည်း၊ ကမာ

လေ့လာမှုတွေအရတော့ နို့ထွက် ပစ္စည်းတွေကို များများစားသုံးပေးတဲ့ သူတွေဟာ အမြွှာကိုယ်ဝန်ရနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။ ဒါဟာ နွားနို့မှာပါတဲ့ အင်ဆူလင်နဲ့တူတဲ့ Growth Factor (IGF)ပရိုတင်းကလည်း အမြွှာရနိုင်ချေျ ပိုများအောင် အထောက်အပံ့ဖြစ်စေပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ကမာကောင်၊ zinc ဓါတ်များများ စားပေးရပါမယ်။

(4) အသက်

အသက်ကြီးတဲ့ အမျိုးသမီးတွေက အမြွှာကိုယ်ဝန်ရနိုင်ချေ ပိုများပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ FSH (follicle stimulating hormone) ကို ပိုထုတ်ပေးနိုင်တာကြောင့် မမျိုးဥတွေ အများကြီး ကြွေကျနိုင်ချေ များပါတယ်။ဒါပေမယ့် မျိုးအောင်နိုင်ချေကတော့ နည်းပါးတာကြောင့် ကိုယ်ဝန်ရဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရတာ တွေရှိနိုင်ပါတယ်။

(5) မျိုးရိုး

မိန်းကလေးဘက်က မိသားစုမျိုးရိုးမှာ အမြွှာမျိုးရိုးရှိရင် အမြွှာကိုယ်ဝန်ရနိုင်ချေ ပိုများပါတယ်။(genetic hyperovulation)ကြောင့် အမြွာရနိုင်ချေ ပိုများပါတယ်။

(6) ကိုယ်အလေးချိန်

အရပ်ရှည်တဲ့ အမျိုးသမီးတွေ၊ အရပ်အမောင်းအလယ်အလတ်(သို့) ဝတဲ့အမျိုးသမီးတွေဟာ ပိန်တဲ့အမျိုးသမီးတွေ၊ ပုတဲ့ အမျိုးသမီးတွေထက် အမြွာကိုယ်ဝန်ရနိုင်ချေ ပိုများပါတယ်။

(7) နို့တိုက်မိခင်၊ ကလေးများ

အရင်ကလေးမွေးပြီး အဲ့ဒီရင်သွေးကို နို့ကြာကြာ တိုက်ကျွေးမယ်ဆိုရင် နောက်ကလေးကျရင် အမြွှာကိုယ်ဝန် ရနိုင်ချေ ပိုများပါတယ်။ ကလေးများတဲ့ သူတွေမှာလည်း အမြွှာရနိုင်ချေ များပါတယ်။

(8) Magnesium/Calcium

ဒါကတော့ အမြွှာရနိုင်ချေျများတယ်ဆိုပြီး အထောက်အထားတော့ ပြစရာမရှိပေမယ့် Magnesium/Calcium ဓါတ်မှီဝဲခြင်းဟာလည်း အမြွှာရနိုင်ချေ များတယ်လို့ ပြောကြတာတွေရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံ မဖြစ်အောင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ မှီဝဲသင့်ပါတယ်။ မိန်းကလေးရနိုင်ချေလည်း များတယ်လို့ ပြောကြတာတွေ လည်းရှိပါတယ်။

(9) နာနတ်သီးအူတိုင်

နာနတ်သီးအူတိုင်မှာဆိုရင် Bromelain ဆိုတဲ့ အင်ဇိုင်းအများကြီး ပါဝင်ပါတယ်။ ဒီအင်ဇိုင်းက မျိုးဥကြွေခြင်းကို အားပေးတာကြောင့် နာနတ်သီးအူတိုင်စားသုံးခြင်းဟာလည်း အမြွှာကိုယ်ဝန်ရနိုင်ချေ များပါတယ်။ ဒါပေမယ့် အလွန်အကျွံမှီဝဲရင်တော့ သားပျက်သားလျှောတာတွေလည်း ဖြစ်နိုင်တာမို့ ဂရုတစိုက် မှီဝဲသင့်ပါတယ်။

(10) ဆေးပညာဆိုင်ရာ နည်းလမ်း

Clomid မျိုးဥဆေးသုံးကြသူတွေမှာ အမြွှာကိုယ်ဝန်ရနိုင်ချေ များပါတယ်။ နောက်တစ်ခုကတော့ In vitro fertilisati on (IVF) ဖန်ပြွန်သန္ဓေနည်းလမ်းကလည်း အမြွှာကိုယ်ဝန်ရနိုင်ချေ များပါတယ်။

Source trimestertalk.

Credit:Shwemom

မှတ်ချက်များ