ဟန္ေဆာင္ ေကာင္းျပေနေပမယ့္ အတြင္းစိတ္ပုတ္မွန္း သိသာထင္ရွားတဲ့ လကၡဏာ (၅) မ်ိဳး
Zawgyiျဖင့္ဖတ္ရန္
ေလာကမွာ စိတ္ထားေကာငး္မြန္ဖို႔ အရမ္းကို အေရးၾကီးပါတယ္။ စိတ္ထားမေကာင္းရင္ ဘယ္ေလာက္ ရုပ္ေခ်ာေနပါေစ၊ ပညာတတ္ေနပါေစ၊ ခ်မ္းသာေနပါေစ … လူေလးစား မခံရသလို၊ လူမုန္းလည္း အရမ္းမ်ားပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ အျပင္ကေနသာ ေကာငး္ခ်င္ေယာင္ေဆာင္ေကာင္း ေဆာင္မယ္၊ အတြင္းကေနေတာ့ အရမး္ကုိ စိတ္ပုတ္တဲ့သူေတြရဲ႕ လကၡဏာေတြပဲျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြဟာ သင့္ကုိ အခ်ိန္မေရြး သစၥာေဖာက္သြားႏိုင္တာမို႔ ေဝးေဝးေရွာင္ေနတာ အေကာင္းဆံုးပါပဲ။
(၁) တစ္ကုိယ္ေကာင္း အရမ္းဆန္တယ္
ဒီလုိ လူမ်ိဳးေတြဟာ တစ္ကိုယ္ေကာင္း အရမး္ဆန္တဲ့ သူမ်ိဳးေတြပါ။ အျမဲတမ္း သူ႔ဖို႔ခ်ည္းပဲ ေတြးတတ္တဲ့ တစ္ဘို႔တည္း သမားေတြ ျဖစ္ပါတယ္။ ဘယ္ေတာ့မွ တစ္ဖက္သားကို မစဥ္းစားေပးတတ္သလို၊ ကိုယ့္အတြက္ အဆင္ေျပမယ္ဆိုရင္ တစ္ဖက္သား ဘယ္ေလာက္ အဆင္မေျပ ျဖစ္ေနပါေစ၊ လွည့္ကို မၾကည့္တတ္တဲ့ သူေတြပါ။
(၂) တစ္ဖက္သားကို ခ်ိဳးႏွိမ္တတ္တယ္
ဒီလိုလူမ်ိဳးေတြရဲ႕ အတြငး္စိတ္ဟာ သူတုိ႔ထက္ နိမ့္က်တဲ့ သူေတြေရွ႕က်ရင္ ဘူးေပၚသလို ေပၚလာပါလိမ့္မယ္။ တစ္ဖက္သားကို ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ ေျပာဆိုတတ္သလို၊ အဆင့္အတန္းလည္း ခြဲျခားတတ္တဲ့ သူေတြပါ။ အထူးသျဖင့္ အလုပ္သမား၊ စားပြဲထိုးနဲ႔ သူဖုန္းစားေတြကို ေျပာဆိုဆက္ဆံတဲ့အခါ သတိထားၾကည့္ရင္ သိသာပါတယ္။
(၃) ဖားတတ္တယ္
ဒီလိုလူမ်ိဳးေတြဟာ ႏွမး္ျဖဴးအင္မတန္ ကၽြမး္က်င္တဲ့ သူေတြပါ။ နာမည္ေကာင္းလည္း အရမး္ရခ်င္သလို၊ အထက္လူၾကီးေတြ၊ ကိုယ့္ထက္ ရာထူးျမင့္တဲ့သူေတြကို ကပ္ဖားလ်က္ဖားလုပ္တဲ့ ေနရာမွာေတာ့ အင္မတန္ေတာ္ၾကပါတယ္။ ကိုယ့္ထက္အားၾကီးတဲ့ သူေတြေရွ႕မွာက်ေတာ့ ရိုက်ိဳးတတ္တာ သူတို႔အျပင္ ႏွစ္ေယာက္မရွိသလို၊ ကိုယ့္ထက္နိမ့္တဲ့ သူေတြဆီမွာေတာ့ မ်က္ႏွာထိမ်က္ႏွာထားနဲ႔ ပံုစံအမ်ိဳးမ်ိဳး ဖမ္းတတ္သူေတြပါ။
(၄) အေခ်ာင္ခိုတယ္
ဒီလိုလူေတြကို ေသေသခ်ာခ်ာ အကဲခတ္မယ္ဆိုရင္ အျမဲတမ္း အေခ်ာင္ခိုတတ္တဲ့ သူေတြဆိုတာ ေတြ႕ရပါလိမ့္မယ္။ ဟုိဟာလုပ္သလုိလို၊ ဒီဟာလုပ္သလိုလုိ သူတို႔ေလာက္ အလုပ္ရႈပ္တာလည္း သူတုိ႔ပဲ။ ဒါေပမယ့္ ဘာမွ ျဖစ္ျဖစ္ေျမာက္ေျမာက္ မရွိျပန္ပါဘူး။ ဒီလိုလူမ်ိဳးေတြဟာ သူတုိ႔ေၾကာင့္ တျခားသူေတြကိုပါ ထိခိုက္နစ္နာေစတဲ့ သူေတြျဖစ္ပါတယ္။
(၅) အျပစ္ပံုခ် တတ္တယ္
ဒီလိုလူေတြမွာ တာဝန္ယူစိတ္ဆိုတာ မရွိသလို၊ ျပႆနာတစ္ခုုခု ၊ အေရးတစ္ခုခု ရွိလာျပီဆိုရင္ ဘယ္ေတာ့မွ သူတုိ႔အမွား မဟုတ္ပဲ သူတစ္ပါးကိုပဲ လႊဲခ်၊ ပံုခ်တတ္တဲ့ သူေတြပါ။ တာဝန္ယူဖို႔ ေဝလာေဝး အျမဲတမ္း အျပစ္လြတ္ေအာင္ ေျပာတတ္ဆိုတတ္၊ ေနတတ္သူေတြပါ။ တစ္ခါတေလ သူတုိ႔အမွားက သူတစ္ပါးအမွားလံုးလံုး ျဖစ္သြားေအာင္ကို ေျပာတတ္ၾကပါတယ္။
အထက္ပါအခ်က္ေတြနဲ႔ ကိုက္ညီတဲ့သူေတြ သင့္သူငယ္ခ်င္း၊ မိတ္ေဆြထဲမွာ ရွိေနခဲ့ရင္ ေဝးေဝးက ေရွာင္ေနလိုက္ပါလို႔ အၾကံေပးလိုက္ ပါတယ္ေနာ္……။
Em Em
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ဟန်ဆောင် ကောင်းပြနေပေမယ့် အတွင်းစိတ်ပုတ်မှန်း သိသာထင်ရှားတဲ့ လက္ခဏာ (၅) မျိုး
လောကမှာ စိတ်ထားကောင်းမွန်ဖို့ အရမ်းကို အရေးကြီးပါတယ်။ စိတ်ထားမကောင်းရင် ဘယ်လောက် ရုပ်ချောနေပါစေ၊ ပညာတတ်နေပါစေ၊ ချမ်းသာနေပါစေ … လူလေးစား မခံရသလို၊ လူမုန်းလည်း အရမ်းများပါတယ်။ ခုဖော်ပြပေးမှာကတော့ အပြင်ကနေသာ ကောင်းချင်ယောင်ဆောင်ကောင်း ဆောင်မယ်၊ အတွင်းကနေတော့ အရမ်းကို စိတ်ပုတ်တဲ့သူတွေရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ သင့်ကို အချိန်မရွေး သစ္စာဖောက်သွားနိုင်တာမို့ ဝေးဝေးရှောင်နေတာ အကောင်းဆုံးပါပဲ။
(၁) တစ်ကိုယ်ကောင်း အရမ်းဆန်တယ်
ဒီလို လူမျိုးတွေဟာ တစ်ကိုယ်ကောင်း အရမ်းဆန်တဲ့ သူမျိုးတွေပါ။ အမြဲတမ်း သူ့ဖို့ချည်းပဲ တွေးတတ်တဲ့ တစ်ဘို့တည်း သမားတွေ ဖြစ်ပါတယ်။ ဘယ်တော့မှ တစ်ဖက်သားကို မစဉ်းစားပေးတတ်သလို၊ ကိုယ့်အတွက် အဆင်ပြေမယ်ဆိုရင် တစ်ဖက်သား ဘယ်လောက် အဆင်မပြေ ဖြစ်နေပါစေ၊ လှည့်ကို မကြည့်တတ်တဲ့ သူတွေပါ။
(၂) တစ်ဖက်သားကို ချိုးနှိမ်တတ်တယ်
ဒီလိုလူမျိုးတွေရဲ့ အတွင်းစိတ်ဟာ သူတို့ထက် နိမ့်ကျတဲ့ သူတွေရှေ့ကျရင် ဘူးပေါ်သလို ပေါ်လာပါလိမ့်မယ်။ တစ်ဖက်သားကို ချိုးချိုးနှိမ်နှိမ် ပြောဆိုတတ်သလို၊ အဆင့်အတန်းလည်း ခွဲခြားတတ်တဲ့ သူတွေပါ။ အထူးသဖြင့် အလုပ်သမား၊ စားပွဲထိုးနဲ့ သူဖုန်းစားတွေကို ပြောဆိုဆက်ဆံတဲ့အခါ သတိထားကြည့်ရင် သိသာပါတယ်။
(၃) ဖားတတ်တယ်
ဒီလိုလူမျိုးတွေဟာ နှမ်းဖြူးအင်မတန် ကျွမ်းကျင်တဲ့ သူတွေပါ။ နာမည်ကောင်းလည်း အရမ်းရချင်သလို၊ အထက်လူကြီးတွေ၊ ကိုယ့်ထက် ရာထူးမြင့်တဲ့သူတွေကို ကပ်ဖားလျက်ဖားလုပ်တဲ့ နေရာမှာတော့ အင်မတန်တော်ကြပါတယ်။ ကိုယ့်ထက်အားကြီးတဲ့ သူတွေရှေ့မှာကျတော့ ရိုကျိုးတတ်တာ သူတို့အပြင် နှစ်ယောက်မရှိသလို၊ ကိုယ့်ထက်နိမ့်တဲ့ သူတွေဆီမှာတော့ မျက်နှာထိမျက်နှာထားနဲ့ ပုံစံအမျိုးမျိုး ဖမ်းတတ်သူတွေပါ။
(၄) အချောင်ခိုတယ်
ဒီလိုလူတွေကို သေသေချာချာ အကဲခတ်မယ်ဆိုရင် အမြဲတမ်း အချောင်ခိုတတ်တဲ့ သူတွေဆိုတာ တွေ့ရပါလိမ့်မယ်။ ဟိုဟာလုပ်သလိုလို၊ ဒီဟာလုပ်သလိုလို သူတို့လောက် အလုပ်ရှုပ်တာလည်း သူတို့ပဲ။ ဒါပေမယ့် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိပြန်ပါဘူး။ ဒီလိုလူမျိုးတွေဟာ သူတို့ကြောင့် တခြားသူတွေကိုပါ ထိခိုက်နစ်နာစေတဲ့ သူတွေဖြစ်ပါတယ်။
(၅) အပြစ်ပုံချ တတ်တယ်
ဒီလိုလူတွေမှာ တာဝန်ယူစိတ်ဆိုတာ မရှိသလို၊ ပြဿနာတစ်ခုခု ၊ အရေးတစ်ခုခု ရှိလာပြီဆိုရင် ဘယ်တော့မှ သူတို့အမှား မဟုတ်ပဲ သူတစ်ပါးကိုပဲ လွှဲချ၊ ပုံချတတ်တဲ့ သူတွေပါ။ တာဝန်ယူဖို့ ဝေလာဝေး အမြဲတမ်း အပြစ်လွတ်အောင် ပြောတတ်ဆိုတတ်၊ နေတတ်သူတွေပါ။ တစ်ခါတလေ သူတို့အမှားက သူတစ်ပါးအမှားလုံးလုံး ဖြစ်သွားအောင်ကို ပြောတတ်ကြပါတယ်။
အထက်ပါအချက်တွေနဲ့ ကိုက်ညီတဲ့သူတွေ သင့်သူငယ်ချင်း၊ မိတ်ဆွေထဲမှာ ရှိနေခဲ့ရင် ဝေးဝေးက ရှောင်နေလိုက်ပါလို့ အကြံပေးလိုက် ပါတယ်နော်……။
Em Em
Credit:Aunty May


မှတ်ချက်များ