ဝန္ႀကီးမ်ား႐ုံးထဲက အႏွိပ္ခန္း ကို ဖ်က္သိမ္းမည္





Zawgyi ျဖင့္ဖတ္ရန္

ရန္ကုန္ၿမိဳ႕၊ ဝန္ႀကီးမ်ား႐ုံးတြင္ စင္ကာပူႏိုင္ငံ အေျခစိုက္ De Beau Wellness Centreမွ လာေရာက္ ဖြင့္လွစ္ထားေသာ SPA ကို ဖ်က္သိမ္းမည္ဟု မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္မွ တိုင္းေဒသ ႀကီး လႊတ္ ေတာ္ ကိုယ္စားလွယ္ ဦးလွေဌးက ဆိုသည္။ဝန္ႀကီးမ်ား႐ုံးတြင္ Spa အပါအဝင္ ေဈးဆိုင္ခန္းမ်ားဖြင့္လွစ္မႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အပါအဝင္ ဌာနေလးခုတို႔ကို ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္က ႏိုဝင္ဘာ ၈ရက္ေန႔တြင္ ၾကားနာမႈ ျပဳလုပ္ ခဲ့သည္။

“တစ္ဖက္ကေတာ့ ပထမဆုံးသူတို႔ကေတာ့ ဒါဟာသူတို႔အေၾကာင္းျပတာေပါ့ေနာ္။ ဒါက Spaမဟုတ္ပါဘူး။ က်န္းမာေရးစင္တာျဖစ္ပါတယ္။ ႏိုင္ငံတကာမွာလည္းရွိပါတယ္ဆိုတဲ့အခ်က္အလက္ေတြေျပာတယ္။ သို႔ေသာ္လည္း ႏိုင္ငံတကာမွာရွိတာ ႏိုင္ငံတကာအပိုင္းေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံ ကြၽန္ေတာ္တို႔လူမ်ိဳးေတြရဲ႕ ခံစားခ်က္၊ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အဓိကအထိမ္းအမွတ္ႀကီးျဖစ္တဲ့ ဒီေနရာႀကီးကို အမ်ိဳးသားေရး စိတ္ ဓာတ္ အေနနဲ႔ ထိန္းသိမ္းရမယ့္ေနရာႀကီးျဖစ္တဲ့အတြက္ေၾကာင့္ ဒါကို ေကာ္မတီကေန လက္မခံေၾကာင္း ကြၽန္ေတာ္တို႔ေျပာပါတယ္။ ေနာက္ဆုံးမွာေတာ့ သူတို႔ဘက္ကေနၿပီးေတာ့ ဒီလုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ သူတို႔ဖ်က္သိမ္း လိုက္ပါမယ္” ဟု ဦးလွေဌးက ေျပာသည္။






အဆိုပါ ၾကားနာမႈတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဝန္ႀကီးမ်ား႐ုံးသည္ သမိုင္းဝင္အထင္ကရ အေဆာက္ အအုံျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ တန္ဖိုးအႀကီးမားဆုံး အေဆာက္အအုံျဖစ္သည့္အတြက္ Spa ဖြင့္ျခင္းသည္ မျဖစ္သင့္ ဟုဆိုကာ အဓိကထားကန႔္ကြက္ခဲ့ၾကျခင္းျဖစ္သည္။ထို႔အျပင္ Spa ကို ခြင့္ျပဳမိန႔္မပါပဲ ဖြင့္ထားျခင္းျဖစ္ေၾကာင္း၊ Spa ဖ်က္သိမ္းရန္အတြက္ ရက္အတိအက် မသတ္မွတ္ထားေၾကာင္း ၎ကဆက္ေျပာသည္။ De Beau Wellness Centre အမည္ရွိ Spa ကို ဝန္ႀကီးမ်ား႐ုံးတြင္ ေအာက္တိုဘာ ၂၆ရက္ေန႔က ဖြင့္လွစ္ ခဲ့ျခင္းျဖစ္ၿပီး တစ္ပတ္အတြင္း ျပည္တြင္းရွိ လူမႈကြန္ယက္အသုံးျပဳသူမ်ားအၾကားတြင္ ေဝဖန္မႈမ်ား ျပင္းျပင္းထန္ ထန္ ျဖစ္ေပၚခဲ့သည္။

‘ျဖစ္ခဲ့သင့္တာက အတြင္း ဝန္႐ုံးကို လြယ္လြယ္ကူကူ လက္ လႊဲ မေပးခဲ့သင့္ဘူး၊ ငွားရင္ေတာင္ ငွားတဲ့ condition တင္းတင္း က်ပ္က်ပ္ရွိသင့္တယ္၊  ဒါမလုပ္ရ ဘူး၊ ဒါပဲ လုပ္ရမယ္၊ ဒီလိုထိန္း သိမ္းရမယ္၊ ဒီစီးပြားေရးေတြပဲ လုပ္ခြင့္ရွိမယ္ ဘာညာေပါ့။



အာဇာနည္ႀကီးမ်ားရဲ႕ဂုဏ္ သိကၡာကိုထိပါးတဲ့ေအာက္ပါလုပ္ ငန္းေတြလုပ္ခြင့္မရွိေၾကာင္း တိတိ က်က်ေဖၚျပခဲ့သင့္တယ္။ ျဖစ္ သင့္တာက အဲသည္လိုမလုပ္ခဲ့ဘဲ အခုမွ ေငြေၾကးရင္းႏွီးၿပီးသား လိုက္တင္းက်ပ္ ပိတ္ခိုင္းတာ လည္း မလုပ္သင့္ဘူး။ ကြၽန္ေတာ္တို႔ေတြ ကိုယ္ ဆုံး ျဖတ္ခ်က္မွားခဲ့ရင္ သူမ်ားကို အ ျပစ္တင္တာထက္ ကိုယ့္ကို ယ္ကို ႏုတ္ထြက္သတ္ေသပစ္တဲ့ ဂ်ပန္ ေသြးေလး နည္းနည္းရွိေစခ်င္ တယ္။ မဆင္မျခင္ ခြင့္ျပဳေပးၿပီးျပန္ ပိတ္ရတဲ့လုပ္ငန္းေတြေၾကာင့္ လက္ရွိမွာ အိမ္နီးခ်င္းေကာ အေဝးကႏိုင္ငံျခားကုမၺဏီေတြ ၾကား စီးပြားေရးဂုဏ္သိကၡာ က်ေပါင္းမ်ားလွပါၿပီ။အတြင္းဝန္႐ုံးက ဆပာ ဟာ ခပ္ေပါေပါလိင္ကိုဦးတည္ထား တဲ့မာဆက္လို႔ ယုံထင္ေၾကာင္ထင္ စြပ္စြဲတာထက္ ေသခ်ာစိစစ္ၿပီး ခ်ျပတာ ပိုေကာင္းပါတယ္။ မေဝးလွတဲ့ပန္းဆိုးတန္းခုံး ေက်ာ္ေအာက္က ထိုင္ခုံနဲ႔ႏွိပ္ေန သူေတြကို အတြင္းဝန္႐ုံးက သစ္ ပင္ေတြေအာက္ကို ေျပာင္းဖြင့္ ေပးထားရင္ အဂၤလိပ္ေခတ္ကို ထင္ဟပ္တဲ့ ဝန္ေဆာင္မႈလို႔ သေဘာက်တဲ့လူရွိေကာင္းရွိႏိုင္ တယ္။ သေဘာကေတာ့ အတူတူပါ ပဲ။ ဗိုလ္ခ်ဳပ္က်ဆုံးခဲ့တဲ့ေနရာ အ ေဆာက္အအုံထဲ မာဆတ္ ဖြင့္တာ ေတာ့ အမ်ားနဲ႔အတူ ဘယ္ လိုမွ သေဘာမတူပါဘူး။ ဒါေပမဲ့ ပန္းခ်ီ ျပခန္းေတြ၊ စားေသာက္ ဆိုင္ေတြ၊ ႐ုံးေတြနဲ႔ တျခားလုပ္ငန္း ေတြ လုပ္ တာေတာ့ မတားေစခ်င္ ေတာ့ဘူး။ အေဆာက္အအုံက အ ဆင္ျခင္မဲ့ ငွားၿပီးခဲ့ၿပီေလ။ အစိုးရအဆက္ဆက္ မျပင္ႏိုင္ တဲ့ ျပင္ဆင္မႈေတြ ေငြကုန္ေၾကးက် ခံၿပီး ျပင္ထားလို႔ လူတိုင္းသြား ၾကည့္ခ်င္ တဲ့ ေနရာျဖစ္လာပါၿပီ။ အာဇာနည္ ေခါင္းေဆာင္ႀကီးေတြ အေၾကာင္း ျပဳ ျပည္သူနဲ႔ ရန္တိုက္ ေပးတာ ေတာ့ မလုပ္သင့္ေတာ့ ဘူး။

ကယား၊ မြန္နဲ႔ ခ်င္းမွာလည္း အယူအဆကြဲကုန္တယ္။ ေနရာ တ ကာ ဗိုလ္ခ်ဳပ္ တ တတ္တဲ့ ႏိုင္ငံ ေရး သမားေတြေၾကာင့္ ဗိုလ္ခ်ဳပ္ လည္း ေနစရာ မရွိ ေတာ့ ဘူး။ သည္လို ေရးတာ ဆဲၾက မွာ သိပါ တယ္။ ကြၽန္ေတာ္ လြဲတာ ရွိရင္ ဆဲတာ ထက္ ဆင္ျခင္ျခင္းနဲ႔ ေဝ ဖန္ျခင္း ဉာဏ္ သြားေရွ႕ထားၿပီး ေထာက္ျပ ေပးၾကပါခင္ဗ်ာ ဆိုၿပီး လူမႈကြန္ရက္ သုံးစြဲသူတစ္ဦးက မွ်ေဝထားပါတယ္။



ရန္ကုန္စီးပြားေရးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာတင္ဝင္း က ေတာ့ ဝန္ႀကီးမ်ား႐ုံးနဲ႔ သည္ က်န္း မာေရးစင္တာနဲ႔ အလွအပ ေရးရာ လုပ္ငန္းေတြနဲ႔ အႏွိပ္ခန္း ေတြဟာ အပ္စပ္မႈမရွိ ဘူးလို႔ သူ႔ အျမင္ေျပာပါတယ္။ စီးပြားေရးအရ ရင္းႏွီးျမႇဳပ္ႏွံသူ ေတြအေနနဲ႔လည္း အျခားဟိုတယ္ လို ေနရာမ်ိဳးေတြမွာ ဖြင့္လို႔ရတာ ေၾကာင့္ သည္သမိုင္းႀကီးတဲ့ ေနရာ မ်ိဳးမွာ မလုပ္သင့္ဘဲ ေနရာေဒသ ေ႐ြးၿပီး လုပ္သင့္တယ္လို႔ ေျပာပါ တယ္။ သူက “ဒီလုပ္ငန္းကိုပိတ္လိုက္ တာနဲ႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ကို မထိခိုက္ႏိုင္ပါဘူး၊ စာခ်ဳပ္ခ်ဳပ္ ခဲ့တုန္းက ခ်ဳပ္ခဲ့တယ္ဆိိုရင္ ဖ်က္ သိမ္းလို႔ မရဘူးေပါ့၊ ဖ်က္သိမ္းမယ္ ဆိိုရင္ ေလ်ာ္ေၾကးျပန္ေပးရမွာေပါ့၊ ဘယ္လိုခ်ဳပ္ခဲ့တယ္ဆိုတာ ျပန္ ၾကည့္ရမယ္၊ ဒီလိုေနရာမွာ ဒီလုပ္ ငန္းဖြင့္တာ ဘယ္သူ မွႀကိဳက္မယ္ မထင္ပါဘူး၊ လုပ္စရာ ရွားလို႔ ဒီေန ရာ မွာ လုပ္ရသလား” လို႔ ေျပာပါ တယ္။ဝန္ႀကီးမ်ား႐ုံးအေဆာက္အဦကို (၁၈၈၉)ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ၿပီး (၁၉၀၅)ခုႏွစ္၌ ၿပီးစီးခဲ့သည္။ ေဆာက္လုပ္စဥ္က ေတာင္ဘက္အေဆာက္အဦကို စတင္ေဆာက္လုပ္ခဲ့ၿပီး (၁၉၀၃)ခုႏွစ္အေရာက္တြင္ အေရွ႕ဘက္၊ အေနာက္ဘက္စသည့္ က်န္အေဆာက္အဦမ်ားကို ဆက္လက္ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ဝန္ႀကီးမ်ား႐ုံးကို လြတ္လပ္ေရးေခတ္မတိုင္ခင္က အတြင္းဝန္႐ုံးဟု ေခၚေဝၚခဲ့ၾကၿပီး (၁၉၄၈)ခုႏွစ္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးအခမ္းအနားႏွင့္ အလံတင္ပြဲကိုလည္း ဝန္ႀကီးမ်ား႐ုံး၌ ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

share from : burmese.asia


Unicode ဖြင့်ဖတ်ရန်

ဝန်ကြီးများရုံးထဲက အနှိပ်ခန်း ကို ဖျက်သိမ်းမည်


ရန်ကုန်မြို့၊ ဝန်ကြီးများရုံးတွင် စင်ကာပူနိုင်ငံ အခြေစိုက် De Beau Wellness Centreမှ လာရောက် ဖွင့်လှစ်ထားသော SPA ကို ဖျက်သိမ်းမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသ ကြီး လွှတ် တော် ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။ဝန်ကြီးများရုံးတွင် Spa အပါအဝင် ဈေးဆိုင်ခန်းများဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ဌာနလေးခုတို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က နိုဝင်ဘာ ၈ရက်နေ့တွင် ကြားနာမှု ပြုလုပ် ခဲ့သည်။

“တစ်ဖက်ကတော့ ပထမဆုံးသူတို့ကတော့ ဒါဟာသူတို့အကြောင်းပြတာပေါ့နော်။ ဒါက Spaမဟုတ်ပါဘူး။ ကျန်းမာရေးစင်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်းရှိပါတယ်ဆိုတဲ့အချက်အလက်တွေပြောတယ်။ သို့သော်လည်း နိုင်ငံတကာမှာရှိတာ နိုင်ငံတကာအပိုင်းပေါ့။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးတွေရဲ့ ခံစားချက်၊ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကအထိမ်းအမှတ်ကြီးဖြစ်တဲ့ ဒီနေရာကြီးကို အမျိုးသားရေး စိတ် ဓာတ် အနေနဲ့ ထိန်းသိမ်းရမယ့်နေရာကြီးဖြစ်တဲ့အတွက်ကြောင့် ဒါကို ကော်မတီကနေ လက်မခံကြောင်း ကျွန်တော်တို့ပြောပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဘက်ကနေပြီးတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သူတို့ဖျက်သိမ်း လိုက်ပါမယ်” ဟု ဦးလှဌေးက ပြောသည်။



အဆိုပါ ကြားနာမှုတွင် လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးများရုံးသည် သမိုင်းဝင်အထင်ကရ အဆောက် အအုံဖြစ်ပြီး မြန်မာနိုင်ငံ၏ တန်ဖိုးအကြီးမားဆုံး အဆောက်အအုံဖြစ်သည့်အတွက် Spa ဖွင့်ခြင်းသည် မဖြစ်သင့် ဟုဆိုကာ အဓိကထားကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ထို့အပြင် Spa ကို ခွင့်ပြုမိန့်မပါပဲ ဖွင့်ထားခြင်းဖြစ်ကြောင်း၊ Spa ဖျက်သိမ်းရန်အတွက် ရက်အတိအကျ မသတ်မှတ်ထားကြောင်း ၎င်းကဆက်ပြောသည်။ De Beau Wellness Centre အမည်ရှိ Spa ကို ဝန်ကြီးများရုံးတွင် အောက်တိုဘာ ၂၆ရက်နေ့က ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ပြည်တွင်းရှိ လူမှုကွန်ယက်အသုံးပြုသူများအကြားတွင် ဝေဖန်မှုများ ပြင်းပြင်းထန် ထန် ဖြစ်ပေါ်ခဲ့သည်။

‘ဖြစ်ခဲ့သင့်တာက အတွင်း ဝန်ရုံးကို လွယ်လွယ်ကူကူ လက် လွှဲ မပေးခဲ့သင့်ဘူး၊ ငှားရင်တောင် ငှားတဲ့ condition တင်းတင်း ကျပ်ကျပ်ရှိသင့်တယ်၊  ဒါမလုပ်ရ ဘူး၊ ဒါပဲ လုပ်ရမယ်၊ ဒီလိုထိန်း သိမ်းရမယ်၊ ဒီစီးပွားရေးတွေပဲ လုပ်ခွင့်ရှိမယ် ဘာညာပေါ့။



အာဇာနည်ကြီးများရဲ့ဂုဏ် သိက္ခာကိုထိပါးတဲ့အောက်ပါလုပ် ငန်းတွေလုပ်ခွင့်မရှိကြောင်း တိတိ ကျကျဖေါ်ပြခဲ့သင့်တယ်။ ဖြစ် သင့်တာက အဲသည်လိုမလုပ်ခဲ့ဘဲ အခုမှ ငွေကြေးရင်းနှီးပြီးသား လိုက်တင်းကျပ် ပိတ်ခိုင်းတာ လည်း မလုပ်သင့်ဘူး။ ကျွန်တော်တို့တွေ ကိုယ် ဆုံး ဖြတ်ချက်မှားခဲ့ရင် သူများကို အ ပြစ်တင်တာထက် ကိုယ့်ကို ယ်ကို နုတ်ထွက်သတ်သေပစ်တဲ့ ဂျပန် သွေးလေး နည်းနည်းရှိစေချင် တယ်။ မဆင်မခြင် ခွင့်ပြုပေးပြီးပြန် ပိတ်ရတဲ့လုပ်ငန်းတွေကြောင့် လက်ရှိမှာ အိမ်နီးချင်းကော အဝေးကနိုင်ငံခြားကုမ္ဗဏီတွေ ကြား စီးပွားရေးဂုဏ်သိက္ခာ ကျပေါင်းများလှပါပြီ။အတွင်းဝန်ရုံးက ဆပာ ဟာ ခပ်ပေါပေါလိင်ကိုဦးတည်ထား တဲ့မာဆက်လို့ ယုံထင်ကြောင်ထင် စွပ်စွဲတာထက် သေချာစိစစ်ပြီး ချပြတာ ပိုကောင်းပါတယ်။ မဝေးလှတဲ့ပန်းဆိုးတန်းခုံး ကျော်အောက်က ထိုင်ခုံနဲ့နှိပ်နေ သူတွေကို အတွင်းဝန်ရုံးက သစ် ပင်တွေအောက်ကို ပြောင်းဖွင့် ပေးထားရင် အင်္ဂလိပ်ခေတ်ကို ထင်ဟပ်တဲ့ ဝန်ဆောင်မှုလို့ သဘောကျတဲ့လူရှိကောင်းရှိနိုင် တယ်။ သဘောကတော့ အတူတူပါ ပဲ။ ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့နေရာ အ ဆောက်အအုံထဲ မာဆတ် ဖွင့်တာ တော့ အများနဲ့အတူ ဘယ် လိုမှ သဘောမတူပါဘူး။ ဒါပေမဲ့ ပန်းချီ ပြခန်းတွေ၊ စားသောက် ဆိုင်တွေ၊ ရုံးတွေနဲ့ တခြားလုပ်ငန်း တွေ လုပ် တာတော့ မတားစေချင် တော့ဘူး။ အဆောက်အအုံက အ ဆင်ခြင်မဲ့ ငှားပြီးခဲ့ပြီလေ။ အစိုးရအဆက်ဆက် မပြင်နိုင် တဲ့ ပြင်ဆင်မှုတွေ ငွေကုန်ကြေးကျ ခံပြီး ပြင်ထားလို့ လူတိုင်းသွား ကြည့်ချင် တဲ့ နေရာဖြစ်လာပါပြီ။ အာဇာနည် ခေါင်းဆောင်ကြီးတွေ အကြောင်း ပြု ပြည်သူနဲ့ ရန်တိုက် ပေးတာ တော့ မလုပ်သင့်တော့ ဘူး။

ကယား၊ မွန်နဲ့ ချင်းမှာလည်း အယူအဆကွဲကုန်တယ်။ နေရာ တ ကာ ဗိုလ်ချုပ် တ တတ်တဲ့ နိုင်ငံ ရေး သမားတွေကြောင့် ဗိုလ်ချုပ် လည်း နေစရာ မရှိ တော့ ဘူး။ သည်လို ရေးတာ ဆဲကြ မှာ သိပါ တယ်။ ကျွန်တော် လွဲတာ ရှိရင် ဆဲတာ ထက် ဆင်ခြင်ခြင်းနဲ့ ဝေ ဖန်ခြင်း ဉာဏ် သွားရှေ့ထားပြီး ထောက်ပြ ပေးကြပါခင်ဗျာ ဆိုပြီး လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မျှဝေထားပါတယ်။



ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်း က တော့ ဝန်ကြီးများရုံးနဲ့ သည် ကျန်း မာရေးစင်တာနဲ့ အလှအပ ရေးရာ လုပ်ငန်းတွေနဲ့ အနှိပ်ခန်း တွေဟာ အပ်စပ်မှုမရှိ ဘူးလို့ သူ့ အမြင်ပြောပါတယ်။ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့လည်း အခြားဟိုတယ် လို နေရာမျိုးတွေမှာ ဖွင့်လို့ရတာ ကြောင့် သည်သမိုင်းကြီးတဲ့ နေရာ မျိုးမှာ မလုပ်သင့်ဘဲ နေရာဒေသ ရွေးပြီး လုပ်သင့်တယ်လို့ ပြောပါ တယ်။ သူက “ဒီလုပ်ငန်းကိုပိတ်လိုက် တာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကို မထိခိုက်နိုင်ပါဘူး၊ စာချုပ်ချုပ် ခဲ့တုန်းက ချုပ်ခဲ့တယ်ဆိုရင် ဖျက် သိမ်းလို့ မရဘူးပေါ့၊ ဖျက်သိမ်းမယ် ဆိုရင် လျော်ကြေးပြန်ပေးရမှာပေါ့၊ ဘယ်လိုချုပ်ခဲ့တယ်ဆိုတာ ပြန် ကြည့်ရမယ်၊ ဒီလိုနေရာမှာ ဒီလုပ် ငန်းဖွင့်တာ ဘယ်သူ မှကြိုက်မယ် မထင်ပါဘူး၊ လုပ်စရာ ရှားလို့ ဒီနေ ရာ မှာ လုပ်ရသလား” လို့ ပြောပါ တယ်။ဝန်ကြီးများရုံးအဆောက်အဦကို (၁၈၈၉)ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၅)ခုနှစ်၌ ပြီးစီးခဲ့သည်။ ဆောက်လုပ်စဉ်က တောင်ဘက်အဆောက်အဦကို စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၃)ခုနှစ်အရောက်တွင် အရှေ့ဘက်၊ အနောက်ဘက်စသည့် ကျန်အဆောက်အဦများကို ဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ဝန်ကြီးများရုံးကို လွတ်လပ်ရေးခေတ်မတိုင်ခင်က အတွင်းဝန်ရုံးဟု ခေါ်ဝေါ်ခဲ့ကြပြီး (၁၉၄၈)ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးအခမ်းအနားနှင့် အလံတင်ပွဲကိုလည်း ဝန်ကြီးများရုံး၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

share from : burmese.asia

မှတ်ချက်များ