ခ်စ္သူ ရည္းစား မရွိတဲ့၊ တစ္ကိုယ္တည္းသမား ပိုက်န္းမာေၾကာင္း
Zawgyiျဖင့္ဖတ္ရန္
ခ်စ္သူ ရည္းစား မရွိတဲ့၊ တစ္ကိုယ္တည္းသမား ဘဝဟာ ပီးျပည့္စုံျခင္း မရွိပဲ ဟာတာတာႀကီး ျဖစ္ေနတယ္လို႔ သင္ ခံစားေနရပါသလား …. ။ တကယ္ေတာ့ ခ်စ္သူ ရည္းစားထားပီး စိတ္ေရာ၊ ကိုယ္ပါ မက်န္းမမာ ျဖစ္ေနတဲ့ သူေတြ အမ်ားႀကီးပါပဲ … ။
သုေတသီေတြရဲ႕ အဆိုအရ တစ္ကိုယ္တည္း ျဖစ္ေနျခင္းဟာ အဲ့ဒီလူကို ပိုမို က်န္းမာေစ႐ုံမက စိတ္ပိုင္းဆိုင္ရာမွာလည္း ပိုလုံၿခဳံမႈ ရွိေစပါတယ္တဲ့ …. ။ ကဲ တစ္ကိုယ္တည္း သမားေတြ ရရွိ ခံစားေနရတဲ့ ေကာင္းက်ိဳးေလးေတြ ၾကည့္ၾကရေအာင္…
(1) အားကစား ေလ့က်င့္ခန္းေတြ ပိုလုပ္ႏိုင္လာတယ္
စိတ္က်ေရာဂါ ၊ ႏွလုံးေရာဂါ ရစရာ အခ်စ္ေရး၊ အိမ္ေထာင္ေရးေတြကေန ကင္းကြာေနတာမို႔ သင့္ကိုယ္သင္ ပိုက်န္းမာေအာင္ ဂ႐ုစိုက္ လာႏိုင္ပါလိမ့္မယ္။ ဒါဟာ က်န္းမာေရးအတြက္ ပိုေကာင္းလာေစတဲ့ အလားအလာ တစ္ရပ္ပါ။ ျဖစ္ႏိုင္ရင္ ေလ့က်င့္ခန္းေတြ ပိုလုပ္ပါ။ မလုပ္ျဖစ္တဲ့ အားကစားေတြ လိုက္စားျခင္းဟာ သင့္အတြက္ ေကာင္းက်ိဳးေတြပါပဲ … ။
အသက္ ၁၈ ႏွစ္ကေန ၆၄ ႏွစ္ၾကား အေမရိကန္သားေတြ ကို ေလ့လာခ်က္ တစ္ရက္ ျပဳလုပ္ခဲ့ရာမွာေတာ့ အဲ့ဒီ အသက္အတြင္း အိမ္ေထာင္ မျပဳတဲ့ လူေပါင္း ၁၃၀၀၀ ေယာက္ဟာ က်န္းမာေရး ဘက္ကို ပိုမို လိုက္စားဖို႔ အခ်ိန္ ရွိခဲ့ၾကတယ္ လို႔ သိရပါတယ္ …. ။
(2) သူငယ္ခ်င္းေတြကို အခ်ိန္ပိုေပး ႏိုင္လာတယ္
ရည္းစားရွိတဲ့သူ၊ အိမ္ေထာင္ ရွိတဲ့သူ ေတြဟာ သူငယ္ခ်င္းေတြ အတြက္ အခ်ိန္သိပ္ မေပးႏိုင္ၾကတာ အားလုံး အသိပါ။ ဒါကလည္း ဘဝအတြက္ မိသားစုက အေရးအႀကီးဆုံး ျဖစ္သြားတာကိုး။ ကိုယ္က တစ္ကိုယ္တည္းသမားသာ ဆိုရင္ေတာ့ ကိုယ့္သူငယ္ခ်င္းေတြ အတြက္ အခ်ိန္ပို ေပးႏိုင္သြားသလို ဘဝတစ္ေလွ်ာက္လုံး မွာလည္း သူတို႔သာ ကိုယ့္အတြက္ အေရးပါသူေတြ အတြက္ ေနရာတစ္ခု ရသြားပါလိမ့္မယ္ … ။
(3) ကိုယ့္ကိုယ္ကို ပိုဂ႐ုစိုက္ ႏိုင္လာပါတယ္
အိမ္ေထာင္ျပဳ ထားတဲ့သူေတြ၊ ခ်စ္သူရည္းစား ရွိပီးသားသူေတြနဲ႔ လူပ်ိဳ လူလြတ္ေတြကို ႏႈိင္းယွဥ္ၾကည့္တဲ့အခါ လူပ်ိဳ လူလြတ္ေတြဟာ အပူအပင္ ပိုမဲ့ပီး ပိုေပ်ာ္႐ႊင္စြာ ေနႏိုင္ၾကပါတယ္ … ။ အိမ္ေထာင္ျပဳလိုက္တဲ့ သူေတြဟာ အိမ္ေထာင္က်ၿပီး ေပ်ာ္႐ႊင္ၾကသည့္တိုင္ ဝိတ္တက္လာၾကၿပီး အိမ္ေထာင္မျပဳတဲ့ သူေတြကေတာ့ ဝိတ္တက္တာမ်ိဳး မရွိပဲ ခႏၶာကိုယ္ အခ်ိဳးအစားကို ထိန္းထားႏိုင္ၾကပါတယ္ တဲ့ … ။
(4) အေႂကြးေတြလည္း နည္းသြားၿပီ
ခ်စ္သူနဲ႔ဆို၊ အိမ္ေထာင္က် သြားၿပီဆို လိုအပ္တာေတြ ျဖည့္ဆည္းႏိုင္ဖို႔ ကိုယ္ရတဲ့ လုပ္အားခအျပင္ လိုေနတဲ့ ေငြအတြက္ ေခ်းငွားရတာေတြ ရွိလာပါလိမ့္မယ္။ အလုံးအရင္းနဲ႔ ဒီေငြေတြ ျပန္မဆပ္ ရရင္ေတာင္ တစ္လတစ္လ တစ္တိတိ ျပန္ဆပ္ေနရတဲ့ ဘဝကို ေရာက္ကို ေရာက္မွာပါ။ တစ္ကိုယ္တည္းသမားေတြ အတြက္ကေတာ့ ဒီအေျခအေနမ်ိဳးက သိပ္ႀကဳံရမွာ မဟုတ္ပါဘူးေနာ္ …. ။
(5) လူမႈေရးမွာ ပိုေကာင္းေဆာင္ ေဆာင္႐ြက္ႏိုင္ၾကတယ္
အထူး ကြၽမ္းက်င္သူေတြရဲ႕ စကားအရ လူပ်ိဳလူလြတ္ေတြဟာ အိမ္ေထာင္သည္ေတြထက္ လူမႈေရးပိုင္းကို ပိုေကာင္းေအာင္ ေဆာင္႐ြက္ႏိုင္ၾကသလို လူမႈေရးရာ ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ျခင္းကေန ဘယ္လိုအက်ိဳးတရားေတြ ရရွိႏိုင္မယ္ ဆိုတာ ပိုသိၾကတယ္ လို႔ ဆိုၾကပါတယ္ …. ။
Ref – yourtango
Credit:trend myanmar
Unicodeဖြင့်ဖတ်ရန်
ချစ်သူ ရည်းစား မရှိတဲ့၊ တစ်ကိုယ်တည်းသမား ပိုကျန်းမာကြောင်း
ချစ်သူ ရည်းစား မရှိတဲ့၊ တစ်ကိုယ်တည်းသမား ဘဝဟာ ပီးပြည့်စုံခြင်း မရှိပဲ ဟာတာတာကြီး ဖြစ်နေတယ်လို့ သင် ခံစားနေရပါသလား …. ။ တကယ်တော့ ချစ်သူ ရည်းစားထားပီး စိတ်ရော၊ ကိုယ်ပါ မကျန်းမမာ ဖြစ်နေတဲ့ သူတွေ အများကြီးပါပဲ … ။
သုတေသီတွေရဲ့ အဆိုအရ တစ်ကိုယ်တည်း ဖြစ်နေခြင်းဟာ အဲ့ဒီလူကို ပိုမို ကျန်းမာစေရုံမက စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုလုံခြုံမှု ရှိစေပါတယ်တဲ့ …. ။ ကဲ တစ်ကိုယ်တည်း သမားတွေ ရရှိ ခံစားနေရတဲ့ ကောင်းကျိုးလေးတွေ ကြည့်ကြရအောင်…
(1) အားကစား လေ့ကျင့်ခန်းတွေ ပိုလုပ်နိုင်လာတယ်
စိတ်ကျရောဂါ ၊ နှလုံးရောဂါ ရစရာ အချစ်ရေး၊ အိမ်ထောင်ရေးတွေကနေ ကင်းကွာနေတာမို့ သင့်ကိုယ်သင် ပိုကျန်းမာအောင် ဂရုစိုက် လာနိုင်ပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် ပိုကောင်းလာစေတဲ့ အလားအလာ တစ်ရပ်ပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းတွေ ပိုလုပ်ပါ။ မလုပ်ဖြစ်တဲ့ အားကစားတွေ လိုက်စားခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေပါပဲ … ။
အသက် ၁၈ နှစ်ကနေ ၆၄ နှစ်ကြား အမေရိကန်သားတွေ ကို လေ့လာချက် တစ်ရက် ပြုလုပ်ခဲ့ရာမှာတော့ အဲ့ဒီ အသက်အတွင်း အိမ်ထောင် မပြုတဲ့ လူပေါင်း ၁၃၀၀၀ ယောက်ဟာ ကျန်းမာရေး ဘက်ကို ပိုမို လိုက်စားဖို့ အချိန် ရှိခဲ့ကြတယ် လို့ သိရပါတယ် …. ။
(2) သူငယ်ချင်းတွေကို အချိန်ပိုပေး နိုင်လာတယ်
ရည်းစားရှိတဲ့သူ၊ အိမ်ထောင် ရှိတဲ့သူ တွေဟာ သူငယ်ချင်းတွေ အတွက် အချိန်သိပ် မပေးနိုင်ကြတာ အားလုံး အသိပါ။ ဒါကလည်း ဘဝအတွက် မိသားစုက အရေးအကြီးဆုံး ဖြစ်သွားတာကိုး။ ကိုယ်က တစ်ကိုယ်တည်းသမားသာ ဆိုရင်တော့ ကိုယ့်သူငယ်ချင်းတွေ အတွက် အချိန်ပို ပေးနိုင်သွားသလို ဘဝတစ်လျှောက်လုံး မှာလည်း သူတို့သာ ကိုယ့်အတွက် အရေးပါသူတွေ အတွက် နေရာတစ်ခု ရသွားပါလိမ့်မယ် … ။
(3) ကိုယ့်ကိုယ်ကို ပိုဂရုစိုက် နိုင်လာပါတယ်
အိမ်ထောင်ပြု ထားတဲ့သူတွေ၊ ချစ်သူရည်းစား ရှိပီးသားသူတွေနဲ့ လူပျို လူလွတ်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ လူပျို လူလွတ်တွေဟာ အပူအပင် ပိုမဲ့ပီး ပိုပျော်ရွှင်စွာ နေနိုင်ကြပါတယ် … ။ အိမ်ထောင်ပြုလိုက်တဲ့ သူတွေဟာ အိမ်ထောင်ကျပြီး ပျော်ရွှင်ကြသည့်တိုင် ဝိတ်တက်လာကြပြီး အိမ်ထောင်မပြုတဲ့ သူတွေကတော့ ဝိတ်တက်တာမျိုး မရှိပဲ ခန္ဓာကိုယ် အချိုးအစားကို ထိန်းထားနိုင်ကြပါတယ် တဲ့ … ။
(4) အကြွေးတွေလည်း နည်းသွားပြီ
ချစ်သူနဲ့ဆို၊ အိမ်ထောင်ကျ သွားပြီဆို လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ ကိုယ်ရတဲ့ လုပ်အားခအပြင် လိုနေတဲ့ ငွေအတွက် ချေးငှားရတာတွေ ရှိလာပါလိမ့်မယ်။ အလုံးအရင်းနဲ့ ဒီငွေတွေ ပြန်မဆပ် ရရင်တောင် တစ်လတစ်လ တစ်တိတိ ပြန်ဆပ်နေရတဲ့ ဘဝကို ရောက်ကို ရောက်မှာပါ။ တစ်ကိုယ်တည်းသမားတွေ အတွက်ကတော့ ဒီအခြေအနေမျိုးက သိပ်ကြုံရမှာ မဟုတ်ပါဘူးနော် …. ။
(5) လူမှုရေးမှာ ပိုကောင်းဆောင် ဆောင်ရွက်နိုင်ကြတယ်
အထူး ကျွမ်းကျင်သူတွေရဲ့ စကားအရ လူပျိုလူလွတ်တွေဟာ အိမ်ထောင်သည်တွေထက် လူမှုရေးပိုင်းကို ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြသလို လူမှုရေးရာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကနေ ဘယ်လိုအကျိုးတရားတွေ ရရှိနိုင်မယ် ဆိုတာ ပိုသိကြတယ် လို့ ဆိုကြပါတယ် …. ။
Ref – yourtango
Credit:trend myanmar


မှတ်ချက်များ