အမ်ိဳးသားမ်ားအတြက္ သက္ေစာင့္ေဆးပင္ ဗုဒၶသရဏံပင္။
Zawgyi ျဖင့္ဖတ္ရန္
ျမန္မာ့ေဆးဖက္ဝင္ ဗုဒၶသရဏံပင္
ျမန္မာႏိုင္ငံအႏွံ႔ အျပားတြင္ ေပါက္ေရာက္သည္။အေလ့က် ေပါက္ေရာက္ေသာ္လည္း အလွ စိုက္ပင္ အျဖစ္လည္း စိုက္ပ်ိဳးၾကသည္။
အပြင့္ႏု အသီးႏု အသုံးျပဳပုံ
၁။ ေရေႏြးေျဖာ၍ တို႔စားျခင္း၊ သုပ္စားျခင္းျဖင့္ ဆီးနည္းျခင္း ခ်ဳပ္ျခင္းကို ေပ်ာက္ကင္းေစ႐ုံ မက အဖ်ားေရာဂါကိုပင္ ေပ်ာက္ကင္းေစ၏။
၂။ ဆိတ္သားႏွင့္ စြပ္ျပဳတ္လုပ္၍ ေသာက္ပါက ပန္းညႇိဳးသူမ်ား လ်င္ျမန္စြာ ပန္းကို လန္းေစသည္။ ဝက္သား၊ ႏြားသားတို႔ႏွင့္ စြပ္ျပဳတ္ လုပ္ေသာက္ပါက ကုန္ဆုံးသြားေသာ အားကိုျပန္လည္ရေစၿပီး ကိုယ္ ႏႈတ္ ႏွလုံး ႐ႊင္လန္းေစသည္။
၃။ အပြင့္ ကေလးမ်ား ျပဳတ္၍ ရေသာ ေရျဖင့္ ငါးေႁမြထိုး၊ ငါးဟင္းခ်က္ရာတြင္ ေလာင္း၍ ခ်က္ၿပီး စားပါက ၿမီးေညႇာင့္႐ိုးကိုက္ေသာ ေရာဂါ၊ ခါးကိုက္ခဲေသာေရာဂါ၊ ပိတ္ဝမ္း ေရာဂါ တို႔အား ေပ်ာက္ကင္းေစ႐ုံမက ဇက္ေၾကာတက္ေရာဂါ၊ အနာရင္းေသာေၾကာင့္ နာက်င္ကိုက္ခဲေသာ ေရာဂါ၊ ဝမ္းပ်က္၊ ခံတြင္းပ်က္၊ ေျခဆစ္ လက္ဆစ္ ေညာင္းျခင္း၊ ပါးစပ္ ခြၽဲျခင္း စေသာ ေရာဂါမ်ား ေပ်ာက္ကင္းေစသည္။
အျမစ္အသုံးျပဳပုံ
၁။ ျပဳတ္က်ိဳ၍ လက္ဖက္ရည္ အၾကမ္းပန္းကန္ တစ္ဝက္ခန႔္တြင္ ဆားပုပ္မႈန႔္ အနည္းငယ္ခတ္၍ ေသာက္က အဖ်ားေရာဂါ ေပ်ာက္ကင္းသည့္အျပင္ လည္ေခ်ာင္းနာ၊ လည္ေခ်ာင္းပူ၊ ခြၽဲသလိပ္ကပ္ ေရာဂါမ်ား ေပ်ာက္၏။
၂။ထန္းလ်က္ႏွင့္ ျပဳတ္က်ိဳ၍ အၾကမ္းပန္းကန္ တစ္လုံးခန႔္ နံနက္တိုင္း ေသာက္ပါက အဖ်ဥ္းေရာဂါ ေပ်ာက္ေစသည့္အျပင္ ကိုယ္လက္ နာက်င္ ကိုက္ခဲျခင္းႏွင့္ ဝမ္းထဲရစ္၍ နာက်င္ျခင္း၊အသားအေရ နာက်င္ျခင္း၊ ပူလြန္း၊ ေအးလြန္းျခင္း တို႔ ျမန္မၾကာ ေပ်ာက္ေစသည္။
ဥတက္အသုံးျပဳပုံ
၁။ ဓားႏွင့္ ပါးပါးလွီးၿပီး အေျခာက္လွန္း၍ ထန္းလ်က္ႏွင့္ ယိုထိုးကာ စမုန္မ်ိဳး ငါးပါး အမႈန႔္ ျပဳ၍ ထည့္ၿပီး ဖန္ဘူးတြင္ ထည့္၍ နံနက္ တစ္ခါ၊ ညအိပ္ရာ ဝင္တစ္ခါ ကြမ္းသီးလုံး ခန႔္ စားပါက ေယာက်္ား မိန္းမ ဒူလာ မီးယပ္ေရာဂါ၊ ေသြးသား မညီၫြတ္ျခင္း၊ မီးယပ္ ဝမ္းပ်က္၊ေသြးဆုံး၊ ကိုယ္လက္ တို႔၌ ေသြးေလ မေလွ်ာက္ျခင္း၊လိပ္ေခါင္း၊ ပန္းညႇိဳး၊ အသား အေရေျခာက္ကပ္၊ အားအင္ ကုန္ခန္းျခင္း၊ အသားအရ ေစးထန္းထန္း ျဖစ္ျခင္း၊ ခါးနာ ၊ ထုံက်င္ကိုက္ခဲျခင္းႏွင့္ အသားဝါ ေရာဂါ မ်ား ေပ်ာက္ကင္းေစသည္။
၂။ဥျပဳတ္ရည္ကို ဒိုပါလာ သၾကားႏွင့္ ေဖ်ာ္ၿပီး နံနက္ ည လက္ဖက္ရည္ အၾကမ္း ပန္းကန္လုံး တစ္လုံးက် ေသာက္ေပးက အမ်ိဳးသမီးမ်ား အျဖဴ အနီ ဆင္းျခင္း၊ မစားခ်င္ မေသာက္ခ်င္ျဖစ္ၿပီး ပိန္ခ်ဳံးကာ ကိုယ္သား ကိုယ္ေရ နံေစာ္လာျခင္း၊ တစ္ကိုယ္လုံး က်ိန္းၿပီး နာျခင္း၊အသားအေရ ပူ၍ ျပာႏွမ္းႏွမ္း ျဖစ္ျခင္း၊ ေခါင္း ဦးေရ က်ိန္းျခင္း၊ အေၾကာ အျခင္ တင္းျခင္း၊ဝမ္းေဖာ ဝမ္းေရာင္ ျခင္း၊ ေသြးပုပ္ ဆန္ျခင္းႏွင့္ ဆီးေရာဂါ ျဖစ္ျခင္းမ်ားကို ေပ်ာက္ကင္းေစသည္။
Credit-Original Uploader
Unicode ဖြင့်ဖတ်ရန်
အမျိုးသားများအတွက် သက်စောင့်ဆေးပင် ဗုဒ္ဓသရဏံပင်။
မြန်မာ့ဆေးဖက်ဝင် ဗုဒ္ဓသရဏံပင်
မြန်မာနိုင်ငံအနှံ့ အပြားတွင် ပေါက်ရောက်သည်။အလေ့ကျ ပေါက်ရောက်သော်လည်း အလှ စိုက်ပင် အဖြစ်လည်း စိုက်ပျိုးကြသည်။
အပွင့်နု အသီးနု အသုံးပြုပုံ
၁။ ရေနွေးဖြော၍ တို့စားခြင်း၊ သုပ်စားခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်းစေရုံ မက အဖျားရောဂါကိုပင် ပျောက်ကင်းစေ၏။
၂။ ဆိတ်သားနှင့် စွပ်ပြုတ်လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား၊ နွားသားတို့နှင့် စွပ်ပြုတ် လုပ်သောက်ပါက ကုန်ဆုံးသွားသော အားကိုပြန်လည်ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေသည်။
၃။ အပွင့် ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်းချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုးကိုက်သော ရောဂါ၊ ခါးကိုက်ခဲသောရောဂါ၊ ပိတ်ဝမ်း ရောဂါ တို့အား ပျောက်ကင်းစေရုံမက ဇက်ကြောတက်ရောဂါ၊ အနာရင်းသောကြောင့် နာကျင်ကိုက်ခဲသော ရောဂါ၊ ဝမ်းပျက်၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ် ချွဲခြင်း စသော ရောဂါများ ပျောက်ကင်းစေသည်။
အမြစ်အသုံးပြုပုံ
၁။ ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်တွင် ဆားပုပ်မှုန့် အနည်းငယ်ခတ်၍ သောက်က အဖျားရောဂါ ပျောက်ကင်းသည့်အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ် ရောဂါများ ပျောက်၏။
၂။ထန်းလျက်နှင့် ပြုတ်ကျို၍ အကြမ်းပန်းကန် တစ်လုံးခန့် နံနက်တိုင်း သောက်ပါက အဖျဉ်းရောဂါ ပျောက်စေသည့်အပြင် ကိုယ်လက် နာကျင် ကိုက်ခဲခြင်းနှင့် ဝမ်းထဲရစ်၍ နာကျင်ခြင်း၊အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း တို့ မြန်မကြာ ပျောက်စေသည်။
ဥတက်အသုံးပြုပုံ
၁။ ဓားနှင့် ပါးပါးလှီးပြီး အခြောက်လှန်း၍ ထန်းလျက်နှင့် ယိုထိုးကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျ်ား မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊သွေးဆုံး၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊လိပ်ခေါင်း၊ ပန်းညှိုး၊ အသား အရေခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ ၊ ထုံကျင်ကိုက်ခဲခြင်းနှင့် အသားဝါ ရောဂါ များ ပျောက်ကင်းစေသည်။
၂။ဥပြုတ်ရည်ကို ဒိုပါလာ သကြားနှင့် ဖျော်ပြီး နံနက် ည လက်ဖက်ရည် အကြမ်း ပန်းကန်လုံး တစ်လုံးကျ သောက်ပေးက အမျိုးသမီးများ အဖြူ အနီ ဆင်းခြင်း၊ မစားချင် မသောက်ချင်ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သား ကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊အသားအရေ ပူ၍ ပြာနှမ်းနှမ်း ဖြစ်ခြင်း၊ ခေါင်း ဦးရေ ကျိန်းခြင်း၊ အကြော အခြင် တင်းခြင်း၊ဝမ်းဖော ဝမ်းရောင် ခြင်း၊ သွေးပုပ် ဆန်ခြင်းနှင့် ဆီးရောဂါ ဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။
Credit-Original Uploader


မှတ်ချက်များ