MasterChef မွာ သူငယ္ခ်င္းေတြအတြက္ ‘ေနေအာင္’ ကို လက္တုံ႔ျပန္မယ့္ ‘အာကာ’ (႐ုပ္သံ)





Zawgyi ျဖင့္ဖတ္ရန္


ဒိုင္လူႀကီးေတြအေပၚ မေက်နပ္မႈေတြ၊ ၿပိဳင္ပြဲဝင္ေတြအခ်င္းခ်င္းၾကားမွာ အဖုအထစ္ေလးေတြနဲ႔ ဆူညံပြက္ေလာ႐ိုက္ၿပီး ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ MasterChef Myanmar Season 2 ဟာ လာမယ့္အပတ္ တနဂၤေႏြေန႔မွာေတာ့ WINNER တစ္ေယာက္ ေပၚထြက္လာပါေတာ့မယ္။

Grand Final ကို တက္သြားခဲ့တဲ့ ၿပိဳင္ပြဲဝင္ ‘အာကာ’ နဲ႔ ‘ေနေအာင္’ ရဲ႕ ၾကားမွာ အၿပိဳင္ဆိုင္ အႏိုင္လိုခ်င္စိတ္ေတြ ျပင္းထန္ေနၾကၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္လုံး မေက်လည္တဲ့ အဖုအထစ္ေတြလည္း ရွိေနပါတယ္။



မေန႔ညက ယွဥ္ၿပိဳင္ခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲအၿပီးမွာ Top 3 ထဲက ‘႐ႊန္း႐ႊန္းေအာင္’ တစ္ေယာက္ MasterChef Kitchen ကို ႏႈတ္ဆက္ထြက္ခြာၿပီး အိမ္ျပန္ခဲ့ရပါတယ္။  သူကိုယ္တိုင္က ဆက္မၿပိဳင္ခ်င္စိတ္မရွိေတာ့တဲ့အတြက္ အခုလို အိမ္ျပန္ရတဲ့အေပၚ ဘာမွခံစားခ်က္ မျဖစ္ဖူးလို႔ ‘႐ႊန္း႐ႊန္းေအာင္’ က ဆိုပါတယ္။

ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးရဲ႕ အင္တာဗ်ဴးေတြမွာ စကားမ်ားမ်ားစားစားေျပာေလ့မရွိပဲ၊ အေကာင္းျမင္စိတ္နဲ႔သာ ျပန္လည္ေျဖၾကားတတ္တဲ့ ၿပိဳင္ပြဲဝင္ ‘အာကာ’ က ဆီမီးဖိုင္နယ္လ္ရဲ႕ Winner ေ႐ြးခ်ယ္မႈအေပၚ အႀကီးအက်ယ္စိတ္ပ်က္ၿပီး ဒိုင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ဟာ မတရားတဲ့အတြက္ ဆက္ၿပီးယွဥ္ၿပိဳင္ခ်င္စိတ္ မရွိေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ သူ႔သူငယ္ခ်င္းေတြအတြက္ လက္တုံ႔ျပန္ဖို႔ စိတ္ကိုေလွ်ာ့ၿပီး ဆက္လက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

‘ေနေအာင္’ က ‘အာကာ’ ကို အင္တာဗ်ဴးတစ္ခုမွာ ဘယ္သူအေကာင္းဆုံး လုပ္ျပႏိုင္မလဲလို႔ နာမည္တပ္ၿပီး စိန္ေခၚထားခဲ့ဖူးတာရွိပါတယ္။ ၿပိဳင္ပြဲအစကတည္းက ဒိုင္လူႀကီးေတြ သေဘာက်ႏွစ္ၿခိဳက္မႈရွိခဲ့ၿပီး မၾကာခဏ Winner ရေလ့ရွိတဲ့ ‘အာကာ’ က သူ႔ရဲ႕သူငယ္ခ်င္းေတြ ၿပိဳင္ပြဲကေန တစ္ေယာက္ၿပီး တစ္ေယာက္ ထြက္သြားရေအာင္ လုပ္ခဲ့တဲ့ ‘ေနေအာင္’ ကို WINNER ဆု အရယူၿပီး လက္တုံ႔ျပန္မယ္လို႔ မေန႔ညက အင္တာဗ်ဴးမွာ ျပတ္ျပတ္သားသား စိန္ေခၚလိုက္ပါတယ္။



လာမယ့္ တနဂၤေႏြေန႔ည MasterChef Myanmar ရဲ႕ Grand Final ကေတာ့ ၾကည့္လို႔ေကာင္းဦးမယ့္ ပြဲႀကီးျဖစ္ေကာင္း ျဖစ္ၿပီး ဘယ္သူက WINNER ျဖစ္သြားမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

Credit:popolay 



Unicode ဖြင့်ဖတ်ရန်

MasterChef မှာ သူငယ်ချင်းတွေအတွက် ‘နေအောင်’ ကို လက်တုံ့ပြန်မယ့် ‘အာကာ’ (ရုပ်သံ)


ဒိုင်လူကြီးတွေအပေါ် မကျေနပ်မှုတွေ၊ ပြိုင်ပွဲဝင်တွေအချင်းချင်းကြားမှာ အဖုအထစ်လေးတွေနဲ့ ဆူညံပွက်လောရိုက်ပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့ MasterChef Myanmar Season 2 ဟာ လာမယ့်အပတ် တနင်္ဂနွေနေ့မှာတော့ WINNER တစ်ယောက် ပေါ်ထွက်လာပါတော့မယ်။

Grand Final ကို တက်သွားခဲ့တဲ့ ပြိုင်ပွဲဝင် ‘အာကာ’ နဲ့ ‘နေအောင်’ ရဲ့ ကြားမှာ အပြိုင်ဆိုင် အနိုင်လိုချင်စိတ်တွေ ပြင်းထန်နေကြပြီး ပြိုင်ပွဲတစ်လျှောက်လုံး မကျေလည်တဲ့ အဖုအထစ်တွေလည်း ရှိနေပါတယ်။



မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲအပြီးမှာ Top 3 ထဲက ‘ရွှန်းရွှန်းအောင်’ တစ်ယောက် MasterChef Kitchen ကို နှုတ်ဆက်ထွက်ခွာပြီး အိမ်ပြန်ခဲ့ရပါတယ်။  သူကိုယ်တိုင်က ဆက်မပြိုင်ချင်စိတ်မရှိတော့တဲ့အတွက် အခုလို အိမ်ပြန်ရတဲ့အပေါ် ဘာမှခံစားချက် မဖြစ်ဖူးလို့ ‘ရွှန်းရွှန်းအောင်’ က ဆိုပါတယ်။

ပြိုင်ပွဲတစ်လျှောက်လုံးရဲ့ အင်တာဗျူးတွေမှာ စကားများများစားစားပြောလေ့မရှိပဲ၊ အကောင်းမြင်စိတ်နဲ့သာ ပြန်လည်ဖြေကြားတတ်တဲ့ ပြိုင်ပွဲဝင် ‘အာကာ’ က ဆီမီးဖိုင်နယ်လ်ရဲ့ Winner ရွေးချယ်မှုအပေါ် အကြီးအကျယ်စိတ်ပျက်ပြီး ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ မတရားတဲ့အတွက် ဆက်ပြီးယှဉ်ပြိုင်ချင်စိတ် မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် သူ့သူငယ်ချင်းတွေအတွက် လက်တုံ့ပြန်ဖို့ စိတ်ကိုလျှော့ပြီး ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။

‘နေအောင်’ က ‘အာကာ’ ကို အင်တာဗျူးတစ်ခုမှာ ဘယ်သူအကောင်းဆုံး လုပ်ပြနိုင်မလဲလို့ နာမည်တပ်ပြီး စိန်ခေါ်ထားခဲ့ဖူးတာရှိပါတယ်။ ပြိုင်ပွဲအစကတည်းက ဒိုင်လူကြီးတွေ သဘောကျနှစ်ခြိုက်မှုရှိခဲ့ပြီး မကြာခဏ Winner ရလေ့ရှိတဲ့ ‘အာကာ’ က သူ့ရဲ့သူငယ်ချင်းတွေ ပြိုင်ပွဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားရအောင် လုပ်ခဲ့တဲ့ ‘နေအောင်’ ကို WINNER ဆု အရယူပြီး လက်တုံ့ပြန်မယ်လို့ မနေ့ညက အင်တာဗျူးမှာ ပြတ်ပြတ်သားသား စိန်ခေါ်လိုက်ပါတယ်။



လာမယ့် တနင်္ဂနွေနေ့ည MasterChef Myanmar ရဲ့ Grand Final ကတော့ ကြည့်လို့ကောင်းဦးမယ့် ပွဲကြီးဖြစ်ကောင်း ဖြစ်ပြီး ဘယ်သူက WINNER ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Credit:popolay 

မှတ်ချက်များ