


Zawgyi ဖြင့်ဖတ်ရန်

















Unicode ဖြင့်ဖတ်ရန်


ချစ်တီး ထမင်းဆိုင်မှာ ထမင်းစားနေတုန်း ကြည်နူးစရာ အဖြစ်အပျက် တစ်ခုနဲ့ ကြုံလိုက်ရတဲ့ အဆိုတော် လင်းလင်း


Rock ဂီတတစ်ခုမှာ နေရာတစ်ခုရရှိနေတဲ့ အဆိုတော်လင်းလင်းဆိုရင် ပရိတ်သတ်ကြီးရဲ့ နှစ်သက်တဲ့ ဂီတအနုပညာရှင် တစ်ဦးဆိုရင်မမှားပါဘူးနော်။ အဆိုတော်လင်းလင်းဟာ သရုပ်ဆောင်အဆိုတော် ချစ်သုဝေနဲ့ အိမ်ထောင်ကျပြီး အမွှာ မွေးထားသူလည်းဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ ပျော်ရွှင်ဖွယ်အချိန်တွေကို ပရိတ်သတ်ကြီးအတွက် အမြဲမပြတ် လူမှုကွန်ယက်မှာ မျှဝေခဲ့ကြပါတယ်။ သူတို့မိသားစုလေးဟာ အေးချမ်းပြီး၊ ကြည်နူးဖွယ်ကောင်းတာကြောင့်လည်း အားကျသူတွေဟာလည်း အများကြီးဖြစ်ပါတယ်။


အခုဆိုရင် အဆိုတော်လင်းလင်းဟာ သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ မန္တလေးမြို့ရဲ့ ချစ်တီးထမင်းဆိုင်မှာ စားရင်း၊ သူ့အတွက် သူရဲ့အမာခံ ပရိတ်သတ်တွေက ထမင်းဖိုးရှင်းပေးခဲ့တာကြောင့် သူဟာ ပီတိဖြစ်ပြီး ပရိတ်သတ်ကြီးကို ယခုလို မျှဝေခဲ့ပါတယ်။ ((((၈၁ လမ်း ပန်းချယ်ရီ မှာ ချစ်တီးထမင်းဆွဲချင်လို့ ဝင်ဆွဲတယ်,,ကိုယ်မသိအောင် ကိုယ်စားတဲ့ ထမင်းဖိုးသူတို့ကရှင်းတယ်,,



လူကောင်ကြီးတွေက အကြီးကြီးတက်တူးအရုပ်တွေလဲ အများကြီးအသက်ကျတော့ ကိုယ့်ထပ် ဆယ်နှစ်ကျော် ငယ်တယ်,,သူတို့နာမည်မသိဘူး, ရာဇဝင်မသိဘူး, သိဖို့လဲမလိုဘူး,,အနှောက်အယှက်လဲမပေး ,, ပြီးတော့လာနှုတ်ဆတ်တယ်,,ယဉ်ယဉ်ကျေးကျေးဘဲ ကလေးတွေနဲ့ မိသားစုကျန်းမာရဲ့လား မေးတယ်,,ဒီကနေခံစားမိတယ်ကိုယ့်ဝါဿနာနဲ့ လုပ်နေတဲ့ ဂီတအလုပ်ပေါ်မှာ သက်ဝင်ယုံကြည်မှု လိပ်ပြာသန့်သန့်လုပ်တယ်သူတို့က(သူတို့လို ရောင်းရင်းတွေက) ချစ်ခြင်းနဲ့အားပေးတယ်,,



ကျေနပ်တယ်,, စောက်ရမ်းကျေနပ်တယ်ကျနော်လိုချင်တာလဲ ဒါဘဲ,,ကျနော့်ဂီတဟာ အရက်ဝိုင်းတွေနဲ့ ဖော်လံဖားအောက်တန်းစားတွေအတွက်မဟုတ်,,ဆိုချင်တဲ့ပွဲဆိုမယ် မဆိုချင်မဆိုဘူး,,ကိုယ်ဆိုတဲ့ပွဲဟာ ကိုယ်ဆိုချင်တဲ့ပွဲဖြစ်ဖို့ဘဲလို တယ်,,ဒီနေ့သူတို့က ကိုယ်စားတဲ့ထမင်းကိုပိုက်ဆံနဲ့ရှင်းတာမဟုတ် ချစ်ခြင်းနဲ့ရှင်းတာ,,ကိုယ်က မင်းကိုစားတာမဟုတ်
ပီတိကိုစားတာ🤘🏼🤘🏼🤘🏼 FuCk**g rOck 🤘🏼🤘🏼🤘🏼)))) ပရိတ်သတ်ကြီးရေ အခုလို ပရိတ်သတ်နဲ့ အမြဲတမ်း နွေးနွေးထွေးထွေးရှိနေတဲ့ အဆိုတော် လင်းလင်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်………။

Writer- ME(Shwe Yaung Lan)



မှတ်ချက်များ