Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အရွယ်နဲ့ မလိုက်အောင် ရေကူးကျွမ်းကျင်နေတဲ့ စန္ဒီမြင့်လွင်ရဲ့ ချစ်စရာ သမီးလေး
မြန်ဆန်တဲ့ Rap စာသားတွေကို မမောမပန်းစတမ်း ရွတ်နိုင်တဲ့ စန္ဒီမြင့်လွင်ဟာ ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်…ခုချိန်မှာတော့ စန္ဒီမြင့်လွင်ဟာ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာကြောင့် သီချင်းတွေဘက်ကို ခြေဦးမလှည့်နိုင်သေးပါဘူး….ချစ်စရာကောင်းတဲ့ သမီးလေး Treasure Lwin ကို ချစ်မဝ အချိန်ပေးနေရလို့ပဲ ဖြစ်ပါတယ်…
သမီးလေး Treasure Lwin ဟာချစ်ဖို့အရမ်းကောင်းတာဖြစ်ပြီး သူ့ရဲ့ ပုံလေးတွေကို မေမေ စန္ဒီမြင့်လွင်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေပေးတတ်တာကြောင့် ပရိသတ်တွေကလည်း သမီးလေးကိုကြည့်ပြီး မေမေတို့နဲ့ ထပ်တူ ချစ်နေကြတာပဲဖြစ်ပါတယ်…ခုတစ်ခါမှာလည်း သမီးလေး ရေကူးနေတဲ့ ပုံတွေကို စန္ဒီမြင့်လွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပြီး ခုလိုလေး ပြောပြထားပါတယ်…
“အခုဆိုရင်တော့ဖြင့် လာမယ့် အိုလံပစ်မှာ ယှဉ်ပြိုင်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ရေကူးချန်ပီယံ တစ်တစ်တုတ်ကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ချန်ပီယံက အခုမှ ရေထဲ စဆင်းတာဖြစ်ပေမယ့် မငိုပါဘူး။ တော်တော်လေး သတ္တိကောင်းပါတယ်ခင်ဗျ။ ဒီအချက်တွေကြောင့်ပဲ လာမယ့်ပွဲစဉ်တွေမှာလည်း စောင့်ကြည့်ရမယ့်သူ တစ်ဦးဖြစ်နေပါပြီခင်ဗျ..” ဆိုပြီး ပြောထားတာပါ….
မေမေပြောသလိုပဲ လေးလကျော်သာ ရှိသေးတဲ့ သမီးလေး Treasure Lwin လေးဟာ ရေကူးကန်လေးထဲမှာ ငိုယိုခြင်းမရှိဘဲ ချစ်စရာကောင်းလောက်အောင် ရေကူးနေတာပဲ ဖြစ်ပါတယ်…..သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ရေကူးနေတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးတို့လည်း ကြည့်ရှုနိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Writer – HW (Shwe Yaung Lan)


မှတ်ချက်များ