သူတစ္ပါးရဲ႕ အိမ္ေထာင္ကို ျဖိဳခြဲခဲ့တဲ့သူ (သို႕) မယားငယ္ေတြခံစားရမယ့္ ပူေလာင္ျခင္း၀ဋ္ (၅) မ်ိဳး…




Zawgyi ျဖင့္ဖတ္ရန္

ေလာကမွာ ေၾကာက္စရာအေကာင္းဆံုးနဲ႔ အယုတ္ညံ့ ဆံုးလုပ္ရပ္ေတြထဲမွာသူတစ္ပါးအိမ္ေထာင္ကိုျဖိဳခြဲတာ လည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္ဒီလိုလူေတြက ယာယီေတာ့ ေပ်ာ္ရႊင္ရမယ္ ဒါေပမယ့္ဘယ္ေတာ့မွ ၿငိမ္းခ်မ္းမႈ၊ ေပ်ာ္ရႊင္မႈကိုရရွိမွာ မဟုတ္ပါဘူး သူတစ္ပါးမိသားစုကိုၿဖိဳခြဲတဲ့သူေတြ၊ေဖာက္ျပန္တဲ့သူ ေတြခံစားရမယ့္အရာေတြကို ေဖာ္ျပေပးလိက္ပါတယ္။အားလံုးလည္း သတိထားဆင္ျခင္ႏိုင္ၾကပါေစ။

(၁) ပူေလာင္ျခင္း

သူတစ္ပါးအိမ္ေထာင္ကိုၿဖိဳခြဲတဲ့သူေတြနဲ႔ ေဖာက္ျပန္တဲ့ သူေတြ အၿမဲတမး္ခံစားေနရမယ့္အရာကေတာ့ပူေလာင္ ျခင္းပါပဲသူတို႔ရင္ထဲမွာ ေနာင္တရသလိုလို၊ ေက်နပ္သလိုလို မွားေနသလိုိုလို၊ မွန္ေနျပန္သလိုလုိ

မေသခ်ာမေရရာ တဲ့ခံစားခ်က္ေတြ အမ်ိဳးမ်ိဳးျဖစ္ေနၿပီး ဘယ္ေတာ့မွ ေအးခ်မ္းရမွာမဟုတ္ပါဘူးတစ္ခါတေလအလုိလုိေနရင္း ေဒါသေတြထြက္ ရွဴးရွဴး ရွားရွားေတြျဖစ္ၿပီးဘာေတြကိုေဒါသထြက္လို႔ထြက္မွန္း မသိေအာင္ကို ပူေလာင္ၿပီး အ႐ူးတစ္ေယာက္လို ျဖစ္ေနမွာပါ။

(၂) စိုးရိမ္ထိတ္လန္႔ျခင္း

ဒီလိုလူမ်ိဳးေတြရဲ႕ပတ္သက္မႈဟာ မတရားသျဖင့္ရရွိ ထားတဲ့ ပတ္သက္မႈ မ်ိဳးျဖစ္တာေၾကာင့္ အၿမဲတမ္း ပူပင္ေသာကေရာက္ေနရမွာပါဒါ့အျပင္ဘယ္ေတာ့ဝဋ္ျပန္လည္မလဲ၊ဘယ္ေတာ့မ်ား တျခားသူေနာက္ျပန္ပါသြားမလဲ၊

ကိုယ့္ကိုယ္ဘယ္ေတာ့ထားသြားမလဲဆိုျပီး တစ္ခ်ိန္ လံုး စိုးရိမ္ေသာကေရာက္ေနရမွာပါဒါ့အျပင္ ၾကာလာတဲ့အခါသူတို႔ၾကားမွာနည္းနည္း ေလး ျပႆနာ ရွိလာတာနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္အျပစ္တင္ၿပီး စိတ္ညစ္ၿပီးရင္းညစ္လာရမွာပါ။

(၃) ဝဋ္လည္ျခင္း

ဝဋ္ဆိုတာက တကယ္ကိုလည္ပါတယ္ ခုေခတ္မွာ ဝဋ္လည္တာပိုေတာင္ျမန္ပါေသးတယ္ဒါေၾကာင့္ ဒီလိုလူေတြဟာ သူတစ္ပါးကို မ်က္ရည္က်ေအာင္၊ ရင္ကြဲေအာင္၊နာက်င္ေအာင္လုပ္ခဲ့သမွ် သူတို႔ျပန္ခံစားရမွာပါသူတစ္ပါးမ်က္ရည္နဲ႔တည္ေဆာက္ထားတဲ့သူတို႔ေတြရဲ႕

ပတ္သက္မႈဟာ ဘယ္ေတာ့မွ ေပ်ာ္စရာေကာင္း လာမွာ မဟုတ္သလို တစ္ခ်ိန္မွာ က်ိန္းေသေပါက္ဝဋ္ျပန္လည္လာတဲ့အခါ က်ရင္ သူတို႔ကို ကူညီမယ့္သူ၊ သနားမယ့္သူ တစ္ေယာက္မွေတာင္ရွိမွာ မဟုတ္ပါဘူး။

(၄) လူေတြရဲ႕အထင္အျမင္ေသးျခင္း

သူတစ္ပါးအိမ္ေထာင္ကိုၿဖိဳခြဲတဲ့သူ၊ ေဖာက္ျပန္တဲဲ့သူေတြဟာ ဘယ္ေလာက္ပဲ စည္းစိမ္ဥစၥာေတြရွိရွိ၊ ဘယ္ေလာက္ပဲ ပညာအရည္အခ်င္းျမင့္ျမင့္ ဘယ္သူကမွသူတို႔ကို ေလး စားေတာ့မွမဟုတ္သလိုဘယ္သူကမွလည္း

သူတို႔ကိုယံုၾကည္ေတာ့မွာမဟုတ္ပါဘူးသူတို႕ရဲ႕ စည္းစိမ္ဥစၥာ၊ နာမည္၊ ဂုဏ္ေၾကာင့္သာအေပၚယံေပါင္းခ်င္ေပါင္းမယ္၊ ဒါေပမယ့္ စိတ္ထဲမွာေတာ့သူတို႔ကို အထင္အျမင္အရမး္ေသးေနမွာျဖစ္ပါတယ္ဒုကၡေရာက္တဲ့အခ်ိန္ေတြမွာေတာင္ ကူညီမယ့္သူတစ္ ေယာက္မွ ရွိမွာ မဟုတ္ပါဘူး။

(၅) ေနာင္တတရား

သူတစ္ပါးရဲ႕အိမ္ေထာင္ကိုၿဖိဳခြဲတဲ့သူေတြနဲ႔ ေဖာက္ျပန္တဲ့သူေတြဟာ ေနာင္တတရားနဲ႔ အဆံုးသတ္ရေလ့ရိွပါတယ္သူတုိ႔ရဲ႕ သားသမီးေတြရဲ႕ နာက်ည္းျခင္းကိုခံရတဲ့အခါ အရာအားလံုးကို ေနာင္တရၿပီး စစ္မွန္တဲ့ ေမတၱာတရားကို

ေတာင့္တလာတဲ့အခါမွာ ဘယ္သူမွ သူတို႔အနားမွာရွိေတာ့မွာ မဟုတ္ပါဘူးအရင္အခ်ိန္ေတြ၊ အရင္တုန္းကျဖဴစင္ခဲ့တဲ့ အတိတ္ေတြကိုဘယ္ေလာက္ပဲျပန္ လုိခ်င္လိုခ်င္ သူတို႔ကိုယ္တိုင္က အမဲစက္ျဖစ္ေနတဲ့အတြက္ ဘယ္ေတာ့မွျပန္ၿပီး မျဖဴစင္ႏိုင္ေတာ့ပါဘူး

ေလးစားလ်က္ခ်စ္သမီးေလး


Unicode ဖြင့်ဖတ်ရန်

သူတစ်ပါးရဲ့ အိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး…




လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ် ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ မဟုတ်ပါဘူး သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူ တွေခံစားရမယ့်အရာတွေကို ဖော်ပြပေးလိက်ပါတယ်။အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ။

(၁) ပူလောင်ခြင်း

သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့်အရာကတော့ပူလောင် ခြင်းပါပဲသူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို

မသေချာမရေရာ တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ အေးချမ်းရမှာမဟုတ်ပါဘူးတစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူး ရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ထွက်မှန်း မသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။

(၂) စိုးရိမ်ထိတ်လန့်ခြင်း

ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိ ထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း ပူပင်သောကရောက်နေရမှာပါဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များ တခြားသူနောက်ပြန်ပါသွားမလဲ၊

ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန် လုံး စိုးရိမ်သောကရောက်နေရမှာပါဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်း လေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရမှာပါ။

(၃) ဝဋ်လည်ခြင်း

ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ် ခုခေတ်မှာ ဝဋ်လည်တာပိုတောင်မြန်ပါသေးတယ်ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင်၊ ရင်ကွဲအောင်၊နာကျင်အောင်လုပ်ခဲ့သမျှ သူတို့ပြန်ခံစားရမှာပါသူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့သူတို့တွေရဲ့

ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်း လာမှာ မဟုတ်သလို တစ်ချိန်မှာ ကျိန်းသေပေါက်ဝဋ်ပြန်လည်လာတဲ့အခါ ကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး။

(၄) လူတွေရဲ့အထင်အမြင်သေးခြင်း

သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေဟာ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ပဲ ပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို လေး စားတော့မှမဟုတ်သလိုဘယ်သူကမှလည်း

သူတို့ကိုယုံကြည်တော့မှာမဟုတ်ပါဘူးသူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်ယံပေါင်းချင်ပေါင်းမယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့သူတို့ကို အထင်အမြင်အရမ်းသေးနေမှာဖြစ်ပါတယ်ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူတစ် ယောက်မှ ရှိမှာ မဟုတ်ပါဘူး။

(၅) နောင်တတရား

သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို

တောင့်တလာတဲ့အခါမှာ ဘယ်သူမှ သူတို့အနားမှာရှိတော့မှာ မဟုတ်ပါဘူးအရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်က အမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး

လေးစားလျက်ချစ်သမီးလေး


မှတ်ချက်များ