Zawgyiျဖင့္ဖတ္ရန္
အရပ္ပုလို႔ အားငယ္စရာ မလိုပါဘူး။ အရပ္ပုတဲ့ ေကာင္မေလးေတြမွာလည္း သူ႔အားသာခ်က္နဲ႔သူရွိတတ္ၾကပါတယ္။ အရပ္ပုတဲ့ ေကာင္မေလးေတြရဲ႕ အားသာခ်က္(၆)ခ်က္ကိုေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။
1 အဝတ္အစားမရွားျခင္း
အရပ္ပုေတာ့ အဝတ္အစား မရွားပါဘူး။ ဒါေၾကာင့္ ေဈးဝယ္ထြက္တဲ့ အခါမ်ိဳးမွာ ေတာ္႐ုံကေလးအက်ႌကို ေကာက္စြပ္ၿပီး ဝတ္သြားလို႔ရပါတယ္။ ဆိုင္မွာ သြားဝယ္ရင္လည္း အာရွမွာ ေနၿပီး အရပ္ပုတာ မဆန္းတဲ့အတြက္ အက်ႌဆိုဒ္ေတြက အဆင္သင့္ရွိပါတယ္။
2 ဓာတ္ပုံ႐ိုက္တဲ့အခါတိုင္း ေရွ႕ဆုံးမွာ ေနရျခင္း
ဒါကေတာ့ ရွင္းပါတယ္။ အရပ္ပုတဲ့သူေတြဟာ ဓာတ္ပုံ႐ိုက္တဲ့အခါမ်ိဳးမွာ ေရွ႕ဆုံးကေန ေနဖို႔ဦးစားေပးခံရပါတယ္၊။ ဓာတ္ပုံထဲမွာ ေရွ႕ဆုံးကထင္းကနဲ ျဖစ္ေနတာေပါ့။
3 တစ္ခုခုနဲ႔ေဆာင့္မိလို႔နဖူးသီးတာမ်ိဳးမရွိပါဘူး။
အရပ္ပုေတာ့ ဘာျဖစ္သလဲ။ ေသခ်ာတာကေတာ့ အေပၚက တန္းေတြ၊ ဘားေတြနဲ႔ ေခါင္းကို မတိုက္မိေတာ့ဘူးေပါ့။
4 ေနရာအက်ယ္အမ်ားႀကီးမလိုျခင္း
အ႐ြယ္အစားကေသးေတာ့ ေနရာအမ်ားႀကီး မလိုဘူး။ ဒီေတာ့ အေဆာင္တို႔ ဘာတို႔ငွားမယ္ဆိုရင္ ေတာ္႐ုံတန္႐ုံက်ဥ္းလို႔ ေနမရတဲ့အခန္း ေခ်ာင္ေခ်ာင္လည္လည္ ေနလို႔ရတယ္၊ ဒါက ဝင္ေငြကို သက္သာေစပါတယ္။ အေၾကာင္းကေတာ့ သိပ္မငွားရတဲ့ အခန္းမ်ိဳးဟာ ေဈးသက္သာတတ္လို႔ပါ။
5 အၿမဲတမ္းကေလးကဲ့သို႔ ႏုပ်ိဳေနျခင္း
အရပ္ပုတဲ့ လူေတြရဲ႕ အားသာခ်က္က အိုမင္းတဲ့အထိ ခါးမကိုင္းတာပဲ-လို႔ မွတ္သားဖူးပါတယ္။ ဒါ့အျပင္ အရပ္ပုေတာ့ အသက္အ႐ြယ္ကို ခန႔္မွန္းရခက္ၿပီး တစ္ျခားသူမ်ားထက္ အ႐ြယ္ပိုတင္ပါတယ္။ ဒါေၾကာင့္ အရပ္ပုသူမ်ားဟာ ကေလးငယ္ေလးေတြလို အ႐ြယ္က ႏုပ်ိဳေနေလ့ရွိပါတယ္။
6 ေဒါက္ျမင့္ဖိနပ္စိတ္ႀကိဳက္စီးႏိုင္ျခင္
းအရပ္ရွည္တဲ့မိန္းကေလးမ်ားက သူတို႔ရည္းစားထက္ အရပ္ အရမ္းရွည္သြားမွာ ဆိုးလို႔ ဒုကၡေရာက္ေနခ်ိန္မွာအရပ္ပုတဲ့ မိန္းကေလးေတြကေတာ့ ေဒါက္ျမင့္ဖိနပ္ကို စိတ္ႀကိဳက္စီးႏိုင္ပါတယ္။
Credit AuntyMay
Unicodeဖြင့်ဖတ်ရန်
အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အားသာချက် (၅) ချက်
အရပ်ပုလို့ အားငယ်စရာ မလိုပါဘူး။ အရပ်ပုတဲ့ ကောင်မလေးတွေမှာလည်း သူ့အားသာချက်နဲ့သူရှိတတ်ကြပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ အားသာချက်(၆)ချက်ကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
1 အဝတ်အစားမရှားခြင်း
အရပ်ပုတော့ အဝတ်အစား မရှားပါဘူး။ ဒါကြောင့် ဈေးဝယ်ထွက်တဲ့ အခါမျိုးမှာ တော်ရုံကလေးအင်္ကျီကို ကောက်စွပ်ပြီး ဝတ်သွားလို့ရပါတယ်။ ဆိုင်မှာ သွားဝယ်ရင်လည်း အာရှမှာ နေပြီး အရပ်ပုတာ မဆန်းတဲ့အတွက် အင်္ကျီဆိုဒ်တွေက အဆင်သင့်ရှိပါတယ်။
2 ဓာတ်ပုံရိုက်တဲ့အခါတိုင်း ရှေ့ဆုံးမှာ နေရခြင်း
ဒါကတော့ ရှင်းပါတယ်။ အရပ်ပုတဲ့သူတွေဟာ ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာ ရှေ့ဆုံးကနေ နေဖို့ဦးစားပေးခံရပါတယ်၊။ ဓာတ်ပုံထဲမှာ ရှေ့ဆုံးကထင်းကနဲ ဖြစ်နေတာပေါ့။
3 တစ်ခုခုနဲ့ဆောင့်မိလို့နဖူးသီးတာမျိုးမရှိပါဘူး။
အရပ်ပုတော့ ဘာဖြစ်သလဲ။ သေချာတာကတော့ အပေါ်က တန်းတွေ၊ ဘားတွေနဲ့ ခေါင်းကို မတိုက်မိတော့ဘူးပေါ့။
4 နေရာအကျယ်အများကြီးမလိုခြင်း
အရွယ်အစားကသေးတော့ နေရာအများကြီး မလိုဘူး။ ဒီတော့ အဆောင်တို့ ဘာတို့ငှားမယ်ဆိုရင် တော်ရုံတန်ရုံကျဉ်းလို့ နေမရတဲ့အခန်း ချောင်ချောင်လည်လည် နေလို့ရတယ်၊ ဒါက ဝင်ငွေကို သက်သာစေပါတယ်။ အကြောင်းကတော့ သိပ်မငှားရတဲ့ အခန်းမျိုးဟာ ဈေးသက်သာတတ်လို့ပါ။
5 အမြဲတမ်းကလေးကဲ့သို့ နုပျိုနေခြင်း
အရပ်ပုတဲ့ လူတွေရဲ့ အားသာချက်က အိုမင်းတဲ့အထိ ခါးမကိုင်းတာပဲ-လို့ မှတ်သားဖူးပါတယ်။ ဒါ့အပြင် အရပ်ပုတော့ အသက်အရွယ်ကို ခန့်မှန်းရခက်ပြီး တစ်ခြားသူများထက် အရွယ်ပိုတင်ပါတယ်။ ဒါကြောင့် အရပ်ပုသူများဟာ ကလေးငယ်လေးတွေလို အရွယ်က နုပျိုနေလေ့ရှိပါတယ်။
6 ဒေါက်မြင့်ဖိနပ်စိတ်ကြိုက်စီးနိုင်ခြင်း
အရပ်ရှည်တဲ့မိန်းကလေးများက သူတို့ရည်းစားထက် အရပ် အရမ်းရှည်သွားမှာ ဆိုးလို့ ဒုက္ခရောက်နေချိန်မှာအရပ်ပုတဲ့ မိန်းကလေးတွေကတော့ ဒေါက်မြင့်ဖိနပ်ကို စိတ်ကြိုက်စီးနိုင်ပါတယ်။
Credit AuntyMay


မှတ်ချက်များ