Zawgyiျဖင့္ဖတ္ရန္
ခပ္မိုက္မိုက္နဲ႔ ရင္ထဲကိုထိတဲ့ သီခ်င္းေလးေတြကိုဆိုရင္း ပရိသတ္အခိုင္အမာရရွိထားတဲ့ အဆိုေတာ္ ေအသင္ခ်ိဳေဆြကေတာ့ လက္ရွိခ်ိန္မွာ သူ႔အေနနဲ႔ Single Mother တေယာက္အေနနဲ႔ ရပ္တည္ေနၿပီး သူ႔သမီးေလး Ivy ကို ေစာင့္ေရွာက္ေနတာ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြကေတာ့ သူ႔အေနနဲ႔ ေနာက္အိမ္ေထာင္ျပဳဦးမလားဆိုတဲ့ ေမးခြန္းေတြကို ေျပာၾကားသြားခဲ့ၿပီး သမီးေလးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေလးေတြကိုလည္း ေျပာၾကားသြား ခဲ့ပါတယ္။
အသင္ခ်ိဳေဆြကေတာ့ သမီးေလးနဲ႔ ပတ္သက္ၿပီး “အေတြးေလးေတြေတာ့ ရွိပါတယ္။ အဆိုးနဲ႔ အေကာင္း အၿမဲတမ္း ဒြန္တြဲေနေတာ့ အေကာင္းေနာက္မွာ ဘယ္လိုအဆိုးေတြရွိလဲဆိုတာကို ေတြးရေသးတယ္ေလ။ ၿပီးေတာ့ ကိုယ့္တကိုယ္စာဆိုရင္ေတာ့ အဲ့ေလာက္ မေတြးပါဘူး။ ဒါေပမယ့္လည္း သမီးရဲ႕ေရွ႕ေရးနဲ႔ ပက္သတ္ၿပီး ေတြးလိုက္ရင္ေတာ့ အမ်ားႀကီးပါ။ ကိုယ္ကိုယ္တိုင္လည္း သမီးေလး ၁၈ ႏွစ္ မျပည့္မခ်င္း ေနာက္အိမ္ေထာင္ျပဳဖို႔ေတြ ရည္းစားထားဖို႔ေတြကို မစဥ္းစားေသးပါဘူး။ သူ႔အတြက္ အကုန္ေပးခ်င္တယ္။ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္ေနာက္ကို လိုက္ၿပီးေတာ့ ျဖစ္သြားမွာလည္း ေၾကာက္တယ္။ ကိုယ့္ဖက္က အျပည့္ေပးမွ ရမွာ သူႀကီးလာရင္လည္း လိုခ်င္တဲ့ အရာေတြ ရွိေကာင္း ရွိလာနိင္ေတာ့ေလ”
ေအသင့္အတြက္ကေတာ့ လက္ရွိခ်ိန္မွာ ျဖစ္ေနတဲ့ စိတ္ခံစားခ်က္ေပါ့ေနာ္။ သူ ၁၈ ႏွစ္ျပည့္သြားရင္ေတာ့ ယူရင္လည္းယူမယ္ေပါ့ ဒါကေျပာလို႔ေတာ့ မရဘူး။ သူ ၁၈ မျပည့္မခ်င္းကေတာ့ သူ႔အတြက္လုပ္ရမယ္။ သူ႔အတြက္ ႀကိဳးစားရမယ္။ သူ႔အတြက္ကေတာ့ စိတ္ထဲမွာ ကိုယ္ျဖစ္ခ်င္တာထက္ သူျဖစ္ခ်င္တာကိုပဲ ဦးစားေပးမွာပါ။ ၿပီးေတာ့ သူႀကီးလာရင္ ေမးခြန္းေလးေတြေမးရင္ ဘယ္လိုမ်ိဳးေျဖရမလဲဆိုတဲ့ ျပင္ဆင္မႈေလးေတြေတာ့ ရွိတယ္။ သူကေတာ့ အခုကတည္းက နည္းနည္းေတာ့ နားလည္ပါတယ္။ တခုပဲ စိုးရိမ္တာ လူဆိုတာမ်ိဳးကလည္း ကိုယ္မရတဲ့ဟာကိုပဲ ပိုလိုခ်င္ၾကတာ။ အဲ့ဒါေလးပဲ စိုးရိမ္တာပါ။ က်န္တာဘာမွ မရွိပါဘူး” ဆိုၿပီးေတာ့ ေျပာၾကားသြား ခဲ့ပါတယ္။
သူ ၁၈ ႏွစ္ျပည့္ၿပီးမွ ဆိုတာကေတာ့ ေသခ်ာတယ္။ တကယ္ကိုေတြးထားတာ။ သူ႔အတြက္ ၾကည့္ရဥိးမယ္ေလ။ သူနဲ႔ေရာ အဆင္ေျပလား မေျပလားဆိုတာကို ၾကည့္ရဦးမယ္ေလ။ သူနဲ႔ေရာ အိမ္ကအေမနဲ႔ေရာေပါ့။ ကိုယ္ကိုတိုင္ကလည္း မလိုခ်င္ေတာ့ဘူး။ ဒီဘဝေလးကေတာ့ ေအးခ်မ္းပါတယ္။ တခါတေလက်ရင္ေတာ့ အထီးက်န္တာမ်ိဳးေတြရွိတယ္။ ဒါေပမယ့္လည္း သူစိမ္းေယာက်ာ္းတေယာက္ကို အခ်ိန္ေပးတာထက္ မိသားစုနဲ႔ သမီးေလးကို အခ်ိန္ေပးတာက ပိုသင့္ေတာ္ပါတယ္။
ေလးစားစြာျဖင့္ခရစ္ဒက္
Credit:burmese.asia
Unicodeဖြင့်ဖတ်ရန်
သမီး ၁၈ နှစ်မပြည့်မချင်း နောက်အိမ်ထောင်မပြုဘူးလို့ဆိုလာတဲ့ အေသင်ချိုဆွေ
ခပ်မိုက်မိုက်နဲ့ ရင်ထဲကိုထိတဲ့ သီချင်းလေးတွေကိုဆိုရင်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် အေသင်ချိုဆွေကတော့ လက်ရှိချိန်မှာ သူ့အနေနဲ့ Single Mother တယောက်အနေနဲ့ ရပ်တည်နေပြီး သူ့သမီးလေး Ivy ကို စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ သူ့အနေနဲ့ နောက်အိမ်ထောင်ပြုဦးမလားဆိုတဲ့ မေးခွန်းတွေကို ပြောကြားသွားခဲ့ပြီး သမီးလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကိုလည်း ပြောကြားသွား ခဲ့ပါတယ်။
အသင်ချိုဆွေကတော့ သမီးလေးနဲ့ ပတ်သက်ပြီး “အတွေးလေးတွေတော့ ရှိပါတယ်။ အဆိုးနဲ့ အကောင်း အမြဲတမ်း ဒွန်တွဲနေတော့ အကောင်းနောက်မှာ ဘယ်လိုအဆိုးတွေရှိလဲဆိုတာကို တွေးရသေးတယ်လေ။ ပြီးတော့ ကိုယ့်တကိုယ်စာဆိုရင်တော့ အဲ့လောက် မတွေးပါဘူး။ ဒါပေမယ့်လည်း သမီးရဲ့ရှေ့ရေးနဲ့ ပက်သတ်ပြီး တွေးလိုက်ရင်တော့ အများကြီးပါ။ ကိုယ်ကိုယ်တိုင်လည်း သမီးလေး ၁၈ နှစ် မပြည့်မချင်း နောက်အိမ်ထောင်ပြုဖို့တွေ ရည်းစားထားဖို့တွေကို မစဉ်းစားသေးပါဘူး။ သူ့အတွက် အကုန်ပေးချင်တယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်နောက်ကို လိုက်ပြီးတော့ ဖြစ်သွားမှာလည်း ကြောက်တယ်။ ကိုယ့်ဖက်က အပြည့်ပေးမှ ရမှာ သူကြီးလာရင်လည်း လိုချင်တဲ့ အရာတွေ ရှိကောင်း ရှိလာနိင်တော့လေ”
အေသင့်အတွက်ကတော့ လက်ရှိချိန်မှာ ဖြစ်နေတဲ့ စိတ်ခံစားချက်ပေါ့နော်။ သူ ၁၈ နှစ်ပြည့်သွားရင်တော့ ယူရင်လည်းယူမယ်ပေါ့ ဒါကပြောလို့တော့ မရဘူး။ သူ ၁၈ မပြည့်မချင်းကတော့ သူ့အတွက်လုပ်ရမယ်။ သူ့အတွက် ကြိုးစားရမယ်။ သူ့အတွက်ကတော့ စိတ်ထဲမှာ ကိုယ်ဖြစ်ချင်တာထက် သူဖြစ်ချင်တာကိုပဲ ဦးစားပေးမှာပါ။ ပြီးတော့ သူကြီးလာရင် မေးခွန်းလေးတွေမေးရင် ဘယ်လိုမျိုးဖြေရမလဲဆိုတဲ့ ပြင်ဆင်မှုလေးတွေတော့ ရှိတယ်။ သူကတော့ အခုကတည်းက နည်းနည်းတော့ နားလည်ပါတယ်။ တခုပဲ စိုးရိမ်တာ လူဆိုတာမျိုးကလည်း ကိုယ်မရတဲ့ဟာကိုပဲ ပိုလိုချင်ကြတာ။ အဲ့ဒါလေးပဲ စိုးရိမ်တာပါ။ ကျန်တာဘာမှ မရှိပါဘူး” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။
သူ ၁၈ နှစ်ပြည့်ပြီးမှ ဆိုတာကတော့ သေချာတယ်။ တကယ်ကိုတွေးထားတာ။ သူ့အတွက် ကြည့်ရဥိးမယ်လေ။ သူနဲ့ရော အဆင်ပြေလား မပြေလားဆိုတာကို ကြည့်ရဦးမယ်လေ။ သူနဲ့ရော အိမ်ကအမေနဲ့ရောပေါ့။ ကိုယ်ကိုတိုင်ကလည်း မလိုချင်တော့ဘူး။ ဒီဘဝလေးကတော့ အေးချမ်းပါတယ်။ တခါတလေကျရင်တော့ အထီးကျန်တာမျိုးတွေရှိတယ်။ ဒါပေမယ့်လည်း သူစိမ်းယောကျာ်းတယောက်ကို အချိန်ပေးတာထက် မိသားစုနဲ့ သမီးလေးကို အချိန်ပေးတာက ပိုသင့်တော်ပါတယ်။
လေးစားစွာဖြင့်ခရစ်ဒက်
Credit:burmese.asia

မှတ်ချက်များ