တစ္ခ်ိန္လံုး ဗိုက္ဆာေနျခင္းက ဒီလို ေရာဂါလကၡဏာရပ္ေတြေၾကာင့္ဆိုတာ သတိ႐ွိပါ
Zawgyiျဖင့္ဖတ္ရန္
တစ္ခ်ိန္လံုး ဆာေလာင္ေနတဲ့ ခံစားခ်က္မိ်ဳးကို သင္ခံစားေနရလား။ ဘာစားစား စားတုန္းခဏ ဗိုက္ျပည့္ၿပီး ခဏေန ထပ္ဆာတာမ်ိဳးေတြ ၾကံဳေနရၿပီဆုိရင္ေတာ့ ဒီလိုျပသနာေတြ ျဖစ္ေပၚေနၿပီဆိုတာကို သတိထားဖို႔ လိုအပ္ေနပါၿပီ။
ဆီးခ်ိဳ
ဆီးခ်ိဳ ေရာဂါခံစားေနရတဲ့ သူေတာ္ေတာ္မ်ားမ်ားဟာ အၿမဲတမ္း ဆာေလာင္ေနတတ္ၾကပါတယ္။ တစ္ခုၿပီး တစ္ခုစားၿပီးရင္းစားခ်င္ေနၿပီး အၿမဲတမ္း ဆာေလာင္ေနတတ္ပါတယ္။ ဆီးခ်ိဳေရာဂါ ခံစားေနရၿပီဆုိရင္ ေနာက္ဆက္တြဲ ျပသနာေတြအေနနဲ႔ ခႏၶာကိုယ္ဝိတ္ေတြ တျဖည္းျဖည္း က်လာတာ၊ အျမင္အာ႐ံု မေကာင္းတာ၊ ပင္ပန္းႏြမ္းနယ္တာနဲ႔ ေျခလက္ေတြ နာက်င္တာေတြ ျဖစ္လာႏုိင္ပါတယ္။ ဒီလုိေတြ ခံစားေနရတယ္ ဆိုရင္ေတာ့ အျမန္ဆံုး ဆရာဝန္နဲ႔ ျပသဖို႔ လုိအပ္ပါတယ္။
ေသြးတြင္း သၾကားဓာတ္ ေလ်ာ့နည္းတာ
တစ္ခ်ိန္လံုး ဆာေလာင္ေနျခင္းက ေသြးတြင္းသၾကားဓာတ္ ေလ်ာ့နည္းျခင္းေၾကာင့္လဲ ျဖစ္ႏုိင္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ ေလ်ာ့နည္းျခင္းက ဆီးခ်ိဳနဲ႔ ပံုစံတူတတ္ပါတယ္။ ေနာက္္ဆက္တြဲ အက်ိဳးဆက္ေတြအေနနဲ႔ စိတ္လႈပ္႐ွား စိုးရိမ္လြယ္ျခင္း၊ ကတုန္ကယင္ျဖစ္ျခင္း၊ ေခၽြးပိုထြက္ျခင္း၊ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ျခင္း၊ ေခါင္းကိုက္မူးေဝျခင္း ေတြကို ျဖစ္ေပၚေစႏုိင္ပါတယ္။ ဒီလို လကၡဏာေတြ ၾကံဳေတြ႕ေနရၿပီဆိုရင္ ေသြးတြင္းသၾကားဓာတ္ ေလ်ာ့နည္းေနၿပီဆိုတာ ေဖာ္ျပေနတာပါ။
အိပ္မေပ်ာ္ျခင္း
အိပ္မေပ်ာ္တဲ့အခ်ိန္မွာ ခႏၶာကိုယ္မွာ ႐ွိတဲ့ ဟိုမုန္းေတြဟာ ပိုၿပီးထုတ္လႊတ္ေပးၿပီး ဆာေလာင္ျခင္းကို ျဖစ္ေပၚေစပါတယ္။ အိပ္မေပ်ာ္တဲ့အခါမွာ ေခါင္းကိုက္ျခင္း၊ တစ္ေန႔လံုး အိပ္ငိုက္ျခင္း၊ အာ႐ံုမစုစည္းနုိင္ျခင္း၊ ဝိတ္ပိုတက္လာျခင္း စတဲ့ ျပသနာေတြကို ၾကံဳေတြ႔ရတတ္ပါတယ္။
ကိုယ္ဝန္႐ွိျခင္း
အၿမဲတမ္း ဗိုက္ဆာေနတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုက ကိုယ္ဝန္႐ွိေနျခင္းေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ဒီလိုမ်ိဳး တစ္ခ်ိိန္လံုး ဆာေလာင္ေနတဲ့အျပင္ ဓမၼတာမလာျခင္း၊ မၾကာခဏ ဆီးသြားျခင္း၊ ပ်ိဳ႕အန္ျခင္း စတဲ့ ျပႆနာေတြနဲ႔ ၾကံဳေတြ႕ေနရၿပီဆုိရင္ ကိုယ္ဝန္႐ွိေနတဲ့ လကၡဏာေတြ ျဖစ္ပါတယ္။
ဒါေၾကာင့္ အၿမဲတမ္း ဆာေလာင္ေနၿပီဆိုရင္ ဒီလိုေနာက္ဆက္တြဲ လကၡဏာရပ္ေတြ ႐ွိမ႐ွိ ဆန္းစစ္ၿပီး ႐ွိေနခဲ႔တယ္ ဆိုရင္လည္း ဆရာဝန္နဲ႔ တုိင္္ပင္ေဆြးေႏြးဖုိ႔ လုိအပ္ပါတယ္ေနာ္။
Khin
Credit:Aunty may
Unicodeဖြင့်ဖတ်ရန်
တစ်ချိန်လုံး ဗိုက်ဆာနေခြင်းက ဒီလို ရောဂါလက္ခဏာရပ်တွေကြောင့်ဆိုတာ သတိရှိပါ
တစ်ချိန်လုံး ဆာလောင်နေတဲ့ ခံစားချက်မျိုးကို သင်ခံစားနေရလား။ ဘာစားစား စားတုန်းခဏ ဗိုက်ပြည့်ပြီး ခဏနေ ထပ်ဆာတာမျိုးတွေ ကြုံနေရပြီဆိုရင်တော့ ဒီလိုပြသနာတွေ ဖြစ်ပေါ်နေပြီဆိုတာကို သတိထားဖို့ လိုအပ်နေပါပြီ။
ဆီးချို
ဆီးချို ရောဂါခံစားနေရတဲ့ သူတော်တော်များများဟာ အမြဲတမ်း ဆာလောင်နေတတ်ကြပါတယ်။ တစ်ခုပြီး တစ်ခုစားပြီးရင်းစားချင်နေပြီး အမြဲတမ်း ဆာလောင်နေတတ်ပါတယ်။ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် နောက်ဆက်တွဲ ပြသနာတွေအနေနဲ့ ခန္ဓာကိုယ်ဝိတ်တွေ တဖြည်းဖြည်း ကျလာတာ၊ အမြင်အာရုံ မကောင်းတာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ ခြေလက်တွေ နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေ ခံစားနေရတယ် ဆိုရင်တော့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
သွေးတွင်း သကြားဓာတ် လျော့နည်းတာ
တစ်ချိန်လုံး ဆာလောင်နေခြင်းက သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းက ဆီးချိုနဲ့ ပုံစံတူတတ်ပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့ စိတ်လှုပ်ရှား စိုးရိမ်လွယ်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ချွေးပိုထွက်ခြင်း၊ ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ ခေါင်းကိုက်မူးဝေခြင်း တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ကြုံတွေ့နေရပြီဆိုရင် သွေးတွင်းသကြားဓာတ် လျော့နည်းနေပြီဆိုတာ ဖော်ပြနေတာပါ။
အိပ်မပျော်ခြင်း
အိပ်မပျော်တဲ့အချိန်မှာ ခန္ဓာကိုယ်မှာ ရှိတဲ့ ဟိုမုန်းတွေဟာ ပိုပြီးထုတ်လွှတ်ပေးပြီး ဆာလောင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အိပ်မပျော်တဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ တစ်နေ့လုံး အိပ်ငိုက်ခြင်း၊ အာရုံမစုစည်းနိုင်ခြင်း၊ ဝိတ်ပိုတက်လာခြင်း စတဲ့ ပြသနာတွေကို ကြုံတွေ့ရတတ်ပါတယ်။
ကိုယ်ဝန်ရှိခြင်း
အမြဲတမ်း ဗိုက်ဆာနေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ကိုယ်ဝန်ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး တစ်ချိန်လုံး ဆာလောင်နေတဲ့အပြင် ဓမ္မတာမလာခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ပျို့အန်ခြင်း စတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီဆိုရင် ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
ဒါကြောင့် အမြဲတမ်း ဆာလောင်နေပြီဆိုရင် ဒီလိုနောက်ဆက်တွဲ လက္ခဏာရပ်တွေ ရှိမရှိ ဆန်းစစ်ပြီး ရှိနေခဲ့တယ် ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်နော်။
Khin
Credit:Aunty may


မှတ်ချက်များ