Single ျဖစ္ခ်ိန္ အၾကာဆံုးသူေတြဟာ အေကာင္းဆံုး RS ကို တည္ေဆာက္ႏိုင္သူေတြျဖစ္


Zawgyiျဖင့္ဖတ္ရန္

ယေန႕ေခတ္ႀကီးမွာေတာ့ ခ်စ္သူရည္းစား relationship တစ္ခုကို တည္ေဆာက္ဖို႔ဆိုတာ လူေတြအတြက္ေတာ့ လြယ္ကူတဲ့ ကိစၥတစ္ခုမဟုတ္ေတာ့ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ မတည္ျမဲတဲ့ အိမ္ေထာင္ေရးေတြ၊ မယံုၾကည္ရတဲ့လူေတြ၊ ေဖာက္ျပန္တဲ့ relationship ေတြကို ကိုယ့္ပတ္ဝန္းက်င္မွာသာမက ဆိုရွယ္မီဒီယာေပၚမွာလည္း ေန႔စဥ္နဲ႔အမွ် ေတြ႔ေနရတာလည္း ပါပါတယ္။ ဒါေၾကာင့္ လူေတြက တစ္စံုတစ္ေယာက္ကို ဘဝထဲမွာ လိုအပ္ေနၿပီလို႔ ယူဆတဲ့အခ်ိန္မွာေတာင္ relationshipကို  ယံုၾကည္မႈမရွိၾကတာေၾကာင့္ single အျဖစ္ေနဖို႔ပဲ ဆံုးျဖတ္တတ္ၾကပါတယ္။

ဒါေပမယ့္ single အျဖစ္ေနတဲ့ အခ်ိန္ၾကာေလေလ အနာဂတ္မွာ ကိုယ္ရဲ႕ လက္တြဲေဖာ္အတြက္ ခ်စ္သူေကာင္းတစ္္ေယာက္ျဖစ္ေလေလပါပဲတဲ့။ Single အျဖစ္ အခ်ိန္ၾကာႀကီးရွိေနတဲ့သူေတြကေတာ့ သူတို႕ လိုခ်င္တဲ့အရာက ဘာလဲဆိုတာ ျပတ္ျပတ္သားသားသိၿပီး relationship ကို အေလးအနက္ေတြးတတ္တဲ့သူေတြပါ။ ဒါေၾကာင့္လည္း သူတို႔ဟာ ခ်စ္သူရည္းစားတြဲမယ္လို႔ စဥ္းစားတဲ့အခါတိုင္းမွာ အဖက္ဖက္ကို ခ်င့္ခ်ိန္တတ္တာေၾကာင့္၊ တစ္ဖက္က သူအတြက္ စဥ္းစားေပးတတ္တာေတြေၾကာင့္ ကိုယ္ခ်င္းစာတရား ရွိၾကတဲ့သူေတြလည္းျဖစ္ပါတယ္။

အခ်ိဳ႔လူေတြကေတာ့ relationship ဆိုတာႀကီးကို ဝင္လိုက္၊ ထြက္လိုက္နဲ႔ ပံုမွန္အလုပ္တစ္ခုလို လုပ္ေနခ်ိန္မွာေတာ့ သူတို႕ေတြကေတာ့ အဲဒီလူေတြကိုၾကည့္ၿပီး ကိုယ္သာ relationship တစ္ခုကို တည္ေဆာက္ျဖစ္ခဲ့ရင္ ဒါမ်ိဳးေတာ့ မလုပ္ဘူး၊ ဒါမ်ိဳးေတာ့ ေရွာင္ရမယ္ဆိုၿပီးေတာ့ မသိစိတ္ကေန သင္ယူေနခဲ့တာပါ။ ဒါေၾကာင့္လည္း single အျဖစ္ အခ်ိန္အေတာ္ၾကာရွိေနတတ္သူေတြကေတာ့ ခ်စ္သူေတာ္ဖို႔ အေကာင္းဆံုးလူသားေတြပါ။ သူတို႕နဲ႕ဆိုရင္ေတာ့ အေကာင္းဆံုးဆိုတဲ့ relationship တစ္ခုကို တည္ေဆာက္ႏိုင္မွာ အေသအခ်ာပါပဲ။

Source: Thought Catalog

Credit:Aunty may

Unicodeဖြင့်ဖတ်ရန်

Single ဖြစ်ချိန် အကြာဆုံးသူတွေဟာ အကောင်းဆုံး RS ကို တည်ဆောက်နိုင်သူတွေဖြစ်

ယနေ့ခေတ်ကြီးမှာတော့ ချစ်သူရည်းစား relationship တစ်ခုကို တည်ဆောက်ဖို့ဆိုတာ လူတွေအတွက်တော့ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ မတည်မြဲတဲ့ အိမ်ထောင်ရေးတွေ၊ မယုံကြည်ရတဲ့လူတွေ၊ ဖောက်ပြန်တဲ့ relationship တွေကို ကိုယ့်ပတ်ဝန်းကျင်မှာသာမက ဆိုရှယ်မီဒီယာပေါ်မှာလည်း နေ့စဉ်နဲ့အမျှ တွေ့နေရတာလည်း ပါပါတယ်။ ဒါကြောင့် လူတွေက တစ်စုံတစ်ယောက်ကို ဘဝထဲမှာ လိုအပ်နေပြီလို့ ယူဆတဲ့အချိန်မှာတောင် relationshipကို  ယုံကြည်မှုမရှိကြတာကြောင့် single အဖြစ်နေဖို့ပဲ ဆုံးဖြတ်တတ်ကြပါတယ်။

ဒါပေမယ့် single အဖြစ်နေတဲ့ အချိန်ကြာလေလေ အနာဂတ်မှာ ကိုယ်ရဲ့ လက်တွဲဖော်အတွက် ချစ်သူကောင်းတစ်ယောက်ဖြစ်လေလေပါပဲတဲ့။ Single အဖြစ် အချိန်ကြာကြီးရှိနေတဲ့သူတွေကတော့ သူတို့ လိုချင်တဲ့အရာက ဘာလဲဆိုတာ ပြတ်ပြတ်သားသားသိပြီး relationship ကို အလေးအနက်တွေးတတ်တဲ့သူတွေပါ။ ဒါကြောင့်လည်း သူတို့ဟာ ချစ်သူရည်းစားတွဲမယ်လို့ စဉ်းစားတဲ့အခါတိုင်းမှာ အဖက်ဖက်ကို ချင့်ချိန်တတ်တာကြောင့်၊ တစ်ဖက်က သူအတွက် စဉ်းစားပေးတတ်တာတွေကြောင့် ကိုယ်ချင်းစာတရား ရှိကြတဲ့သူတွေလည်းဖြစ်ပါတယ်။

အချို့လူတွေကတော့ relationship ဆိုတာကြီးကို ဝင်လိုက်၊ ထွက်လိုက်နဲ့ ပုံမှန်အလုပ်တစ်ခုလို လုပ်နေချိန်မှာတော့ သူတို့တွေကတော့ အဲဒီလူတွေကိုကြည့်ပြီး ကိုယ်သာ relationship တစ်ခုကို တည်ဆောက်ဖြစ်ခဲ့ရင် ဒါမျိုးတော့ မလုပ်ဘူး၊ ဒါမျိုးတော့ ရှောင်ရမယ်ဆိုပြီးတော့ မသိစိတ်ကနေ သင်ယူနေခဲ့တာပါ။ ဒါကြောင့်လည်း single အဖြစ် အချိန်အတော်ကြာရှိနေတတ်သူတွေကတော့ ချစ်သူတော်ဖို့ အကောင်းဆုံးလူသားတွေပါ။ သူတို့နဲ့ဆိုရင်တော့ အကောင်းဆုံးဆိုတဲ့ relationship တစ်ခုကို တည်ဆောက်နိုင်မှာ အသေအချာပါပဲ။

Source: Thought Catalog

Credit:Aunty may

မှတ်ချက်များ