Zawgyi ျဖင့္ဖတ္ရန္
ေတာင္ကိုးရီးယား Kpop idol Girl group တစ္ခုျဖစ္တဲ့ Brave Girls မွ အဖြဲ႕ဝင္ေဟာင္း တစ္ဦးျဖစ္ခဲ့ဖူးတဲ့ Yejin ဟာ သူမဘာလို႔ idol အဆိုေတာ္ ဘဝကို စြန႔္လႊတ္လိုက္ရတယ္ဆိုတဲ့အေၾကာင္းကို လူမႈကြန္ယက္ အင္တာနက္ကေနတစ္ဆင့္ ပရိတ္သတ္ကို အသိေပးေျပာျပလာပါတယ္။
Yejin ဟာ idol ဘဝကို စြန႔္လႊတ္ၿပီးေနာက္ပိုင္း Youtube မွာ live stream ေတြျပဳလုပ္တဲ့ Youtuber တစ္ဦးအေနနဲ႔ ဆက္လက္ရပ္တည္ေနတာပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ live stream မွာ Yejin က idol တစ္ေယာက္အေနနဲ႔ ျဖတ္သန္းခဲ့ရတဲ့ သူမရဲ႕ အခက္အခဲေတြအေၾကာင္း ေျပာျပလာပါတယ္။
Yejin က သူ brave girls မွာ idol တစ္ေယာက္အျဖစ္ ရပ္တည္ခဲ့တုန္းက မန္ေနဂ်ာနဲ႔ အခ်ိဳးမေျပလွတဲ့ ကုမၸဏီေၾကာင့္ အဆိုေတာ္ အလုပ္ကို စြန႔္လႊတ္လိုက္ရတယ္လို႔ ေျပာျပလာပါတယ္။ Brave Girls မန္ေနဂ်ာဟာ ကား စတီယာရင္ေပၚမွာ ဖုန္းတင္ၿပီး ဂိမ္းေဆာ့ေနရင္း ကားေမာင္းေနတာကို ျမင္ေတြ႕ၿပီး သူမအေနနဲ႔ ထိတ္လန႔္ခဲ့ရတယ္ ဆိုၿပီးေျပာျပလာပါတယ္။ ဒါတင္မက မန္ေနဂ်ာဟာ သူ႔ေျခေထာက္ တစ္ဖက္ကို dashboard ေပၚ တင္ၿပီး ေမာင္းႏွင္ေနတာကို ဗြီဒီယိုႏွင့္တကြ Yejin က ရွင္းျပထားပါတယ္။
႐ိုင္းျပလြန္းတဲ့ မန္ေနဂ်ာရဲ႕ အျပဳအမူေတြကို သည္းမခံႏိုင္တာေၾကာင့္ Yejin က ဒီ ဗြီဒီယိုကို မိဘေတြဆီပို႔ခဲ့ပါတယ္။ Yejin မိဘေတြ သိသြားၿပီးေနာက္ပိုင္း Yejin ရဲ႕ အသက္အႏၲရာယ္ကိုစိုးရိမ္တာေၾကာင့္ ကုမၸဏီပိုင္ရွင္သူေဌးကို မန္ေနဂ်ာအသစ္လဲေပးဖို႔ ေတာင္းဆိုခဲ့ေပမဲ့ သူေဌးက Yejin မိဘေတြကို ‘ခင္ဗ်ားတို႔ အပူမပါဘူး’ ဆိုၿပီး ျပန္လည္တုံ႔ျပန္ခဲ့တာေၾကာင့္ မိဘေတြအေနနဲ႔ စိတ္ဆိုးၿပီး အဖြဲ႕ကထြက္ခိုင္းခဲ့တာပါလို႔ ေျပာျပသြားပါတယ္။ Yejin ကိုယ္တိုင္ကလည္း ဒီအေျခအေနနဲ႔ ဘယ္လိုမွ ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ထြက္ျဖစ္ခဲ့တယ္ ဆိုၿပီး ေျပာျပသြားပါတယ္။
Idol အဆိုေတာ္ ေတြရဲ႕ဘဝဟာ သူစာခ်ဳပ္ခ်ဳပ္ထားတဲ့ ကုမၸဏီ၊ မန္ေနဂ်ာ နဲ႔ ဝန္ထမ္းေတြအေပၚမွာ မူတည္ေနတာေၾကာင့္ အသက္အႏၲရာယ္နဲ႔ ပတ္သတ္တဲ့ ကိစၥမ်ိဳးမွာ သူ႔အေနနဲ႔ ႏႈတ္ထြက္လိုက္တာဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လို႔ပဲ ယူဆမိပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
အန္တရာယ်ရှိတယ်လို့ ခံစားမိတာကြောင့် အဖွဲ့ကနှုတ်ထွက်လိုက်ရတဲ့ Girl Idol တစ်ဦးရဲ့ ဖြစ်ရပ်
တောင်ကိုးရီးယား Kpop idol Girl group တစ်ခုဖြစ်တဲ့ Brave Girls မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ခဲ့ဖူးတဲ့ Yejin ဟာ သူမဘာလို့ idol အဆိုတော် ဘဝကို စွန့်လွှတ်လိုက်ရတယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ယက် အင်တာနက်ကနေတစ်ဆင့် ပရိတ်သတ်ကို အသိပေးပြောပြလာပါတယ်။
Yejin ဟာ idol ဘဝကို စွန့်လွှတ်ပြီးနောက်ပိုင်း Youtube မှာ live stream တွေပြုလုပ်တဲ့ Youtuber တစ်ဦးအနေနဲ့ ဆက်လက်ရပ်တည်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ live stream မှာ Yejin က idol တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ သူမရဲ့ အခက်အခဲတွေအကြောင်း ပြောပြလာပါတယ်။
Yejin က သူ brave girls မှာ idol တစ်ယောက်အဖြစ် ရပ်တည်ခဲ့တုန်းက မန်နေဂျာနဲ့ အချိုးမပြေလှတဲ့ ကုမ္ပဏီကြောင့် အဆိုတော် အလုပ်ကို စွန့်လွှတ်လိုက်ရတယ်လို့ ပြောပြလာပါတယ်။ Brave Girls မန်နေဂျာဟာ ကား စတီယာရင်ပေါ်မှာ ဖုန်းတင်ပြီး ဂိမ်းဆော့နေရင်း ကားမောင်းနေတာကို မြင်တွေ့ပြီး သူမအနေနဲ့ ထိတ်လန့်ခဲ့ရတယ် ဆိုပြီးပြောပြလာပါတယ်။ ဒါတင်မက မန်နေဂျာဟာ သူ့ခြေထောက် တစ်ဖက်ကို dashboard ပေါ် တင်ပြီး မောင်းနှင်နေတာကို ဗွီဒီယိုနှင့်တကွ Yejin က ရှင်းပြထားပါတယ်။
ရိုင်းပြလွန်းတဲ့ မန်နေဂျာရဲ့ အပြုအမူတွေကို သည်းမခံနိုင်တာကြောင့် Yejin က ဒီ ဗွီဒီယိုကို မိဘတွေဆီပို့ခဲ့ပါတယ်။ Yejin မိဘတွေ သိသွားပြီးနောက်ပိုင်း Yejin ရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်တာကြောင့် ကုမ္ပဏီပိုင်ရှင်သူဌေးကို မန်နေဂျာအသစ်လဲပေးဖို့ တောင်းဆိုခဲ့ပေမဲ့ သူဌေးက Yejin မိဘတွေကို ‘ခင်ဗျားတို့ အပူမပါဘူး’ ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့တာကြောင့် မိဘတွေအနေနဲ့ စိတ်ဆိုးပြီး အဖွဲ့ကထွက်ခိုင်းခဲ့တာပါလို့ ပြောပြသွားပါတယ်။ Yejin ကိုယ်တိုင်ကလည်း ဒီအခြေအနေနဲ့ ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တာကြောင့် ထွက်ဖြစ်ခဲ့တယ် ဆိုပြီး ပြောပြသွားပါတယ်။
Idol အဆိုတော် တွေရဲ့ဘဝဟာ သူစာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီ၊ မန်နေဂျာ နဲ့ ဝန်ထမ်းတွေအပေါ်မှာ မူတည်နေတာကြောင့် အသက်အန္တရာယ်နဲ့ ပတ်သတ်တဲ့ ကိစ္စမျိုးမှာ သူ့အနေနဲ့ နှုတ်ထွက်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ ယူဆမိပါတယ်။
Credit: popolay

မှတ်ချက်များ