ေက်ာက္ကပ္နဲ႔ ပတ္သက္တဲ့ေရာဂါေတြ ျဖစ္ေစတာေၾကာင့္ ဆင္ျခင္သင့္တဲ့ အမူအက်င့္ (၆)မ်ိဳး
Zawgyiျဖင့္ဖတ္ရန္
ခႏၶာကိုယ္က်န္းမာေရးအတြက္ ေက်ာက္ကပ္ေကာင္းဖို႕လည္း အရမ္းအေရးၾကီးပါတယ္။ ေက်ာက္ကပ္နဲ႕ ပတ္သက္တဲ့ေရာဂါေတြျဖစ္လာရင္ အလုပ္အကိုင္ပ်က္တဲ့ အဆင့္ကေန၊ လူမမာတစ္ေယာက္လိုျဖစ္သြားနိုင္ျပီး၊ ေသသည္အထိ အေျခအေနဆိုးရြားနိုင္ပါတယ္။ ဒါ့အျပင္ ေနာက္ဆက္တြဲအေနနဲ႕ ႏွလံုးေသြးေၾကာနဲ႕ပတ္သက္တဲ့ေရာဂါေတြလည္း ျဖစ္လာနိုင္လို႕ ေက်ာက္ကပ္က်န္းမာေအာင္ အျမဲဂရုစိုက္ဖို႕ လိုပါတယ္။ ဒါေၾကာင့္ ေန႕စဉ္အမူအက်င့္ေတြထဲက ေက်ာက္ကပ္ပ်က္စီးေစနိုင္လို႕ ဆင္ျခင္သင့္တာေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
(၁) အသင့္စားအစားအစာေတြ အျမဲစားျခင္း
အသင့္စားအစားအစာေတြ စားတာမ်ားလာတဲ့အခါ ဆားနဲ႕ေခ်ဖ်က္ဖို႕ မလြယ္တဲ့ အဆီဓာတ္ေတြက ဆီးထဲမွာစုလာျပီး ဆီးမွာ အနည္ထိုင္လာကာ ေက်ာက္ကပ္မွာေက်ာက္တည္ေစနိုင္ပါတယ္။
(၂) ေသြးတိုးတတ္ျခင္း
ေသြးတိုးတတ္တဲ့သူေတြက ေက်ာက္ကပ္ေရာဂါပိုျဖစ္နိုင္ပါတယ္။ ဘာလို႕လဲဆိုေတာ့ ရုတ္တရက္ ေသြးေဆာင့္တိုးတဲ့အခါ ကိုယ္တြင္းအဂၤါေတြဆီေသြးပို႕လႊတ္တဲ့ေသးငယ္တဲ့ ေသြးေၾကာေလးေတြ ပ်က္စီးသြားနိုင္ပါတယ္။ အထူးသျဖင့္ ေက်ာက္ကပ္ဆီေသြးပို႕လႊတ္တဲ့ေသြးေၾကာေလးေတြ ပ်က္စီးသြားနိုင္တာေၾကာင့္ တျခားအစိတ္အပိုင္းေတြထက္ ေက်ာက္ကပ္ပ်က္စီးမႈကို ပိုျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ေသြးတိုးတတ္တဲ့သူေတြက ကိုယ့္ကိုယ္ကို ပိုဂရုစိုက္ဖို႕လိုပါတယ္။
(၃) ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ရင္ အဆုတ္ကင္ဆာျဖစ္မယ္၊အဆုတ္ေရာဂါျဖစ္မယ္လို႕ သိထားၾကေပမယ့္ ေက်ာက္ကပ္ကိုလည္းပ်က္စီးေစနိုင္တယ္ဆိုတာကိုေတာ့ သိပ္မသိၾကပါဘူး။ ေဆးလိပ္မွာ ပါဝင္တဲ့ အဆိပ္အေတာက္ေတြက ေက်ာက္ကပ္ဆဲလ္ေတြကို ပ်က္စီးေစနိုင္တာေၾကာင့္ ေဆးလိပ္ကို ႏွစ္ရွည္လမ်ားစြဲေသာက္တဲ့သူေတြက ေက်ာက္ကပ္ေရာဂါအမ်ိဳးမ်ိဳးျဖစ္နိုင္ေခ်ပိုမ်ားပါတယ္။
(၄) ေရငတ္တဲ့အခါေရမေသာက္ဘဲေနျခင္း
လူတစ္ေယာက္က တစ္ေန႕မွာ ေရ ၂ လီတာ ပံုမွန္ေသာက္ေပးဖို႕ လိုတယ္ဆိုေပမယ့္ သင့္အေနနဲ႕ တစ္ေန႕တာမွာ ေရ ၂ လီတာျပည့္ေအာင္ မေသာက္မိဘူးဆိုရင္လည္း ေက်ာက္ကပ္ကိုမထိခိုက္နိုင္ပါဘူး။ ဒါေပမယ့္ ေရအရမ္းငတ္ေနခ်ိန္မွာ ေရမေသာက္ဘဲေနေနတာက ေသြးဖိအားကို တိုးေစျပီး ေက်ာက္ကပ္အတြင္းေသြးစီးဆင္းမႈကေမာက္ကမျဖစ္ေစပါတယ္။ အဲ့ဒါက သင့္ေက်ာက္ကပ္ထဲက ေသြးေၾကာေလးေတြကို ပ်က္စီးေစပါတယ္။
(၅) အကိုက္အခဲေပ်ာက္ေဆးမၾကာခဏေသာက္ျခင္း
အကိုက္အခဲေပ်ာက္ေဆးေတြ မၾကာမၾကာေသာက္တဲ့အခါ ေခါင္းကိုက္တာကို ပိုျဖစ္ေစနိုင္ျပီး ေက်ာက္ကပ္အတြက္လည္း အဆိပ္အေတာက္ျဖစ္ေစနိုင္တာေၾကာင့္ အကိုက္အခဲေပ်ာက္ေဆးေတြကို ခဏခဏေသာက္တဲ့ အက်င့္မလုပ္ပါနဲ႕။
(၆) ျဖည့္စြက္အားေဆးနဲ႕ေဆးျမီးတိုေတြ
ျဖည့္စြက္အားေဆးေတြက ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္ေတြကိုျဖည့္ေပးနိုင္တယ္ဆိုေပမယ့္ တကယ္တမ္းမွာ ေက်ာက္ကပ္ကို ထိခိုက္နိုင္တာေၾကာင့္ ျဖည့္စြက္အားေဆးေတြေသာက္မယ့္အစား အစားအေသာက္ကို အာဟာရျပည့္ဝေအာင္ေသခ်ာေလးစားေသာက္ေပးတာက သင့္အတြက္ ပိုေကာင္းပါတယ္။ ျပီးေတာ့ အရြက္မ်ိဳးစံုကိုၾကိတ္ျပီးေသာက္တာမ်ိဳး သဘာဝေဆးျမီးတိုေတြကလည္း ေက်ာက္ကပ္ကို ပ်က္စီးေစတာေၾကာင့္ အဲ့ဒါေတြကို ဆင္ျခင္သင့္ပါတယ္။
RAY
Credit:Aunty may
Unicodeဖြင့်ဖတ်ရန်
ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါတွေ ဖြစ်စေတာကြောင့် ဆင်ခြင်သင့်တဲ့ အမူအကျင့် (၆)မျိုး
ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကျောက်ကပ်ကောင်းဖို့လည်း အရမ်းအရေးကြီးပါတယ်။ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်လာရင် အလုပ်အကိုင်ပျက်တဲ့ အဆင့်ကနေ၊ လူမမာတစ်ယောက်လိုဖြစ်သွားနိုင်ပြီး၊ သေသည်အထိ အခြေအနေဆိုးရွားနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်လာနိုင်လို့ ကျောက်ကပ်ကျန်းမာအောင် အမြဲဂရုစိုက်ဖို့ လိုပါတယ်။ ဒါကြောင့် နေ့စဉ်အမူအကျင့်တွေထဲက ကျောက်ကပ်ပျက်စီးစေနိုင်လို့ ဆင်ခြင်သင့်တာလေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အသင့်စားအစားအစာတွေ အမြဲစားခြင်း
အသင့်စားအစားအစာတွေ စားတာများလာတဲ့အခါ ဆားနဲ့ချေဖျက်ဖို့ မလွယ်တဲ့ အဆီဓာတ်တွေက ဆီးထဲမှာစုလာပြီး ဆီးမှာ အနည်ထိုင်လာကာ ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။
(၂) သွေးတိုးတတ်ခြင်း
သွေးတိုးတတ်တဲ့သူတွေက ကျောက်ကပ်ရောဂါပိုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရုတ်တရက် သွေးဆောင့်တိုးတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေဆီသွေးပို့လွှတ်တဲ့သေးငယ်တဲ့ သွေးကြောလေးတွေ ပျက်စီးသွားနိုင်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ဆီသွေးပို့လွှတ်တဲ့သွေးကြောလေးတွေ ပျက်စီးသွားနိုင်တာကြောင့် တခြားအစိတ်အပိုင်းတွေထက် ကျောက်ကပ်ပျက်စီးမှုကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတတ်တဲ့သူတွေက ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့လိုပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်မယ်၊အဆုတ်ရောဂါဖြစ်မယ်လို့ သိထားကြပေမယ့် ကျောက်ကပ်ကိုလည်းပျက်စီးစေနိုင်တယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဆေးလိပ်မှာ ပါဝင်တဲ့ အဆိပ်အတောက်တွေက ကျောက်ကပ်ဆဲလ်တွေကို ပျက်စီးစေနိုင်တာကြောင့် ဆေးလိပ်ကို နှစ်ရှည်လများစွဲသောက်တဲ့သူတွေက ကျောက်ကပ်ရောဂါအမျိုးမျိုးဖြစ်နိုင်ချေပိုများပါတယ်။
(၄) ရေငတ်တဲ့အခါရေမသောက်ဘဲနေခြင်း
လူတစ်ယောက်က တစ်နေ့မှာ ရေ ၂ လီတာ ပုံမှန်သောက်ပေးဖို့ လိုတယ်ဆိုပေမယ့် သင့်အနေနဲ့ တစ်နေ့တာမှာ ရေ ၂ လီတာပြည့်အောင် မသောက်မိဘူးဆိုရင်လည်း ကျောက်ကပ်ကိုမထိခိုက်နိုင်ပါဘူး။ ဒါပေမယ့် ရေအရမ်းငတ်နေချိန်မှာ ရေမသောက်ဘဲနေနေတာက သွေးဖိအားကို တိုးစေပြီး ကျောက်ကပ်အတွင်းသွေးစီးဆင်းမှုကမောက်ကမဖြစ်စေပါတယ်။ အဲ့ဒါက သင့်ကျောက်ကပ်ထဲက သွေးကြောလေးတွေကို ပျက်စီးစေပါတယ်။
(၅) အကိုက်အခဲပျောက်ဆေးမကြာခဏသောက်ခြင်း
အကိုက်အခဲပျောက်ဆေးတွေ မကြာမကြာသောက်တဲ့အခါ ခေါင်းကိုက်တာကို ပိုဖြစ်စေနိုင်ပြီး ကျောက်ကပ်အတွက်လည်း အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်တဲ့ အကျင့်မလုပ်ပါနဲ့။
(၆) ဖြည့်စွက်အားဆေးနဲ့ဆေးမြီးတိုတွေ
ဖြည့်စွက်အားဆေးတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကိုဖြည့်ပေးနိုင်တယ်ဆိုပေမယ့် တကယ်တမ်းမှာ ကျောက်ကပ်ကို ထိခိုက်နိုင်တာကြောင့် ဖြည့်စွက်အားဆေးတွေသောက်မယ့်အစား အစားအသောက်ကို အာဟာရပြည့်ဝအောင်သေချာလေးစားသောက်ပေးတာက သင့်အတွက် ပိုကောင်းပါတယ်။ ပြီးတော့ အရွက်မျိုးစုံကိုကြိတ်ပြီးသောက်တာမျိုး သဘာဝဆေးမြီးတိုတွေကလည်း ကျောက်ကပ်ကို ပျက်စီးစေတာကြောင့် အဲ့ဒါတွေကို ဆင်ခြင်သင့်ပါတယ်။
RAY
Credit:Aunty may


မှတ်ချက်များ