အသက္ ၇၀ အ႐ြယ္ လူပ်ိဳႀကီးရဲ႕ အသည္းကို ေႁခြခ်ႏိုင္ခဲ့တဲ့ ေခးမေလး




Zawgyi ျဖင့္ဖတ္ရန္

အသက္ႀကီးတဲ့ အမ်ိဳးသားေတြနဲ႔ မိန္းကေလးငယ္ငယ္ေလးေတြ လက္ထပ္ၾကတဲ့သတင္းကို မၾကာခဏဆိုသလို ၾကားဖူးၾကမွာပါ။ ဒီလိုအမ်ိဳးသားေတြဟာ အမ်ားအားျဖင့္ေတာ့ သားႀကီး၊ သမီးႀကီး၊ အခ်ိဳ႕ဆိုရင္ ေျမးေတြေတာင္ ရွိေနတတ္ၾကပါတယ္။



ဒါေပမယ့္ ဒီတစ္ေယာက္ကေတာ့ အသက္ ၇၀ အ႐ြယ္ထိ လူပ်ိဳရည္မပ်က္ေသးတဲ့ တစ္ကိုယ္တည္း လူပ်ိဳႀကီးဘဝနဲ႔ စီးပြားေရးကိုပဲ လုံးပမ္းလာခဲ့တဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ သူနဲ႔အသက္ ၅၀ ကြာျခားတဲ့ မိန္းကေလးကို ေတြ႕လိုက္ရတဲ့အခ်ိန္မွာေတာ့ ႏွစ္ေပါင္းအေတာ္ၾကာထိန္းထားခဲ့တဲ့ လူပ်ိဳသိုးႀကီးဘဝကို ေပ်ာ္ေပ်ာ္ႀကီး စြန႔္လႊတ္လိုက္ပါတယ္။

အခုရက္ပိုင္းအတြင္းမွာ မဂၤလာေဆာင္သြားခဲ့တဲ့ ထိုင္းႏိုင္ငံက အသက္ ၇၀ အ႐ြယ္ သတို႔သားနဲ႔ အသက္ ၂၀ အ႐ြယ္ သတို႔သမီးေလးတို႔ရဲ႕ သတင္းနဲ႔ ဓါတ္ပုံေတြက အြန္လိုင္းေပၚမွာ လူေျပာမ်ားေနတဲ့ အေၾကာင္းအရာတစ္ခုအျဖစ္ ေရပန္းစားေနပါတယ္။




အမ်ိဳးသားႀကီးဟာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ လုပ္ငန္းရွင္သူေဌးႀကီးတစ္ဦး ျဖစ္ပါတယ္။ သတို႔သမီးေလးနဲ႔ စတင္ဆုံဆည္းခ်ိန္မွာ ႏွလုံးသားေတြ အရည္ေပ်ာ္က်ခဲ့ၿပီး ထိုင္းဘတ္ သန္း ၂၀ နဲ႔ေတာင္ တင္ေတာင္းခဲ့တာျဖစ္ပါတယ္။

သူတို႔ရဲ႕ ခမ္းနားလြန္းလွတဲ့ မဂၤလာပြဲကို တက္ေရာက္ခဲ့တဲ့ ႏွစ္ဖက္အသိုင္းအဝိုင္းက မိတ္ေဆြေတြ တင္ထားခဲ့တဲ့ ပုံေတြကေန အြန္လိုင္းေပၚပ်ံ႕ႏွံ႔ခဲ့တာျဖစ္ပါတယ္။



ဘယ္သူေတြ ဘယ္လိုပဲ ေဝဖန္ေနၾကပါေစ သူတို႔ႏွစ္ဦး အမွန္တစ္ကယ္ေပ်ာ္႐ႊင္ေနၾကတာကိုေတာ့ ဓါတ္ပုံေတြထဲမွာ အထင္းသားျမင္ေနရပါတယ္။ တစ္ကယ္ခ်စ္မိသြားရင္ အသက္အ႐ြယ္ဆိုတာ အတားအဆီးတစ္ခု မဟုတ္ဘူးဆိုတာ ဒါမ်ိဳးကို ေခၚသလားပါပဲ..။

Credit:popolay 



Unicode ဖြင့်ဖတ်ရန်

 အသက် ၇၀ အရွယ် လူပျိုကြီးရဲ့ အသည်းကို ခြွေချနိုင်ခဲ့တဲ့ ခေးမလေး

အသက်ကြီးတဲ့ အမျိုးသားတွေနဲ့ မိန်းကလေးငယ်ငယ်လေးတွေ လက်ထပ်ကြတဲ့သတင်းကို မကြာခဏဆိုသလို ကြားဖူးကြမှာပါ။ ဒီလိုအမျိုးသားတွေဟာ အများအားဖြင့်တော့ သားကြီး၊ သမီးကြီး၊ အချို့ဆိုရင် မြေးတွေတောင် ရှိနေတတ်ကြပါတယ်။



ဒါပေမယ့် ဒီတစ်ယောက်ကတော့ အသက် ၇၀ အရွယ်ထိ လူပျိုရည်မပျက်သေးတဲ့ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ စီးပွားရေးကိုပဲ လုံးပမ်းလာခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့အသက် ၅၀ ကွာခြားတဲ့ မိန်းကလေးကို တွေ့လိုက်ရတဲ့အချိန်မှာတော့ နှစ်ပေါင်းအတော်ကြာထိန်းထားခဲ့တဲ့ လူပျိုသိုးကြီးဘဝကို ပျော်ပျော်ကြီး စွန့်လွှတ်လိုက်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာ မင်္ဂလာဆောင်သွားခဲ့တဲ့ ထိုင်းနိုင်ငံက အသက် ၇၀ အရွယ် သတို့သားနဲ့ အသက် ၂၀ အရွယ် သတို့သမီးလေးတို့ရဲ့ သတင်းနဲ့ ဓါတ်ပုံတွေက အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာတစ်ခုအဖြစ် ရေပန်းစားနေပါတယ်။



အမျိုးသားကြီးဟာ အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦး ဖြစ်ပါတယ်။ သတို့သမီးလေးနဲ့ စတင်ဆုံဆည်းချိန်မှာ နှလုံးသားတွေ အရည်ပျော်ကျခဲ့ပြီး ထိုင်းဘတ် သန်း ၂၀ နဲ့တောင် တင်တောင်းခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ ခမ်းနားလွန်းလှတဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ နှစ်ဖက်အသိုင်းအဝိုင်းက မိတ်ဆွေတွေ တင်ထားခဲ့တဲ့ ပုံတွေကနေ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။



ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်နေကြပါစေ သူတို့နှစ်ဦး အမှန်တစ်ကယ်ပျော်ရွှင်နေကြတာကိုတော့ ဓါတ်ပုံတွေထဲမှာ အထင်းသားမြင်နေရပါတယ်။ တစ်ကယ်ချစ်မိသွားရင် အသက်အရွယ်ဆိုတာ အတားအဆီးတစ်ခု မဟုတ်ဘူးဆိုတာ ဒါမျိုးကို ခေါ်သလားပါပဲ..။

Credit:popolay 

မှတ်ချက်များ