Zawgyi ျဖင့္ဖတ္ရန္
-လွ်ပ္စစ္ဓါတ္လိုက္ျခင္းျဖစ္လွ်င္ လဲက်မည္။
-လူနာကို တိုက္႐ိုက္ဆြဲထုတ္ဖို႔ မႀကိဳးစားရ။
-မီးခလုပ္ ပိတ္ပါ။
-လူနာကို စစ္ေဆးပါ။ အသက္ရႉျခင္း၊ ေသြးခုန္ျခင္း၊
-လိုအပ္ပါက CPR (စီပီအာရ္) လုပ္ပါ။
အသက္မရႉလွ်င္ ပါးစပ္ျခင္းေတ့ၿပီး ေလမႈတ္သြင္းေပးပါ။ ႏွလုံးမခုန္လွ်င္ ရင္ပတ္ဖိနည္းလုပ္ပါ။ အကူအညီေတာင္းပါ။
-ႂကြက္သားေတြ ဆြဲဆန႔္ခံရမည္။
-တက္မည္၊
-ေရ-ဆား ခန္းေျခာက္မည္။
-အပူေလာင္ခံရမည္။
-က်ိဳးပဲ့မည္၊
-ေသြးခဲသြားမည္။
-(တစ္ရႉး)မ်ား ပ်က္စီးမည္။
-အသက္ရႉ-ႏွလုံးခုန္-ေက်ာက္ကပ္ ထိခိုက္မည္။
-မီးေလာင္နာကို ကုေပးပါ။
High Voltage စြမ္းအားမ်ား လွ်ပ္စစ္ကေန (၁၈) မီတာအထိ ခုန္ထြက္၊ ေကြးေကာက္သြားေစႏိုင္တယ္။ မီးလာရာကို မပိတ္မီ ျဖစ္သူအနားမကပ္ပါနဲ႔။ (၂၅) မီတာအကြာကေနပါ။ Low voltage စြမ္းအားနိမ့္ လွ်ပ္စစ္ကေနျဖစ္ရင္ ပင္မမီးခလုတ္ ပိတ္ပါ။ မီးႀကိဳးစတာေတြဖယ္ရွားပါ။ ကယ္မယ့္သူက ေျမႀကီးအစိုဓါတ္နဲ႔ ကင္းေအာင္ ေျခာက္ေသြ႕ သစ္သားျပား စကၠဴ၊ ရာဘာလိပ္၊ ျဖာ၊ ေကာ္ေဇာေပၚမွာ ေနရာယူပါ။ လွ်ပ္စစ္မလိုက္ႏိုင္ေသာ သစ္သား၊ ဝါး၊ တံျမက္စီး၊ သတင္းစာစကၠဴလိပ္၊ ပလပ္စတစ္စသည္ျဖင့္ ဖယ္ရွားျဖစ္ပါ။
လူနာအေျခအေနကို ခ်က္ခ်င္းစစ္ေဆးပါ။ နာမည္ေခၚပါ။ အသံက်ယ္က်ယ္ေမးပါ။ မ်က္လုံးဖြင့္ခိုင္းပါ။ အသံၾကားသလား ေမးပါ။ ကိုယ္ကိုလႈတ္ၾကည့္ပါ။ တတ္ကြၽမ္းအကူအညီ မလာမီ လူနာကို လိုအပ္မွသာ ေနရာေ႐ြ႕ပါ။
အသက္ရႉစစ္ေဆးျခင္း
ပါးစပ္ ႏွာေခါင္းမွာ ပိတ္ဆို႔ေနသလား စစ္ပါ။ ေမးကိုေရွ႕ (အေပၚ) မ တင္ပါ။ ေခါင္းေနာက္လွန္ထားပါ။ လည္ပင္း ေလႁပြန္တန္းၿပီး ေပၚလာေစရမည္။ အေပၚကေနက်လို႔ ခါး႐ိုးထိခိုက္တာလည္း သတိထားပါ။ အသက္ရႉေန မေန စစ္ေဆးပါ။ ရင္ပတ္နိမ့္ျမင့္ေန မေန။ အသက္ရႉသံ ၾကား မၾကား။ ႏွာေခါင္းဝကေန ေလအထြက္ မိမိလက္ဖမိုးနဲ႔ စမ္းပါ။ အသက္ရႉေနရင္ ေနရာမွန္ျပန္ထားပါ။ အသက္မရႉရင္ အသက္ရႉ CPR နည္းအရ ပါးစပ္ခ်င္းေတြၿပီး ေလသြင္းေပးပါ။
သတိလစ္ေနၿပီး အသက္မရႉရင္ ႏွလုံး CPR လုပ္ပါ။ လူနာကို ျပင္ညီမ်က္ႏွာျပင္ေပၚမွာထားပါ။ လူနာရင္ပတ္ အလယ္တည့္တည့္မွာ မိမိလက္ဖမိုးႏွစ္ခုထပ္တင္ၿပီး (၄-၅) စင္တီမီာနိမ့္က်ေစေအာင္ ဖိခ်ပါ။ တမိနစ္မွာအႀကိမ္ (၁ဝဝ) ႏႈန္း။ အႀကိမ္ (၃ဝ) ဖိခ်ၿပီးတိုင္း ယခင္းနည္းအတိုင္း အသက္ရႉလမ္းျပန္စစ္ပါ။ ႏွာေခါင္းကို မိမိလက္တဖက္နဲ႔ပိတ္ထားၿပီး ပါးစပက္ျခင္းေတ့ထားၿပီး ေလမႈတ္သြင္းပါ။ တႀကိမ္ေလသြင္းၿပီးတိုင္း အသက္ရႉပါ။ (၂) ႀကိမ္ ထိထိေရာက္ေရာက္ ေလမႈတ္သြင္းပါ။ ရင္ပတ္ နိမ့္ခ်ည္ျမင့္ခ်ည္မျဖစ္ေသးရင္ ရင္ပတ္ဖိနည္း (၃ဝ) ထပ္လုပ္ပါ။ ၁-၂-၃-၄-၅ တခ်ည္ (၆) ခါ။ မရေသးရင္ Defibrillation ကိရိယာသုံးဘို႔လိုလာၿပီ။
မီးေလာင္ဒဏ္ရာရွိရင္ သတိရေနသူကို ေရေအးနဲ႔ ၁ဝ မိနစ္ၾကာထိေတြ႕ေစပါ။ သတိလစ္ေနသူကို ေရေအးဝတ္ ကပ္ထားေပးပါ။ မီးေလာင္ဖုကို မေဖါက္ပါနဲ႔။ ေရွးဦးသူနာျပဳ ပိုးေသေဆးေဆးထည့္ေပးၿပီး ကပ္စရာနဲ႔ ဖုံးအုပ္ထားပါ။
ခြၽန္ထက္ရွတဲ့အရာေတြ ဖယ္ရွားပါ။ အနီးဆုံးလက္တဖက္ကို ကိုယ္နဲ႔ ၉ဝ ဒီဂရီထားပါ။ က်န္လက္တဖက္ကို ရင္ပတ္ေပၚတင္ထားပါ။ လက္ဖမိုးက ရင္ပတ္နဲ႔ ကပ္ပါေစ။ ဒူးကိုအေနေတာ္ျပင္ထားပါ။ တျခား ထိခိုက္ဒဏ္ရာစစ္ေဆးပါ။ ႂကြက္သားတုန္ခါမႈနဲ႔ တက္တာျဖစ္ႏိုင္တယ္။ ေခါင္းေအာက္က အေနေတာ္တခုခု ခံထားေပးပါ။ အဝတ္အစား အေနေတာ္ျပဳျပင္ေပးပါ။လူနာပါးစပ္ထဲ ဘာမွမထည့္ပါနဲ႔။ ေစာင္စတာ လိုအပ္ရင္ၿခဳံေပးပါ။
လူႀကီးမင္း လူ႔အသက္တေခ်ာင္းကို ကယ္လိုက္ၿပီ။ Well done.
Credit-Dr. တင့္ေဆြ
Unicode ဖြင့်ဖတ်ရန်
လျှပ်စစ်ဓါတ်လိုက်ခြင်းခံရသူအား ရှေးဦးသူနာပြုစုနည်း။ လြှပျစဈဓါတျလိုကျခွငျးခံရသူအား ရှေးဦးသူနာပွုစုနညျး။
-လျှပ်စစ်ဓါတ်လိုက်ခြင်းဖြစ်လျှင် လဲကျမည်။
-လူနာကို တိုက်ရိုက်ဆွဲထုတ်ဖို့ မကြိုးစားရ။
-မီးခလုပ် ပိတ်ပါ။
-လူနာကို စစ်ဆေးပါ။ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊
-လိုအပ်ပါက CPR (စီပီအာရ်) လုပ်ပါ။
အသက်မရှူလျှင် ပါးစပ်ခြင်းတေ့ပြီး လေမှုတ်သွင်းပေးပါ။ နှလုံးမခုန်လျှင် ရင်ပတ်ဖိနည်းလုပ်ပါ။ အကူအညီတောင်းပါ။
-ကြွက်သားတွေ ဆွဲဆန့်ခံရမည်။
-တက်မည်၊
-ရေ-ဆား ခန်းခြောက်မည်။
-အပူလောင်ခံရမည်။
-ကျိုးပဲ့မည်၊
-သွေးခဲသွားမည်။
-(တစ်ရှူး)များ ပျက်စီးမည်။
-အသက်ရှူ-နှလုံးခုန်-ကျောက်ကပ် ထိခိုက်မည်။
-မီးလောင်နာကို ကုပေးပါ။
High Voltage စွမ်းအားများ လျှပ်စစ်ကနေ (၁၈) မီတာအထိ ခုန်ထွက်၊ ကွေးကောက်သွားစေနိုင်တယ်။ မီးလာရာကို မပိတ်မီ ဖြစ်သူအနားမကပ်ပါနဲ့။ (၂၅) မီတာအကွာကနေပါ။ Low voltage စွမ်းအားနိမ့် လျှပ်စစ်ကနေဖြစ်ရင် ပင်မမီးခလုတ် ပိတ်ပါ။ မီးကြိုးစတာတွေဖယ်ရှားပါ။ ကယ်မယ့်သူက မြေကြီးအစိုဓါတ်နဲ့ ကင်းအောင် ခြောက်သွေ့ သစ်သားပြား စက္ကူ၊ ရာဘာလိပ်၊ ဖြာ၊ ကော်ဇောပေါ်မှာ နေရာယူပါ။ လျှပ်စစ်မလိုက်နိုင်သော သစ်သား၊ ဝါး၊ တံမြက်စီး၊ သတင်းစာစက္ကူလိပ်၊ ပလပ်စတစ်စသည်ဖြင့် ဖယ်ရှားဖြစ်ပါ။
လူနာအခြေအနေကို ချက်ချင်းစစ်ဆေးပါ။ နာမည်ခေါ်ပါ။ အသံကျယ်ကျယ်မေးပါ။ မျက်လုံးဖွင့်ခိုင်းပါ။ အသံကြားသလား မေးပါ။ ကိုယ်ကိုလှုတ်ကြည့်ပါ။ တတ်ကျွမ်းအကူအညီ မလာမီ လူနာကို လိုအပ်မှသာ နေရာရွေ့ပါ။
အသက်ရှူစစ်ဆေးခြင်း
ပါးစပ် နှာခေါင်းမှာ ပိတ်ဆို့နေသလား စစ်ပါ။ မေးကိုရှေ့ (အပေါ်) မ တင်ပါ။ ခေါင်းနောက်လှန်ထားပါ။ လည်ပင်း လေပြွန်တန်းပြီး ပေါ်လာစေရမည်။ အပေါ်ကနေကျလို့ ခါးရိုးထိခိုက်တာလည်း သတိထားပါ။ အသက်ရှူနေ မနေ စစ်ဆေးပါ။ ရင်ပတ်နိမ့်မြင့်နေ မနေ။ အသက်ရှူသံ ကြား မကြား။ နှာခေါင်းဝကနေ လေအထွက် မိမိလက်ဖမိုးနဲ့ စမ်းပါ။ အသက်ရှူနေရင် နေရာမှန်ပြန်ထားပါ။ အသက်မရှူရင် အသက်ရှူ CPR နည်းအရ ပါးစပ်ချင်းတွေပြီး လေသွင်းပေးပါ။
သတိလစ်နေပြီး အသက်မရှူရင် နှလုံး CPR လုပ်ပါ။ လူနာကို ပြင်ညီမျက်နှာပြင်ပေါ်မှာထားပါ။ လူနာရင်ပတ် အလယ်တည့်တည့်မှာ မိမိလက်ဖမိုးနှစ်ခုထပ်တင်ပြီး (၄-၅) စင်တီမီာနိမ့်ကျစေအောင် ဖိချပါ။ တမိနစ်မှာအကြိမ် (၁ဝဝ) နှုန်း။ အကြိမ် (၃ဝ) ဖိချပြီးတိုင်း ယခင်းနည်းအတိုင်း အသက်ရှူလမ်းပြန်စစ်ပါ။ နှာခေါင်းကို မိမိလက်တဖက်နဲ့ပိတ်ထားပြီး ပါးစပက်ခြင်းတေ့ထားပြီး လေမှုတ်သွင်းပါ။ တကြိမ်လေသွင်းပြီးတိုင်း အသက်ရှူပါ။ (၂) ကြိမ် ထိထိရောက်ရောက် လေမှုတ်သွင်းပါ။ ရင်ပတ် နိမ့်ချည်မြင့်ချည်မဖြစ်သေးရင် ရင်ပတ်ဖိနည်း (၃ဝ) ထပ်လုပ်ပါ။ ၁-၂-၃-၄-၅ တချည် (၆) ခါ။ မရသေးရင် Defibrillation ကိရိယာသုံးဘို့လိုလာပြီ။
မီးလောင်ဒဏ်ရာရှိရင် သတိရနေသူကို ရေအေးနဲ့ ၁ဝ မိနစ်ကြာထိတွေ့စေပါ။ သတိလစ်နေသူကို ရေအေးဝတ် ကပ်ထားပေးပါ။ မီးလောင်ဖုကို မဖေါက်ပါနဲ့။ ရှေးဦးသူနာပြု ပိုးသေဆေးဆေးထည့်ပေးပြီး ကပ်စရာနဲ့ ဖုံးအုပ်ထားပါ။
ချွန်ထက်ရှတဲ့အရာတွေ ဖယ်ရှားပါ။ အနီးဆုံးလက်တဖက်ကို ကိုယ်နဲ့ ၉ဝ ဒီဂရီထားပါ။ ကျန်လက်တဖက်ကို ရင်ပတ်ပေါ်တင်ထားပါ။ လက်ဖမိုးက ရင်ပတ်နဲ့ ကပ်ပါစေ။ ဒူးကိုအနေတော်ပြင်ထားပါ။ တခြား ထိခိုက်ဒဏ်ရာစစ်ဆေးပါ။ ကြွက်သားတုန်ခါမှုနဲ့ တက်တာဖြစ်နိုင်တယ်။ ခေါင်းအောက်က အနေတော်တခုခု ခံထားပေးပါ။ အဝတ်အစား အနေတော်ပြုပြင်ပေးပါ။လူနာပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။ စောင်စတာ လိုအပ်ရင်ခြုံပေးပါ။
လူကြီးမင်း လူ့အသက်တချောင်းကို ကယ်လိုက်ပြီ။ Well done.
Credit-Dr. တင့်ဆွေ


မှတ်ချက်များ