အဆီက်ေဆးေသာက္ျခင္းေၾကာင့္ ရလာႏိုင္တဲ့ ေၾကာက္မက္ဖြယ္ ေဘးထြက္ဆိုးက်ိဳး (၅)ခု
Zawgyiျဖင့္ဖတ္ရန္
ဝိတ္ခ်တဲ့ နည္းလမ္းအမ်ိဳးမ်ိဳး ရွိတဲ့အထဲမွာ အဆီက်ေဆးေသာက္ျပီး ဝိတ္ခ်တာက ဝိတ္ျမန္ျမန္က်တာေၾကာင့္ လူၾကိဳက္မ်ားတဲ့ နည္းတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ေစ်းကြက္ထဲမွာရွိေနတဲ့ေဆးေတြက က်န္းမာေရးနဲ႕ ကိုက္ညီမႈရွိမရွိ မေသခ်ာတဲ့အျပင္ ေဘးထြက္ဆိုးက်ိဳးလည္း မ်ားပါတယ္။ ဒါေၾကာင့္ အားလံုးသတိထားဆင္ျခင္နိုင္ဖို႕ အဆီက်ေဆးေသာက္ျခင္းေၾကာင့္ ရလာနိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) အသည္းကို ပ်က္စီးေစတယ္
အဆီက်ေဆးမွာပါတဲ့ အဆီေတြကိုေလာင္ကြ်မ္းေစတဲ့ ဓာတ္တစ္မ်ိဳးက အသည္းကို ဖြဲ႕စည္္းထားတဲ့ ဆဲလ္ေတြကိုပါ ပ်က္စီးသြားေစနိုင္ပါတယ္။ စေသာက္ေသာက္ခ်င္းမွာ မသိသာေပမယ့္ ေသာက္တာမ်ားလာတဲ့အခါ အသည္းက သိသိသာသာပ်က္စီးလာပါလိမ့္မယ္။
(၂) ေက်ာက္ကပ္ေရာဂါေတြျဖစ္ေစနိုင္တယ္
အဆီက်ေဆးေတြက Hydroxycut products ေတြျဖစ္တာမို႕ ေက်ာက္ကပ္ကို ဒုကၡေပးနိုင္ျပီး ေက်ာက္ကပ္ေက်ာက္တည္တာအပါအဝင္၊ ေက်ာက္ကပ္ေရာဂါအမ်ိဳးမ်ိဳးကို ျဖစ္ေစနိုင္ပါတယ္။
(၃) ညဘက္အိပ္မေပ်ာ္တာျဖစ္ေစနိုင္တယ္
အဆီက်ေဆးမွာ ပါဝင္တဲ့ ဓာတ္ေတြက ခႏၶာကိုယ္ထဲက ဇီဝျဖစ္ပ်က္မႈကို ကေမာက္ကမျဖစ္ေစတာေၾကာင့္ အစားအေသာက္ပ်က္ရံုတင္မကဘဲ အိပ္ေရးလည္းပ်က္ေစပါတယ္။ ၾကာလာရင္ ေရရွည္အိပ္မေပ်ာ္တဲ့ေရာဂါေတာင္ စြဲကပ္သြားေစနိုင္ပါတယ္။
(၄) နွလံုးခုန္ျမန္ျပီး ေသြးတိုးေစနိုင္တယ္
အဆီက်ေဆးေသာက္တဲ့အခါ နွလံုးခုန္ႏႈန္းကို ပံုမွန္ထက္ပိုျမန္ေစနိုင္ျပီး ေသြးတိုးေစတာေၾကာင့္ ေခါင္းကိုက္ေရာဂါစြဲကပ္ေစပါတယ္။
(၅) အစာေဟာင္းအိမ္ ေသြးယိုစီးမႈျဖစ္နိုင္တယ္
အဆီက်ေဆးေတြမွာ Phentermine ပါဝင္တာေၾကာင့္ ေသာက္တာမ်ားလာရင္ အစာေဟာင္းအိမ္ ေသြးယိုစီးမႈကိုျဖစ္ေစျပီး ဝမ္းသြားရင္ ေသြးပါလာေစနိုင္ပါတယ္။ ဓမၼတာမမွန္တာကိုလည္းျဖစ္ေစနိုင္ျပီး အလြန္အမင္း အားနည္းတာ၊ ေခါင္းမူးတာေတြျဖစ္တတ္ပါတယ္။
RAY
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
အဆီကျဆေးသောက်ခြင်းကြောင့် ရလာနိုင်တဲ့ ကြောက်မက်ဖွယ် ဘေးထွက်ဆိုးကျိုး (၅)ခု
ဝိတ်ချတဲ့ နည်းလမ်းအမျိုးမျိုး ရှိတဲ့အထဲမှာ အဆီကျဆေးသောက်ပြီး ဝိတ်ချတာက ဝိတ်မြန်မြန်ကျတာကြောင့် လူကြိုက်များတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာရှိနေတဲ့ဆေးတွေက ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိမရှိ မသေချာတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်း များပါတယ်။ ဒါကြောင့် အားလုံးသတိထားဆင်ခြင်နိုင်ဖို့ အဆီကျဆေးသောက်ခြင်းကြောင့် ရလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အသည်းကို ပျက်စီးစေတယ်
အဆီကျဆေးမှာပါတဲ့ အဆီတွေကိုလောင်ကျွမ်းစေတဲ့ ဓာတ်တစ်မျိုးက အသည်းကို ဖွဲ့စည်းထားတဲ့ ဆဲလ်တွေကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ စသောက်သောက်ချင်းမှာ မသိသာပေမယ့် သောက်တာများလာတဲ့အခါ အသည်းက သိသိသာသာပျက်စီးလာပါလိမ့်မယ်။
(၂) ကျောက်ကပ်ရောဂါတွေဖြစ်စေနိုင်တယ်
အဆီကျဆေးတွေက Hydroxycut products တွေဖြစ်တာမို့ ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပြီး ကျောက်ကပ်ကျောက်တည်တာအပါအဝင်၊ ကျောက်ကပ်ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
(၃) ညဘက်အိပ်မပျော်တာဖြစ်စေနိုင်တယ်
အဆီကျဆေးမှာ ပါဝင်တဲ့ ဓာတ်တွေက ခန္ဓာကိုယ်ထဲက ဇီဝဖြစ်ပျက်မှုကို ကမောက်ကမဖြစ်စေတာကြောင့် အစားအသောက်ပျက်ရုံတင်မကဘဲ အိပ်ရေးလည်းပျက်စေပါတယ်။ ကြာလာရင် ရေရှည်အိပ်မပျော်တဲ့ရောဂါတောင် စွဲကပ်သွားစေနိုင်ပါတယ်။
(၄) နှလုံးခုန်မြန်ပြီး သွေးတိုးစေနိုင်တယ်
အဆီကျဆေးသောက်တဲ့အခါ နှလုံးခုန်နှုန်းကို ပုံမှန်ထက်ပိုမြန်စေနိုင်ပြီး သွေးတိုးစေတာကြောင့် ခေါင်းကိုက်ရောဂါစွဲကပ်စေပါတယ်။
(၅) အစာဟောင်းအိမ် သွေးယိုစီးမှုဖြစ်နိုင်တယ်
အဆီကျဆေးတွေမှာ Phentermine ပါဝင်တာကြောင့် သောက်တာများလာရင် အစာဟောင်းအိမ် သွေးယိုစီးမှုကိုဖြစ်စေပြီး ဝမ်းသွားရင် သွေးပါလာစေနိုင်ပါတယ်။ ဓမ္မတာမမှန်တာကိုလည်းဖြစ်စေနိုင်ပြီး အလွန်အမင်း အားနည်းတာ၊ ခေါင်းမူးတာတွေဖြစ်တတ်ပါတယ်။
RAY
Credit:Shwemom


မှတ်ချက်များ