ေဖေဖေလာက္ေခ်ာျပီး ပညာထူးခၽြန္မွ ကိုယ့္ဘဝထဲကိုဝင္လာခဲ့ပါဆိုတဲ့ သင္ဇာဝင့္ေက်ာ္
Zawgyiျဖင့္ဖတ္ရန္
ရွင္းလင္းေျပျပစ္တဲ့ မ်က္နွာေလးနဲ့ အျပစ္ဆုိစရာမရိွေလာက္ေအာင္လွပလြန္းတဲ့ မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္က အနုပညာေလာကရဲ့ ေအာင္ျမင္တဲ့ ၾကယ္ပြင့္တစ္ပြင့္ပါပဲ။ သင္ဇာဝင့္ေက်ာ္က ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကား ေတာ္ေတာ္မ်ားမွာ သရုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈေတြကို ရရိွပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ရဲ့ သူမ်ားနဲ့မတူတဲ့ အမိုက္စားဖက္ရွင္ေတြကိုလည္း ပရိသတ္ေတြက စိတ္ဝင္တစား ေစာင့္ၾကည့္အားေပးၾကပါတယ္။
သင္ဇာဝင့္ေက်ာ္က လက္ရိွမွာ အသက္ သံုးဆယ္ေက်ာ္အရြယ္ကို ေရာက္ရိွေနျပီျဖစ္ျပီး အိမ္ေထာင္မျပုေသးပဲ မိသားစုေတြနဲ့သာ ေနထိုင္ရင္း အနုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနတဲ့ တစ္ကိုယ္တည္း အပ်ိဳၾကီးတစ္ေယာက္ ျဖစ္ပါတယ္။
ဒီေန့မွာေတာ့ သင္ဇာဝင့္ေက်ာ္က သူမေဖေဖရဲ့ ငယ္ဘဝပံုေလးေတြကို ပရိသတ္ေတြအတြက္ မွ်ေဝေပးရင္း "ကိုယ့္အေဖလိုေခ်ာၿပီး ပညာထူးခြၽန္မွ ဘဝထဲဝင္ခဲ့ပါ။" ဆိုျပီး စေနာက္ ေျပာဆိုထားပါတယ္။
သင္ဇာဝင့္ေက်ာ္ရဲ့ ေဖေဖက သူတို့ေခတ္အခါက လူရည္ခၽြန္ဆုကို နွစ္ခါတိတိရရိွထားသူျဖစ္ျပီး လက္ရိွမွာလည္း အင္ဂ်ီနီယာတစ္ေယာက္အျဖစ္ အလုပ္ေတြ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။
သင္ဇာဝင့္ေက်ာ္ကေတာ့ ေဖေဖခ်စ္တဲ့ သမီးေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဘယ္မိန္းကေလးမဆို အိမ္ေထာင္ဖက္ေရြးခ်ယ္တဲ့အခါ ကိုယ့္ရဲ့အားကိုးရာ ေဖေဖလိုလူမ်ိဳးကို ရခ်င္တာ သဘာဝပါပဲ။ သင္ဇာတစ္ေယာက္ ရုပ္ေခ်ာျပီး အရည္အခ်င္းရိွတဲ့ အိမ္ေထာင္ဖက္မ်ိဳးကို ပိုင္ဆိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။
Rowena
Source: Thin Zar Wint Kyaw's fb
Credit:Mia (Momolay)
Unicodeဖြင့်ဖတ်ရန်
ဖေဖေလောက်ချောပြီး ပညာထူးချွန်မှ ကိုယ့်ဘဝထဲကိုဝင်လာခဲ့ပါဆိုတဲ့ သင်ဇာဝင့်ကျော်
ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလေးနဲ့ အပြစ်ဆိုစရာမရှိလောက်အောင်လှပလွန်းတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကရဲ့ အောင်မြင်တဲ့ ကြယ်ပွင့်တစ်ပွင့်ပါပဲ။ သင်ဇာဝင့်ကျော်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တော်တော်များမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ သူများနဲ့မတူတဲ့ အမိုက်စားဖက်ရှင်တွေကိုလည်း ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။
သင်ဇာဝင့်ကျော်က လက်ရှိမှာ အသက် သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အိမ်ထောင်မပြုသေးပဲ မိသားစုတွေနဲ့သာ နေထိုင်ရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ တစ်ကိုယ်တည်း အပျိုကြီးတစ်ယောက် ဖြစ်ပါတယ်။
ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမဖေဖေရဲ့ ငယ်ဘဝပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးရင်း "ကိုယ့်အဖေလိုချောပြီး ပညာထူးချွန်မှ ဘဝထဲဝင်ခဲ့ပါ။" ဆိုပြီး စနောက် ပြောဆိုထားပါတယ်။
သင်ဇာဝင့်ကျော်ရဲ့ ဖေဖေက သူတို့ခေတ်အခါက လူရည်ချွန်ဆုကို နှစ်ခါတိတိရရှိထားသူဖြစ်ပြီး လက်ရှိမှာလည်း အင်ဂျီနီယာတစ်ယောက်အဖြစ် အလုပ်တွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ ဖေဖေချစ်တဲ့ သမီးလေးတစ်ယောက် ဖြစ်ပါတယ်။ ဘယ်မိန်းကလေးမဆို အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့အားကိုးရာ ဖေဖေလိုလူမျိုးကို ရချင်တာ သဘာဝပါပဲ။ သင်ဇာတစ်ယောက် ရုပ်ချောပြီး အရည်အချင်းရှိတဲ့ အိမ်ထောင်ဖက်မျိုးကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Rowena
Source: Thin Zar Wint Kyaw's fb
Credit:Mia (Momolay)



မှတ်ချက်များ