Zawgyiဖြင့်ဖတ်ရန်
Rowena
Source: Si Phyo's fb
Credit:Mia (Momolay)
Unicodeဖြင့်ဖတ်ရန်
သိန်း(၁၄၀၀) အသုံးပြုပြီး လူနာ(၃၀၀)ကျော်ကို အခမဲ့စရိတ်ငြိမ်း မျက်စိခွဲစိတ်ကုသပေးခဲ့တဲ့ စည်ဖြိုးတို့ မိသားစု
နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်တဲ့ စည်ဖြိုးက ရုပ်ရှင်၊ ဗီဒီယို ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်း ပရိသတ်တွေများစွာရဲ့ အားပေးခြင်းကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ စည်ဖြိုးက လက်ရှိအချိန်မှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း မိသားစုတွေကို အချိန်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စည်ဖြိုးက သူတို့မိသားစုရဲ့ အလှူလေးကို အခုလိုပဲ ပြောပြထားပါတယ်။
"ဘိုးဘိုးကြီးနဲ့ အန်တီမဆွေဆွေဝင်းတို့ကို ရည်စူးပြီးတော့ ပုသိမ်မြို့ တိုက်ကြီးကျောင်းတိုက် ET Foundation မျက်စိဆေးရုံမှာ လူနာ ၃၀၀ ကျော်ကို အခမဲ့ စရိတ်ငြိမ်း ခွဲစိတ်ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။"
"ကျန်ရစ်သူအဖွား ဒေါ ်သန်းအေးမှလည်း ဓာတ်လှေခါး ဆောက်လုပ်ရန်ကျပ် သိန်း ၂၀၀ ပါဝင်မတည်ခဲ့ပါတယ် ... ကျန်းမာ ချမ်းသာ ချစ်ကြပါ။ " ဆိုပြီး သူ့ရဲ့ ေ့ဖစ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာ ဖြစ်ပါတယ်။
မျက်စိခွဲစိတ်ကုသဖို့ ရောက်ရှိလာတဲ့ လူနာတွေ အများကြီးပဲနော် ❤️🙏
သရုပ်ဆောင် စည်ဖြိုးတို့မိသားစုက မျက်စိအလင်းဒါနအလှူတော်အတွက် မြန်မာငွေ ကျပ်သိန်း (၁၄၀၀) ကျော် အကုန်အကျခံပြီး လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။
စည်ဖြိုးတို့မိသားစုကတော့ မျက်စိဝေဒနာရှင် (၃၀၀) ကျော်အတွက် အခမဲ့ ခွဲစိတ်ကုသပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးတို့ မိသားစုရဲ့ အလှူလေးကိုကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေနော်။
Rowena
Source: Si Phyo's fb
Credit:Mia (Momolay)
မှတ်ချက်များ