မ်က္ႏွာခြဲစိတ္ျပဳျပင္ထားတာလားလို႔ ပရိသတ္ေတြအၾကားမွာ ေ၀ခြဲရခက္ေစခဲ႔ဖူးတဲ႔ Ji Chang Wook
Zawgyiျဖင့္ဖတ္ရန္
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ၾကီးမင္းသားတစ္လက္ျဖစ္တဲ႔ Ji Chang Wook ဟာဆိုရင္ သူ႕ရဲ႕ ေျပာင္ေျမာက္ျပီး သဘာ၀က်တဲ႔သရုပ္ေဆာင္စြမ္းရည္နဲ႔ ေယာက်ာ္းပီသစြာ ၾကည္႔ေကာင္းေခ်ာေမာမွုေတြေၾကာင္႔ ႏွဳတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္မင္းသားအျဖစ္နဲ႔ ရပ္တည္ေအာင္ျမင္ေနသူ ျဖစ္ပါတယ္။ သူ႕ရဲ႕ ၾကည္႔ေကာင္းလွတဲ႔ ရုပ္ရည္ဟာ ခြဲစိတ္ျပဳျပင္ထားတာဆိုတဲ႔ သတင္းေတြ၊ ပုံေတေြထြက္လာျပီးတဲ႔ေနာက္မွာေတာင္မွ ပရိသတ္ေတြရဲ႕ အားေပးၾကိဳက္ႏွစ္သက္မွုက ေလ်ာ႔က်သြားျခင္းမရွိပဲ ပိုျပီးလို႔ေတာင္မွ ၾကည္႔ေကာင္းတယ္လို႔ ကိုရီးယားလူမ်ိုးပရိသတ္ေတြက မွတ္ခ်က္ေပးခဲ႔ပါတယ္။
ဒီလိုဆိုရင္ Ji Chang Wook ရဲ႕ ေခ်ာေမာၾကည္႔ေကာင္းတဲ႔ ရုပ္ရည္ဟာ တကယ္ပဲ ခြဲစိတ္ျပုျပင္ျပီးထားတာလားဆိုတာကို တစ္ခ်က္ေလာက္ ေလ႔လာၾကည႔္လိုက္ၾကရေအာင္။ Ji Chang Wook ဟာ စတင္ပြဲထြက္ခဲ႔တဲ႔ ၂၀၀၈ ခုႏွစ္ကတည္းက သူ႕ရဲ႕ ေခ်ာေမာတဲ႔ရုပ္ရည္ေၾကာင္႔ ပရိသတ္ေတြရဲ႕အၾကားမွာ ခ်က္ခ်င္းဆိုသလိုစိတ္၀င္စားခဲ႔ၾကတာကို ရရွိခဲ႔ဖူးပါတယ္။
အဲဒီအခ်ိန္ကတည္းက မ်က္ရစ္ရွိ ၂ ထပ္ရွိတဲ႔သူဟာ ၾကည္႔ေကာင္းတဲ႔ႏွာတံကိုလည္း ပိုင္ဆုိုင္ထားခဲ႔သူ ျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္မွာေတာ႔ Smile Again ဇာတ္လမ္းတြဲမွာ ပထမဆံုးအေနနဲ႔ အဓိကမင္းသားေနရာကေန ပါ၀င္ခဲ႔ရျပီး အဲဒီအခ်ိန္မွာလည္း ပြဲထြက္တုန္းကပံုစံနဲ႔ ကြဲျပားမွုမရွိဘူးဆိုတာကို ေတြ႕ျမင္ရမွာပါ။
ေနာက္ပိုင္းမွာေတာ႔ သူဟာ တျဖည္းျဖည္းနဲ႔ ပရိသတ္ေတြရဲ႕ လက္ခံအားေပးမွုေတြကိုရရွိခဲ႔ျပီး ၂၀၁၃ ခုႏွစ္မွာရိုက္ကူးခဲ႔တဲ႔ Empress Ki ဇာတ္လမ္းတြဲမွာေတာ႔ ႏိုင္ငံတကာက ပရိသတ္ေတြရဲ႕ အားေပးၾကိိဳက္ႏွစ္သက္မွုေတြကိုရရွိခဲ႔ပါတယ္။ ဒီဇာတ္ကားမွာေတာ႔ ပရိသတ္ေတြဟာ Ji Chang Wook ရဲ႕ႏွာတံက အရင္ကထက္ အနည္းငယ္ေျပာင္းလဲမွုရွိေနတာကို သေဘာေပါက္ခဲ႔ပါတယ္။
အဲဒီအခါမွာေတာ႔ Ji Chang Wook တစ္ေယာက္ မ်က္ႏွာခြဲစိတ္ျပဳျပင္မွုေတြလုပ္ထားတယ္ဆိုတဲ႔ သတင္းေတြဟာထြက္ေပၚလို႔လာခဲ႔ပါေတာ႔တယ္။ ဒါေပမယ္႔လည္း နာမည္က က်ဆင္းသြားျခင္းမရွိတဲ႔အျပင္ ပိုလို႔ေတာင္မွ ေအာင္ျမင္ကာ ၾကည္႔ေကာင္းေခ်ာေမာလာခဲ႔ျပီး ပရိသတ္သန္းေပါင္းမ်ားစြာရဲ႕ စိတ္ကူးယဥ္မင္းသား ျဖစ္လာခဲ႔ပါတယ္။
သူ ပါ၀င္သရုပ္ေဆာင္ခဲ႔တဲ႔ "The Healer", "The K2", "Suspicious Partner" နဲ႔ " Fabricated City" အစရွိတဲ႔ နာမည္ၾကီးဇာတ္ကားေတြမွာဆိုရင္ သူ႕ရဲ႕ ေယာက်ာ္းပီသျပီး ဆြဲေဆာင္မွုအျပည္႔နဲ႔ ေခ်ာေမာေနမွုေတြကို ေတြ႕ျမင္ရမွာပါ။
သူ႕အေနနဲ႔ မ်က္ႏွာခြဲစိတ္ျပဳျပင္ထားတယ္လို႔ တရား၀င္ထုတ္မေျပာထားေပမယ္႔လည္း ပရိသတ္ေတြက သူ႕ရဲ႕ အရင္တုန္းကပံုေတြနဲ႔ လက္ရွိပံုေတြကို ယွဥ္ၾကည္႔ျပီး ျပဳျပင္ထားတာေသခ်ာတယ္လို႔ မွတ္ခ်က္ျပဳထားၾကျပီး ေ၀ခြဲရလည္းခက္ခဲ႔ဖူးၾကပါတယ္။
Ji Chang Wook တစ္ေယာက္ တကယ္ပဲ မ်က္ႏွာခြဲစိတ္ျပဳျပင္ထားလား၊ မျပဳျပင္ထားဘူးလားဆိုတာက မေသခ်ာေပမယ္႔လည္း အခုေခတ္မွာက သာမန္လူေတြေတာင္မွ မိမိတို႔ရဲ႕ မ်က္ႏွာအစိတ္အပိုင္းေတြကို ခြဲစိတ္ျပဳျပင္ေနၾကတာမုိ႔လို႔ တကယ္ပဲ Ji Chang Wook အေနနဲ႔ ခြဲစိတ္ျပုျပင္ထားတယ္ဆိုရင္ေတာင္မွ အ႔ံၾသစရာေတာ႔ ဟုတ္မယ္မထင္ပါဘူး။
Ref : Koreaboo
Credit:Mia (Momolay)
Unicodeဖြင့်ဖတ်ရန်
မျက်နှာခွဲစိတ်ပြုပြင်ထားတာလားလို့ ပရိသတ်တွေအကြားမှာ ဝေခွဲရခက်စေခဲ့ဖူးတဲ့ Ji Chang Wook
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Ji Chang Wook ဟာဆိုရင် သူ့ရဲ့ ပြောင်မြောက်ပြီး သဘာဝကျတဲ့သရုပ်ဆောင်စွမ်းရည်နဲ့ ယောကျာ်းပီသစွာ ကြည့်ကောင်းချောမောမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်မင်းသားအဖြစ်နဲ့ ရပ်တည်အောင်မြင်နေသူ ဖြစ်ပါတယ်။ သူ့ရဲ့ ကြည့်ကောင်းလှတဲ့ ရုပ်ရည်ဟာ ခွဲစိတ်ပြုပြင်ထားတာဆိုတဲ့ သတင်းတွေ၊ ပုံတေေွထွက်လာပြီးတဲ့နောက်မှာတောင်မှ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုက လျော့ကျသွားခြင်းမရှိပဲ ပိုပြီးလို့တောင်မှ ကြည့်ကောင်းတယ်လို့ ကိုရီးယားလူမျိုးပရိသတ်တွေက မှတ်ချက်ပေးခဲ့ပါတယ်။
ဒီလိုဆိုရင် Ji Chang Wook ရဲ့ ချောမောကြည့်ကောင်းတဲ့ ရုပ်ရည်ဟာ တကယ်ပဲ ခွဲစိတ်ပြုပြင်ပြီးထားတာလားဆိုတာကို တစ်ချက်လောက် လေ့လာကြည့်လိုက်ကြရအောင်။ Ji Chang Wook ဟာ စတင်ပွဲထွက်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက သူ့ရဲ့ ချောမောတဲ့ရုပ်ရည်ကြောင့် ပရိသတ်တွေရဲ့အကြားမှာ ချက်ချင်းဆိုသလိုစိတ်ဝင်စားခဲ့ကြတာကို ရရှိခဲ့ဖူးပါတယ်။
အဲဒီအချိန်ကတည်းက မျက်ရစ်ရှိ ၂ ထပ်ရှိတဲ့သူဟာ ကြည့်ကောင်းတဲ့နှာတံကိုလည်း ပိုင်ဆိုင်ထားခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ Smile Again ဇာတ်လမ်းတွဲမှာ ပထမဆုံးအနေနဲ့ အဓိကမင်းသားနေရာကနေ ပါဝင်ခဲ့ရပြီး အဲဒီအချိန်မှာလည်း ပွဲထွက်တုန်းကပုံစံနဲ့ ကွဲပြားမှုမရှိဘူးဆိုတာကို တွေ့မြင်ရမှာပါ။
နောက်ပိုင်းမှာတော့ သူဟာ တဖြည်းဖြည်းနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကိုရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Empress Ki ဇာတ်လမ်းတွဲမှာတော့ နိုင်ငံတကာက ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုတွေကိုရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ပရိသတ်တွေဟာ Ji Chang Wook ရဲ့နှာတံက အရင်ကထက် အနည်းငယ်ပြောင်းလဲမှုရှိနေတာကို သဘောပေါက်ခဲ့ပါတယ်။
အဲဒီအခါမှာတော့ Ji Chang Wook တစ်ယောက် မျက်နှာခွဲစိတ်ပြုပြင်မှုတွေလုပ်ထားတယ်ဆိုတဲ့ သတင်းတွေဟာထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း နာမည်က ကျဆင်းသွားခြင်းမရှိတဲ့အပြင် ပိုလို့တောင်မှ အောင်မြင်ကာ ကြည့်ကောင်းချောမောလာခဲ့ပြီး ပရိသတ်သန်းပေါင်းများစွာရဲ့ စိတ်ကူးယဉ်မင်းသား ဖြစ်လာခဲ့ပါတယ်။
သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ "The Healer", "The K2", "Suspicious Partner" နဲ့ " Fabricated City" အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာဆိုရင် သူ့ရဲ့ ယောကျာ်းပီသပြီး ဆွဲဆောင်မှုအပြည့်နဲ့ ချောမောနေမှုတွေကို တွေ့မြင်ရမှာပါ။
သူ့အနေနဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတယ်လို့ တရားဝင်ထုတ်မပြောထားပေမယ့်လည်း ပရိသတ်တွေက သူ့ရဲ့ အရင်တုန်းကပုံတွေနဲ့ လက်ရှိပုံတွေကို ယှဉ်ကြည့်ပြီး ပြုပြင်ထားတာသေချာတယ်လို့ မှတ်ချက်ပြုထားကြပြီး ဝေခွဲရလည်းခက်ခဲ့ဖူးကြပါတယ်။
Ji Chang Wook တစ်ယောက် တကယ်ပဲ မျက်နှာခွဲစိတ်ပြုပြင်ထားလား၊ မပြုပြင်ထားဘူးလားဆိုတာက မသေချာပေမယ့်လည်း အခုခေတ်မှာက သာမန်လူတွေတောင်မှ မိမိတို့ရဲ့ မျက်နှာအစိတ်အပိုင်းတွေကို ခွဲစိတ်ပြုပြင်နေကြတာမို့လို့ တကယ်ပဲ Ji Chang Wook အနေနဲ့ ခွဲစိတ်ပြုပြင်ထားတယ်ဆိုရင်တောင်မှ အံ့သြစရာတော့ ဟုတ်မယ်မထင်ပါဘူး။
Ref : Koreaboo
Credit:Mia (Momolay)



မှတ်ချက်များ