ျမန္မာႏိုင္ငံဟာ ဓါတုလက္နက္ေတြ သိုေလွာင္ထားေနဆဲျဖစ္ေၾကာင္း ဝါရွင္တန္စြပ္စြဲ
Zawgyi ျဖင့္ဖတ္ရန္
ျမန္မာႏိုင္ငံအေနနဲ႔ ဓါတုလက္နက္ကင္းစင္ေရးညီလာခံကို အေရးမစိုက္တာဟာ ၁၉၈၀ ခုႏွစ္မ်ားဆီက ဓါတုလက္နက္ အႂကြင္းအက်န္မ်ားအား သိမ္းဆည္းထားဆဲ ျဖစ္ႏိုင္ေၾကာင္း ၿပီးခဲ့တဲ့ တနလၤာေန႔က အေမရိကန္ႏိုင္ငံ ဝါရွင္တန္က စြပ္စြဲေျပာဆိုလိုက္ပါတယ္။
ယခင္က သမိုင္းဝင္ေရွးေဟာင္း အေဆာက္အဦးတစ္ခုမွာ အဆိပ္ဓါတ္ေငြ႕ ထုတ္လုပ္ခဲ့ဖူးၿပီး လက္ရွိအခ်ိန္ထိ ဓာတုလက္နက္ ရွိေနႏိုင္ေသးေၾကာင္း ဓါတုလက္နက္ကာကြယ္တားဆီးေရး Organisation for the Prohibition of Chemical Weapons (OPCW) ရဲ႕ ႏွစ္ပတ္လည္ အစည္းအေဝးမွာ အေမရိကန္ႏိုင္ငံရဲ႕ အႀကီးတန္းအရာရွိက ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ျမန္မာႏိုင္ငံက ေရွးေဟာင္းသမိုင္းဝင္ ေနရာတစ္ခုမွာ ဓါတုလက္နက္ သိုေလွာင္ထားတာေတြရွိေနႏိုင္လို႔ အေမရိကန္က ဒီကစၥအေပၚ အေလးအနက္ထား အာ႐ုံစိုက္ေနတယ္” လို႔ အေမရိကန္ႏိုင္ငံရဲ႕ ဒုတိယလက္ေထာက္အတြင္းေရးမႉး Thomas DiNanno က နယ္သာလန္ႏိုင္ငံ The Hague မွာ ျပဳလုပ္တဲ့ OPCW အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။
လက္တေလာမွာေတာ့ ျမန္မာစစ္တပ္က ယူအက္စ္က စြပ္စြဲေနတဲ့ ဓါတုလက္နက္ေတြ သိုေလွာင္သိမ္းထားေနတယ္ဆိုတာေတြဟာ မမွန္ကန္ေၾကာင္း ျငင္းဆိုထားပါတယ္။ ဒါ့အျပင္ ဒီလိုလက္နက္မ်ိဳးေတြ ပိုင္ဆိုင္ဖို႔ ရည္ရယ္ခ်က္လည္း မရွိေၾကာင္း ေျပာဆိုထားပါတယ္။
ျမန္မာႏိုင္ငံက အစိုးရအရာရွိေတြဟာ ၂၀၁၅ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ ဓါတုလက္နက္ညီလာခံ Chemical Weapons Convention (CWC) ကိုလည္း တရားဝင္ တက္ေရာက္ခဲ့ပါတယ္။ အဆိုပါ ညီလာခံကေန ဓါတုလက္နက္ ထုတ္လုပ္ျခင္း၊ သိမ္းဆည္းသိုေလွာင္ျခင္း နဲ႔ အသုံးျပဳျခင္းေတြကိုပါ တားျမစ္ထားပါတယ္။
ယူအက္စ္ရဲ႕ ေထာက္ျပခ်က္မွာေတာ့ ျမန္မာႏိုင္ငံဟာ CWC ရဲ႕ မူဝါဒေတြကို ေလးစားလိုက္နာျခင္းမရွိပဲ ဟိုယခင္အတိတ္က ဓာတုလက္နက္အစီစဥ္နဲ႔ ဓါတုလက္နက္စက္႐ုံကို ဖ်က္ဆီးပစ္ဖို႔ေတြကို တရားဝင္ေၾကညာဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ DiNanno က ေျပာပါတယ္။
ဒါေပမယ့္ ျမန္မာစစ္တပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က မေန႔က ဧရာဝတီသတင္းဌါနကို ေျပာၾကားခဲ့ရာမွာေတာ့ ျမန္မာစစ္တပ္အေနနဲ႔ ဓါတုလက္နက္နဲ႔ ဆက္ႏြယ္တဲ့ အစီစဥ္ေတြ CWC နဲ႔ ျမန္မာႏိုင္ငံ လက္မွတ္မထိုးခင္ကေရာ ထိုးၿပီးေနာက္ပိုင္းမွာပါ ဘယ္တုန္းကမွ မရွိခဲ့ဖူးေၾကာင္း ေျပာၾကားခဲ့ပါတယ္။
“ဓါတုလက္နက္မွ မဟုတ္ပါဘူး ကြၽန္ေတာ္တို႔မွာ ထုတ္လုပ္တာေရာ သိုေလွာင္တာေရာ ၿပီးေတာ့ န်ဴကလီးယား ဒါမွမဟုတ္ ဇီဝဓါတုလက္နက္ေတြ စမ္းသပ္တာမ်ိဳးလည္း မရွိပါဘူး” လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံဟာ ယခင္တုန္းကလည္း အခုလိုမ်ိဳး ဓာတုလက္နက္နဲ႔ ပက္သက္ၿပီး စြပ္စြဲခံရတာမ်ိဳး ႀကဳံခဲ့ဖူးပါတယ္။
၂၀၀၅ ခုႏွစ္တုန္းက လန္ဒန္အေျခစိုက္ အခြင့္အေရးလႈပ္ရွားေသာ အုပ္စုျဖစ္တဲ့ Christian Solidarity Worldwide က ကရင္သူပုန္ေတြကို ဆန႔္က်င္တိုက္ခိုက္ခဲ့ရာမွာ ဓာတုလက္နက္ေတြ သုံးခဲ့တယ္လို႔ ယခင္စစ္အစိုးရေခါင္းေဆာင္ေတြကို စြပ္စြဲခဲ့ဖူးပါတယ္။
၂၀၁၃ ခုႏွစ္တုန္းကလည္း ျမန္မာျပည္အထက္ပိုင္းက တ႐ုတ္ကုမၸဏီေတြတူးေဖာ္ေနတဲ့ ေၾကးနီတူးေဖာ္ေရးမွာ ဆႏၵျပသူေတြကို ရဲေတြက ၿဖိဳခြင္းရာမွာ အပူေလာင္ဒဏ္ရာေတြ ျဖစ္ခဲ့တာေၾကာင့္ ေဖာ့စဖရတ္(မီးစုန္းဓာတ္) အသုံးျပဳခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။ ဒါေပမယ့္ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က စြပ္စြဲခ်က္ေတြကို ျငင္းပယ္ခဲ့ၿပီး ဒီကိစၥမွာ ႏိုင္ငံတစ္ကာက သုံးေနၾကတဲ့ မ်က္ရည္ယိုဗုံးကိုသာ အသုံးျပဳခဲ့ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ မ်က္ရည္ယိုဗုံးဟာ ေရနဲ႔ထိေတြ႕မိလို႔ ဓါတ္ျပဳရာကေန အပူေလာင္တာေတြ ျဖစ္လာတာပါလို႔ ေျပာၾကားခဲ့ပါတယ္။
ယူအက္စ္အေနနဲ႔ ဓာတုလက္နက္ဖ်က္ဆီးပစ္ေရးမွာ ျမန္မာႏိုင္ငံကို ကူညီဖို႔အသင့္ရွိေနေၾကာင္း ျမန္မာအစိုးရနဲ႔ စစ္တပ္ကို ဝါရွင္တန္ကေနေျပာၾကားခဲ့ေၾကာင္း သတင္းရရွိသည္။
Source: The ASEAN Post
Unicode ဖြင့်ဖတ်ရန်
မြန်မာနိုင်ငံဟာ ဓါတုလက်နက်တွေ သိုလှောင်ထားနေဆဲဖြစ်ကြောင်း ဝါရှင်တန်စွပ်စွဲ
မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက်ကင်းစင်ရေးညီလာခံကို အရေးမစိုက်တာဟာ ၁၉၈၀ ခုနှစ်များဆီက ဓါတုလက်နက် အကြွင်းအကျန်များအား သိမ်းဆည်းထားဆဲ ဖြစ်နိုင်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
ယခင်က သမိုင်းဝင်ရှေးဟောင်း အဆောက်အဦးတစ်ခုမှာ အဆိပ်ဓါတ်ငွေ့ ထုတ်လုပ်ခဲ့ဖူးပြီး လက်ရှိအချိန်ထိ ဓာတုလက်နက် ရှိနေနိုင်သေးကြောင်း ဓါတုလက်နက်ကာကွယ်တားဆီးရေး Organisation for the Prohibition of Chemical Weapons (OPCW) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ အမေရိကန်နိုင်ငံရဲ့ အကြီးတန်းအရာရှိက ပြောကြားခဲ့တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံက ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခုမှာ ဓါတုလက်နက် သိုလှောင်ထားတာတွေရှိနေနိုင်လို့ အမေရိကန်က ဒီကစ္စအပေါ် အလေးအနက်ထား အာရုံစိုက်နေတယ်” လို့ အမေရိကန်နိုင်ငံရဲ့ ဒုတိယလက်ထောက်အတွင်းရေးမှူး Thomas DiNanno က နယ်သာလန်နိုင်ငံ The Hague မှာ ပြုလုပ်တဲ့ OPCW အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
လက်တလောမှာတော့ မြန်မာစစ်တပ်က ယူအက်စ်က စွပ်စွဲနေတဲ့ ဓါတုလက်နက်တွေ သိုလှောင်သိမ်းထားနေတယ်ဆိုတာတွေဟာ မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါ့အပြင် ဒီလိုလက်နက်မျိုးတွေ ပိုင်ဆိုင်ဖို့ ရည်ရယ်ချက်လည်း မရှိကြောင်း ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက အစိုးရအရာရှိတွေဟာ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဓါတုလက်နက်ညီလာခံ Chemical Weapons Convention (CWC) ကိုလည်း တရားဝင် တက်ရောက်ခဲ့ပါတယ်။ အဆိုပါ ညီလာခံကနေ ဓါတုလက်နက် ထုတ်လုပ်ခြင်း၊ သိမ်းဆည်းသိုလှောင်ခြင်း နဲ့ အသုံးပြုခြင်းတွေကိုပါ တားမြစ်ထားပါတယ်။
ယူအက်စ်ရဲ့ ထောက်ပြချက်မှာတော့ မြန်မာနိုင်ငံဟာ CWC ရဲ့ မူဝါဒတွေကို လေးစားလိုက်နာခြင်းမရှိပဲ ဟိုယခင်အတိတ်က ဓာတုလက်နက်အစီစဉ်နဲ့ ဓါတုလက်နက်စက်ရုံကို ဖျက်ဆီးပစ်ဖို့တွေကို တရားဝင်ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ DiNanno က ပြောပါတယ်။
ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က မနေ့က ဧရာဝတီသတင်းဌါနကို ပြောကြားခဲ့ရာမှာတော့ မြန်မာစစ်တပ်အနေနဲ့ ဓါတုလက်နက်နဲ့ ဆက်နွယ်တဲ့ အစီစဉ်တွေ CWC နဲ့ မြန်မာနိုင်ငံ လက်မှတ်မထိုးခင်ကရော ထိုးပြီးနောက်ပိုင်းမှာပါ ဘယ်တုန်းကမှ မရှိခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။
“ဓါတုလက်နက်မှ မဟုတ်ပါဘူး ကျွန်တော်တို့မှာ ထုတ်လုပ်တာရော သိုလှောင်တာရော ပြီးတော့ နျူကလီးယား ဒါမှမဟုတ် ဇီဝဓါတုလက်နက်တွေ စမ်းသပ်တာမျိုးလည်း မရှိပါဘူး” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ယခင်တုန်းကလည်း အခုလိုမျိုး ဓာတုလက်နက်နဲ့ ပက်သက်ပြီး စွပ်စွဲခံရတာမျိုး ကြုံခဲ့ဖူးပါတယ်။
၂၀၀၅ ခုနှစ်တုန်းက လန်ဒန်အခြေစိုက် အခွင့်အရေးလှုပ်ရှားသော အုပ်စုဖြစ်တဲ့ Christian Solidarity Worldwide က ကရင်သူပုန်တွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့ရာမှာ ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ ယခင်စစ်အစိုးရခေါင်းဆောင်တွေကို စွပ်စွဲခဲ့ဖူးပါတယ်။
၂၀၁၃ ခုနှစ်တုန်းကလည်း မြန်မာပြည်အထက်ပိုင်းက တရုတ်ကုမ္ပဏီတွေတူးဖော်နေတဲ့ ကြေးနီတူးဖော်ရေးမှာ ဆန္ဒပြသူတွေကို ရဲတွေက ဖြိုခွင်းရာမှာ အပူလောင်ဒဏ်ရာတွေ ဖြစ်ခဲ့တာကြောင့် ဖော့စဖရတ်(မီးစုန်းဓာတ်) အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒါပေမယ့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး ဒီကိစ္စမှာ နိုင်ငံတစ်ကာက သုံးနေကြတဲ့ မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ မျက်ရည်ယိုဗုံးဟာ ရေနဲ့ထိတွေ့မိလို့ ဓါတ်ပြုရာကနေ အပူလောင်တာတွေ ဖြစ်လာတာပါလို့ ပြောကြားခဲ့ပါတယ်။
ယူအက်စ်အနေနဲ့ ဓာတုလက်နက်ဖျက်ဆီးပစ်ရေးမှာ မြန်မာနိုင်ငံကို ကူညီဖို့အသင့်ရှိနေကြောင်း မြန်မာအစိုးရနဲ့ စစ်တပ်ကို ဝါရှင်တန်ကနေပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Source: The ASEAN Post


မှတ်ချက်များ