ကမာၻေပၚမွာ အခ်စ္စစ္ဆိုတာ တကယ္ရွိေနေသးေၾကာင့္ သက္ေသျပခဲ့တဲ့ စုံတြဲမ်ား
Zawgyi ျဖင့္ဖတ္ရန္
သူတို႔ႏွစ္ေယာက္ကေတာ့ အသက္ ၃၇ ႏွစ္အ႐ြယ္ Bumi Kantha နဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ Phatso Rob Mack တို႔ျဖစ္ၾကၿပီးထိုင္းႏိုင္ငံေျမာက္ပိုင္းက႐ြာေလးတစ္႐ြာမွာေနထိုင္ၾကပါတယ္။Bumi ဟာ ငယ္စဥ္တုန္းကမ်က္ႏွာကို ကရိန္းနဲ႔႐ိုက္မိခဲ့ၿပီးမ်က္ႏွာေအာက္ပိုင္းပ်က္ဆီးသြားခဲ့ေပမယ့္ ကုသစရိတ္အမ်ားႀကီးမတတ္ႏိုင္တာေၾကာင့္ ပ်က္ဆီးသြားတဲ့မ်က္ႏွာကို မျပင္ဆင္ႏိုင္ခဲ့ပါဘူး။Bumi ဟာ အားတဲ့အခ်ိန္ေလးေတြမွာ Hacci ၿမိဳ႕မွာသူ႔ညီမနဲ႔အတူ သေဘၤာသီးသြားေရာင္းရင္း Mack နဲ႔ေတြ႕ခဲ့တာပဲျဖစ္ပါတယ္။
mke-1
မတ္လ ၁၂ ရက္ေန႔ ၂၀၁၈ ခုႏွစ္တုန္းက ဖိလစ္ပိုင္ႏိုင္ငံ Tagaya ၿမိဳ႕မွ ခရစ္ယာန္ဘုရားေက်ာင္းတစ္ခုမွာ မဂၤလာေဆာင္ခဲ့တဲ့ စုံတြဲကေတာ့ အမွတ္ရစရာပဲ။သတို႔သမီးဟာ လူပုေရာဂါကို ခံစားေနရတဲ့သူတစ္ေယာက္ျဖစ္ေပမယ့္ သူ႔ခင္ပြန္းဟာ သူ႔ကိုအလြန္ခ်စ္ျမတ္ႏိုးတဲ့ အရိပ္အေယာင္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။သူတို႔ႏွစ္ေယာက္ဟာ အင္တာနက္ေပၚကလူေထာင္ေပါင္းမ်ားစြာ အားက်ခဲ့ရတဲ့ စုံတြဲလည္းျဖစ္ပါတယ္။
မီးေတာင္ဂူလက္ထပ္ပြဲ
၂၀၁၆ ခုႏွစ္ ေအပရယ္လ ၂၄ ရက္ေန႔တုန္းက တ႐ုတ္ႏိုင္ငံမွ လူငယ္စုံတြဲ ၂၀ ဟာ မီးေတာင္ဂူအတြင္းမွာ မဂၤလာေဆာင္ခဲ့ၾကပါတယ္။သူတို႔အားလုံးဟာ ၁၉၉၀ ေနာက္ပိုင္းေမြးဖြားခဲ့ၾကသူေတြျဖစ္ၿပီး သူတို႔မဂၤလာပြဲကိုေတာ့ Dress ေတြ Taxido ဝတ္စုံေတြမပါပဲ ပန္းပြင့္ေတြ ျမက္႐ိုင္းေတြဝတ္ဆင္ၿပီး ဆင္ႏႊဲခဲ့ၾကတာပဲျဖစ္ပါတယ္။
ရင္ခ်င္းဆက္အမႊာ Ganga နဲ႔ Jamuna Mondol
ပင့္ကူညီအစ္မလို႔သိၾကတဲ့ ဒီအမႊာကေတာ့ ႏွစ္ေပါင္းမ်ားစြာ လူအဖြဲ႕အစည္းကဖယ္က်ဥ္ျခင္းခံေနရတဲ့သူေတြပါ။
သူတို႔ႏွစ္ေယာက္ဟာ အလြန္ၾကင္နာတတ္တဲ့ ေက်ာင္းဆရာတစ္ေယာက္ျဖစ္တဲ့ Joe Simmered နဲ႔ေတြ႕ခဲ့ၿပီးတဲ့ေနာက္ ေက်ာင္းဆရာဟာသူတို႔ကို ျမင္ျမင္ခ်င္းခ်စ္သြားခဲ့တာေၾကာင့္သူတို႔နဲ႔လက္ထပ္ခဲ့ပါတယ္။
အခုဆိုရင္ ဒီအမႊာႏွစ္ေယာက္ဟာ အရင္လို သူတို႔ဘဝကိုအားငယ္ေနစရာမလိုေတာ့ပဲ အသက္ရွင္သ၍ ေက်ာင္းဆရာနဲ႔အတူ ျဖတ္သန္းသြားခ်င္ပါတယ္လို႔လည္း Jamuna က ေျပာျပခဲ့ပါေသးတယ္။
အသက္အႀကီးဆုံးစုံတြဲ
သူတို႔ႏွစ္ေယာက္ကေတာ့ အသက္ ၁၀၂ ႏွစ္အ႐ြယ္ Song Qinglin နဲ႔ အသက္ ၉၉ ႏွစ္အ႐ြယ္ Song Shi တို႔ပဲျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းမွာေနထိုင္ၾကတဲ့သူႏွစ္ေယာက္ျဖစ္ၿပီး ၁၉၃၆ ခုႏွစ္ ဂ်ဴလိုင္လ ၂၃ ရက္ေန႔ကလက္ထပ္ခဲ့ၾကတာပဲျဖစ္ပါတယ္။
သူတို႔ရဲ႕မဂၤလာႏွစ္ပတ္လည္ပြဲကိုေတာ့ ဒါဇင္နဲ႔ခ်ီတဲ့လူေတြတက္ေရာက္ ကူညီခဲ့ၾကပါတယ္။
အသက္ ၈၀ နဲ႔ဆယ္ေက်ာ္သက္
ဒီဇာတ္လမ္းကေတာ့ အနည္းငယ္ဝမ္းနည္းဖို႔ေကာင္းပါတယ္။အသက္ ၁၂ ႏွစ္အ႐ြယ္ေကာင္မေလးဟာ သူ႔ရဲ႕ အစ္ကိုနဲ႔အစ္မ ၁၂ ေယာက္ေကာင္းစားဖို႔အတြက္ ဒီလူႀကီးနဲ႔လက္ထပ္ခဲ့တာပဲျဖစ္ပါတယ္။ သူတို႔မိသားစုဟာ ေဆာ္ဒီႏိုင္ငံရဲ႕ နယ္စပ္မွာတဲေလးနဲ႔ေနထိုင္ၾကရတာျဖစ္ၿပီး အလြန္ခက္ခဲတဲ့ဘဝမွာေနထိုင္ၾကရတာပါ။အသက္ ၈၀ အ႐ြယ္ စီးပြားေရးသမားႀကီးဟာ သူတို႔မိသားစုကို ေဆာ္ဒီေငြ ၄ေသာင္းခြဲေပးမယ္လို႔ ကမ္းလွမ္းခဲ့တဲ့ေနာက္မွာ သူမရဲ႕အေဖနဲ႔အေမက သေဘာတူခဲ့တာပဲျဖစ္ပါတယ္။ငယ္႐ြယ္ၿပီး အခ်စ္မဲ့ ၊ ပိုက္ဆံအတြက္ေၾကာင့္ အိမ္ေထာင္ျပဳခဲ့ရတဲ့ကေလးမေလးရဲ႕ဘဝကိုေတာ့ စိတ္မေကာင္းမိပါဘူး။
အမႊာမဂၤလာေဆာင္
တ႐ုတ္ႏိုင္ငံမွာ မဂၤလာေဆာင္ခဲ့တဲ့ အမႊာစုံတြဲကေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ Zheng Xiang ၊ Zheng Akash တို႔ျဖစ္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ သတို႔သမီးႏွစ္ေယာက္ကေတာ့ အသက္ ၂၃ ႏွစ္အ႐ြယ္အမႊာႏွစ္ေယာက္ပဲျဖစ္ပါတယ္။စုံတြဲႏွစ္တြဲလုံးဟာ ႐ုပ္ခ်င္းအလြန္ဆင္တူတဲ့အျပင္ ဝတ္စုံေတြလည္း တစ္ေထရာထဲတူေအာင္ဝတ္ထားတဲ့အတြက္ ပြဲလာသူေတြဟာ ဘယ္သူက ဘယ္သူမွန္းေတာင္မခြဲျခားတတ္ေလာက္ေအာင္ အျမင္မွားခဲ့ၾကပါတယ္။
အိမ္ေျခရာမဲ့နဲ႔လက္ထပ္ခဲ့တဲ့သူ
၂၀၀၆ ခုႏွစ္တုန္းက အမ္စတာဒမ္မွအမ်ိဳးသမီးတစ္ေယာက္ဟာ လမ္းေပၚမွာ မူးၿပီးအိပ္ေနတဲ့အရက္သမားတစ္ေယာက္ကိုျမင္ျမင္ခ်င္းခ်စ္ၿပီးလက္ထပ္ခဲ့ပါတယ္။
သူမအေျပာအရေတာ့ ဆံပင္ေတြ အဝတ္အစားေတြစုတ္ျပတ္ေနတယ္ဆိုေပမယ့္ သူ႔ရဲ႕ညိဳမႈိင္းတဲ့မ်က္လုံးေတြကို ေႂကြက်သြားခဲ့မိလို႔ပါတဲ့။
အခုဆိုရင္ေတာ့သူတို႔ႏွစ္ေယာက္ဟာ အိမ္ေထာင္သက္ ၁၀ ႏွစ္ရွိၿပီျဖစ္ၿပီး သူတို႔ရဲ႕အမႊာကေလးႏွစ္ေယာက္ဟာလည္း အသက္ ၆ ႏွစ္ရွိေနၿပီျဖစ္ပါတယ္။
၇၀ နဲ႔ ၂၅
Parapa ၿမိဳ႕မွ အသက္ ရ၀ အ႐ြယ္ရွိတဲ့ Andy Fitri ဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ Aoife Tree ကို RP ၁၅၀ မီလ်ံနဲ႔ေ႐ႊ ၂၀၀ ဂရမ္ေပးၿပီးတင္ေတာင္းခဲ့တာပါ။Aoife Tree ဟာ ႐ြာသူႀကီးရဲ႕ တစ္ဦးထဲေသာသမီးျဖစ္ၿပီး အခုလို Andy နဲ႔လက္ထပ္ရတဲ့အတြက္ အလြန္အမင္းေပ်ာ္႐ႊင္ေၾကာင္းလည္းေျပာျပခဲ့ပါတယ္။ဘာပဲျဖစ္ျဖစ္ ႐ြာသူႀကီးသမီးက မီလ်ံနာျဖစ္သြားတာေပါ့။ဒီလူကေတာ့ တကယ့္ပညာေရးလိုက္စားသူတစ္ေယာက္ပါပဲ။ သူဟာ သူတက္ေနတဲ့ေက်ာင္းက အမ်ိဳးသမီးေတြကို လက္ထပ္ထားတာပါ။ေက်ာင္းအုပ္ဆရာမ ရယ္ ၊ သူ႔အတန္းပိုင္ဆရာမရယ္ ၊ ဆရာမေခါင္းေဆာင္ရယ္ ၊ ဒုတိယႏွစ္ေက်ာင္းသူတစ္ေယာက္ရယ္ကို လက္ထပ္ထားတဲ့သူတစ္ေယာက္ပါ။သူတို႔ေတြဘယ္လိုမ်ား မနာလိုမျဖစ္ပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ၾကလဲဆိုတာကို အံ့ၾသမိတယ္ဗ်ာ။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာ တကယ်ရှိနေသေးကြောင့် သက်သေပြခဲ့တဲ့ စုံတွဲများ
သူတို့နှစ်ယောက်ကတော့ အသက် ၃၇ နှစ်အရွယ် Bumi Kantha နဲ့ အသက် ၂၃ နှစ်အရွယ် Phatso Rob Mack တို့ဖြစ်ကြပြီးထိုင်းနိုင်ငံမြောက်ပိုင်းကရွာလေးတစ်ရွာမှာနေထိုင်ကြပါတယ်။Bumi ဟာ ငယ်စဉ်တုန်းကမျက်နှာကို ကရိန်းနဲ့ရိုက်မိခဲ့ပြီးမျက်နှာအောက်ပိုင်းပျက်ဆီးသွားခဲ့ပေမယ့် ကုသစရိတ်အများကြီးမတတ်နိုင်တာကြောင့် ပျက်ဆီးသွားတဲ့မျက်နှာကို မပြင်ဆင်နိုင်ခဲ့ပါဘူး။Bumi ဟာ အားတဲ့အချိန်လေးတွေမှာ Hacci မြို့မှာသူ့ညီမနဲ့အတူ သင်္ဘောသီးသွားရောင်းရင်း Mack နဲ့တွေ့ခဲ့တာပဲဖြစ်ပါတယ်။
Dallin နဲ့ aluminio
မတ်လ ၁၂ ရက်နေ့ ၂၀၁၈ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံ Tagaya မြို့မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲကတော့ အမှတ်ရစရာပဲ။သတို့သမီးဟာ လူပုရောဂါကို ခံစားနေရတဲ့သူတစ်ယောက်ဖြစ်ပေမယ့် သူ့ခင်ပွန်းဟာ သူ့ကိုအလွန်ချစ်မြတ်နိုးတဲ့ အရိပ်အယောင်တွေကို မြင်တွေ့ခဲ့ရပါတယ်။သူတို့နှစ်ယောက်ဟာ အင်တာနက်ပေါ်ကလူထောင်ပေါင်းများစွာ အားကျခဲ့ရတဲ့ စုံတွဲလည်းဖြစ်ပါတယ်။
မီးတောင်ဂူလက်ထပ်ပွဲ
၂၀၁၆ ခုနှစ် အေပရယ်လ ၂၄ ရက်နေ့တုန်းက တရုတ်နိုင်ငံမှ လူငယ်စုံတွဲ ၂၀ ဟာ မီးတောင်ဂူအတွင်းမှာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။သူတို့အားလုံးဟာ ၁၉၉၀ နောက်ပိုင်းမွေးဖွားခဲ့ကြသူတွေဖြစ်ပြီး သူတို့မင်္ဂလာပွဲကိုတော့ Dress တွေ Taxido ဝတ်စုံတွေမပါပဲ ပန်းပွင့်တွေ မြက်ရိုင်းတွေဝတ်ဆင်ပြီး ဆင်နွှဲခဲ့ကြတာပဲဖြစ်ပါတယ်။
ရင်ချင်းဆက်အမွှာ Ganga နဲ့ Jamuna Mondol
ပင့်ကူညီအစ်မလို့သိကြတဲ့ ဒီအမွှာကတော့ နှစ်ပေါင်းများစွာ လူအဖွဲ့အစည်းကဖယ်ကျဉ်ခြင်းခံနေရတဲ့သူတွေပါ။
သူတို့နှစ်ယောက်ဟာ အလွန်ကြင်နာတတ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ Joe Simmered နဲ့တွေ့ခဲ့ပြီးတဲ့နောက် ကျောင်းဆရာဟာသူတို့ကို မြင်မြင်ချင်းချစ်သွားခဲ့တာကြောင့်သူတို့နဲ့လက်ထပ်ခဲ့ပါတယ်။
အခုဆိုရင် ဒီအမွှာနှစ်ယောက်ဟာ အရင်လို သူတို့ဘဝကိုအားငယ်နေစရာမလိုတော့ပဲ အသက်ရှင်သ၍ ကျောင်းဆရာနဲ့အတူ ဖြတ်သန်းသွားချင်ပါတယ်လို့လည်း Jamuna က ပြောပြခဲ့ပါသေးတယ်။
အသက်အကြီးဆုံးစုံတွဲ
သူတို့နှစ်ယောက်ကတော့ အသက် ၁၀၂ နှစ်အရွယ် Song Qinglin နဲ့ အသက် ၉၉ နှစ်အရွယ် Song Shi တို့ပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်းမှာနေထိုင်ကြတဲ့သူနှစ်ယောက်ဖြစ်ပြီး ၁၉၃၆ ခုနှစ် ဂျူလိုင်လ ၂၃ ရက်နေ့ကလက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။
သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်ပွဲကိုတော့ ဒါဇင်နဲ့ချီတဲ့လူတွေတက်ရောက် ကူညီခဲ့ကြပါတယ်။
အသက် ၈၀ နဲ့ဆယ်ကျော်သက်
ဒီဇာတ်လမ်းကတော့ အနည်းငယ်ဝမ်းနည်းဖို့ကောင်းပါတယ်။အသက် ၁၂ နှစ်အရွယ်ကောင်မလေးဟာ သူ့ရဲ့ အစ်ကိုနဲ့အစ်မ ၁၂ ယောက်ကောင်းစားဖို့အတွက် ဒီလူကြီးနဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့မိသားစုဟာ ဆော်ဒီနိုင်ငံရဲ့ နယ်စပ်မှာတဲလေးနဲ့နေထိုင်ကြရတာဖြစ်ပြီး အလွန်ခက်ခဲတဲ့ဘဝမှာနေထိုင်ကြရတာပါ။အသက် ၈၀ အရွယ် စီးပွားရေးသမားကြီးဟာ သူတို့မိသားစုကို ဆော်ဒီငွေ ၄သောင်းခွဲပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့နောက်မှာ သူမရဲ့အဖေနဲ့အမေက သဘောတူခဲ့တာပဲဖြစ်ပါတယ်။ငယ်ရွယ်ပြီး အချစ်မဲ့ ၊ ပိုက်ဆံအတွက်ကြောင့် အိမ်ထောင်ပြုခဲ့ရတဲ့ကလေးမလေးရဲ့ဘဝကိုတော့ စိတ်မကောင်းမိပါဘူး။
အမွှာမင်္ဂလာဆောင်
တရုတ်နိုင်ငံမှာ မင်္ဂလာဆောင်ခဲ့တဲ့ အမွှာစုံတွဲကတော့ အသက် ၂၆ နှစ်အရွယ် Zheng Xiang ၊ Zheng Akash တို့ဖြစ်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ သတို့သမီးနှစ်ယောက်ကတော့ အသက် ၂၃ နှစ်အရွယ်အမွှာနှစ်ယောက်ပဲဖြစ်ပါတယ်။စုံတွဲနှစ်တွဲလုံးဟာ ရုပ်ချင်းအလွန်ဆင်တူတဲ့အပြင် ဝတ်စုံတွေလည်း တစ်ထေရာထဲတူအောင်ဝတ်ထားတဲ့အတွက် ပွဲလာသူတွေဟာ ဘယ်သူက ဘယ်သူမှန်းတောင်မခွဲခြားတတ်လောက်အောင် အမြင်မှားခဲ့ကြပါတယ်။
အိမ်ခြေရာမဲ့နဲ့လက်ထပ်ခဲ့တဲ့သူ
၂၀၀၆ ခုနှစ်တုန်းက အမ်စတာဒမ်မှအမျိုးသမီးတစ်ယောက်ဟာ လမ်းပေါ်မှာ မူးပြီးအိပ်နေတဲ့အရက်သမားတစ်ယောက်ကိုမြင်မြင်ချင်းချစ်ပြီးလက်ထပ်ခဲ့ပါတယ်။
သူမအပြောအရတော့ ဆံပင်တွေ အဝတ်အစားတွေစုတ်ပြတ်နေတယ်ဆိုပေမယ့် သူ့ရဲ့ညိုမှိုင်းတဲ့မျက်လုံးတွေကို ကြွေကျသွားခဲ့မိလို့ပါတဲ့။
အခုဆိုရင်တော့သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက် ၁၀ နှစ်ရှိပြီဖြစ်ပြီး သူတို့ရဲ့အမွှာကလေးနှစ်ယောက်ဟာလည်း အသက် ၆ နှစ်ရှိနေပြီဖြစ်ပါတယ်။
၇၀ နဲ့ ၂၅
Parapa မြို့မှ အသက် ရ၀ အရွယ်ရှိတဲ့ Andy Fitri ဟာ အသက် ၂၅ နှစ်အရွယ် Aoife Tree ကို RP ၁၅၀ မီလျံနဲ့ရွှေ ၂၀၀ ဂရမ်ပေးပြီးတင်တောင်းခဲ့တာပါ။Aoife Tree ဟာ ရွာသူကြီးရဲ့ တစ်ဦးထဲသောသမီးဖြစ်ပြီး အခုလို Andy နဲ့လက်ထပ်ရတဲ့အတွက် အလွန်အမင်းပျော်ရွှင်ကြောင်းလည်းပြောပြခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ရွာသူကြီးသမီးက မီလျံနာဖြစ်သွားတာပေါ့။ဒီလူကတော့ တကယ့်ပညာရေးလိုက်စားသူတစ်ယောက်ပါပဲ။ သူဟာ သူတက်နေတဲ့ကျောင်းက အမျိုးသမီးတွေကို လက်ထပ်ထားတာပါ။ကျောင်းအုပ်ဆရာမ ရယ် ၊ သူ့အတန်းပိုင်ဆရာမရယ် ၊ ဆရာမခေါင်းဆောင်ရယ် ၊ ဒုတိယနှစ်ကျောင်းသူတစ်ယောက်ရယ်ကို လက်ထပ်ထားတဲ့သူတစ်ယောက်ပါ။သူတို့တွေဘယ်လိုများ မနာလိုမဖြစ်ပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြလဲဆိုတာကို အံ့သြမိတယ်ဗျာ။
share from: burmese.asia











မှတ်ချက်များ