ေသၿပီးရင္ နိဗၺာန္ေရာက္ဖို႔ လက္မွတ္ေတြ အာမခံနဲ႔ ေရာင္းခ်သူ ဖမ္းဆီးခံရ


Zawgyiျဖင့္ဖတ္ရန္

လူတိုင္းဟာ ေသသြားတဲ့အခါ နိဗၺာန္ေရာက္ကို ေရာက္ခ်င္ၾကပါတယ္၊ ဒီအတြက္လည္း ဘုရားရွိခိုးတိုင္း နိဗၺာန္ေရာက္ဖို႔ ဆုေတြေတာင္းၾကပါတယ္။ နိဗၺာန္ဆိုတာ ဒီလိုမ်ိဳးဆုေတြေတာင္းတိုင္း ေရာက္တဲ့ေနရမ်ိဳးမဟုတ္ပါဘူး။ နိဗၺာန္ကို ေသခ်ာေပါက္ေရာက္ဖို႔ ဆိုရင္ လက္မွတ္တစ္ေစာင္ေတာ့ လိုပါလိမ့္မယ္။ ျမန္မာေငြ ၆၅၀၀ နဲ႔ နိဗၺာန္ေရာက္မယ္ဆိုရင္ သင္ေရာ ဒီလက္မွတ္ကို ဝယ္မွာလား..?

အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝစီေတာင္ပိုင္း ဂိုဝါၿမိဳ႕မွာ အသက္ ၇၄ ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးက ေနာက္လိုက္ေနာက္ပါေတြနဲ႔အတူ သူ႔ကိုယ္သူ အာလာအရွင္ျမတ္ရဲ႕ တမန္ေတာ္ျဖစ္တယ္လို႔ ေႂကြးေၾကာ္ၿပီး နိဗၺာန္သြားဖို႔ လက္မွတ္ေတြ ေရာင္းခ်ေနခဲ့ပါတယ္။

ဒီလိုနဲ႔ နံမည္တစ္ျဖည္းျဖည္းရလာၿပီး နိဗၺာန္လက္မွတ္ေတြဟာ သူ႔ရဲ႕ေနာကလိုက္ေနာက္ပါေတြကေနတစ္ဆင့္ မေလးရွားႏိုင္ငံထိေအာင္ ပ်ံ႕ႏွံ႔ေရာင္းခ်ခဲ့ရပါတယ္။ မေလးရွားပိုက္ဆံ ၁၈ ရင္းဂစ္ (က်ပ္ ၆,၅၈၅) တန္ နိဗၺာန္ကတ္ေလးေတြ ရွိသူတိုင္း သူတို႔ရဲ႕ အျပစ္ေတြအားလုံး အရွင္ျမတ္က ခြင့္လႊတ္ေပးၿပီး နိဗၺာန္မွာ သူတို႔အတြက္ တစ္ေနရာရွိေစရမယ္လို႔ အာမခံရဲရဲတင္းတင္းနဲ႔ ျဖန႔္ျဖဴးေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔အေနနဲ႔ လူတစ္ေယာက္ကို လူ႔ျပည့္မွာ ေနာက္ထပ္ ၁၅ ႏွစ္အထိ အသက္ရွည္ေအာင္ သက္တမ္းတိုးေပးႏိုင္တယ္လို႔လည္း ေၾကညာထားပါတယ္။ အခုလို နိဗၺာန္ကတ္ေတြ ေရာင္းခ်ေနျခင္းမွာ တရားဥပေဒကို ခ်ိဳးေဖာက္ရာေရာက္တဲ့အတြက္ အင္ဒိုနီးရွားရဲေတြက သူ႔ရဲ႕ေနအိမ္ကို ဝင္ေရာက္ဆီးနင္းခဲ့ရာ နိဗၺာန္လက္မွတ္ ၁၃၈ ေစာင္နဲ႔အတူ သက္ေသပစၥည္းေတြကို ေတြ႕ရွိခဲ့ပါတယ္။

သူ႔ကို ကိုးကြယ္ရာအရွင္ျမတ္အား အသုံးခ်မႈ၊ လိမ္လည္မႈ၊ ပရိယာယ္ဆင္မႈ နဲ႔အတူ နိဗၺန္လက္မွတ္ေတြနဲ႔ ဆက္စပ္ၿပီး ေငြေၾကးခဝါခ်မႈတို႔နဲ႔ ဖမ္းဆီးထားၿပီး ေထာင္ဒဏ္ အႏွစ္ (၂၀) ခ်မွတ္ခံရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

Credit:popolay

Unicodeဖြင့်ဖတ်ရန်

သေပြီးရင် နိဗ္ဗာန်ရောက်ဖို့ လက်မှတ်တွေ အာမခံနဲ့ ရောင်းချသူ ဖမ်းဆီးခံရ

လူတိုင်းဟာ သေသွားတဲ့အခါ နိဗ္ဗာန်ရောက်ကို ရောက်ချင်ကြပါတယ်၊ ဒီအတွက်လည်း ဘုရားရှိခိုးတိုင်း နိဗ္ဗာန်ရောက်ဖို့ ဆုတွေတောင်းကြပါတယ်။ နိဗ္ဗာန်ဆိုတာ ဒီလိုမျိုးဆုတွေတောင်းတိုင်း ရောက်တဲ့နေရမျိုးမဟုတ်ပါဘူး။ နိဗ္ဗာန်ကို သေချာပေါက်ရောက်ဖို့ ဆိုရင် လက်မှတ်တစ်စောင်တော့ လိုပါလိမ့်မယ်။ မြန်မာငွေ ၆၅၀၀ နဲ့ နိဗ္ဗာန်ရောက်မယ်ဆိုရင် သင်ရော ဒီလက်မှတ်ကို ဝယ်မှာလား..?

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီတောင်ပိုင်း ဂိုဝါမြို့မှာ အသက် ၇၄ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက နောက်လိုက်နောက်ပါတွေနဲ့အတူ သူ့ကိုယ်သူ အာလာအရှင်မြတ်ရဲ့ တမန်တော်ဖြစ်တယ်လို့ ကြွေးကြော်ပြီး နိဗ္ဗာန်သွားဖို့ လက်မှတ်တွေ ရောင်းချနေခဲ့ပါတယ်။

ဒီလိုနဲ့ နံမည်တစ်ဖြည်းဖြည်းရလာပြီး နိဗ္ဗာန်လက်မှတ်တွေဟာ သူ့ရဲ့နောကလိုက်နောက်ပါတွေကနေတစ်ဆင့် မလေးရှားနိုင်ငံထိအောင် ပျံ့နှံ့ရောင်းချခဲ့ရပါတယ်။ မလေးရှားပိုက်ဆံ ၁၈ ရင်းဂစ် (ကျပ် ၆,၅၈၅) တန် နိဗ္ဗာန်ကတ်လေးတွေ ရှိသူတိုင်း သူတို့ရဲ့ အပြစ်တွေအားလုံး အရှင်မြတ်က ခွင့်လွှတ်ပေးပြီး နိဗ္ဗာန်မှာ သူတို့အတွက် တစ်နေရာရှိစေရမယ်လို့ အာမခံရဲရဲတင်းတင်းနဲ့ ဖြန့်ဖြူးရောင်းချခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ လူတစ်ယောက်ကို လူ့ပြည့်မှာ နောက်ထပ် ၁၅ နှစ်အထိ အသက်ရှည်အောင် သက်တမ်းတိုးပေးနိုင်တယ်လို့လည်း ကြေညာထားပါတယ်။ အခုလို နိဗ္ဗာန်ကတ်တွေ ရောင်းချနေခြင်းမှာ တရားဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက် အင်ဒိုနီးရှားရဲတွေက သူ့ရဲ့နေအိမ်ကို ဝင်ရောက်ဆီးနင်းခဲ့ရာ နိဗ္ဗာန်လက်မှတ် ၁၃၈ စောင်နဲ့အတူ သက်သေပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။

သူ့ကို ကိုးကွယ်ရာအရှင်မြတ်အား အသုံးချမှု၊ လိမ်လည်မှု၊ ပရိယာယ်ဆင်မှု နဲ့အတူ နိဗ္ဗန်လက်မှတ်တွေနဲ့ ဆက်စပ်ပြီး ငွေကြေးခဝါချမှုတို့နဲ့ ဖမ်းဆီးထားပြီး ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း သိရသည်။

Credit:popolay

မှတ်ချက်များ