Zawgyi ျဖင့္ဖတ္ရန္
ဆီးႀကိတ္ေရာဂါအတြက္ ေဆးနည္း
ဆီးႀကိတ္ေရာဂါေၾကာင့္ ဆီးသြားရင္ အၾကာႀကီးေစာင့္ရၿပီး ဆီးက်င္၊ ဆီးေအာင့္ျဖစ္ျခင္းမ်ားအတြက္ သဘာဝေဆးနည္းကို မွ်ေဝေပးလိုက္ပါတယ္။
ေဆးနည္း
(၁) ကုန္းထိက႐ုံးပင္ကို ေရစင္ေအာင္ေဆး၊ ထုေထာင္းၿပီး အရည္ညစ္ယူပါ။
(၂) ၎အရည္ကို ပ်ားရည္အနည္းငယ္ ေသာက္ႏိုင္႐ုံေလး ေရာစပ္ၿပီး ထမင္းစားဇြန္းနဲ႔ မနက္တစ္ဇြန္း၊ ညတစ္ဇြန္း တစ္ေန႔ ၂ႀကိမ္ ေသာက္ပါ။
(၃) က်န္တဲ့ ထိက႐ုံးႀကိတ္ဖတ္ကို ဆီးခုံေပၚကို အုပ္ေပးပါ။
ေနာက္တစ္နည္း
(၁) ေကာက္႐ိုးအဝါေရာင္ လက္တစ္ဆုပ္ခန္႔ကို ေရစင္ေအာင္ေဆးေၾကာၿပီးေရ ၃ခြက္ ၁ခြက္တင္ က်ိဳပါ။
(၂) ဒိုဘာလာသၾကားခဲ(ေဆးမဆိုးထားတဲ့ သဘာ၀ သၾကားညိဳ)ကို ေသာက္ႏိုင္႐ုံေလးခတ္ၿပီး လက္ဖက္ရည္ပန္းကန္ ၂လုံးစာခန္႔ တစ္ေန႔တစ္ႀကိမ္ ေသာက္ပါ။ ၁၀ ေက်ာ္ေအာင္ ေသာက္ပါ။
ေက်ာက္ကပ္ကိုလည္း အားေကာင္းေစပါတယ္။ ဆီးကိုလည္း ႐ႊင္ေစပါတယ္။လူသားအားလုံး က်န္းမာခ်မ္းသာၾကပါေစ။
Credit: ေစာႏြဲ႕ေနဆိုင္- ပူတာအို
Unicode ဖြင့်ဖတ်ရန်
ဆီးကြိတ်ရောဂါကြောင့် ဆီးသွားရင် အကြာကြီးစောင့်ရပြီး ဆီးကျင်၊ ဆီးအောင့်ဖြစ်ခြင်းများအတွက် သဘာဝဆေးနည်း
ဆီးကြိတ်ရောဂါအတွက် ဆေးနည်း
ဆီးကြိတ်ရောဂါကြောင့် ဆီးသွားရင် အကြာကြီးစောင့်ရပြီး ဆီးကျင်၊ ဆီးအောင့်ဖြစ်ခြင်းများအတွက် သဘာဝဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။
ဆေးနည်း
(၁) ကုန်းထိကရုံးပင်ကို ရေစင်အောင်ဆေး၊ ထုထောင်းပြီး အရည်ညစ်ယူပါ။
(၂) ၎င်းအရည်ကို ပျားရည်အနည်းငယ် သောက်နိုင်ရုံလေး ရောစပ်ပြီး ထမင်းစားဇွန်းနဲ့ မနက်တစ်ဇွန်း၊ ညတစ်ဇွန်း တစ်နေ့ ၂ကြိမ် သောက်ပါ။
(၃) ကျန်တဲ့ ထိကရုံးကြိတ်ဖတ်ကို ဆီးခုံပေါ်ကို အုပ်ပေးပါ။
နောက်တစ်နည်း
(၁) ကောက်ရိုးအဝါရောင် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေးကြောပြီးရေ ၃ခွက် ၁ခွက်တင် ကျိုပါ။
(၂) ဒိုဘာလာသကြားခဲ(ဆေးမဆိုးထားတဲ့ သဘာ၀ သကြားညို)ကို သောက်နိုင်ရုံလေးခတ်ပြီး လက်ဖက်ရည်ပန်းကန် ၂လုံးစာခန့် တစ်နေ့တစ်ကြိမ် သောက်ပါ။ ၁၀ ကျော်အောင် သောက်ပါ။
ကျောက်ကပ်ကိုလည်း အားကောင်းစေပါတယ်။ ဆီးကိုလည်း ရွှင်စေပါတယ်။လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။
Credit: စောနွဲ့နေဆိုင်- ပူတာအို
မှတ်ချက်များ