Zawgyiျဖင့္ဖတ္ရန္
ၿပီးခဲ့တဲ့ ဇြန္လ (၁၆)ရက္ေန႔က အိႏၵိယႏိုင္ငံမွ မ်က္လွည့္ဆရာတစ္ဦးဟာ မိမိကိုယ္ခႏၶာရဲ႕ ေျခလက္မ်ားကို သံႀကိဳးမ်ား ခတ္ေစၿပီး ျမစ္အတြင္း ခ်ခိုင္းကာ ကမာၻေက်ာ္မယ့္ ျပကြက္တစ္ခုကို ဖန္တီးခဲ့ပါတယ္။ အဆိုပါ မ်က္လွည့္ဆရာရဲ႕ အမည္ဟာ Chanchal Lahiri လို႔ ေခၚၿပီး မ်က္လွည့္ပညာကို ႐ူးသြပ္သူတစ္ဦးလည္းျဖစ္ပါတယ္။
သူ႔ရဲ႕ မ်က္လွည့္ျပကြက္ဟာ တစ္ကိုယ္လုံး သံႀကိဳးမ်ားခတ္ၿပီး ျမစ္ထဲ ခ်ခိုင္းကာ အခ်ိန္အကန႔္အသတ္အတိုင္း သံႀကိဳးမ်ား ျဖည္ၿပီး ေရေပၚျပန္ေပၚလာမယ့္ ျပကြက္မ်ိဳးပါ။
ဒါေပမဲ့ သူ႔ရဲ႕ ျပကြက္ မေအာင္ျမင္ခဲ့ဘဲ မ်က္လွည့္ဆရာ Chanchal တစ္ေယာက္ ေရေပၚျပန္ေပၚမလာေတာ့ပါဘူး။ ဒါေၾကာင့္ ရဲမ်ားက သူ႔ကို ျမစ္အတြင္း ေပ်ာက္ဆုံးသြားၿပီး မ်က္လွည့္ဆရာ ေရႏွစ္ေသဆုံးသြားခဲ့ၿပီလို႔ အတည္ျပဳလိုက္ပါတယ္။ အဆိုပါ အိႏၵိယမ်က္လွည့္ ဆရာဟာ အေမရိကန္စတန႔္သမား ဟယ္ရီဟူဒီနီရဲ႕ ကမာၻေက်ာ္ ျပကြက္ကို ျပန္လည္ ဖန္တီးျပသဖို႔ ႀကိဳးစားရင္း ခုလို အျဖစ္ဆိုးနဲ႔ ႀကဳံေတြ႕လိုက္ရတာပဲ ျဖစ္ပါတယ္။
မ်က္လွည့္ဆရာ Chanchal ရဲ႕ ျပကြက္ ျပသေနခ်ိန္မွာ လူအမ်ားေစာင့္ၾကည့္ေနၾကၿပီး ၎ျပန္ေပၚမလာေတာ့တဲ့ေနာက္မွာေတာ့ လူအုပ္ႀကီးက ျမစ္ထဲ ဆင္းရွာေပးခဲ့ၾကၿပီး ရဲကိုလည္း အေၾကာင္းၾကားခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ယမန္ေန႔ ဇြန္လ (၁၇)ရက္ေန႔မွာေတာ့ အခင္းျဖစ္ရာ ေနရာမွ (၁)ကီလိုမီတာခန႔္မွာ မ်က္လွည့္ဆရာ Chanchal ရဲ႕ အေလာင္း ကမ္းတင္ေနတာကို ေတြ႕ခဲ့ရတယ္လို႔ သတင္းရရွိၿပီး ရဲမ်ား စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
မ်က္လွည့္ဆရာ Chanchal Lahiri ဟာ သေဘၤာတစ္စင္းနဲ႔ ျမစ္အလယ္မွာေနရာယူၿပီး ေျခလက္ေတြကို သံႀကိဳးကြင္းတစ္ခု၊ ေသာ့(၆)လုံး ေခတ္ေစၿပီး ေရထဲ ခ်ခိုင္းခဲ့တာျဖစ္ေပမယ့္ အတတ္ၾကဴးတဲ့အတြက္ အခုလို အျဖစ္ဆိုးနဲ႔ ေတြ႕ႀကဳံသြားရတာျဖစ္ပါတယ္။
Source; news-sinaa.com
Credit:We.Com
Unicodeဖြင့်ဖတ်ရန်
မျက်လှည့်ပြဖို့ မြစ်ထဲဆင်းသွားရာမှ ပြန်ပေါ်မလာတော့ဘဲ အိန္ဒိယမျက်လှည့်ဆရာ ရေနစ်သေဆုံး
ပြီးခဲ့တဲ့ ဇွန်လ (၁၆)ရက်နေ့က အိန္ဒိယနိုင်ငံမှ မျက်လှည့်ဆရာတစ်ဦးဟာ မိမိကိုယ်ခန္ဓာရဲ့ ခြေလက်များကို သံကြိုးများ ခတ်စေပြီး မြစ်အတွင်း ချခိုင်းကာ ကမ္ဘာကျော်မယ့် ပြကွက်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဆိုပါ မျက်လှည့်ဆရာရဲ့ အမည်ဟာ Chanchal Lahiri လို့ ခေါ်ပြီး မျက်လှည့်ပညာကို ရူးသွပ်သူတစ်ဦးလည်းဖြစ်ပါတယ်။
သူ့ရဲ့ မျက်လှည့်ပြကွက်ဟာ တစ်ကိုယ်လုံး သံကြိုးများခတ်ပြီး မြစ်ထဲ ချခိုင်းကာ အချိန်အကန့်အသတ်အတိုင်း သံကြိုးများ ဖြည်ပြီး ရေပေါ်ပြန်ပေါ်လာမယ့် ပြကွက်မျိုးပါ။
ဒါပေမဲ့ သူ့ရဲ့ ပြကွက် မအောင်မြင်ခဲ့ဘဲ မျက်လှည့်ဆရာ Chanchal တစ်ယောက် ရေပေါ်ပြန်ပေါ်မလာတော့ပါဘူး။ ဒါကြောင့် ရဲများက သူ့ကို မြစ်အတွင်း ပျောက်ဆုံးသွားပြီး မျက်လှည့်ဆရာ ရေနှစ်သေဆုံးသွားခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။ အဆိုပါ အိန္ဒိယမျက်လှည့် ဆရာဟာ အမေရိကန်စတန့်သမား ဟယ်ရီဟူဒီနီရဲ့ ကမ္ဘာကျော် ပြကွက်ကို ပြန်လည် ဖန်တီးပြသဖို့ ကြိုးစားရင်း ခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။
မျက်လှည့်ဆရာ Chanchal ရဲ့ ပြကွက် ပြသနေချိန်မှာ လူအများစောင့်ကြည့်နေကြပြီး ၎င်းပြန်ပေါ်မလာတော့တဲ့နောက်မှာတော့ လူအုပ်ကြီးက မြစ်ထဲ ဆင်းရှာပေးခဲ့ကြပြီး ရဲကိုလည်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယမန်နေ့ ဇွန်လ (၁၇)ရက်နေ့မှာတော့ အခင်းဖြစ်ရာ နေရာမှ (၁)ကီလိုမီတာခန့်မှာ မျက်လှည့်ဆရာ Chanchal ရဲ့ အလောင်း ကမ်းတင်နေတာကို တွေ့ခဲ့ရတယ်လို့ သတင်းရရှိပြီး ရဲများ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မျက်လှည့်ဆရာ Chanchal Lahiri ဟာ သင်္ဘောတစ်စင်းနဲ့ မြစ်အလယ်မှာနေရာယူပြီး ခြေလက်တွေကို သံကြိုးကွင်းတစ်ခု၊ သော့(၆)လုံး ခေတ်စေပြီး ရေထဲ ချခိုင်းခဲ့တာဖြစ်ပေမယ့် အတတ်ကြူးတဲ့အတွက် အခုလို အဖြစ်ဆိုးနဲ့ တွေ့ကြုံသွားရတာဖြစ်ပါတယ်။
Source; news-sinaa.com
Credit:We.Com


မှတ်ချက်များ