” The Model Academy ရဲ့ ပြိုင်ပွဲဝင်တွေကို တစ်ယောက်ဆီအိမ်ပြန်ခိုင်းခဲ့တဲ့ နတ်ဆိုးတစ်ယောက်အဖြစ် ပုံဖော်ခံခဲ့ရတဲ့ သန္တာလှိုင် “



Zawgyiဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်



သန္တာလှိုင်ကတော့ လက်ရှိမှာ The Model Academy ရဲ့ ဒိုင်တစ်ဦးအဖြစ်ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ The Model Academy ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေ တခဲနက်အားပေးဝန်းရံခဲ့ကြတဲ့ မော်ဒယ်လ်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင်တွေသာမက ဒိုင်တွေအထိပါ ဝေဖန်မှုတွေတွေ့ကြုံခဲ့ကြရတာပါ။အပြင်းအထန်ယှဉ်ပြိုင်ကြတဲ့ပွဲမှာ ပြိုင်ပွဲရြ့ဒိုင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ စိတ်ဆိုးမှုဒဏ်တွေကိုခံခဲ့ရတယ်လို့ ဆိုရမှာပါ။


” ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်လွတ်လို့တဲ့…. ကျွန်မပုံကို Artist တစ်ယောက်ကဆွဲပြီး Angel of Death ပုံ ဆွဲပေးထါးတယ် …. တူရဲ့လား?တာဝန်အရ အိမ်ပြန်လွှတ်ရတာ ဆိုတော့လဲ….. ” ဆိုကာ Angel of Death ပုံလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ် ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ Angel of Death ပုံလေးနဲ့တောင် အထာကျကျလှနေတဲ့ သန္တာလှိုင်ကို ပရိသတ်တွေက အရမ်းမိမိုက်နေကြောင်း မှတ်ချက်လေးတွေပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။


(၁၉၉၆)ခုနှစ်လောက်ထဲကမြန်မာနိုင်ငံရဲ့ ထိပ်တန်း မော်ဒယ်တယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာလောကထဲမှာ ခြေချလာတဲ့ သန္တာလှိုင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ သန္တာလှိုင်ကတော့ လက်ရှိမှာ သမီးလေးတယောက်နဲ့ သားလေးတယောက် ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သန္တာလှိုင် တယောက်ကတော့ အသက် (၄၀) ကျော်၊သားသမီး နှစ်ယောက်ရဲ့ မေမေဆိုပေမယ့် တကယ့်ကို အပျိုလေးတွေ ရှုံးရလောက်တဲ့ ကျစ်လစ်ကျန်းမာ လှပတဲ့ အချိုးအစားကို ပိုင်ဆိုင်ထားသူလို့ဆိုရမှာပါ။CeleConnections ပရိသတ်ကြီးလည်း သန္တာလှိုင်ရဲ့ Angel of Death ပုံလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Thandar Hlaing

Candy – CeleConnections



မှတ်ချက်များ