

Zawgyiဖြင့်ဖတ်ရန်





Myint Myat

Credit: momolay

Unicodeဖြင့်ဖတ်ရန်

ချစ်ဇနီးချောလေးရဲ့ရုပ်ရှင်ကို လေဆိပ်မှာ ထိုင်အားပေးနေတဲ့ ချစ်တတ်လွန်းသူကြီး ရွှေထူး

ပရိသတ်အချစ်တော်အနုပညာရှင်တြွေဖစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ တစ်ဦးဆီမှာ တစ်ဦး စစ်မှန်တဲ့ ချစ်ခြင်းတရားတွေကို ရှာဖွေတွေ့ရှိခဲ့ကြတာမို့ အခက်အခဲတွေကြားက ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို နှစ်ကိုယ်တူပုံဖော်နေကြတာပါ။ ရွှေထူးကတော့ လတ်လောမှာ လေဆိပ်သွားရင်း ချစ်ရတဲ့ ဇနီးချောလေးရဲ့ရုပ်ရှင်ပြနေလို့ ပျော်နေတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ဇနီးချောလေးကို အရမ်းလွမ်းနေတုန်း သူမရဲ့မျက်နှာလေးကို မြင်လိုက်ရတာမို့ ရွှေထူးတစ်ယောက် တော်တော်လေး ပျော်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်ဇနီးချောလေးရဲ့ရုပ်ရှင်ကို လေဆိပ်မှာ ထိုင်အားပေးနေတဲ့ ချစ်တတ်လွန်းသူကြီး ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ "လွမ်းပါတယ်ဆိုမှ လေဆိပ်မှာ မိန်းမရဲ့ရုပ်ရှင်ကား ပြနေသောအခါ" ဆိုပြီး ရုတ်တရက် ချစ်ဇနီးရဲ့ရုပ်ရှင်ကို ကြည့်လိုက်ရလို့ ပျော်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

အတူရှိနေတာ ကြာလာလေ သံယောဇဉ်တွေ့ အချစ်တွေ ပိုတိုးလာတဲ့ ရွှေနှစ်ရွှေကတော့ တစ်ဦးကိုတစ်ဦး ပိုပိုပြီး ချစ်လာတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်ဇနီးမင်းသမီးချောလေးရဲ့အမာခံပရိသတ်လေးအဖြစ် အားပေးနေတဲ့ ရွှေထူးကို ချစ်ရင် share သွားကြဖို့ မမေ့ပါနော်။

Myint Myat

Credit: momolay

မှတ်ချက်များ