Zawgyiျဖင့္ဖတ္ရန္

လူထုေခါင္းေဆာင္အတြက္အ႐ိုးေၾကေၾက
အေရခန္းခန္းအသက္နဲ႔လဲၿပီးကာကြယ္
သြားမယ္ ဆိုတဲ့ သာေကတက ႏွလုံးလွ
လူမိုက္ႀကီးဦးစိုးဝင္း။
တက္သစ္စအစိုးရလက္ထက္မွာ
သက္ေတာ္ေစာင့္ျဖစ္လာတဲ့ပူပူေႏြးေႏြး
သက္ေတာ္ေစာင့္မေလး ခ်ယ္ရီထက္ကို
လူသိမ်ားေပမဲ့.. ႏွစ္ေပါင္းမ်ားစြာလူထု
ေခါင္းေဆာင္ကို ထီးလိုမိုးအရိပ္သဖြယ္
ကာကြယ္ေပးခဲ့တဲ့ ဦးစိုးဝင္းအေၾကာင္းကေတာ့လူသိနည္းလွ
ပါတယ္။သူလိုလူရဲ႕ရွားရွားပါးပါးစိတ္ဓာတ္
ကိုမွတ္တမ္းတင္လိုက္ပါတယ္။
ဦးစိုးဝင္း တာဝန္ေက်လိုက္ပုံကေတာ့
ေတာ္လွန္ေရးျပန္ ဗိုလ္ခ်ဳပ္ႀကီးသူရဦးတင္
ဦးေတာင္ အံ့ၾသယူရတယ္။
အေမစုအျပင္ကျပန္လာၿပီး ကိုစိုးဝင္းက်မ ၁၅မိနစ္အခ်ိန္ရတယ္.. ခဏနားဦးမယ္ဆိုၿပီး ခဏ
အနားယူေနခ်ိန္မွာအဘဦးတင္ဦး
ေရာက္လာၿပီး ခဏေလာက္
ေတြ႕ခ်င္တာကိုအေတြ႕မခံ။ အိမ္ေလွကားဝကေနအတက္မခံ။အေမစု အနားယူခ်ိန္ ၁၅ မိနစ္ပဲရွိလို႔နား
ပါေစတဲ့ အေတြ႕မခံလို႔ ဦးတင္ဦး စိတ္ဆိုးျပန္သြားတယ္။ ခဏၾကာ အဘဦးတင္ဦး က်ေနာ္စိတ္ေလာ
သြားလို႔ပါကိုစိုးဝင္းလို႔
ေျပာၿပီးေတာင္းပန္ယူရပါသတဲ့။
ဦးေ႐ႊမန္းနဲ႔ေတြ႕ေတာ့လည္းဦးေ႐ႊမန္း psoကသူ႔ကို အျပင္ထြက္ခိုင္းေတာ့
မင္းလည္း ဦးေ႐ႊမန္းpso
ငါလည္းအေမစု ကိုယ္ရံေတာ္ ထြက္ျခင္းထြက္ႏွစ္ေယာက္စလုံးအခန္း
အျပင္ထြက္မွထြက္မယ္ လို႔ခပ္တင္းတင္း
ျပန္ေျပာလို႔..
ဦးေ႐ႊမန္းကရီၿပီးသူ႔psoကိုေနပါေစ..
မထြက္ခိုင္းပါနဲ႔တဲ့။
အေမစုအတြက္ဆို အသက္ကိုေပးဆပ္ဖို႔ဝင္မေလးသူ.. သာေကတသား.. ႏွလုံးလွ
လူမိုက္ႀကီးဦးစိုးဝင္း။
အမတ္တေနရာေ႐ြးခိုင္းေတာ့လည္းမယူ.. မိသားစုပါေနဖို႔ေနျပည္ေတာ္က
အေမစုရဲ႕
အိမ္ဝင္းလုံၿခဳံေရးအတြက္သီးသန႔္
ေနဖို႔အေဆာက္အဦေပးေတာ့လည္းလက္
မခံ…ပါဘူးတဲ့။ နိင္ငံျခားသြားရင္ ဝတ္ဖို႔ေဘာင္းဘီေပးေတာ့လည္းမဝတ္…
အေဆာင္အေယာင္ေပးခဲ့ရင္ သူ႔ကိုအေမစုက အနားမွာမေနေစခ်င္လို႔ သူ႔ကိုႏွင္လိုက္တာနဲ႔အတူတူပါပဲ
ဆိုလို႔ ဘာမွမေပးရဲတဲ့ သာေကတသား…ႏွလုံးလွလူမိုက္ႀကီး
ဦးစိုးဝင္း။
တကဲ့ကိုသူလိုလူပါပဲဗ်ာ။

Unicodeဖြင့်ဖတ်ရန်

သာကေတ က လူမိုက်ကြီးတစ်ယောက် အကြောင်း

လူထုခေါင်းဆောင်အတွက်အရိုးကြေကြေ
အရေခန်းခန်းအသက်နဲ့လဲပြီးကာကွယ်
သွားမယ် ဆိုတဲ့ သာကေတက နှလုံးလှ
လူမိုက်ကြီးဦးစိုးဝင်း။
တက်သစ်စအစိုးရလက်ထက်မှာ
သက်တော်စောင့်ဖြစ်လာတဲ့ပူပူနွေးနွေး
သက်တော်စောင့်မလေး ချယ်ရီထက်ကို
လူသိများပေမဲ့.. နှစ်ပေါင်းများစွာလူထု
ခေါင်းဆောင်ကို ထီးလိုမိုးအရိပ်သဖွယ်
ကာကွယ်ပေးခဲ့တဲ့ ဦးစိုးဝင်းအကြောင်းကတော့လူသိနည်းလှ
ပါတယ်။သူလိုလူရဲ့ရှားရှားပါးပါးစိတ်ဓာတ်
ကိုမှတ်တမ်းတင်လိုက်ပါတယ်။
ဦးစိုးဝင်း တာဝန်ကျေလိုက်ပုံကတော့
တော်လှန်ရေးပြန် ဗိုလ်ချုပ်ကြီးသူရဦးတင်
ဦးတောင် အံ့သြယူရတယ်။
အမေစုအပြင်ကပြန်လာပြီး ကိုစိုးဝင်းကျမ ၁၅မိနစ်အချိန်ရတယ်.. ခဏနားဦးမယ်ဆိုပြီး ခဏ
အနားယူနေချိန်မှာအဘဦးတင်ဦး
ရောက်လာပြီး ခဏလောက်
တွေ့ချင်တာကိုအတွေ့မခံ။ အိမ်လှေကားဝကနေအတက်မခံ။အမေစု အနားယူချိန် ၁၅ မိနစ်ပဲရှိလို့နား
ပါစေတဲ့ အတွေ့မခံလို့ ဦးတင်ဦး စိတ်ဆိုးပြန်သွားတယ်။ ခဏကြာ အဘဦးတင်ဦး ကျနော်စိတ်လော
သွားလို့ပါကိုစိုးဝင်းလို့
ပြောပြီးတောင်းပန်ယူရပါသတဲ့။
ဦးရွှေမန်းနဲ့တွေ့တော့လည်းဦးရွှေမန်း psoကသူ့ကို အပြင်ထွက်ခိုင်းတော့
မင်းလည်း ဦးရွှေမန်းpso
ငါလည်းအမေစု ကိုယ်ရံတော် ထွက်ခြင်းထွက်နှစ်ယောက်စလုံးအခန်း
အပြင်ထွက်မှထွက်မယ် လို့ခပ်တင်းတင်း
ပြန်ပြောလို့..
ဦးရွှေမန်းကရီပြီးသူ့psoကိုနေပါစေ..
မထွက်ခိုင်းပါနဲ့တဲ့။
အမေစုအတွက်ဆို အသက်ကိုပေးဆပ်ဖို့ဝင်မလေးသူ.. သာကေတသား.. နှလုံးလှ
လူမိုက်ကြီးဦးစိုးဝင်း။
အမတ်တနေရာရွေးခိုင်းတော့လည်းမယူ.. မိသားစုပါနေဖို့နေပြည်တော်က
အမေစုရဲ့
အိမ်ဝင်းလုံခြုံရေးအတွက်သီးသန့်
နေဖို့အဆောက်အဦပေးတော့လည်းလက်
မခံ…ပါဘူးတဲ့။ နိင်ငံခြားသွားရင် ဝတ်ဖို့ဘောင်းဘီပေးတော့လည်းမဝတ်…
အဆောင်အယောင်ပေးခဲ့ရင် သူ့ကိုအမေစုက အနားမှာမနေစေချင်လို့ သူ့ကိုနှင်လိုက်တာနဲ့အတူတူပါပဲ
ဆိုလို့ ဘာမှမပေးရဲတဲ့ သာကေတသား…နှလုံးလှလူမိုက်ကြီး
ဦးစိုးဝင်း။
တကဲ့ကိုသူလိုလူပါပဲဗျာ။
Credit Nay Lin Nay Lin