ေဆာင္းရာသီမွာ သတိထားရမယ့္ Rove Beetle အႏၲရာယ္ နဲ႔ ေရွးဦးကုသနည္းမ်ား


Zawgyiျဖင့္ဖတ္ရန္

Rove Beetle ဆိုတာ ခႏၶာကိုယ္ေပၚမွာ အနီ နဲ႔ အမည္းက်ား အဆစ္အပိုင္းေတြပါဝင္တဲ့ ပု႐ြက္ဆိတ္သာသာ အင္းဆက္တစ္မ်ိဳးျဖစ္ပါတယ္။ သူ႔ရဲ႕မ်ိဳးရင္းက Coleoptera ျဖစ္ၿပီး Paederus အုပ္စုဝင္ ေခ်းပိုးထိုးမ်ိဳးစိတ္ ျဖစ္တယ္။ ေခ်းပိုးထိုး ဆိုေပမယ့္ သူ႔ကိုေတာ္ေတာ္မ်ားမ်ားက ေခ်းပိုးထိုးလို႔မေခၚၾကပဲ Nairobi Fly Dermititis လို႔ေခၚၾကတယ္။ အမ်ားဆုံးေခၚၾကတဲ့ နာမည္ေတြကေတာ့ Spider - Lick, Whiplash Dermititis နဲ႔ Rove Beetle ပါ။ Rove Beetle ကေတာ့ ကမာၻသုံးအမည္ေပါ့။

Rove Beetle နဲ႔ပတ္သက္ၿပီး လူမႈကြန္ယက္ေပၚမွာ သတိထားဖို႔ post ေတြေတာ္ေတာ္မ်ားမ်ားတက္လာတာေတြ႕ရတယ္။ အကိုက္ခံရတဲ့အခါ အနီေရာင္အစက္ေသးေသးေလးကေန အေရျပားနီရဲလာၿပီး ေရယုန္လိုအဖုအတန္းလိုက္ႀကီးေပၚလာတာမ်ိဳးပါ။ တကယ္ေတာ့ Rove Beetle က မကိုက္တတ္ပါဘူး။ ကြၽန္ေတာ္တို႔ facebook ေပၚမွာေတြ႕ရတဲ့ အကိုက္ခံရတဲ့ဒဏ္ရာ ဆိုတာ တကယ္ေတာ့ ကိုက္ခံရတာမဟုတ္ပဲ Rove Beetle ရဲ႕ ကိုယ္ကထြက္လာတဲ့ chemical တစ္မ်ိဳးေၾကာင့္ျဖစ္တဲ့ ဒဏ္ရာပါ။

Rove Beetle ေတြက ပု႐ြက္ဆိတ္တစ္ေကာင္သာသာပဲရွိတာေၾကာင့္ ကြၽန္ေတာ္တို႔ ကိုယ္ေပၚတက္လာရင္ ေတာ္႐ုံမသိႏိုင္ၾကဘူး။ လည္ဂုတ္၊ လည္ပင္း၊ လက္ေမာင္း နဲ႔ လက္ဖ်ံ စတဲ့ေနရာေတြကို ေရာက္လာမွသာ သတိထားမိၿပီး လက္နဲ႔ကိုင္မိ၊ ပြတ္မိၾကတာေတြျဖစ္တတ္တယ္။ အဲ့ဒီလိုထိမိတဲ့အခါ Rove Beetle က သူ႔ခႏၶာကိုယ္ segment ( အဆစ္ပိုင္း ) ေတြအေပၚမွာရွိတဲ့ အေပါက္ငယ္ေလးေတြကေန spore တစ္မ်ိဳးကိုထုတ္လႊတ္ပါတယ္။ ဒါေပမယ့္ Rove Beetle တိုင္း spore ကို လႊတ္တာေတာ့မဟုတ္ဘူး။ တစ္ခ်ိဳ႕ကလည္း အရည္လႊတ္ၾကတယ္။

ဘာပဲျဖစ္ျဖစ္အာနိသင္ကေတာ့ အတူတူပါပဲ။ အဲ့ဒီအရည္ဟာ Rove Beetle ရဲ႕ ခႏၶာကိုယ္ထဲက ေမာ္လီက်ဳးဆဲလ္ေတြ လႈံ႕ေဆာ္မႈနဲ႔ထြက္လာတာျဖစ္ၿပီး ပီဒ႐ုန္း ( pederone ) နဲ႔ ဆူဒိုပီဒရင္ ( Pseudopedrin ) ဓာတ္ေတြပါဝင္ေနတယ္။ အဲ့ဒီအရည္ေတြက ကြၽန္ေတာ္တို႔အေရျပားနဲ႔ထိမိတဲ့အခါ ႐ုတ္တရက္ အပူေလာင္သလို ခံစားမႈမ်ိဳးကို ခံစားရတယ္။ အရည္ထိၿပီးၿပီးခ်င္း အေရျပားက နီရဲေနမွာျဖစ္ၿပီး ၁၃ နာရီကေန ၁၆ နာရီအၾကာမွာေတာ့ အေရျပားေပၚမွာ နီရဲေနတဲ့ အင္ျပင္လို၊ ေရယုန္လို၊ မီးေလာင္ဖု လို ( Blister ) အကြက္ႀကီးေတြျဖစ္လာမွာပါ။ ဒါဟာ Rove Beetle ရဲ႕ အဆိပ္ေၾကာင့္ျဖစ္ပါတယ္။

Rove Beetle ကိုက္ခံရၿပီဆိုတာနဲ႔ အဲ့ဒီေနရာကို ေရခဲေရနဲ႔ဆပ္ျပာနဲ႔စင္ေနေအာင္ ေဆးေၾကာေပးပါ။ ဆပ္ျပာသုံးတဲ့ေနရာမွာလည္း ေရခ်ိဳးဆပ္ျပာျမႇဳပ္ ( foam ) အစား၊ caustic ခပ္ျပင္းျပင္းပါတဲ့ ဆပ္ျပာအၾကမ္းစားနဲ႔ တိုက္ၿပီးေဆးေပးပါ။ ဥပမာ - ေ႐ႊဝါတို႔၊ ကာေဘာ္လစ္ တို႔လိုမ်ိဳးေပါ့။ ဒါဆိုရင္ေတာ့ အေရျပားေရာင္ရမ္းမႈ ကို အထိုက္အေလ်ာက္သက္သာေစပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ Pseudopedrin ဓာတ္ဟာ အေရျပားအေပၚယံတစ္ေနရာကေန တစ္ေနရာကို ကူးစက္တတ္တဲ့သေဘာရွိတာေၾကာင့္ အေရျပားေရာင္ရမ္းမႈ ( burning & irritation ) ေတြက ျပန႔္ႏွံ႔သြားတာျဖစ္တယ္။

Rove Beetle ေတြက ေဆာင္းတြင္းမွ မဟုတ္ပါဘူး။ ရာသီတိုင္းမွာရွိပါတယ္။ ဒါေပမယ့္ ေဆာင္းတြင္းမွ ဘာလို႔ထြက္ရလဲဆိုရင္ အေအးဓာတ္ေၾကာင့္ပါ။ Rove Beetle ေတြကို ေျမေအာက္တူးေျမာင္းေတြ၊ အမႈိက္ပုံေတြ၊ ေရဆိုးပိုက္ေတြ နဲ႔ ေျခာက္ေသြ႕ၿပီး ေအးစက္တဲ့ေနရာေတြမွာ ေတြ႕ရတတ္တယ္။ အေအးဓာတ္ေၾကာင့္ Rove Beetle ေတြဟာ အပူဓာတ္ရွိတဲ့ အိမ္ထဲေတြ၊ လွ်ပ္စစ္မီးေရာင္လိုေနရာေတြကို စုၿပဳံၿပီးေရာက္လာတတ္တာျဖစ္တယ္။ Rove Beelte မလာေစခ်င္ရင္ အေကာင္းဆုံးနည္းလမ္းကေတာ့ မီးေရာင္ကို ပိတ္ထားတာျဖစ္ျဖစ္၊ အေအးဓာတ္မ်ားမ်ားလႊတ္ထားတာပဲျဖစ္ျဖစ္၊ လွ်ပ္စစ္ဘတ္တံ နဲ႔ အင္းဆက္ေဆးရည္ဖ်န္းထားတာပဲျဖစ္ျဖစ္ လုပ္ၿပီး Rove Beetle ကို မလာေအာင္တားလို႔ရပါတယ္။

Gabriel

Source - Wikipedia ( https://en.wikipedia.org/wiki/Paederus_dermatitis )

Source - www.health.nsw.gov.au(https://www.health.nsw.gov.au/environment/factsheets/Pages/rove-beetles.aspx )

Credit: we media

Unicodeဖြင့်ဖတ်ရန်

ဆောင်းရာသီမှာ သတိထားရမယ့် Rove Beetle အန္တရာယ် နဲ့ ရှေးဦးကုသနည်းများ

Rove Beetle ဆိုတာ ခန္ဓာကိုယ်ပေါ်မှာ အနီ နဲ့ အမည်းကျား အဆစ်အပိုင်းတွေပါဝင်တဲ့ ပုရွက်ဆိတ်သာသာ အင်းဆက်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့မျိုးရင်းက Coleoptera ဖြစ်ပြီး Paederus အုပ်စုဝင် ချေးပိုးထိုးမျိုးစိတ် ဖြစ်တယ်။ ချေးပိုးထိုး ဆိုပေမယ့် သူ့ကိုတော်တော်များများက ချေးပိုးထိုးလို့မခေါ်ကြပဲ Nairobi Fly Dermititis လို့ခေါ်ကြတယ်။ အများဆုံးခေါ်ကြတဲ့ နာမည်တွေကတော့ Spider - Lick, Whiplash Dermititis နဲ့ Rove Beetle ပါ။ Rove Beetle ကတော့ ကမ္ဘာသုံးအမည်ပေါ့။

Rove Beetle နဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ သတိထားဖို့ post တွေတော်တော်များများတက်လာတာတွေ့ရတယ်။ အကိုက်ခံရတဲ့အခါ အနီရောင်အစက်သေးသေးလေးကနေ အရေပြားနီရဲလာပြီး ရေယုန်လိုအဖုအတန်းလိုက်ကြီးပေါ်လာတာမျိုးပါ။ တကယ်တော့ Rove Beetle က မကိုက်တတ်ပါဘူး။ ကျွန်တော်တို့ facebook ပေါ်မှာတွေ့ရတဲ့ အကိုက်ခံရတဲ့ဒဏ်ရာ ဆိုတာ တကယ်တော့ ကိုက်ခံရတာမဟုတ်ပဲ Rove Beetle ရဲ့ ကိုယ်ကထွက်လာတဲ့ chemical တစ်မျိုးကြောင့်ဖြစ်တဲ့ ဒဏ်ရာပါ။

Rove Beetle တွေက ပုရွက်ဆိတ်တစ်ကောင်သာသာပဲရှိတာကြောင့် ကျွန်တော်တို့ ကိုယ်ပေါ်တက်လာရင် တော်ရုံမသိနိုင်ကြဘူး။ လည်ဂုတ်၊ လည်ပင်း၊ လက်မောင်း နဲ့ လက်ဖျံ စတဲ့နေရာတွေကို ရောက်လာမှသာ သတိထားမိပြီး လက်နဲ့ကိုင်မိ၊ ပွတ်မိကြတာတွေဖြစ်တတ်တယ်။ အဲ့ဒီလိုထိမိတဲ့အခါ Rove Beetle က သူ့ခန္ဓာကိုယ် segment ( အဆစ်ပိုင်း ) တွေအပေါ်မှာရှိတဲ့ အပေါက်ငယ်လေးတွေကနေ spore တစ်မျိုးကိုထုတ်လွှတ်ပါတယ်။ ဒါပေမယ့် Rove Beetle တိုင်း spore ကို လွှတ်တာတော့မဟုတ်ဘူး။ တစ်ချို့ကလည်း အရည်လွှတ်ကြတယ်။

ဘာပဲဖြစ်ဖြစ်အာနိသင်ကတော့ အတူတူပါပဲ။ အဲ့ဒီအရည်ဟာ Rove Beetle ရဲ့ ခန္ဓာကိုယ်ထဲက မော်လီကျုးဆဲလ်တွေ လှုံ့ဆော်မှုနဲ့ထွက်လာတာဖြစ်ပြီး ပီဒရုန်း ( pederone ) နဲ့ ဆူဒိုပီဒရင် ( Pseudopedrin ) ဓာတ်တွေပါဝင်နေတယ်။ အဲ့ဒီအရည်တွေက ကျွန်တော်တို့အရေပြားနဲ့ထိမိတဲ့အခါ ရုတ်တရက် အပူလောင်သလို ခံစားမှုမျိုးကို ခံစားရတယ်။ အရည်ထိပြီးပြီးချင်း အရေပြားက နီရဲနေမှာဖြစ်ပြီး ၁၃ နာရီကနေ ၁၆ နာရီအကြာမှာတော့ အရေပြားပေါ်မှာ နီရဲနေတဲ့ အင်ပြင်လို၊ ရေယုန်လို၊ မီးလောင်ဖု လို ( Blister ) အကွက်ကြီးတွေဖြစ်လာမှာပါ။ ဒါဟာ Rove Beetle ရဲ့ အဆိပ်ကြောင့်ဖြစ်ပါတယ်။

Rove Beetle ကိုက်ခံရပြီဆိုတာနဲ့ အဲ့ဒီနေရာကို ရေခဲရေနဲ့ဆပ်ပြာနဲ့စင်နေအောင် ဆေးကြောပေးပါ။ ဆပ်ပြာသုံးတဲ့နေရာမှာလည်း ရေချိုးဆပ်ပြာမြှုပ် ( foam ) အစား၊ caustic ခပ်ပြင်းပြင်းပါတဲ့ ဆပ်ပြာအကြမ်းစားနဲ့ တိုက်ပြီးဆေးပေးပါ။ ဥပမာ - ရွှေဝါတို့၊ ကာဘော်လစ် တို့လိုမျိုးပေါ့။ ဒါဆိုရင်တော့ အရေပြားရောင်ရမ်းမှု ကို အထိုက်အလျောက်သက်သာစေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Pseudopedrin ဓာတ်ဟာ အရေပြားအပေါ်ယံတစ်နေရာကနေ တစ်နေရာကို ကူးစက်တတ်တဲ့သဘောရှိတာကြောင့် အရေပြားရောင်ရမ်းမှု ( burning & irritation ) တွေက ပြန့်နှံ့သွားတာဖြစ်တယ်။


Rove Beetle တွေက ဆောင်းတွင်းမှ မဟုတ်ပါဘူး။ ရာသီတိုင်းမှာရှိပါတယ်။ ဒါပေမယ့် ဆောင်းတွင်းမှ ဘာလို့ထွက်ရလဲဆိုရင် အအေးဓာတ်ကြောင့်ပါ။ Rove Beetle တွေကို မြေအောက်တူးမြောင်းတွေ၊ အမှိုက်ပုံတွေ၊ ရေဆိုးပိုက်တွေ နဲ့ ခြောက်သွေ့ပြီး အေးစက်တဲ့နေရာတွေမှာ တွေ့ရတတ်တယ်။ အအေးဓာတ်ကြောင့် Rove Beetle တွေဟာ အပူဓာတ်ရှိတဲ့ အိမ်ထဲတွေ၊ လျှပ်စစ်မီးရောင်လိုနေရာတွေကို စုပြုံပြီးရောက်လာတတ်တာဖြစ်တယ်။ Rove Beelte မလာစေချင်ရင် အကောင်းဆုံးနည်းလမ်းကတော့ မီးရောင်ကို ပိတ်ထားတာဖြစ်ဖြစ်၊ အအေးဓာတ်များများလွှတ်ထားတာပဲဖြစ်ဖြစ်၊ လျှပ်စစ်ဘတ်တံ နဲ့ အင်းဆက်ဆေးရည်ဖျန်းထားတာပဲဖြစ်ဖြစ် လုပ်ပြီး Rove Beetle ကို မလာအောင်တားလို့ရပါတယ်။

Gabriel

Source - Wikipedia ( https://en.wikipedia.org/wiki/Paederus_dermatitis )

Source - www.health.nsw.gov.au(https://www.health.nsw.gov.au/environment/factsheets/Pages/rove-beetles.aspx )

Credit: we media

မှတ်ချက်များ