အက်ိဳးမ်ားတဲ့ ေအာင္မဲညိဳအစြမ္း ကိုယ္ေတြ ့မို ့ပါ


Zawgyiျဖင့္ဖတ္ရန္

ေအာင္မဲညိဳပန္း(အေျခာက္)ေသာက္လာတာ ၃လေလာက္ေနေတာ့ ဘယ္ဘက္မ်က္လံုးမွာေတြ႕ေတြ႕ေနရတဲ့ တိမ္လိုလိုငွက္ေမႊးလိုလိုေလးေပ်ာက္သြားခဲ့ပါတယ္ မ်က္စိဆရာဝန္ကေသာက္ခိုင္းတဲ့ေဆး ၆လ၂ ႀကိမ္ေသာက္ေတာင္မေပ်ာက္ခဲ့ပါလြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကေဆးေသာက္တာပါ.ခြဲရမွာ ေၾကာက္ျပီးေဆးခန္းျပန္မျပမိေတာ့ဘူး ေဆးေသာက္လို့မေပ်ာက္ရင္ေတာ့ခြဲရမယ္ လို့ေျပာခဲ့ပါတယ္။



ခုေတာ့ခြဲစရာမလို အိုေကျပီေလလဘက္ေျခာက္နဲ႔ေရာၿပီး ေန႔စဥ္ေသာက္ပါေအာင္မဲညိဳဆိုတာ ေဆးဖက္ဝင္တဲ့အျပာေရာင္ပန္းပြင့္ေလး ဒီေအာင္မဲညိဳပန္းေျခာက္ေလး၄/၅ပြင့္ကိုေရေႏြးၾကမ္းထဲ ခပ္ေသာက္ျပီး၂လ၃လအၾကာမွာမ်က္မွန္ပါဝါရွိသူေတြ မ်က္မွန္က်ၽြတ္ျပီးစာေတြဖတ္နိုင္လာတယ္

မြဲေျခာက္ေျခာက္အသားအေရကေနစိုျပည္၀င္းလက္လာသူေတြ အာ႐ုံေၾကာအားနည္းသူေတြ၊ မ်က္ရိုးခဏခဏကိုက္သူေတြ။ ဆံပင္ျဖဴေတြျပန္နက္လာသူေတြဆီးခ်ိဳ ေသြးခ်ိဳသမားမ်ားေရာဂါသက္သာလာတာေတြေတြ႕ရေတာ့။ ဒီေအာင္မဲညိဳပန္းေလးအေၾကာင္းနည္းနည္းေျပာျပခ်င္လာပါတယ္။



ျမန္မာလို အေခၚ ေအာင္မဲညိဳ ပန္း ကို အဂၤလိပ္လို Butterfly Pea Flower လို့ေခၚပါတယ္။ ရာစုႏွစ္ေတာ္ေတာ္မ်ားတည္းက အေရွ႕ေတာင္အာရွ မွာ စတင္အသုံးျပဳေနခဲ့ၿပီး အေမရိကန္မွာေတာ့ အဲ့ခ်ိန္တည္းက ေစ်းကြက္ထဲကို တင္ပို့နိုင္ဖို့ စတင္ ႀကိဳးပမ္းေနခဲ့ၿပီျဖစ္ပါတယ္

ေရေႏြးျဖဴ ထဲကို ေအာင္မဲညိဳပန္းေျခာက္ ၄/ ၅ ပြင့္ေလာက္ထည့္ လိုက္ရင္ လွပ ညႇို့ယူဖမ္းစားနိုင္တဲ့ အေရာင္အဆင္း၊ အရည္အေသြး ရွိၿပီး က်န္းမာေရးအတြက္ အေထာက္အကူျပဳ တဲ့ အျပာေရာင္ ေအာင္မဲညိဳ ေရေႏြးၾကမ္းကို ရရွိမွာ ျဖစ္ပါတယ္။က်န္းမာေရးအတြက္ အက်ိဳးျပဳပုံ

GreenBlenderက ေဖာ္ျပထားတဲ့ သုေတသနေတြအရ ေအာင္မဲညိဳ ေရေႏြးၾကမ္း ဟာဆိုရင္ Antioxidants အျပည့္အျဝဖစ္ပါတယ္။ သၾကားေမာ္လီက်ဴ းတစ္ခု ၀င္ေရာက္လာျခင္းေၾကာင့္ ျဖစ္ရတဲ့ ပရိုတိန္းပ်က္စီးဆုံးရွုံးမွု(glycation) ကို ဆန္႔က်င္တိုက္ဖ်က္ ေပးပါတယ္။ ဒါေၾကာင့္ အရြယ္မတိုင္ခင္အိုမင္းမွု အေရျပားရင့္ေရာ္ျခင္းကို ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါမ်ားအတြက္လည္း အထူးေသာက္သုံးရန္ သင့္ေလ်ာ္ပါတယ္။



ဒါ့အျပင္မ်က္စိ ႏွင့္ အာ႐ုံေၾကာဆိုင္ရာ ေကာင္းမြန္ေစျခင္း။ မ်က္စိမွုံျခင္း၊မ်က္စိတိမ္ကြယ္တာ၊ေက်ာက္ကပ္၊ ႏွလုံးေရာဂါရွိသူေတြ၊ေသြးတိုးေရာဂါ ရွိသူမ်ား၊

ေခါင္းကိုက္တတ္သူမ်ား၊အစာအိမ္ေရာဂါရွိသူမ်ား၊ ပုံမွန္အစြဲေသာက္ျခင္းျဖင့္ ခႏၵာကိုယ္တြင္းေရာဂါကင္း၍က်မၼာသန္စြမ္းေစျခင္းဆံပင္ကိုျပန္လည္၍နက္ေမွာင္ သန္စြမ္းေစျခင္း။

ကေလးငယ္မ်ား မ်က္ခုံးေမႊးမသန္ျခင္း၊ ဆံပင္မသန္ျခင္းမ်ား အတြက္လည္း ေအာင္မဲညိဳ ေရေႏြးၾကမ္းအရည္ အနည္းငယ္ႏွင့္ မ်က္ခုံး ၊ ဦးေရျပားမ်ားကို ပြတ္သပ္ေပးျခင္းျဖင့္ဆံပင္ ၊ မ်က္ခုံးေမႊး သန္စြမ္းေစျခင္းျဖင့္ ဓာတုေဆးဝါးမပါဘဲ သဘာဝအတိုင္း ကုသေပးနိုင္ေၾကာင္းေတြ႕ရွိရပါတယ္။

ေအာင္မဲညိဳ အေၾကာင္းတင္ေပးပါဆိုလို့ ပုံကေတာ့ ကိုယ္တိုင္ခူးထားတာ ကိုယ္တိုင္ စ ေသာက္ျပီး တစ္လ ေက်ာ္ေလာက္မွာ မ်က္မွန္ ကြ်တ္သြားပါျပီ


Unicode ဖြင့်ဖတ်ရန်



အောင်မဲညိုပန်း(အခြောက်)သောက်လာတာ ၃လလောက်နေတော့ ဘယ်ဘက်မျက်လုံးမှာတွေ့တွေ့နေရတဲ့ တိမ်လိုလိုငှက်မွှေးလိုလိုလေးပျောက်သွားခဲ့ပါတယ် မျက်စိဆရာဝန်ကသောက်ခိုင်းတဲ့ဆေး ၆လ၂ ကြိမ်သောက်တောင်မပျောက်ခဲ့ပါလွန်ခဲ့တဲ့ ၂နှစ်လောက်ကဆေးသောက်တာပါ.ခွဲရမှာ ကြောက်ပြီးဆေးခန်းပြန်မပြမိတော့ဘူး ဆေးသောက်လို့မပျောက်ရင်တော့ခွဲရမယ် လို့ပြောခဲ့ပါတယ်။



ခုတော့ခွဲစရာမလို အိုကေပြီလေလဘက်ခြောက်နဲ့ရောပြီး နေ့စဉ်သောက်ပါအောင်မဲညိုဆိုတာ ဆေးဖက်ဝင်တဲ့အပြာရောင်ပန်းပွင့်လေး ဒီအောင်မဲညိုပန်းခြောက်လေး၄/၅ပွင့်ကိုရေနွေးကြမ်းထဲ ခပ်သောက်ပြီး၂လ၃လအကြာမှာမျက်မှန်ပါဝါရှိသူတွေ မျက်မှန်ကျျွတ်ပြီးစာတွေဖတ်နိုင်လာတယ်

မွဲခြောက်ခြောက်အသားအရေကနေစိုပြည်ဝင်းလက်လာသူတွေ အာရုံကြောအားနည်းသူတွေ၊ မျက်ရိုးခဏခဏကိုက်သူတွေ။ ဆံပင်ဖြူတွေပြန်နက်လာသူတွေဆီးချို သွေးချိုသမားများရောဂါသက်သာလာတာတွေတွေ့ရတော့။ ဒီအောင်မဲညိုပန်းလေးအကြောင်းနည်းနည်းပြောပြချင်လာပါတယ်။



မြန်မာလို အခေါ် အောင်မဲညို ပန်း ကို အင်္ဂလိပ်လို Butterfly Pea Flower လို့ခေါ်ပါတယ်။ ရာစုနှစ်တော်တော်များတည်းက အရှေ့တောင်အာရှ မှာ စတင်အသုံးပြုနေခဲ့ပြီး အမေရိကန်မှာတော့ အဲ့ချိန်တည်းက ဈေးကွက်ထဲကို တင်ပို့နိုင်ဖို့ စတင် ကြိုးပမ်းနေခဲ့ပြီဖြစ်ပါတယ်

ရေနွေးဖြူ ထဲကို အောင်မဲညိုပန်းခြောက် ၄/ ၅ ပွင့်လောက်ထည့် လိုက်ရင် လှပ ညှို့ယူဖမ်းစားနိုင်တဲ့ အရောင်အဆင်း၊ အရည်အသွေး ရှိပြီး ကျန်းမာရေးအတွက် အထောက်အကူပြု တဲ့ အပြာရောင် အောင်မဲညို ရေနွေးကြမ်းကို ရရှိမှာ ဖြစ်ပါတယ်။ကျန်းမာရေးအတွက် အကျိုးပြုပုံ

GreenBlenderက ဖော်ပြထားတဲ့ သုတေသနတွေအရ အောင်မဲညို ရေနွေးကြမ်း ဟာဆိုရင် Antioxidants အပြည့်အဝြဖစ်ပါတယ်။ သကြားမော်လီကျူ းတစ်ခု ဝင်ရောက်လာခြင်းကြောင့် ဖြစ်ရတဲ့ ပရိုတိန်းပျက်စီးဆုံးရှုံးမှု(glycation) ကို ဆန့်ကျင်တိုက်ဖျက် ပေးပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင်အိုမင်းမှု အရေပြားရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆီးချို၊ သွေးချို ရောဂါများအတွက်လည်း အထူးသောက်သုံးရန် သင့်လျော်ပါတယ်။



ဒါ့အပြင်မျက်စိ နှင့် အာရုံကြောဆိုင်ရာ ကောင်းမွန်စေခြင်း။ မျက်စိမှုံခြင်း၊မျက်စိတိမ်ကွယ်တာ၊ကျောက်ကပ်၊ နှလုံးရောဂါရှိသူတွေ၊သွေးတိုးရောဂါ ရှိသူများ၊

ခေါင်းကိုက်တတ်သူများ၊အစာအိမ်ရောဂါရှိသူများ၊ ပုံမှန်အစွဲသောက်ခြင်းဖြင့် ခန္ဒာကိုယ်တွင်းရောဂါကင်း၍ကျမ္မာသန်စွမ်းစေခြင်းဆံပင်ကိုပြန်လည်၍နက်မှောင် သန်စွမ်းစေခြင်း။

ကလေးငယ်များ မျက်ခုံးမွှေးမသန်ခြင်း၊ ဆံပင်မသန်ခြင်းများ အတွက်လည်း အောင်မဲညို ရေနွေးကြမ်းအရည် အနည်းငယ်နှင့် မျက်ခုံး ၊ ဦးရေပြားများကို ပွတ်သပ်ပေးခြင်းဖြင့်ဆံပင် ၊ မျက်ခုံးမွှေး သန်စွမ်းစေခြင်းဖြင့် ဓာတုဆေးဝါးမပါဘဲ သဘာဝအတိုင်း ကုသပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

အောင်မဲညို အကြောင်းတင်ပေးပါဆိုလို့ ပုံကတော့ ကိုယ်တိုင်ခူးထားတာ ကိုယ်တိုင် စ သောက်ပြီး တစ်လ ကျော်လောက်မှာ မျက်မှန် ကျွတ်သွားပါပြီ


Credit: MMSPORT MYANMAR 

မှတ်ချက်များ