တစ္ကမာၻလုံး ဘယ္မွာမွမရွိတဲ့ တိုက္ေခါင္းမိုးေပၚက ဓါတ္ဆီဆိုင္
Zawgyi ျဖင့္ဖတ္ရန္
၆ ထပ္တိုက္ရဲ႕ ေခါင္းမိုးေပၚမွာ ဓါတ္ဆီဆိုင္ေဆာက္ထားတာဆိုလို႔ တစ္ကမာၻလုံးမွာ ဒီတစ္ဆိုင္ပဲရွိပါလိမ့္မယ္။ တ႐ုတ္ႏိုင္ငံ ေခ်ာင္ကြင္းၿမိဳ႕မွာရွိတဲ့ SINOPEC ဓါတ္ဆီဆိုင္ဟာ တိုက္ရဲ႕ေအာက္ဆုံးမွာ ဓါတ္ဆီဆိုင္တစ္ဆိုင္နဲ႔ တိုက္ေခါင္မိုးေပၚမွာ ဓါတ္ဆီဆိုင္တစ္ဆိုင္ကို ညႇပ္ၿပီးဖြင့္ထားပါတယ္။
ဓါတ္ဆီဆိုင္ႏွစ္ဆိုင္ရဲ႕ ၾကားထဲမွာေတာ့ လူေနအိမ္ခန္းေတြနဲ႔ ကားပါကင္ေတြရွိေနပါတယ္။ ဒီတိုက္မွာ ေနထိုင္ၾကတဲ့လူေတြအတြက္ေတာ့ အေတာ္ေလးကို ေက်ာခ်မ္းစရာေကာင္းပါတယ္။
‘ေခ်ာင္းကြင္း’ ၿမိဳ႕ဟာ ရန္ဇီျမစ္ရဲ႕ နံေဘးနားမွာ တည္ရွိၿပီ မတ္ေဆာက္လွတဲ့ ေတာင္တန္းေတြၾကားမွ ၿမိဳ႕တည္ထားတာမို႔ ေရေျမသဘာဝနဲ႔ ကိုက္ညီေအာင္ လမ္းပမ္းဆက္သြယ္ေရးနဲ႔ အေဆာက္အဦးေတြကို အင္ဂ်င္နီယာေတြက သမာ႐ိုးက်မဟုတ္တဲ့ ပုံစံေတြနဲ႔ တည္ေဆာက္ထားတာျဖစ္လို႔ အားလုံးက အဆန္းႀကီးေတြ ျဖစ္ေနပါတယ္။
ကားလမ္းေတြဟာ လူေနတိုက္တာအိမ္ေတြရဲ႕ အေပၚဆုံးထပ္တပ္ေတြကို ဆက္စပ္ၿပီး ေဖာက္လုပ္ထားသလို ၿမိဳ႕ပတ္ရထားလမ္းေတြကလည္း လူေနအိမ္တိုက္ခန္းေတြရဲ႕ ခါးလယ္ကေန ျဖတ္ေဖာက္ၿပီး ေဆာက္လုပ္ထားတာကို ထူးဆန္းစြာ ျမင္ေတြ႕ရပါတယ္။
အဆိုပါဓါတ္ဆီဆိုင္ဟာ ေတာင္ေအာက္ကားလမ္းေတြအတြက္ ေအာက္ဆုံးအထပ္မွာ ဆီဆိုင္တစ္ဆိုင္နဲ႔ တိုက္ေခါင္မိုးေပၚကားလမ္းအတြက္ ေခါင္မိုးေပၚမွာ ဓါတ္ဆီဆိုင္တစ္ဆိုင္ ညႇပ္ပူးညႇပ္ပိတ္ တည္ေဆာက္ထားတာျဖစ္ပါတယ္။ ၿမိဳ႕ဧရိယာက်ဥ္းတဲ့ ေခ်ာင္ကြင္းၿမိဳ႕ေလးမွာ ေနထိုင္သူလူဦးေရ ၈.၅ သန္းရွိပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
တစ်ကမ္ဘာလုံး ဘယ်မှာမှမရှိတဲ့ တိုက်ခေါင်းမိုးပေါ်က ဓါတ်ဆီဆိုင်
၆ ထပ်တိုက်ရဲ့ ခေါင်းမိုးပေါ်မှာ ဓါတ်ဆီဆိုင်ဆောက်ထားတာဆိုလို့ တစ်ကမ္ဘာလုံးမှာ ဒီတစ်ဆိုင်ပဲရှိပါလိမ့်မယ်။ တရုတ်နိုင်ငံ ချောင်ကွင်းမြို့မှာရှိတဲ့ SINOPEC ဓါတ်ဆီဆိုင်ဟာ တိုက်ရဲ့အောက်ဆုံးမှာ ဓါတ်ဆီဆိုင်တစ်ဆိုင်နဲ့ တိုက်ခေါင်မိုးပေါ်မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်ကို ညှပ်ပြီးဖွင့်ထားပါတယ်။
ဓါတ်ဆီဆိုင်နှစ်ဆိုင်ရဲ့ ကြားထဲမှာတော့ လူနေအိမ်ခန်းတွေနဲ့ ကားပါကင်တွေရှိနေပါတယ်။ ဒီတိုက်မှာ နေထိုင်ကြတဲ့လူတွေအတွက်တော့ အတော်လေးကို ကျောချမ်းစရာကောင်းပါတယ်။
‘ချောင်းကွင်း’ မြို့ဟာ ရန်ဇီမြစ်ရဲ့ နံဘေးနားမှာ တည်ရှိပြီ မတ်ဆောက်လှတဲ့ တောင်တန်းတွေကြားမှ မြို့တည်ထားတာမို့ ရေမြေသဘာဝနဲ့ ကိုက်ညီအောင် လမ်းပမ်းဆက်သွယ်ရေးနဲ့ အဆောက်အဦးတွေကို အင်ဂျင်နီယာတွေက သမာရိုးကျမဟုတ်တဲ့ ပုံစံတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ အားလုံးက အဆန်းကြီးတွေ ဖြစ်နေပါတယ်။
ကားလမ်းတွေဟာ လူနေတိုက်တာအိမ်တွေရဲ့ အပေါ်ဆုံးထပ်တပ်တွေကို ဆက်စပ်ပြီး ဖောက်လုပ်ထားသလို မြို့ပတ်ရထားလမ်းတွေကလည်း လူနေအိမ်တိုက်ခန်းတွေရဲ့ ခါးလယ်ကနေ ဖြတ်ဖောက်ပြီး ဆောက်လုပ်ထားတာကို ထူးဆန်းစွာ မြင်တွေ့ရပါတယ်။
အဆိုပါဓါတ်ဆီဆိုင်ဟာ တောင်အောက်ကားလမ်းတွေအတွက် အောက်ဆုံးအထပ်မှာ ဆီဆိုင်တစ်ဆိုင်နဲ့ တိုက်ခေါင်မိုးပေါ်ကားလမ်းအတွက် ခေါင်မိုးပေါ်မှာ ဓါတ်ဆီဆိုင်တစ်ဆိုင် ညှပ်ပူးညှပ်ပိတ် တည်ဆောက်ထားတာဖြစ်ပါတယ်။ မြို့ဧရိယာကျဉ်းတဲ့ ချောင်ကွင်းမြို့လေးမှာ နေထိုင်သူလူဦးရေ ၈.၅ သန်းရှိပါတယ်။
Credit: popolay

မှတ်ချက်များ