Jung Joon Young ေခ်ာင္း႐ိုက္ကင္မရာ အမႈကို ကူညီေဖာ္ထုတ္ေပးခဲ့ဖူးတဲ့ ဂူဟားရား
Zawgyi ျဖင့္ဖတ္ရန္
ယခင္ KARA အဖြဲ႕ဝင္ေဟာင္း တစ္ဦးျဖစ္တဲ့ idol အဆိုေတာ္ ဂူဟားရား ဟာ အဆိုေတာ္ Jung Joon Young ရဲ႕ ေခ်ာင္း႐ိုက္ကင္မရာ အမႈမွန္ေပၚေပါက္ေစဖို႔ သတင္းေထာက္ Kang Kyung Yoon ကို ကူညီ ဖူးတယ္ဆိုတဲ့အေၾကာင္း Kang မွ ထုတ္ေဖာ္ေျပာၾကားလာပါတယ္။
သတင္းေထာက္ Kang Kyung Yoon ဟာ Jung Joon Young နဲ႔ အဆိုေတာ္သူငယ္ခ်င္း အုပ္စု မိန္းကေလးေတြနဲ႔ ဆက္ဆံထားတဲ့ ဗြီဒီယိုေတြ ႐ိုက္ကူးရယူၿပီး အြန္လိုင္း group chat မွာ ျဖန႔္ျဖဴးခဲ့ပါတယ္။ အလိုမတူဘဲ ေခ်ာင္း႐ိုက္ကင္မရာ ႐ိုက္ကူးတာေၾကာင့္ အမ်ိဳးသမီးေတြဘက္က ရပ္တည္ၿပီး သတင္းေထာက္ Kang Kyung Yoon က ဒီအမႈကို စတင္စုံစမ္းခဲ့ပါတယ္။ Kang Kyung Yoon ေခ်ာင္း႐ိုက္ ကင္မရာအမႈကို ေဖာ္ထုတ္ေနတဲ့အခ်ိန္ ဂူဟားရားဟာလည္း ရည္းစားေဟာင္းနဲ႔ အမႈရင္ဆိုင္ေနခဲ့ရတာပဲျဖစ္ပါတယ္။
ဂူဟားရား ရည္းစားေဟာင္း Choi Jong Bum ဟာ ဂူဟားရားနဲ႔အတူအိပ္ထားတဲ့ ဗြီဒီယိုကို လူမႈကြန္ယက္ SNS မွာ တင္လိုက္မယ္ဆိုၿပီး ၿခိမ္းေျခာက္ခဲ့တာေၾကာင့္ အလားတူညီတဲ့ အျဖစ္အပ်က္မ်ိဳး ျဖစ္ပြားခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။
“Jung Joon Young ေခ်ာင္း႐ိုက္ကင္မရာ အမႈကို စုံစမ္းေနတုန္းက ဂူဟားရား ဘက္ကေနၿပီး ကြၽန္မကို အရင္ဆုံးဆက္သြယ္လာတယ္။ သူကိုယ္တိုင္ ဒီလို ကိစၥရပ္မ်ိဳး ေတြ႕ႀကဳံခံစားခဲ့ဖူးတာေၾကာင့္ တတ္ႏိုင္သေလာက္ ကူညီေပးခ်င္တယ္ဆိုၿပီး ေျပာလာတယ္။ Jung Joon Young အမႈမွန္ အျမန္ဆုံးေပၚေပါက္ဖို႔ ကူညီခဲ့တယ္။ ကြၽန္မနဲ႔ သူ ဖုန္းနဲ႔ အဆက္အသြယ္ရၿပီး အျပင္မွာေတြ႕ဆုံခဲ့ၾကပါတယ္။ သူကြၽန္မကို အကူအညီေတြ အမ်ားႀကီးေပးခဲ့တယ္။ Sulli ဆုံးတုန္းက ကြၽန္မ သူ႔ကို ဖုန္းဆက္ၿပီး အားတင္းထားဖို႔ ေျပာခဲ့တုန္းက သူ ဆက္လက္ အသက္ရွင္ေနထိုင္သြားမယ္ဆိုၿပီး ကတိေတြေတာင္ ေပးခဲ့ေသးတာ အခုလို ႐ုတ္တရက္ႀကီး ထြက္ခြာသြားေတာ့ ကြၽန္မ အရမ္း စိတ္မေကာင္းျဖစ္မိတယ္” ဆိုၿပီး ေျပာျပလာပါတယ္။
အခုအခ်ိန္မွာေတာ့ Jung Joon Young နဲ႔ အေပါင္းအပါေတြကို တရားက်တဲ့နည္းအတိုင္း ေထာင္ထဲ ထည့္ႏိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။ အမႈမွန္ကို ေပၚေပါက္ကို ကူညီပံ့ပိုးေပးခဲ့တဲ့ ဂူဟားရား တမလြန္မွာ ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ပိုပိုေလးမွ ဆုေတာင္းေမတၱာပို႔သ အပ္ပါတယ္။
Credit:popolay
Unicode ဖြင့်ဖတ်ရန်
Jung Joon Young ချောင်းရိုက်ကင်မရာ အမှုကို ကူညီဖော်ထုတ်ပေးခဲ့ဖူးတဲ့ ဂူဟားရား
ယခင် KARA အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ idol အဆိုတော် ဂူဟားရားဟာ အဆိုတော် Jung Joon Young ရဲ့ ချောင်းရိုက်ကင်မရာ အမှုမှန်ပေါ်ပေါက်စေဖို့ သတင်းထောက် Kang Kyung Yoon ကို ကူညီ ဖူးတယ်ဆိုတဲ့အကြောင်း Kang မှ ထုတ်ဖော်ပြောကြားလာပါတယ်။
သတင်းထောက် Kang Kyung Yoon ဟာ Jung Joon Young နဲ့ အဆိုတော်သူငယ်ချင်း အုပ်စု မိန်းကလေးတွေနဲ့ ဆက်ဆံထားတဲ့ ဗွီဒီယိုတွေ ရိုက်ကူးရယူပြီး အွန်လိုင်း group chat မှာ ဖြန့်ဖြူးခဲ့ပါတယ်။ အလိုမတူဘဲ ချောင်းရိုက်ကင်မရာ ရိုက်ကူးတာကြောင့် အမျိုးသမီးတွေဘက်က ရပ်တည်ပြီး သတင်းထောက် Kang Kyung Yoon က ဒီအမှုကို စတင်စုံစမ်းခဲ့ပါတယ်။ Kang Kyung Yoon ချောင်းရိုက် ကင်မရာအမှုကို ဖော်ထုတ်နေတဲ့အချိန် ဂူဟားရားဟာလည်း ရည်းစားဟောင်းနဲ့ အမှုရင်ဆိုင်နေခဲ့ရတာပဲဖြစ်ပါတယ်။
ဂူဟားရား ရည်းစားဟောင်း Choi Jong Bum ဟာ ဂူဟားရားနဲ့အတူအိပ်ထားတဲ့ ဗွီဒီယိုကို လူမှုကွန်ယက် SNS မှာ တင်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာကြောင့် အလားတူညီတဲ့ အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
“Jung Joon Young ချောင်းရိုက်ကင်မရာ အမှုကို စုံစမ်းနေတုန်းက ဂူဟားရား ဘက်ကနေပြီး ကျွန်မကို အရင်ဆုံးဆက်သွယ်လာတယ်။ သူကိုယ်တိုင် ဒီလို ကိစ္စရပ်မျိုး တွေ့ကြုံခံစားခဲ့ဖူးတာကြောင့် တတ်နိုင်သလောက် ကူညီပေးချင်တယ်ဆိုပြီး ပြောလာတယ်။ Jung Joon Young အမှုမှန် အမြန်ဆုံးပေါ်ပေါက်ဖို့ ကူညီခဲ့တယ်။ ကျွန်မနဲ့ သူ ဖုန်းနဲ့ အဆက်အသွယ်ရပြီး အပြင်မှာတွေ့ဆုံခဲ့ကြပါတယ်။ သူကျွန်မကို အကူအညီတွေ အများကြီးပေးခဲ့တယ်။ Sulli ဆုံးတုန်းက ကျွန်မ သူ့ကို ဖုန်းဆက်ပြီး အားတင်းထားဖို့ ပြောခဲ့တုန်းက သူ ဆက်လက် အသက်ရှင်နေထိုင်သွားမယ်ဆိုပြီး ကတိတွေတောင် ပေးခဲ့သေးတာ အခုလို ရုတ်တရက်ကြီး ထွက်ခွာသွားတော့ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်မိတယ်” ဆိုပြီး ပြောပြလာပါတယ်။
အခုအချိန်မှာတော့ Jung Joon Young နဲ့ အပေါင်းအပါတွေကို တရားကျတဲ့နည်းအတိုင်း ထောင်ထဲ ထည့်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အမှုမှန်ကို ပေါ်ပေါက်ကို ကူညီပံ့ပိုးပေးခဲ့တဲ့ ဂူဟားရား တမလွန်မှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ပိုပိုလေးမှ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။
Credit:popolay

မှတ်ချက်များ