Zawgyiျဖင့္ဖတ္ရန္
လြန္ခဲ့တဲ့ ၂ ရက္က Tesla ဟာ ဒီဇိုင္းပိုင္းဆန္းၾကယ္တဲ့ ဆိုက္ဘာထရပ္ကား ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ ဆိုက္ဘာထရပ္နဲ႔ပတ္သက္တဲ့ သတင္းနဲ႔ ဓာတ္ပုံေတြ အင္တာနက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ အခုဆိုရင္ Tesla အေနနဲ႔ ဆိုက္ဘာထရပ္ကို ႀကိဳတင္မွာယူ ဝယ္လိုတဲ့ အမွာစာ ၁၄၆,၀၀၀ လက္ခံရရွိထားတယ္လို႔ အီလြန္မက္စ္က twitter မွာေရးသားခဲ့ပါတယ္။ ႀကိဳတင္မွာယူမႈတစ္ခုစီတိုင္း အတြက္ ေဒၚလာ ၁၀၀ ေပးရမွာ ျဖစ္ၿပီး ႀကိဳက္တဲအခ်ိန္မွာ ျပန္လည္ထုတ္ယူႏိုင္ပါတယ္။ အခုဆိုရင္ ဆိုက္ဘာထရပ္ ႀကိဳတင္မွာယူမႈေတြေၾကာင့္ ၄၈ နာရီအတြင္း Tesla ဘဏ္အေကာင့္မွာ ေဒၚလာ ၁၄.၆ သန္းအထိ ရွိေနပါတယ္။
Tesla အေနနဲ႔ ဆိုက္ဘာထရပ္ကို ဗားရွင္း ၃ မ်ိဳးထုတ္လုပ္မွာ ျဖစ္ပါတယ္။ ေနာက္ရပ္ေမာ္တာတစ္လုံးပါဝင္ၿပီး မိုင္ ၂၅၀ အထိ ေမာင္းႏွင္ႏိုင္တဲ့ ကားကို ေဒၚလာ ၃၉,၉၀၀ နဲ႔ေရာင္းခ်မွာ ျဖစ္သလို ေလးဘီးရပ္ေမာ္တာ ၂ လုံးပါဝင္ကာ မိုင္ ၃၀၀ အထိ ေမာင္းႏွင္ႏိုင္တဲ့ ဗားရွင္းကို ေဒၚလာ ၄၉,၉၀၀ နဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။ ေလးဘီးရပ္ေမာ္တာ ၃ လုံး ပါဝင္ၿပီး မိုင္၅၀၀ အထိ ေမာင္းႏွင္ႏိုင္တဲ့ ေမာ္ဒယ္ကို ေဒၚလာ ၆၉,၉၀၀ နဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။ ႀကိဳတင္မွာယူမႈ ၄၂ ရာခိုင္ႏႈန္းက ေမာ္တာ၂ လုံးေမာ္ဒယ္ျဖစ္ကာ ၄၁ ရာခိုင္ႏႈန္းက ေမာ္တာ ၃ လုံးနဲ႔ ၁၇ ရာခိုင္ႏႈန္းက ေမာ္တာတစ္လုံး ေမာ္ဒယ္ေတြ အသီးသီးမွာယူထားတာ ျဖစ္တယ္လို႔ အီလြန္မက္စ္ကေျပာခဲ့ပါတယ္။
“ေၾကာ္ျငာနဲ႔ ေငြေပးေခ်ရမယ့္ ေထာက္ခံခ်က္မရွိဘူး” လို႔ အီလြန္မက္စ္က twitter မွာေရးသားခဲ့ပါတယ္။
ဆိုက္ဘာထရပ္ကို ႀကိဳတင္မွာယူသူေတြအေနနဲ႔ ကားကို လက္ဝယ္ပိုင္ဆိုင္ဖို႔ အခ်ိန္အတိုင္းအတာ တစ္ခုအထိ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။ ေမာ္တာ ၁ လုံးနဲ႔ ေမာ္တာ၂ လုံးပါဝင္တဲ့ ေမာ္ဒယ္ေတြကို၂၀၂၁ ခုႏွစ္မွ စတင္ထုတ္လုပ္သြားမွာ ျဖစ္ကာ ေမာ္တာ ၃ လုံးေမာ္ဒယ္ကိုေတာ့ ၂၀၂၂ ခုႏွစ္ ေႏွာင္းပိုင္းမွပဲ ထုတ္လုပ္မွာ ျဖစ္ပါတယ္။
Unicode ဖြင့်ဖတ်ရန်
လွန်ခဲ့တဲ့ ၂ ရက်က Tesla ဟာ ဒီဇိုင်းပိုင်းဆန်းကြယ်တဲ့ ဆိုက်ဘာထရပ်ကား ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဆိုက်ဘာထရပ်နဲ့ပတ်သက်တဲ့ သတင်းနဲ့ ဓာတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အခုဆိုရင် Tesla အနေနဲ့ ဆိုက်ဘာထရပ်ကို ကြိုတင်မှာယူ ဝယ်လိုတဲ့ အမှာစာ ၁၄၆,၀၀၀ လက်ခံရရှိထားတယ်လို့ အီလွန်မက်စ်က twitter မှာရေးသားခဲ့ပါတယ်။ ကြိုတင်မှာယူမှုတစ်ခုစီတိုင်း အတွက် ဒေါ်လာ ၁၀၀ ပေးရမှာ ဖြစ်ပြီး ကြိုက်တဲအချိန်မှာ ပြန်လည်ထုတ်ယူနိုင်ပါတယ်။ အခုဆိုရင် ဆိုက်ဘာထရပ် ကြိုတင်မှာယူမှုတွေကြောင့် ၄၈ နာရီအတွင်း Tesla ဘဏ်အကောင့်မှာ ဒေါ်လာ ၁၄.၆ သန်းအထိ ရှိနေပါတယ်။
Tesla အနေနဲ့ ဆိုက်ဘာထရပ်ကို ဗားရှင်း ၃ မျိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ နောက်ရပ်မော်တာတစ်လုံးပါဝင်ပြီး မိုင် ၂၅၀ အထိ မောင်းနှင်နိုင်တဲ့ ကားကို ဒေါ်လာ ၃၉,၉၀၀ နဲ့ရောင်းချမှာ ဖြစ်သလို လေးဘီးရပ်မော်တာ ၂ လုံးပါဝင်ကာ မိုင် ၃၀၀ အထိ မောင်းနှင်နိုင်တဲ့ ဗားရှင်းကို ဒေါ်လာ ၄၉,၉၀၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ လေးဘီးရပ်မော်တာ ၃ လုံး ပါဝင်ပြီး မိုင်၅၀၀ အထိ မောင်းနှင်နိုင်တဲ့ မော်ဒယ်ကို ဒေါ်လာ ၆၉,၉၀၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူမှု ၄၂ ရာခိုင်နှုန်းက မော်တာ၂ လုံးမော်ဒယ်ဖြစ်ကာ ၄၁ ရာခိုင်နှုန်းက မော်တာ ၃ လုံးနဲ့ ၁၇ ရာခိုင်နှုန်းက မော်တာတစ်လုံး မော်ဒယ်တွေ အသီးသီးမှာယူထားတာ ဖြစ်တယ်လို့ အီလွန်မက်စ်ကပြောခဲ့ပါတယ်။
“ကြော်ငြာနဲ့ ငွေပေးချေရမယ့် ထောက်ခံချက်မရှိဘူး” လို့ အီလွန်မက်စ်က twitter မှာရေးသားခဲ့ပါတယ်။
ဆိုက်ဘာထရပ်ကို ကြိုတင်မှာယူသူတွေအနေနဲ့ ကားကို လက်ဝယ်ပိုင်ဆိုင်ဖို့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ မော်တာ ၁ လုံးနဲ့ မော်တာ၂ လုံးပါဝင်တဲ့ မော်ဒယ်တွေကို၂၀၂၁ ခုနှစ်မှ စတင်ထုတ်လုပ်သွားမှာ ဖြစ်ကာ မော်တာ ၃ လုံးမော်ဒယ်ကိုတော့ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
စိုးထက္
Ref: TheVerge
Credit: Internet Journal


မှတ်ချက်များ