ပရိတ္သတ္ေတြကို ေကာင္းေကာင္းရွင္သန္ေပးပါ ဆိုၿပီး ေတာင္းဆိုလိုက္တဲ့ IU
Zawgyi ျဖင့္ဖတ္ရန္
ပရိတ္သတ္အခ်စ္ေတာ္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ IU ဟာ ႏိုဝင္ဘာ ၂၄ ရက္ေန႔မွာ သူမရဲ႕ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲ Love Poem Concert ကို ပရိတ္သတ္နဲ႔အတူ က်င္းပျပဳလုပ္ေနခဲ့တာပဲျဖစ္ပါတယ္။
24 ရက္ေန႔ဟာ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ဂူဟားရား ေသဆုံးသြားတဲ့ေန႔ျဖစ္ပါတယ္။ IU က တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲရဲ႕ ေနာက္ဆုံးတင္ဆက္မႈအေနနဲ႔ Dear Name သီခ်င္း မေဖ်ာ္ေျဖခင္မွာ ပရိတ္သတ္ကို အားေပးႏွစ္သိမ့္တဲ့ စကားတခ်ိဳ႕ေျပာခဲ့ပါတယ္။
“ဒီလို အေျခအေနမ်ိဳးမွာ ကြၽန္မဒီေနရာမွာ ရပ္ၿပီး သီခ်င္းဆိုေနရမယ္လို႔ ထင္ကိုမထင္ခဲ့ဘူး။ ကြၽန္မေကာင္းေကာင္း ဆိုႏိုင္လိမ့္မယ္မထင္ဘူး ဒါေပမဲ့ ဒါက ေနာက္တစ္ခါ ျပန္ဆိုတာမို႔ ကိစၥေတာ့သိပ္မရွိပါဘူး။ ကြၽန္မ သိပ္ၿပီး မဆိုႏိုင္တာမ်ိဳးျဖစ္ခဲ့ရင္ ေက်းဇူးျပဳၿပီး အတူတူလိုက္ဆိုေပးၾကပါ”
“ဒီသီခ်င္းကို ေရးခဲ့တုန္းက ဒီလို ခံစားခ်က္မ်ိဳးေတြရွိခဲ့တဲ့အခ်ိန္ေပါ့ ဒါေၾကာင့္ ဒီအေျခအေနႀကီးကို ကြၽန္မကိုယ္တိုင္ ေက်ာ္ျဖတ္ဖူးၿပီးၿပီမို႔ ကြၽန္မေကာင္းေကာင္းနားလည္တယ္၊ ဒါေပမဲ့ ပရိတ္သတ္ေတြကို ကြၽန္မစိုးရိမ္ပူပန္ေနမိတယ္၊ ေကာင္းေကာင္း ရွင္သန္ေနေပးပါေနာ္ ခ်စ္တယ္…….အားလုံးပဲ ဆက္ၿပီးအားတင္းထားၾကပါ”
“ကြၽန္မ ရွင္တို႔ကိုခ်စ္တယ္ ဒီလို အေျခအေနမ်ိဳးမွာ တစ္ေယာက္ကိုတစ္ေယာက္ ပိုခ်စ္ေပးရမွာ ေလာကႀကီးက ဒီလိုမ်ိဳးအရမ္းရက္စက္တဲ့ေနရာႀကီး ျဖစ္ေနေပမယ့္လည္း လူေတြက တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ ေနထိုင္သြားရင္ ေပ်ာ္စရာေကာင္းလာမွာပါ။ ” ဆိုၿပီး ေျပာသြားပါတယ္။
IU ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာတုန္းက မိမိကိုယ္ကိုယ္ အဆုံးစီရင္သြားခဲ့တဲ့ Sulli နဲ႔ အခင္မင္အရင္းႏွီးဆုံး သူငယ္ခ်င္းေတြ ျဖစ္ခဲ့သလို အခုလတ္တေလာ ဆုံးပါးသြားၿပီျဖစ္တဲ့ Goo Ha Ra နဲ႔လည္း ခင္မင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ သူငယ္ခ်င္းႏွစ္ေယာက္လုံး ေလာေလာလတ္လတ္ ဆုံးရႈံးထားရတဲ့ IU ကို ပရိတ္သတ္ေတြ စိုးရိမ္ပူပန္ေနၾကပါတယ္။
IU တစ္ေယာက္ သူေျပာသလို ေကာင္းေကာင္းရွင္သန္ၿပီး မိသားစု၊ သူငယ္ခ်င္း၊ ပရိတ္သတ္ေတြနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အသက္ထက္ဆုံးေနထိုင္သြားႏိုင္ပါေစလို႔ ဒီေနရာကေနပဲ ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
ပရိတ်သတ်တွေကို ကောင်းကောင်းရှင်သန်ပေးပါ ဆိုပြီး တောင်းဆိုလိုက်တဲ့ IU
ပရိတ်သတ်အချစ်တော် အဆိုတော်၊ သရုပ်ဆောင် IU ဟာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ Love Poem Concert ကို ပရိတ်သတ်နဲ့အတူ ကျင်းပပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။
24 ရက်နေ့ဟာ အဆိုတော်၊ သရုပ်ဆောင် ဂူဟားရား သေဆုံးသွားတဲ့နေ့ဖြစ်ပါတယ်။ IU က တစ်ကိုယ်တော် ဖျော်ဖြေပွဲရဲ့ နောက်ဆုံးတင်ဆက်မှုအနေနဲ့ Dear Name သီချင်း မဖျော်ဖြေခင်မှာ ပရိတ်သတ်ကို အားပေးနှစ်သိမ့်တဲ့ စကားတချို့ပြောခဲ့ပါတယ်။
“ဒီလို အခြေအနေမျိုးမှာ ကျွန်မဒီနေရာမှာ ရပ်ပြီး သီချင်းဆိုနေရမယ်လို့ ထင်ကိုမထင်ခဲ့ဘူး။ ကျွန်မကောင်းကောင်း ဆိုနိုင်လိမ့်မယ်မထင်ဘူး ဒါပေမဲ့ ဒါက နောက်တစ်ခါ ပြန်ဆိုတာမို့ ကိစ္စတော့သိပ်မရှိပါဘူး။ ကျွန်မ သိပ်ပြီး မဆိုနိုင်တာမျိုးဖြစ်ခဲ့ရင် ကျေးဇူးပြုပြီး အတူတူလိုက်ဆိုပေးကြပါ”
“ဒီသီချင်းကို ရေးခဲ့တုန်းက ဒီလို ခံစားချက်မျိုးတွေရှိခဲ့တဲ့အချိန်ပေါ့ ဒါကြောင့် ဒီအခြေအနေကြီးကို ကျွန်မကိုယ်တိုင် ကျော်ဖြတ်ဖူးပြီးပြီမို့ ကျွန်မကောင်းကောင်းနားလည်တယ်၊ ဒါပေမဲ့ ပရိတ်သတ်တွေကို ကျွန်မစိုးရိမ်ပူပန်နေမိတယ်၊ ကောင်းကောင်း ရှင်သန်နေပေးပါနော် ချစ်တယ်…….အားလုံးပဲ ဆက်ပြီးအားတင်းထားကြပါ”
“ကျွန်မ ရှင်တို့ကိုချစ်တယ် ဒီလို အခြေအနေမျိုးမှာ တစ်ယောက်ကိုတစ်ယောက် ပိုချစ်ပေးရမှာ လောကကြီးက ဒီလိုမျိုးအရမ်းရက်စက်တဲ့နေရာကြီး ဖြစ်နေပေမယ့်လည်း လူတွေက တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် နေထိုင်သွားရင် ပျော်စရာကောင်းလာမှာပါ။ ” ဆိုပြီး ပြောသွားပါတယ်။
IU ဟာ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ Sulli နဲ့ အခင်မင်အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့သလို အခုလတ်တလော ဆုံးပါးသွားပြီဖြစ်တဲ့ Goo Ha Ra နဲ့လည်း ခင်မင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်လုံး လောလောလတ်လတ် ဆုံးရှုံးထားရတဲ့ IU ကို ပရိတ်သတ်တွေ စိုးရိမ်ပူပန်နေကြပါတယ်။
IU တစ်ယောက် သူပြောသလို ကောင်းကောင်းရှင်သန်ပြီး မိသားစု၊ သူငယ်ချင်း၊ ပရိတ်သတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အသက်ထက်ဆုံးနေထိုင်သွားနိုင်ပါစေလို့ ဒီနေရာကနေပဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
Credit: popolay

မှတ်ချက်များ