ကုိယ္ ဆုိတဲ့ျဖစ္တည္မႈေလးကုိပဲ တကယ္ခ်စ္တဲ့သူနဲ႔ ေတြ႕ေနၿပီဆုိရင္…
Zawgyiျဖင့္ဖတ္ရန္
ကိုယ္ဆိုတဲ့ျဖစ္တည္မႈေလးကိုပဲ တကယ္ခ်စ္တယ္ဆိုတဲ့သူနဲ႔ ေတြ႕ၿပီးၿပီလား။ တကယ္လို႔မ်ား ကံေကာင္းေထာက္မစြာနဲ႔ အဲ့လိုလူနဲ႔ေတြ႕ဆံုရတယ္ဆိုခဲ့ရင္…
(၁)။ တစ္ခ်ိန္ခ်ိန္မွာ သူ႔စိတ္ေျပာင္းလဲသြားႏိုင္တယ္လို႔ သိထားပါ။
လူ႔စိတ္ဆိုတာ အစိုးမရဘူးမဟုတ္လား။ ကိုယ့္ကို အခုေနခ်စ္ေနေပမယ့္၊ ေနာက္တစ္ႏွစ္ေလာက္ေနရင္ ခ်စ္ခ်င္မွခ်စ္ေနေတာ့မွာ။ အဲ့ဒီေတာ့။ သိပ္ၿပီး ေပ်ာ္မေနပါနဲ႔။
(၂)။ သူ႔ကို အႏိုင္မယူပါနဲ႔။
ခ်စ္တာက ခ်စ္တာပါပဲ။ ဘယ္ေလာက္ပဲခ်စ္တဲ့သူျဖစ္ပါေစ၊ ကိုယ့္ကိုယ္ကိုသာ အခ်စ္ဆုံးပါ။ အခုလက္ရွိအခ်ိန္မွာသာ ခ်စ္တဲ့စိတ္ေၾကာင့္ အေလ်ာ့ေပးေနတာ။ တဖက္သတ္ႀကီးပဲ အေလ်ာ့ေပးေနရၿပီး၊ အႏိုင္က်င့္တာပဲခံေနရမယ္ဆိုရင္၊ အခ်ိန္အၾကာႀကီးဆက္ခ်စ္ေနႏိုင္မယ္လို႔ ထင္ထားလား။ မွားမယ္ေနာ္။
(၃)။ သူ႔ကို ေနရာတစ္ခုေပးပါ။
ကိုယ့္ဘဝထဲမွာ သူဟာအေရးပါတယ္ဆိုတာ ေပးသိထားပါ။ အတုအေယာင္မ်ားတဲ့ေလာကႀကီးမွာ ကိုယ့္ကိုတကယ္ခ်စ္တဲ့သူဆိုတာ လိုအပ္ပါတယ္။ အစစ္အမွန္ေတြဆိုတာ ေနရာေပးဖို႔ထိုက္တန္တယ္ေလ။ အဲ့လို မထင္ၾကဘူးလား။
(၄)။ သူ႔ကို ျပန္ဂ႐ုစိုက္ပါ။
အခ်စ္ခံရတဲ့သူေတြက ျပန္ခ်စ္ေပးဖို႔ကို ေမ့ေနတတ္ၾကတယ္။ ဘယ္ေနရာျဖစ္ျဖစ္ အသြားအျပန္ရွိတာေလးက ပိုအဆင္ေျပတယ္ေလ။ သူ႔ေလာက္မဟုတ္၊ သူ႔ကိုမမီေပမယ့္လည္း အသိအမွတ္ျပဳတဲ့အေနနဲ႔ပဲျဖစ္ျဖစ္ေပါ့။ တတ္ႏိုင္သ၍ေလး၊ စိတ္ပါသ၍ေလး ျပန္ဂ႐ုစိုက္ေပးပါ။
(၅)။ ျပဳျပင္ဖို႔ မႀကိဳးစားပါနဲ႔။
ဘယ္သူမွ Perfect ျဖစ္မေနႏိုင္ပါဘူး။ သူ႔မွာလည္း ကိုယ္မႀကိဳက္တဲ့အခ်က္ေတြ၊ ခၽြတ္ယြင္းခ်က္ေတြ ရွိေနမွာပဲ။ အဲ့တာေတြကို အတင္းျပင္ခိုင္းဖို႔ မႀကိဳးစားပါနဲ႔။ သူေတာင္မွ ကိုယ့္ကို၊ ကိုယ္ျဖစ္ေနလို႔ကိုခ်စ္ေနခဲ့တာမဟုတ္လား။ အဲ့လိုပဲေပါ့။
(၆)။ ကိုယ့္အရွိအတိုင္းပဲ ေနပါ။
တစ္ခ်ိဳ႕ေတြက ရွိ္တယ္။ တျခားသူေတြက ကိုယ့္ကိုဂ႐ုစိုက္လာတဲ့အခါ မေနတတ္မထိုင္တတ္ေတြျဖစ္၊ သူမ်ားက ကိုယ့္ကိုဘယ္လိုျမင္မလဲ၊ ဘယ္လိုေတြးမလဲေတြနဲ႔ ကိုယ့္ပံုစံကိုေျပာင္းလဲဖို႔ အားထုတ္လာၾကတာေတြ ရွိတယ္။ Nobody is perfect ပါ။ ကိုယ့္မွာေရာ သူ႔မွာပါ ခၽြင္းခ်က္ေတြ ရွိေနၾကတာပဲ။ အဲ့တာကို သိၿပီး၊ လက္ခံၿပီးေတာ့ ကိုယ့္ကိုခ်စ္တာေလ။ ဘာမွ ေျပာင္းေနစရာမလိုဘူး။ ကိုယ္ေနတတ္သလို ပံုမွန္ေပါ့ေပါ့ပါးပါးေလးပဲေန။ ကိုယ္လဲ မမြန္းက်ပ္ဘူး။ သူလည္း လြတ္လပ္တယ္။
(၇)။ သူ႔ေနရာက ဝင္ၿပီးေတြးၾကည့္ပါ။
ငါဆိုရင္ေရာ သူ႔ေလာက္ခ်စ္ေပးႏိုင္မလား၊ သူ႔အေပၚမွာေရာ တရားလားလို႔ေလ။ ကိုယ္ခ်င္းေလးစာတတ္လာၿပီဆိုရင္ သိပ္မဆိုးေတာ့ဘူး။ မဟုတ္ရင္ တအားေတြ အႏိုင္ယူမိေနမွာ။
(၈)။ ေမွ်ာ္လင့္ခ်က္ေတြ ေပးမိေနလား။
ကိုယ့္ကိုခ်စ္တာကို သေဘာက်ေနတာေတာ့ဟုတ္တယ္။ သူ႔ကို ကိုယ္ကေရာ ျပန္ခ်စ္ႏိုင္လို႔လား။ တကယ္လို႔ ျပန္မခ်စ္ႏိုင္ခဲ့ရင္၊ မျဖစ္ႏိုင္ေၾကာင္း ျပတ္ျပတ္သားသားအသိေပးထားပါ။ သူ႔ဘာသာသူ ဆက္ခ်စ္တာမခ်စ္တာက တစ္ပိုင္းပါ။ ကိုယ္က ႀကိဳးရွည္ရွည္နဲ႔လွန္ထားတာမ်ိဳးဆို၊ အဆင္ေတြေျပမေနပါဘူးေနာ္။ ေမွ်ာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးခံရတာေလာက္ နာက်င္ရတာ ကမ႓ာမွာ ဘယ္ရွိပါ့မလဲ။ ကိုယ္ခ်င္းေလးလည္း စာၾကည့္ၾကဦး။
(၉)။ အရမ္းႀကီး မေမွ်ာ္လင့္ထားပါနဲ႔။
ဒီလူဟာ တစ္ခ်ိန္ခ်ိန္က်ရင္ ကိုယ့္ဘဝထဲက ထြက္ခြာသြားႏိုင္တာကို သိထားပါ။ ကိုယ့္ျခံထဲကၾကက္ ဘယ္အခ်ိန္႐ိုက္သတ္သတ္လို႔၊ ဘယ္ေတာ့မွ ပံုေသမတြက္ထားပါနဲ႔။ သူကလည္း တစ္ေန႔ ကိုယ့္ကိုထားသြားႏိုင္တာပဲေလ။
တကယ္ေတာ့ေလ လူ႔ဘဝဆိုတာ တိုတိုေလး။ အတုအေယာင္ေတြကလည္း ေပါမ်ားတယ္။ ခုလက္ရွိကိုယ့္ေဘးနားမွာရွိေနတဲ့သူ၊ ကိုယ့္ကိုလည္း စိတ္ရင္းမွန္နဲ႔ခ်စ္ေနတဲ့သူကို အတူရွိေနႏိုင္တဲ့အခ်ိန္ေလးမွာ ဂ႐ုစိုက္ေပးလိုက္တာ အေကာင္းဆံုးပဲ။ ကံၾကမၼာဆိုတာ ေျပာမရဘူးေလ။ တစ္ေန႔ ေဝးရင္လည္း ေဝးသြားၾကမွာပဲ။ ေရစက္ပါလို႔ ခဏလာဆံုၾကတဲ့အခ်ိန္ခဏေလးမွာ စိတ္လက္ေပါ့ပါးစြာနဲ႔ ေနထိုင္ၾကရတာက အေကာင္းဆံုးပဲမဟုတ္လား။
ေဟမာလြင္
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ကိုယ် ဆိုတဲ့ဖြစ်တည်မှုလေးကိုပဲ တကယ်ချစ်တဲ့သူနဲ့ တွေ့နေပြီဆိုရင်…
ကိုယ်ဆိုတဲ့ဖြစ်တည်မှုလေးကိုပဲ တကယ်ချစ်တယ်ဆိုတဲ့သူနဲ့ တွေ့ပြီးပြီလား။ တကယ်လို့များ ကံကောင်းထောက်မစွာနဲ့ အဲ့လိုလူနဲ့တွေ့ဆုံရတယ်ဆိုခဲ့ရင်…
(၁)။ တစ်ချိန်ချိန်မှာ သူ့စိတ်ပြောင်းလဲသွားနိုင်တယ်လို့ သိထားပါ။
လူ့စိတ်ဆိုတာ အစိုးမရဘူးမဟုတ်လား။ ကိုယ့်ကို အခုနေချစ်နေပေမယ့်၊ နောက်တစ်နှစ်လောက်နေရင် ချစ်ချင်မှချစ်နေတော့မှာ။ အဲ့ဒီတော့။ သိပ်ပြီး ပျော်မနေပါနဲ့။
(၂)။ သူ့ကို အနိုင်မယူပါနဲ့။
ချစ်တာက ချစ်တာပါပဲ။ ဘယ်လောက်ပဲချစ်တဲ့သူဖြစ်ပါစေ၊ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါ။ အခုလက်ရှိအချိန်မှာသာ ချစ်တဲ့စိတ်ကြောင့် အလျော့ပေးနေတာ။ တဖက်သတ်ကြီးပဲ အလျော့ပေးနေရပြီး၊ အနိုင်ကျင့်တာပဲခံနေရမယ်ဆိုရင်၊ အချိန်အကြာကြီးဆက်ချစ်နေနိုင်မယ်လို့ ထင်ထားလား။ မှားမယ်နော်။
(၃)။ သူ့ကို နေရာတစ်ခုပေးပါ။
ကိုယ့်ဘဝထဲမှာ သူဟာအရေးပါတယ်ဆိုတာ ပေးသိထားပါ။ အတုအယောင်များတဲ့လောကကြီးမှာ ကိုယ့်ကိုတကယ်ချစ်တဲ့သူဆိုတာ လိုအပ်ပါတယ်။ အစစ်အမှန်တွေဆိုတာ နေရာပေးဖို့ထိုက်တန်တယ်လေ။ အဲ့လို မထင်ကြဘူးလား။
(၄)။ သူ့ကို ပြန်ဂရုစိုက်ပါ။
အချစ်ခံရတဲ့သူတွေက ပြန်ချစ်ပေးဖို့ကို မေ့နေတတ်ကြတယ်။ ဘယ်နေရာဖြစ်ဖြစ် အသွားအပြန်ရှိတာလေးက ပိုအဆင်ပြေတယ်လေ။ သူ့လောက်မဟုတ်၊ သူ့ကိုမမီပေမယ့်လည်း အသိအမှတ်ပြုတဲ့အနေနဲ့ပဲဖြစ်ဖြစ်ပေါ့။ တတ်နိုင်သ၍လေး၊ စိတ်ပါသ၍လေး ပြန်ဂရုစိုက်ပေးပါ။
(၅)။ ပြုပြင်ဖို့ မကြိုးစားပါနဲ့။
ဘယ်သူမှ Perfect ဖြစ်မနေနိုင်ပါဘူး။ သူ့မှာလည်း ကိုယ်မကြိုက်တဲ့အချက်တွေ၊ ချွတ်ယွင်းချက်တွေ ရှိနေမှာပဲ။ အဲ့တာတွေကို အတင်းပြင်ခိုင်းဖို့ မကြိုးစားပါနဲ့။ သူတောင်မှ ကိုယ့်ကို၊ ကိုယ်ဖြစ်နေလို့ကိုချစ်နေခဲ့တာမဟုတ်လား။ အဲ့လိုပဲပေါ့။
(၆)။ ကိုယ့်အရှိအတိုင်းပဲ နေပါ။
တစ်ချို့တွေက ရှိတယ်။ တခြားသူတွေက ကိုယ့်ကိုဂရုစိုက်လာတဲ့အခါ မနေတတ်မထိုင်တတ်တွေဖြစ်၊ သူများက ကိုယ့်ကိုဘယ်လိုမြင်မလဲ၊ ဘယ်လိုတွေးမလဲတွေနဲ့ ကိုယ့်ပုံစံကိုပြောင်းလဲဖို့ အားထုတ်လာကြတာတွေ ရှိတယ်။ Nobody is perfect ပါ။ ကိုယ့်မှာရော သူ့မှာပါ ချွင်းချက်တွေ ရှိနေကြတာပဲ။ အဲ့တာကို သိပြီး၊ လက်ခံပြီးတော့ ကိုယ့်ကိုချစ်တာလေ။ ဘာမှ ပြောင်းနေစရာမလိုဘူး။ ကိုယ်နေတတ်သလို ပုံမှန်ပေါ့ပေါ့ပါးပါးလေးပဲနေ။ ကိုယ်လဲ မမွန်းကျပ်ဘူး။ သူလည်း လွတ်လပ်တယ်။
(၇)။ သူ့နေရာက ဝင်ပြီးတွေးကြည့်ပါ။
ငါဆိုရင်ရော သူ့လောက်ချစ်ပေးနိုင်မလား၊ သူ့အပေါ်မှာရော တရားလားလို့လေ။ ကိုယ်ချင်းလေးစာတတ်လာပြီဆိုရင် သိပ်မဆိုးတော့ဘူး။ မဟုတ်ရင် တအားတွေ အနိုင်ယူမိနေမှာ။
(၈)။ မျှော်လင့်ချက်တွေ ပေးမိနေလား။
ကိုယ့်ကိုချစ်တာကို သဘောကျနေတာတော့ဟုတ်တယ်။ သူ့ကို ကိုယ်ကရော ပြန်ချစ်နိုင်လို့လား။ တကယ်လို့ ပြန်မချစ်နိုင်ခဲ့ရင်၊ မဖြစ်နိုင်ကြောင်း ပြတ်ပြတ်သားသားအသိပေးထားပါ။ သူ့ဘာသာသူ ဆက်ချစ်တာမချစ်တာက တစ်ပိုင်းပါ။ ကိုယ်က ကြိုးရှည်ရှည်နဲ့လှန်ထားတာမျိုးဆို၊ အဆင်တွေပြေမနေပါဘူးနော်။ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံရတာလောက် နာကျင်ရတာ ကမ္ဘာမှာ ဘယ်ရှိပါ့မလဲ။ ကိုယ်ချင်းလေးလည်း စာကြည့်ကြဦး။
(၉)။ အရမ်းကြီး မမျှော်လင့်ထားပါနဲ့။
ဒီလူဟာ တစ်ချိန်ချိန်ကျရင် ကိုယ့်ဘဝထဲက ထွက်ခွာသွားနိုင်တာကို သိထားပါ။ ကိုယ့်ခြံထဲကကြက် ဘယ်အချိန်ရိုက်သတ်သတ်လို့၊ ဘယ်တော့မှ ပုံသေမတွက်ထားပါနဲ့။ သူကလည်း တစ်နေ့ ကိုယ့်ကိုထားသွားနိုင်တာပဲလေ။
တကယ်တော့လေ လူ့ဘဝဆိုတာ တိုတိုလေး။ အတုအယောင်တွေကလည်း ပေါများတယ်။ ခုလက်ရှိကိုယ့်ဘေးနားမှာရှိနေတဲ့သူ၊ ကိုယ့်ကိုလည်း စိတ်ရင်းမှန်နဲ့ချစ်နေတဲ့သူကို အတူရှိနေနိုင်တဲ့အချိန်လေးမှာ ဂရုစိုက်ပေးလိုက်တာ အကောင်းဆုံးပဲ။ ကံကြမ္မာဆိုတာ ပြောမရဘူးလေ။ တစ်နေ့ ဝေးရင်လည်း ဝေးသွားကြမှာပဲ။ ရေစက်ပါလို့ ခဏလာဆုံကြတဲ့အချိန်ခဏလေးမှာ စိတ်လက်ပေါ့ပါးစွာနဲ့ နေထိုင်ကြရတာက အကောင်းဆုံးပဲမဟုတ်လား။
ဟေမာလွင်
Credit:Shwemom


မှတ်ချက်များ