Chanel တံဆိပ္ အိတ္ကိုမဝယ္ႏိုင္တဲ့ခ်စ္သူက္ို ပိုက္ဆံမရွိရင္ အလကား ဆိုၿပီးမေက်မနပ္ျဖစ္ေနတဲ့ မိန္းခေလး




Zawgyi ျဖင့္ဖတ္ရန္

ေငြေၾကးေပးဆပ္ႏိုင္စြမ္းမရွိတဲ့အခ်စ္က အသုံးမဝင္ပါဘူး တဲ့။ ဒီစကားက အခ်စ္စစ္ဆိုတဲ့အရာနဲ႔ ဘဝတစ္ထပ္တည္းက်ေနတဲ့သူေတြအတြက္ေတာ့မမွန္ေလာက္ပါဘူး။ဒါေပမဲ့ Chanel တံဆိပ္ အိတ္မဝယ္ေပးႏိုင္လို႔ ခ်စ္သူကိုထားသြားခဲ့တဲ့ ေကာင္မေလးအတြက္ေတာ့ မွန္ေကာင္းမွန္ေနမွာပါ။


သူတို႔စုံတြဲဟာ တကၠသိုလ္ပထမႏွစ္ကတည္းက သိခဲ့ၾကတာျဖစ္ၿပီး ေက်ာင္းၿပီးတဲ့ေနာက္မွာလည္း အလုပ္ေနရာမတူေပမယ့္ အတူရွိေနၾကသူမ်ားပဲျဖစ္ပါတယ္။

သူတို႔၂ေယာက္ဟာ ေကာင္မေလးလုပ္တဲ့ ကုမၸဏီရဲ႕အနီးနားမွာ အိမ္ခန္းငွားေနၾကပါတယ္။ ေကာင္ေလးက လမ္းမသင့္ေပမယ့္ ေကာင္မေလးကိုေန႔စဥ္ လမ္းေလွ်ာက္ကာ အပို႔အႀကိဳလုပ္ေပးတယ္လို႔ ေကာင္မေလးကဆိုပါတယ္။



ဒီလိုနဲ႔ အခ်ိန္၂ႏွစ္ၾကာလာၿပီးေနာက္ လစာတိုးလာတာေၾကာင့္ သူတို႔၂ေယာက္ဟာ ဒီ့ထက္ပိုႀကီးတဲ့အိမ္ကို ေျပာင္းခဲ့ၾကပါတယ္။ ေကာင္မေလးဘက္က ကားဝယ္ခ်င္ၿပီး ခရီးထြက္ခ်င္ေပမယ့္ ေကာင္ေလးကေတာ့ ဒီလိုအရာေတြအတြက္ ေငြမရွိဘူးလို႔သာဆိုခဲ့ပါတယ္။




ေကာင္မေလး လိုခ်င္တဲ့လက္ေဆာင္ေတြဟာ ႏႈတ္ခမ္းနီ ေဈးႏႈန္းျမင့္ ဘရန္းအိတ္ေတြျဖစ္ေပမယ့္ ေကာင္ေလးေပးတဲ့လက္ေဆာင္ေတြကေတာ့ ေန႔စဥ္ဘဝမွာလိုအပ္တဲ့ နားၾကပ္တို႔ လွ်ပ္စစ္သြားတိုက္တံတို႔ ပဲျဖစ္တယ္လို႔ ေကာင္မေလးက ျပန္လည္ေျပာျပပါတယ္။

ေကာင္မေလးဟာ တျခားစုံတြဲေတြဟာ သူတို႔ေကာင္မေလးကို Branded ေတြ လက္ေဆာင္ေပးေၾကာင္းနဲ႔ သူ႔သူငယ္ခ်င္းလည္း ရည္းစားလက္ေဆာင္ေပးတဲ့ Chanelအိတ္ ကိုင္လာေၾကာင္း ေျပာျပခ်ိန္မွာ ေကာင္ေလးကေတာ့ သူ႔လစာနဲ႔ ထိုအိတ္ဝယ္ေပးႏိုင္ဖို႔ ၃ႏွစ္ေလာက္ၾကာမယ္လို႔ ေျပာခဲ့တဲ့အတြက္ ေကာင္မေလးက သူ႔ကိုအသုံးမက်ဘူး လို႔ေျပာခဲ့တာျဖစ္ပါတယ္။




ေန႔စဥ္ေန႔တိုင္း စကားမ်ားၾကၿပီးေနာက္ ေကာင္ေလး သူ႔ဇာတိျပန္သြားခ်ိန္မွာေတာ့ ေကာင္မေလးက ” သင့္ကိုတကယ္ခ်စ္တဲ့သူကိုေတြ႕တဲ့အခါ အဲ့လူက ခ်မ္းသာေနရင္ ပိုေကာင္းတာေပါ့ ” လို႔ သူတင္ထားတဲ့ပို႔စ္မွာေရးသားခဲ့ပါတယ္။



အင္တာနက္သုံးစြဲသူေတြကေတာ့ ေကာင္မေလးကို ႐ုပ္ဝါဒီလို႔ စြပ္စြဲၾကၿပီး အိတ္အေကာင္းစားလိုခ်င္ရင္ ကိုယ့္လစာနဲ႔ကိုယ္ဝယ္ဖို႔နဲ႔ ရည္းစားက ATM စက္မဟုတ္ဘူးလို႔ ေဝဖန္ခဲ့ၾကပါတယ္။

Writer -LLA ( Shwe Yaung Lan )



Unicode ဖြင့်ဖတ်ရန်

Chanel တံဆိပ် အိတ်ကိုမဝယ်နိုင်တဲ့ချစ်သူကို ပိုက်ဆံမရှိရင် အလကား ဆိုပြီးမကျေမနပ်ဖြစ်နေတဲ့ မိန်းခလေး

ငွေကြေးပေးဆပ်နိုင်စွမ်းမရှိတဲ့အချစ်က အသုံးမဝင်ပါဘူး တဲ့။ ဒီစကားက အချစ်စစ်ဆိုတဲ့အရာနဲ့ ဘဝတစ်ထပ်တည်းကျနေတဲ့သူတွေအတွက်တော့မမှန်လောက်ပါဘူး။ဒါပေမဲ့ Chanel တံဆိပ် အိတ်မဝယ်ပေးနိုင်လို့ ချစ်သူကိုထားသွားခဲ့တဲ့ ကောင်မလေးအတွက်တော့ မှန်ကောင်းမှန်နေမှာပါ။


သူတို့စုံတွဲဟာ တက္ကသိုလ်ပထမနှစ်ကတည်းက သိခဲ့ကြတာဖြစ်ပြီး ကျောင်းပြီးတဲ့နောက်မှာလည်း အလုပ်နေရာမတူပေမယ့် အတူရှိနေကြသူများပဲဖြစ်ပါတယ်။

သူတို့၂ယောက်ဟာ ကောင်မလေးလုပ်တဲ့ ကုမ္ပဏီရဲ့အနီးနားမှာ အိမ်ခန်းငှားနေကြပါတယ်။ ကောင်လေးက လမ်းမသင့်ပေမယ့် ကောင်မလေးကိုနေ့စဉ် လမ်းလျှောက်ကာ အပို့အကြိုလုပ်ပေးတယ်လို့ ကောင်မလေးကဆိုပါတယ်။



ဒီလိုနဲ့ အချိန်၂နှစ်ကြာလာပြီးနောက် လစာတိုးလာတာကြောင့် သူတို့၂ယောက်ဟာ ဒီ့ထက်ပိုကြီးတဲ့အိမ်ကို ပြောင်းခဲ့ကြပါတယ်။ ကောင်မလေးဘက်က ကားဝယ်ချင်ပြီး ခရီးထွက်ချင်ပေမယ့် ကောင်လေးကတော့ ဒီလိုအရာတွေအတွက် ငွေမရှိဘူးလို့သာဆိုခဲ့ပါတယ်။

ကောင်မလေး လိုချင်တဲ့လက်ဆောင်တွေဟာ နှုတ်ခမ်းနီ ဈေးနှုန်းမြင့် ဘရန်းအိတ်တွေဖြစ်ပေမယ့် ကောင်လေးပေးတဲ့လက်ဆောင်တွေကတော့ နေ့စဉ်ဘဝမှာလိုအပ်တဲ့ နားကြပ်တို့ လျှပ်စစ်သွားတိုက်တံတို့ ပဲဖြစ်တယ်လို့ ကောင်မလေးက ပြန်လည်ပြောပြပါတယ်။

ကောင်မလေးဟာ တခြားစုံတွဲတွေဟာ သူတို့ကောင်မလေးကို Branded တွေ လက်ဆောင်ပေးကြောင်းနဲ့ သူ့သူငယ်ချင်းလည်း ရည်းစားလက်ဆောင်ပေးတဲ့ Chanelအိတ် ကိုင်လာကြောင်း ပြောပြချိန်မှာ ကောင်လေးကတော့ သူ့လစာနဲ့ ထိုအိတ်ဝယ်ပေးနိုင်ဖို့ ၃နှစ်လောက်ကြာမယ်လို့ ပြောခဲ့တဲ့အတွက် ကောင်မလေးက သူ့ကိုအသုံးမကျဘူး လို့ပြောခဲ့တာဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်း စကားများကြပြီးနောက် ကောင်လေး သူ့ဇာတိပြန်သွားချိန်မှာတော့ ကောင်မလေးက ” သင့်ကိုတကယ်ချစ်တဲ့သူကိုတွေ့တဲ့အခါ အဲ့လူက ချမ်းသာနေရင် ပိုကောင်းတာပေါ့ ” လို့ သူတင်ထားတဲ့ပို့စ်မှာရေးသားခဲ့ပါတယ်။



အင်တာနက်သုံးစွဲသူတွေကတော့ ကောင်မလေးကို ရုပ်ဝါဒီလို့ စွပ်စွဲကြပြီး အိတ်အကောင်းစားလိုချင်ရင် ကိုယ့်လစာနဲ့ကိုယ်ဝယ်ဖို့နဲ့ ရည်းစားက ATM စက်မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

Writer -LLA ( Shwe Yaung Lan )




မှတ်ချက်များ