အသက္ရွည္ရွည္ ေနခ်င္ရင္၊ အိပ္တဲ့အခါတုိင္း ဖုန္းနဲ႔အေဝးဆုံးမွာ အိပ္ဖုိ႔ ပညာရွင္အႀကံျပဳ


Zawgyiျဖင့္ဖတ္ရန္

သင္ဟာ အိပ္ရာမဝင္ခင္မွာ ဖုန္းသုံးတဲ့ အေလ့အက်င့္ရွိေနၿပီဆုိရင္ ဒါက အေတာ္ေလး သတိထားသင့္တဲ့ ကိစၥျဖစ္ပါတယ္။ ဖုန္းကို စြဲလန္းေနၿပီဆုိရင္ အရင္ဆုံး အေႏွာက္အယွက္ေပးမွာက သင့္ရဲ႕ေကာင္းေကာင္းမြန္မြန္ အိပ္စက္ျခင္းကုိ ျဖစ္ပါတယ္။ ဖုန္းကို စြဲလန္းတဲ့ ဒီဂရီအနိမ့္အျမင့္ေပၚမူတည္ၿပီး သင့္ရဲ႕ အိပ္စက္ဖုိ႔အခ်ိန္ဟာ အနည္းနဲ႔အမ်ားေတာ့ ထိခုိက္မွာပါ။

အိပ္စက္ခ်ိန္ကုိ ထိခိုက္ျခင္းဟာ လူတစ္ေယာက္အတြက္ က်န္းမာေရးဆုိင္ရာနဲ႔ပတ္သက္ရင္ ေကာင္းတဲ့ လကၡဏာ တစ္ခုမွာ မေပးစြမ္းႏုိင္ဘူးလုိ႔ ဆုိပါတယ္။ အိပ္စက္မႈဆုိင္ရာ ကေမာက္ကမေရာဂါေတြနဲ႔ပတ္သက္ၿပီး ကၽြမ္းက်င္ပညာရွင္ Harneet Walia က လူတစ္ေယာက္ က်န္းမာဖုိ႔အတြက္ အိပ္စက္ျခင္းက အလြန္အဓိကက်တယ္လုိ႔ ဆုိပါတယ္။

သူမက လူတစ္ေယာက္ ၿငိမ္းခ်မ္းတဲ့စိတ္အေျခအေနဟာ တစ္ညတာကို ေကာက္းေကာင္းအိပ္ေပ်ာ္ေစဖုိ႔ ေက်းဇူးျပဳပါတယ္တဲ့။ သူမက ေကာင္းေကာင္းအိပ္ခ်င္တယ္၊ ဒါမွမဟုတ္ အိပ္စက္ျခင္းကေန ေပးတဲ့ က်န္းမာေရးေကာင္းက်ိဳးကို အျပည့္အဝခံစားခ်င္တယ္ဆုိရင္ ဖုန္းအသုံးျပဳျခင္းမလုပ္ဖုိ႔ အေၾကာင္းျပခ်က္(၃)မ်ိဳးနဲ႔ အႀကံေပးခဲ့ပါတယ္။

(၁) ဖုန္းက သင့္ရဲ႕စိတ္ပင္ပန္းမႈကို မေျပေပ်ာက္ေစဘူး

ဖုန္းေတြဟာ အဓိကအားျဖင့္ သင့္ကုိ သတင္းအခ်က္အလက္ေတြေပးဖုိ႔ ထုတ္လုပ္ထားတာေတြ ျဖစ္ပါတယ္။ သင့္ဟာ အိပ္ရာထက္မွာ ဘယ္ေလာက္ပဲ သက္ေတာင့္သက္သာ ျဖစ္ေနေစကာမူ၊ ဖုန္းထဲက သတင္းအခ်က္အလက္ေတြကို ဦးေႏွာက္က မွတ္ယူေနပါတယ္။ သင့္ရဲ႕ စိတ္ခံစားမႈကလည္း သင္ ျမင္ေနရတဲ့ အေၾကာင္းအရာေတြကို လုိက္ၿပီး ခံစားေနတတ္ပါတယ္။

(၂) ဖုန္းကထုတ္လႊတ္တဲ့ အျပာေရာင္အလင္းတန္းက Melatonin ဟုိမုန္းေတြက ေသဆုံးေစတယ္

လူ႕ခႏၶာကိုယ္အတြက္ အလြန္အေရးပါတဲ့ Melatonin ဟုိမုန္းကို ဦးေႏွာက္က ထုတ္လတ္ေပးပါတယ္။ အဲဒီဟုိမုန္းရဲ႕ လုပ္ေဆာင္ခ်က္က အိပ္စက္ျခင္းသံသရာကို ပုံမွန္လည္ပတ္ေအာင္ ဦးေနွာက္ကုိ ေစ့ေဆာ္ေပးတာ ျဖစ္ပါတယ္။ သုိ႔ေသာ္လည္း ဖုန္းက ထုတ္လႊတ္တဲ့ အျပာေရာင္အလင္းတန္းေတြက ဒီဟုိမုန္းျဖစ္စဥ္ကို အလြန္အေႏွာက္အယွက္ ေပးရာက အိပ္စက္ခ်ိန္ေတြ ကေမာက္ကမ ျဖစ္ကုန္တာပါ။

ေနာက္ၿပီး မ်က္လုံးအျမင္ကို အခ်ိန္တုိအတြင္း ထိခုိက္ေစသလုိ၊ မၾကာေသးခင္က စစ္တမ္းအရ အဲဒီအေျပာေရာင္အလင္းတန္က ဦးေႏွာက္ဆဲလ္ေတြကိုပါ ေသဆုံးေစႏုိင္ပါသတဲ့။ အိပ္ေရးပ်က္ျခင္း၊ အိပ္စက္ခ်ိန္ ကေမာက္ကမ စျဖစ္ၿပီဆုိတာနဲ႔ သင့္ရဲ႕ က်န္မားေရးဟာ သိသိသာသာ ဆုိးရြားလာတာကို သင္ကိုယ္တုိင္ သတိထားမိမွာပါ။

(၃) လက္တေလာ ခံစားမႈေတြကို လႊမ္းမုိးတယ္

သင့္ဟာ မအိပ္စက္ခင္မွာ ဘယ္ေလာက္ပဲ စိတ္ေကာင္းဝင္ေနပါေစ၊ သင့္ရဲ႕ လက္တေလာ ခံစားမႈကို ဖုန္းေတြက တက္ႏုိင္သေလာက္ အေနွာက္အယွက္ ေပးမွာပါ။ သင္ဟာ အားငယ္ဝမ္းနည္းတတ္သူဆုိရင္ သင့္ကုိ ဝမ္းနည္းစရာ သတင္းေတြက ပုိၿပီးဝမ္းနမ္းေအာင္ ဖန္းတီးမွာပါ။ သင္က ေဒါသထြက္လြယ္သူဆုိရင္လည္း ဒီအတုိင္းပါဘဲ၊ သာမန္ ေဒါသထြက္စရာ သတင္းေတြက သင့္ကို အေႏွာက္အယွက္ေပးမွာပါ။

ဒီနည္းအားျဖင့္ သင္ဟာ တုိက္႐ုိက္ေသာ္လည္းေကာင္း၊ သြယ္ဝုိက္၍ေသာ္လည္းေကာင္း အိပ္စက္ခ်ိန္မွာ စိတ္ပုိင္းဆုိင္ရာ အေႏွာက္အယွက္ေတြ ခံစားရမွာ ျဖစ္ပါတယ္။ အိပ္စက္မယ့္လူတစ္ေယာက္ဟာ ျဖစ္ႏုိင္သမွ် ဦးေႏွာက္ထဲမွာ ရွင္းရွင္းလင္းလင္း ျဖစ္ေနဖုိ႔ လုိပါတယ္။

ဒါေၾကာင့္ ဒီလုိ ခက္ခဲတဲ့အေျခအေနေတြကုိ ေက်ာ္လႊားနုိင္ဖုိ႔ သင္ဟာ ျဖစ္ႏုိင္ရင္ ဖုန္းနဲ႔ အဆက္အသြယ္မ်ိဳးေတာင္ ျဖတ္သင့္ပါတယ္။ Walia ကေတာ့ သင့္အေနနဲ႔ ေကာင္းေကာင္းအိပ္စက္ခ်င္တယ္ဆုိရင္ မအိပ္ခင္ ဖုန္းနဲ႔တစ္နာရီေလာက္ အဆက္အသြယ္ ႀကိဳျဖတ္ထားသင့္ေၾကာင္း၊ ဒီနည္းအားျဖင့္ စိတ္ပုိင္းဆုိင္ရာ၊ ႐ုပ္ပိုင္းဆုိင္ရာ က်န္းမာေရးကို ပုိၿပီးတုိးတက္ေအာင္ လုပ္သင့္တယ္လုိ႔ အႀကံေပးခဲ့ပါတယ္။

လင္းေဇာ္ကုိ

Credit:shwemom

Unicodeဖြင့်ဖတ်ရန်

အသက်ရှည်ရှည် နေချင်ရင်၊ အိပ်တဲ့အခါတိုင်း ဖုန်းနဲ့အဝေးဆုံးမှာ အိပ်ဖို့ ပညာရှင်အကြံပြု

သင်ဟာ အိပ်ရာမဝင်ခင်မှာ ဖုန်းသုံးတဲ့ အလေ့အကျင့်ရှိနေပြီဆိုရင် ဒါက အတော်လေး သတိထားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဖုန်းကို စွဲလန်းနေပြီဆိုရင် အရင်ဆုံး အနှောက်အယှက်ပေးမှာက သင့်ရဲ့ကောင်းကောင်းမွန်မွန် အိပ်စက်ခြင်းကို ဖြစ်ပါတယ်။ ဖုန်းကို စွဲလန်းတဲ့ ဒီဂရီအနိမ့်အမြင့်ပေါ်မူတည်ပြီး သင့်ရဲ့ အိပ်စက်ဖို့အချိန်ဟာ အနည်းနဲ့အများတော့ ထိခိုက်မှာပါ။

အိပ်စက်ချိန်ကို ထိခိုက်ခြင်းဟာ လူတစ်ယောက်အတွက် ကျန်းမာရေးဆိုင်ရာနဲ့ပတ်သက်ရင် ကောင်းတဲ့ လက္ခဏာ တစ်ခုမှာ မပေးစွမ်းနိုင်ဘူးလို့ ဆိုပါတယ်။ အိပ်စက်မှုဆိုင်ရာ ကမောက်ကမရောဂါတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင် Harneet Walia က လူတစ်ယောက် ကျန်းမာဖို့အတွက် အိပ်စက်ခြင်းက အလွန်အဓိကကျတယ်လို့ ဆိုပါတယ်။

သူမက လူတစ်ယောက် ငြိမ်းချမ်းတဲ့စိတ်အခြေအနေဟာ တစ်ညတာကို ကောက်းကောင်းအိပ်ပျော်စေဖို့ ကျေးဇူးပြုပါတယ်တဲ့။ သူမက ကောင်းကောင်းအိပ်ချင်တယ်၊ ဒါမှမဟုတ် အိပ်စက်ခြင်းကနေ ပေးတဲ့ ကျန်းမာရေးကောင်းကျိုးကို အပြည့်အဝခံစားချင်တယ်ဆိုရင် ဖုန်းအသုံးပြုခြင်းမလုပ်ဖို့ အကြောင်းပြချက်(၃)မျိုးနဲ့ အကြံပေးခဲ့ပါတယ်။

(၁) ဖုန်းက သင့်ရဲ့စိတ်ပင်ပန်းမှုကို မပြေပျောက်စေဘူး

ဖုန်းတွေဟာ အဓိကအားဖြင့် သင့်ကို သတင်းအချက်အလက်တွေပေးဖို့ ထုတ်လုပ်ထားတာတွေ ဖြစ်ပါတယ်။ သင့်ဟာ အိပ်ရာထက်မှာ ဘယ်လောက်ပဲ သက်တောင့်သက်သာ ဖြစ်နေစေကာမူ၊ ဖုန်းထဲက သတင်းအချက်အလက်တွေကို ဦးနှောက်က မှတ်ယူနေပါတယ်။ သင့်ရဲ့ စိတ်ခံစားမှုကလည်း သင် မြင်နေရတဲ့ အကြောင်းအရာတွေကို လိုက်ပြီး ခံစားနေတတ်ပါတယ်။

(၂) ဖုန်းကထုတ်လွှတ်တဲ့ အပြာရောင်အလင်းတန်းက Melatonin ဟိုမုန်းတွေက သေဆုံးစေတယ်

လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ Melatonin ဟိုမုန်းကို ဦးနှောက်က ထုတ်လတ်ပေးပါတယ်။ အဲဒီဟိုမုန်းရဲ့ လုပ်ဆောင်ချက်က အိပ်စက်ခြင်းသံသရာကို ပုံမှန်လည်ပတ်အောင် ဦးနှောက်ကို စေ့ဆော်ပေးတာ ဖြစ်ပါတယ်။ သို့သော်လည်း ဖုန်းက ထုတ်လွှတ်တဲ့ အပြာရောင်အလင်းတန်းတွေက ဒီဟိုမုန်းဖြစ်စဉ်ကို အလွန်အနှောက်အယှက် ပေးရာက အိပ်စက်ချိန်တွေ ကမောက်ကမ ဖြစ်ကုန်တာပါ။

နောက်ပြီး မျက်လုံးအမြင်ကို အချိန်တိုအတွင်း ထိခိုက်စေသလို၊ မကြာသေးခင်က စစ်တမ်းအရ အဲဒီအပြောရောင်အလင်းတန်က ဦးနှောက်ဆဲလ်တွေကိုပါ သေဆုံးစေနိုင်ပါသတဲ့။ အိပ်ရေးပျက်ခြင်း၊ အိပ်စက်ချိန် ကမောက်ကမ စဖြစ်ပြီဆိုတာနဲ့ သင့်ရဲ့ ကျန်မားရေးဟာ သိသိသာသာ ဆိုးရွားလာတာကို သင်ကိုယ်တိုင် သတိထားမိမှာပါ။

(၃) လက်တလော ခံစားမှုတွေကို လွှမ်းမိုးတယ်

သင့်ဟာ မအိပ်စက်ခင်မှာ ဘယ်လောက်ပဲ စိတ်ကောင်းဝင်နေပါစေ၊ သင့်ရဲ့ လက်တလော ခံစားမှုကို ဖုန်းတွေက တက်နိုင်သလောက် အနှောက်အယှက် ပေးမှာပါ။ သင်ဟာ အားငယ်ဝမ်းနည်းတတ်သူဆိုရင် သင့်ကို ဝမ်းနည်းစရာ သတင်းတွေက ပိုပြီးဝမ်းနမ်းအောင် ဖန်းတီးမှာပါ။ သင်က ဒေါသထွက်လွယ်သူဆိုရင်လည်း ဒီအတိုင်းပါဘဲ၊ သာမန် ဒေါသထွက်စရာ သတင်းတွေက သင့်ကို အနှောက်အယှက်ပေးမှာပါ။

ဒီနည်းအားဖြင့် သင်ဟာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အိပ်စက်ချိန်မှာ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်တွေ ခံစားရမှာ ဖြစ်ပါတယ်။ အိပ်စက်မယ့်လူတစ်ယောက်ဟာ ဖြစ်နိုင်သမျှ ဦးနှောက်ထဲမှာ ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုပါတယ်။

ဒါကြောင့် ဒီလို ခက်ခဲတဲ့အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ သင်ဟာ ဖြစ်နိုင်ရင် ဖုန်းနဲ့ အဆက်အသွယ်မျိုးတောင် ဖြတ်သင့်ပါတယ်။ Walia ကတော့ သင့်အနေနဲ့ ကောင်းကောင်းအိပ်စက်ချင်တယ်ဆိုရင် မအိပ်ခင် ဖုန်းနဲ့တစ်နာရီလောက် အဆက်အသွယ် ကြိုဖြတ်ထားသင့်ကြောင်း၊ ဒီနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုပြီးတိုးတက်အောင် လုပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

လင်းဇော်ကို

Credit:shwemom

မှတ်ချက်များ