သူမကို အသံုးခ်ၿပီးပိုက္ဆံလိမ္ေနတဲ့အေၾကာင္းကို ပရိသတ္ေတြကို အသိေပးလိုက္တဲ့ ျဖဴျဖဴေထြး


Zawgyiျဖင့္ဖတ္ရန္

ေဖစ့္ဘုတ္ေပၚမွာ အကဗီဒီယုိေတြ ဟာသဗီဒီယုိေတြတင္ရင္းကေနတစ္ဆင့္ လူသိမ်ားေက်ာ္ၾကားလာတဲ့သူေလးတစ္ေယာက္ျဖစ္တဲ့ ျဖဴျဖဴေထြးကေတာ့ သူမရဲ႕ ရိုးသားပြင့္လင္းတဲ့ ဟန္ပန္ေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို အျပည့္အဝရရွိထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူမကေတာ့ ဒီကေန႕မွာ ပရိသတ္ေတြကို အေရးတႀကီး အသိေပးလိုက္တာျဖစ္ပါတယ္။

ျဖဴျဖဴေထြးနာမည္နဲ႔ ေထာင္ထားတဲ့ ေဖစ္ဘုတ္ေပဂ်္႔တစ္ခုကေတာ့ ျဖဴျဖဴေထြးရဲ႕ နာမည္ကို အသံုးခ်ၿပီး ပိုက္ဆံေတြလိမ္လည္ေနတာျဖစ္ပါတယ္။ ျဖဴျဖဴေထြးကေတာ့ သူမရဲ႕ ပရိသတ္ေတြလည္း သတိထားႏိုင္ဖို႔အတြက္ ဒီအေၾကာင္းကို အခုလိုပဲေျပာထားပါတယ္။

ျဖဴျဖဴေထြးရဲ႕ ပရိသတ္ေတြနဲ႔ ပြဲစီစဥ္ေတြလည္း အလိမ္အညာေတြမမိေစဖို႔အတြက္ ဒီအေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါဦးေနာ္။

ျဖဴျဖဴေထြးကေတာ့ လက္ရွိိမွာ “ေရာသမေမႊ” ရုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ရိုက္ကူးေနတာျဖစ္ပါတယ္။ ျဖဴျဖဴေထြးရဲ႕ အႏုပညာလႈပ္ရွားမႈေတြကိုလည္း အားေပးလိုက္ပါဦးေနာ္ ပရိသတ္ႀကီးေရ။

Source: Phyu Phyu Htwe

Credit:popolay

Unicodeဖြင့်ဖတ်ရန်

သူမကို အသုံးချပြီးပိုက်ဆံလိမ်နေတဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးလိုက်တဲ့ ဖြူဖြူထွေး

ဖေစ့်ဘုတ်ပေါ်မှာ အကဗီဒီယိုတွေ ဟာသဗီဒီယိုတွေတင်ရင်းကနေတစ်ဆင့် လူသိများကျော်ကြားလာတဲ့သူလေးတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဒီကနေ့မှာ ပရိသတ်တွေကို အရေးတကြီး အသိပေးလိုက်တာဖြစ်ပါတယ်။

ဖြူဖြူထွေးနာမည်နဲ့ ထောင်ထားတဲ့ ဖေစ်ဘုတ်ပေဂျ့်တစ်ခုကတော့ ဖြူဖြူထွေးရဲ့ နာမည်ကို အသုံးချပြီး ပိုက်ဆံတွေလိမ်လည်နေတာဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူမရဲ့ ပရိသတ်တွေလည်း သတိထားနိုင်ဖို့အတွက် ဒီအကြောင်းကို အခုလိုပဲပြောထားပါတယ်။

ဖြူဖြူထွေးရဲ့ ပရိသတ်တွေနဲ့ ပွဲစီစဉ်တွေလည်း အလိမ်အညာတွေမမိစေဖို့အတွက် ဒီအကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

ဖြူဖြူထွေးကတော့ လက်ရှိမှာ “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Phyu Phyu Htwe

Credit:popolay

မှတ်ချက်များ