ႏိုင္ငံျခားမွာ ျမန္မာေငြ ၆ ေသာင္း အထိ ေပးဝယ္ေနရတဲ့ ျမန္မာ့ ထန္းလ်က္ယပ္ေတာင္



Zawgyi ျဖင့္ဖတ္ရန္



ပရိတ္သတ္ႀကီးေရ ဒီတစ္ခါ တင္ဆက္မယ့္ သတင္းကေတာ့ နည္းနည္းထူးတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ ေငြ ေလး ငါးရာေလာက္နဲ႔ ပစၥည္း တစ္ခုဟာ ႏိုင္ငံျခားမွာ ျမန္မာေငြ ၆ ေသာင္းေက်ာ္ေပးေနရတဲ့ သတင္းေလးပါပဲ။ ဒါဆိုရင္ ပရိတ္သတ္ႀကီးတို႔လည္း ဒီသတင္းကို သိခ်င္ၾကမယ္ထင္ပါတယ္။ ဒါကေတာ့ ျမန္မာႏိုင္ငံ အညာဘက္ေတြက ယက္လုပ္တဲ့ ထန္းလ်က္ ယပ္ေတာင္ပဲျဖစ္ပါတယ္။ ဒီယပ္ေတာင္ရဲ႕ ေဈးႏႈန္းက ေလး ငါး ရာ ျဖစ္ေပမယ့္ ႏိုင္ငံျခား Website တစ္ခုမွာ ဒီယပ္ေတာင္ တစ္ေခ်ာင္းကို ျမန္မာေငြ ၆ ေသာင္းေက်ာ္နဲ႔ ေဈးေပးရပါတယ္။ ဒါဟာ ဂုဏ္ပဲယူရမလား၊ စိတ္မေကာင္းပဲျဖစ္ရမလားဆိုတာ မသိေလာက္ေအာင္ပါပဲ။


ဒီ ယပ္ေတာင္နဲ႔ ပတ္သတ္ၿပီး Website ေတာ္ေတာ္မ်ားမ်ားမွာ တင္ထားၾကပါတယ္။ ဒီအထဲကမွ ေဈးအနည္းဆုံးျဖစ္တဲ့ Website ကေတာ့ Stylenanda Website ပဲျဖစ္ပါတယ္။ ဒီဝက္ဘ္ဆိုက္မွာေတာ့ ေဈးႏႈန္းက အေမရိကန္ေဒၚလာ ၁၈ ေဒၚလာ ျဖစ္ပါတယ္။ ဒါေတာင္မွာ Shipping ခေတြမပါပါဘူး။ ျမန္မာေငြ ၂ ေသာင္းေက်ာ္ေလာက္က်မွာျဖစ္ပါတယ္။



ေနာက္ထပ္ ဝက္ဘ္ဆိုက္တစ္ခုကေတာ့ Amazon လို ဝက္ဘ္ဆိုက္မ်ိဳးပဲျဖစ္ပါတယ္။ သူကေတာ့ စပိန္ႏိုင္ငံအေျခစိုက္ျဖစ္တဲ့ ETSY Limbhad Website ပဲျဖစ္ပါတယ္။ ဒီဝက္ဘ္ဆိုက္ကေတာ့ လက္လုပ္ပစၥည္းေတြသာေရာင္းခ်တဲ့ ဝက္ဘ္ဆိုက္ပါပဲ။ ဒီဝက္ဘ္ဆိုက္မွာေတာ့ ထန္းလ်က္ယပ္ေတာင္ တစ္ေခ်ာင္းကို အေမရိကန္ေဒၚလာ ၃၈ ကေန ၅၀ နီးပါရွိပါတယ္။ လက္ရွိ ျမန္မာေငြေပါက္ေဈးနဲ႔ဆိုရင္ ေျခာက္ေသာင္းနီးပါးပါပဲ။




ျမန္မာႏိုင္ငံမွာ က်ပ္ေငြ ေလးငါးရာနဲ႔ ဝယ္လို႔ရမယ့္ ယပ္ေတာင္ဟာ ႏိုင္ငံျခားမွာေတာ့ ျမန္မာေငြ ေျခာက္ေသာင္းေက်ာ္ဆိုေတာ့ ပရိတ္သတ္ႀကီးေရ စိတ္မဝင္စားဘူးလား။ သူတို႔ႏိုင္ငံမွာ ဒီလို ထန္းလ်က္ ယပ္ေတာင္ လုပ္ဖို႔အတြက္ ထန္းပင္မ်ား ရွားေလသလားလို႔ေတာင္ ေတြးထင္မိပါတယ္။





ကဲ ပရိတ္သတ္ႀကီးေရ ယပ္ေတာင္ယပ္ၿပီး ႏိုင္ငံျခား တင္ပို႔ခ်င္စိတ္ေပါက္မလာဘူးလား။ ဒီေလာက္အဖိုးအခနည္းတဲ့ ကုန္ပစၥည္းကို ဒီေလာက္ေဈးနဲ႔ေပးဝယ္ရမယ္ဆိုရင္ေရာ ပရိတ္သတ္ႀကီးက ဝယ္ဖို႔ ဆုံးျဖတ္မွာလား………။

Writer- ME(Shwe Yaung Lan)



Unicode ဖြင့်ဖတ်ရန်


နိုင်ငံခြားမှာ မြန်မာငွေ ၆ သောင်း အထိ ပေးဝယ်နေရတဲ့ မြန်မာ့ ထန်းလျက်ယပ်တောင်


ပရိတ်သတ်ကြီးရေ ဒီတစ်ခါ တင်ဆက်မယ့် သတင်းကတော့ နည်းနည်းထူးတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ငွေ လေး ငါးရာလောက်နဲ့ ပစ္စည်း တစ်ခုဟာ နိုင်ငံခြားမှာ မြန်မာငွေ ၆ သောင်းကျော်ပေးနေရတဲ့ သတင်းလေးပါပဲ။ ဒါဆိုရင် ပရိတ်သတ်ကြီးတို့လည်း ဒီသတင်းကို သိချင်ကြမယ်ထင်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံ အညာဘက်တွေက ယက်လုပ်တဲ့ ထန်းလျက် ယပ်တောင်ပဲဖြစ်ပါတယ်။ ဒီယပ်တောင်ရဲ့ ဈေးနှုန်းက လေး ငါး ရာ ဖြစ်ပေမယ့် နိုင်ငံခြား Website တစ်ခုမှာ ဒီယပ်တောင် တစ်ချောင်းကို မြန်မာငွေ ၆ သောင်းကျော်နဲ့ ဈေးပေးရပါတယ်။ ဒါဟာ ဂုဏ်ပဲယူရမလား၊ စိတ်မကောင်းပဲဖြစ်ရမလားဆိုတာ မသိလောက်အောင်ပါပဲ။


ဒီ ယပ်တောင်နဲ့ ပတ်သတ်ပြီး Website တော်တော်များများမှာ တင်ထားကြပါတယ်။ ဒီအထဲကမှ ဈေးအနည်းဆုံးဖြစ်တဲ့ Website ကတော့ Stylenanda Website ပဲဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာတော့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာ ဖြစ်ပါတယ်။ ဒါတောင်မှာ Shipping ခတွေမပါပါဘူး။ မြန်မာငွေ ၂ သောင်းကျော်လောက်ကျမှာဖြစ်ပါတယ်။



နောက်ထပ် ဝက်ဘ်ဆိုက်တစ်ခုကတော့ Amazon လို ဝက်ဘ်ဆိုက်မျိုးပဲဖြစ်ပါတယ်။ သူကတော့ စပိန်နိုင်ငံအခြေစိုက်ဖြစ်တဲ့ ETSY Limbhad Website ပဲဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကတော့ လက်လုပ်ပစ္စည်းတွေသာရောင်းချတဲ့ ဝက်ဘ်ဆိုက်ပါပဲ။ ဒီဝက်ဘ်ဆိုက်မှာတော့ ထန်းလျက်ယပ်တောင် တစ်ချောင်းကို အမေရိကန်ဒေါ်လာ ၃၈ ကနေ ၅၀ နီးပါရှိပါတယ်။ လက်ရှိ မြန်မာငွေပေါက်ဈေးနဲ့ဆိုရင် ခြောက်သောင်းနီးပါးပါပဲ။



မြန်မာနိုင်ငံမှာ ကျပ်ငွေ လေးငါးရာနဲ့ ဝယ်လို့ရမယ့် ယပ်တောင်ဟာ နိုင်ငံခြားမှာတော့ မြန်မာငွေ ခြောက်သောင်းကျော်ဆိုတော့ ပရိတ်သတ်ကြီးရေ စိတ်မဝင်စားဘူးလား။ သူတို့နိုင်ငံမှာ ဒီလို ထန်းလျက် ယပ်တောင် လုပ်ဖို့အတွက် ထန်းပင်များ ရှားလေသလားလို့တောင် တွေးထင်မိပါတယ်။





ကဲ ပရိတ်သတ်ကြီးရေ ယပ်တောင်ယပ်ပြီး နိုင်ငံခြား တင်ပို့ချင်စိတ်ပေါက်မလာဘူးလား။ ဒီလောက်အဖိုးအခနည်းတဲ့ ကုန်ပစ္စည်းကို ဒီလောက်ဈေးနဲ့ပေးဝယ်ရမယ်ဆိုရင်ရော ပရိတ်သတ်ကြီးက ဝယ်ဖို့ ဆုံးဖြတ်မှာလား………။

Writer- ME(Shwe Yaung Lan)

မှတ်ချက်များ