အြန္လိုင္းေရွာ့ပင္းကို စြဲလမ္းတဲ့ ဇနီးေၾကာင့္ ခင္ပြန္းျဖစ္သူ အဆုံးစီရင္


Zawgyiျဖင့္ဖတ္ရန္

အြန္လိုင္းေပၚကေန ေစ်းဝယ္တဲ့ အြန္လိုင္းေရွာ့ပင္းဟာ တစ္ခါစ ႏွစ္ခါစ လုပ္မိတာနဲ႔ ေဆးလိပ္ အရက္စြဲသလို စြဲလမ္းသြားတတ္ပါတယ္။ တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ဦးဟာ ဇနီးျဖစ္သူရဲ႕ အြန္လိုင္းေရွာ့ပင္း စြဲလမ္းမႈဒဏ္ကို မခံႏိုင္ေတာ့တဲ့အဆုံး ၃၃ ထပ္တိုက္ေခါင္းမိုးေပၚကေန ခုန္ခ်ၿပီး အဆုံးစီရင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ သူ႔ဇနီးရဲ႕ အြန္လိုင္းေရွာ့ပင္းဒဏ္က ဘယ္ခင္ပြန္းမွ သည္းခံႏိုင္လိမ့္မယ္ မထင္ပါဘူး တစ္ရက္ထဲမွာပဲ တ႐ုန္ယြမ္ ၃ သိန္း (ျမန္မာေငြ သိန္း ၆၅၀ နီးပါး)ဖိုး ဝယ္ယူခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ အြန္လိုင္း ေရွာ့ပင္းဆိုင္ႀကီးေတြက ႏွစ္စဥ္ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ တစ္ရက္ထဲမွာ အႀကီးအက်ယ္ ေလွ်ာ့ေစ်းေတြနဲ႔ ခ်ေရာင္းတဲ့အတြက္ ပစၥည္းေတြအားလုံးက တန္လြန္းလို႔ လက္မလႊတ္ႏိုင္ေအာင္ ျဖစ္ရပါတယ္။

စီခြၽမ္းျပည္နယ္ လုက်ိဳးၿမိဳ႕က အသက္ ၂၉ ႏွစ္အ႐ြယ္ ‘ဝမ္း’ ဟူေသာ အမ်ိဳးသားဟာ ဇနီးသည္ ‘က်န္း’ (၂၉ ႏွစ္)ရဲ႕ ေငြေၾကးသုံးစြဲမႈဒဏ္ကို မခံႏိုင္ေတာ့တဲ့အဆုံး စိတ္ဓါတ္ေတြ အႀကီးအက်ယ္က်ကာ ၃၃ ထပ္တိုက္ခန္း ေခါင္မိုးေပၚမွ ခုန္ခ်သတ္ေသဖို႔ ႀကိဳးစားခဲ့ပါတယ္။ ရဲေတြဟာ သတင္းအရ ေနရာကို ေရာက္သြားခဲ့ၿပီး ‘ဝမ္’ ကို နာရီဝက္ခန႔္ အမ်ိဳးမ်ိဳး ေျဖာင္းဖ် နားခ်ၿပီးမွ ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။

‘ဝမ္’ ရဲ႕ ေျပာဆိုမႈအရ သူ႔ရဲ႕ဇနီးသည္ဟာ ဒီတစ္ႀကိမ္တင္မကပဲ ယခင္ကေလးမေမြးမီတုန္းကလည္း တ႐ုတ္ဝမ္ ၂ သိန္းဖိုး အြန္လိုင္းကေန ပစၥည္းေတြ ဝယ္ယူခဲ့ေၾကာင္း၊ သူရဲ႕ ဝင္ငြဟာ တစ္လမွာ ဝမ္ေငြ ေထာင္ဂဏန္းသာရတာမို႔ ဒီအေႂကြးေတြကို မနည္း႐ုန္းကန္ကာ ဆပ္ခဲ့ရေၾကာင္း၊ ဇနီးျဖစ္သူက ေနာက္ထပ္ အြန္လိုင္းေရွာ့ပင္း မလုပ္ေတာ့ပါဘူးလို႔ ကတိေပးခဲ့ေၾကာင္း၊ သူမဟာ ယခင္က အိမ္ၿခံေျမကုမၸဏီမွာ အလုပ္လုပ္ခဲ့ၿပီး ကေလးေမြးၿပီးေနာက္မွာ ကေလးကို ျပဳစုဖို႔ အလုပ္ထြက္ခဲ့ေၾကာင္း၊ ဒါေပမယ့္ အခုေတာ့ သူမရဲ႕ ကတိကိုဖ်က္ၿပီး အြန္လိုင္းမွာ ေစ်းဝယ္တာေတြ ျပန္လုပ္ေနတဲ့အတြက္ စိတ္ပ်က္ၿပီး ေသေၾကာင္းႀကံစဥ္ခဲ့ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

ရဲေတြက ‘ဝမ္’ ကို အိမ္ျပန္ပို႔ေပးခဲ့ၿပီး ဇနီးျဖစ္တဲ့ ‘က်န္း’ ကလည္း ေနာက္ထပ္ အြန္လိုင္းမွာ ေစ်းဝယ္တာေတြ မလုပ္ေတာ့ပါဘူးလို႔ ကတိေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုလက္ရွိ ဝယ္ထားတဲ့ အေႂကြးေတြကိုေတာ့ ‘ဝမ္’ အေနနဲ႔ မနည္း႐ုန္းကန္ကာ အေႂကြးဆပ္ရဦးမွာျဖစ္ပါတယ္။

Credit:popolay

Unicodeဖြင့်ဖတ်ရန်

အွန်လိုင်းရှော့ပင်းကို စွဲလမ်းတဲ့ ဇနီးကြောင့် ခင်ပွန်းဖြစ်သူ အဆုံးစီရင်

အွန်လိုင်းပေါ်ကနေ ဈေးဝယ်တဲ့ အွန်လိုင်းရှော့ပင်းဟာ တစ်ခါစ နှစ်ခါစ လုပ်မိတာနဲ့ ဆေးလိပ် အရက်စွဲသလို စွဲလမ်းသွားတတ်ပါတယ်။ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူရဲ့ အွန်လိုင်းရှော့ပင်း စွဲလမ်းမှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ၃၃ ထပ်တိုက်ခေါင်းမိုးပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ဇနီးရဲ့ အွန်လိုင်းရှော့ပင်းဒဏ်က ဘယ်ခင်ပွန်းမှ သည်းခံနိုင်လိမ့်မယ် မထင်ပါဘူး တစ်ရက်ထဲမှာပဲ တရုန်ယွမ် ၃ သိန်း (မြန်မာငွေ သိန်း ၆၅၀ နီးပါး)ဖိုး ဝယ်ယူခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အွန်လိုင်း ရှော့ပင်းဆိုင်ကြီးတွေက နှစ်စဉ် နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်ရက်ထဲမှာ အကြီးအကျယ် လျှော့ဈေးတွေနဲ့ ချရောင်းတဲ့အတွက် ပစ္စည်းတွေအားလုံးက တန်လွန်းလို့ လက်မလွှတ်နိုင်အောင် ဖြစ်ရပါတယ်။

စီချွမ်းပြည်နယ် လုကျိုးမြို့က အသက် ၂၉ နှစ်အရွယ် ‘ဝမ်း’ ဟူသော အမျိုးသားဟာ ဇနီးသည် ‘ကျန်း’ (၂၉ နှစ်)ရဲ့ ငွေကြေးသုံးစွဲမှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံး စိတ်ဓါတ်တွေ အကြီးအကျယ်ကျကာ ၃၃ ထပ်တိုက်ခန်း ခေါင်မိုးပေါ်မှ ခုန်ချသတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ ရဲတွေဟာ သတင်းအရ နေရာကို ရောက်သွားခဲ့ပြီး ‘ဝမ်’ ကို နာရီဝက်ခန့် အမျိုးမျိုး ဖြောင်းဖျ နားချပြီးမှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

‘ဝမ်’ ရဲ့ ပြောဆိုမှုအရ သူ့ရဲ့ဇနီးသည်ဟာ ဒီတစ်ကြိမ်တင်မကပဲ ယခင်ကလေးမမွေးမီတုန်းကလည်း တရုတ်ဝမ် ၂ သိန်းဖိုး အွန်လိုင်းကနေ ပစ္စည်းတွေ ဝယ်ယူခဲ့ကြောင်း၊ သူရဲ့ ဝင်ငွဟာ တစ်လမှာ ဝမ်ငွေ ထောင်ဂဏန်းသာရတာမို့ ဒီအကြွေးတွေကို မနည်းရုန်းကန်ကာ ဆပ်ခဲ့ရကြောင်း၊ ဇနီးဖြစ်သူက နောက်ထပ် အွန်လိုင်းရှော့ပင်း မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့ကြောင်း၊ သူမဟာ ယခင်က အိမ်ခြံမြေကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပြီး ကလေးမွေးပြီးနောက်မှာ ကလေးကို ပြုစုဖို့ အလုပ်ထွက်ခဲ့ကြောင်း၊ ဒါပေမယ့် အခုတော့ သူမရဲ့ ကတိကိုဖျက်ပြီး အွန်လိုင်းမှာ ဈေးဝယ်တာတွေ ပြန်လုပ်နေတဲ့အတွက် စိတ်ပျက်ပြီး သေကြောင်းကြံစဉ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ရဲတွေက ‘ဝမ်’ ကို အိမ်ပြန်ပို့ပေးခဲ့ပြီး ဇနီးဖြစ်တဲ့ ‘ကျန်း’ ကလည်း နောက်ထပ် အွန်လိုင်းမှာ ဈေးဝယ်တာတွေ မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိ ဝယ်ထားတဲ့ အကြွေးတွေကိုတော့ ‘ဝမ်’ အနေနဲ့ မနည်းရုန်းကန်ကာ အကြွေးဆပ်ရဦးမှာဖြစ်ပါတယ်။

Credit:popolay

မှတ်ချက်များ