Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ေတြ အားေပးမႈ အျပည့္အဝရရိွထားၿပီး ႏႈတ္ခမ္းနီမေလးေတြ အသည္းစြဲ ႀကိဳက္ရတဲ့ ဇာတ္မင္းသား စြမ္းဇာနည္ကိုေတာ့သိမယ္ထင္ပါတယ္။ မင္းသား စြမ္းဇာနည္ကေတာ့နယ္ပရိသတ္ေတြရဲ႕အျပည့္အဝ အားေပးမႈကို ခံထားရတဲ့မင္းသား တလက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စြမ္းဇာနည္တေယာက္ကေတာ့ လက္႐ွိခ်ိန္မွာ အမရပူရၿမိဳ႕မွာပြဲငွါးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး အ႐ႈပ္အ႐ွင္းေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးစြမ္းဇာနည္ကိုေတာ့တာဝန္႐ွိသူေတြက ပြင့္ပြင့္လင္းလင္း သတိေပးထားတာကို ေတြ႔ရပါတယ္။
စြမ္းဇာနည္နဲ႔ပတ္သက္ၿပီး တာဝန္႐ွိသူေတြကေတာ့ “အထူးသတိေပးခ်က္ အမရပူရၿမိဳ့ နန္ေတာ္ရာစံျပကြက္သစ္ ငါးဆယ္တစ္ႀကိမ္ေျမာက္ ပြဲေတာ္မွာ စြမ္းသဘင္ ကို ငွားခဲ့ပါတယ္ စရံကိုလဲ ေတာင္းတဲ့ သိန္း 50 ခ်ေပးခဲ့ပါတယ္ ပြဲေတာ္ သုံးရက္ ငွားရမ္းခဲ့ရာမွာ ၾကားရက္ ပြဲကူးရက္ မရွိသျဖင့္ ထပ္တိုးဖို့ ေျပာဆိုတဲ့ အခါမွာ ေနာက္တစ္ရက္ ထပ္တိုးေပးခဲ့ပါတယ္ စုစုေပါင္း စြမ္းသဘင္ကို ေလးရက္တိတိ ငွားရမ္းခဲ့ပါတယ္ ပထမ ပြဲရက္မွာပဲစြမ္းသဘင္မွ အဖြဲ႕သား အားလုံးေရာက္ရွိေပမဲ့ စြမ္းဇာနည္ မေရာက္ခဲ့ပါဘူး အဲ့ အတြက္ ပြဲေတာ္ကို ကၽြန္ေတာ္တို့ ပြဲေကာ္မတီမွ နားလည္မွုရွိစြာျဖင့္ တစ္ရက္ ေနာက္ဆုတ္ေပးခဲ့ပါတယ္ ဒုတိယ ရက္ေန႔မွာလဲ ေန႔လည္ 12:00 ထိ စြမ္းဇာနည္ ေရာက္မလာခဲ့လို့ စြမ္းသဘင္ မွ တာဝန္ရွိသူျဖင့္တဲ့ စြမ္းဇာနည္ရဲ့ အေဒၚနဲ႔ အစ္မကို ဖုန္းဆက္ ေမးခိုင္းခဲ့ပါတယ္ ေနမေကာင္းဘူး ေျပာဆိုပါတယ္ ဒါနဲ႔ ကၽြန္ေတာ္တို့ ပြဲေတာ္ေကာ္မတီ မွ ဒုတိယတခါ နားလည္မွုရွိစြာျဖင့္ စြမ္းဇာနည္ မင္းေနမေကာင္းျဖစ္ေနရင္လဲ လူေလးပဲ စင္ေပၚတက္ၿပီး ပရိသတ္ကို မ်က္ႏွာေလးပဲ လာျပၿပီး မင္းနားေနေပါ့လို့ ေလယာဥ္လက္မွတ္လဲအသင့္လုပ္ေပးမယ္ ေျပာဆိုခဲ့ပါတယ္
ဒီလိုနဲ႔ ညေနပိုင္းထိမေရာက္လာေတာ့ စြမ္းသဘင္က တာဝန္ရွိသူေတြနဲ႔ ကၽြန္ေတာ္တို့ ပြဲေကာ္မတီ ထပ္ေတြ႕ပါတယ္ ညၾကရင္မျဖစ္မေန ပြဲစရေတာ့မယ္ အခုထိ စြမ္းဇာနည္ မေရာက္လာေသးပါလား ဖုန္းျပန္ဆက္ၾကည့္ပါေပါ့ ကၽြန္ေတာ္တို့ ဆက္တာ မကိုင္လို့ေပါ့ ဒီလိုနဲ႔ သူရဲ့ အေဒၚနဲ႔ အစ္မကို ဖုန္းေခၚခိုင္းတယ္ ဖုန္းမကိုင္ေတာ့ ကၽြန္ေတာ္တို့ ပြဲေကာ္မတီမွ သည္းခံနိုင္တဲ့ အတိုင္းတာ ကုန္ဆုံးသြားပါၿပီးဗ်ာ အဲ့ေတာ့ စြမ္းဇာနည္ကိုေျပာလိုက္ပါ ဒီညမွ အေရာက္မလာရင္ ပြဲေကာ္မတီမွ လုပ္သင့္လုပ္ထိုက္တာကို လုပ္မယ္လို့ေျပာလိုက္ပါ အဲ့မွာ စြမ္းဇာနည္ရဲ့အစ္မ နဲ႔ အေဒၚက ဖုန္းေတြမရမကေခၚၿပီး စြမ္းဇာနည္ထံကို ဖုန္းဆက္ပါတယ္ဒီညမွ နင္မလာရင္ ငါ့တို့ဇာတ္ဖြဲ႕တစ္ခုလုံး ျပႆနာျပီးလို့ ေျပာတဲ့အခါမွာ စြမ္းဇာနည္ထံမွ ေသေသသတ္သတ္ လို့ ျပန္ေျပာခဲ့ပါတယ္ အဲ့အခ်ိန္ကစၿပီး ကၽြန္ေတာ္တို့ ပြဲေကာ္မတီ မွ ဇာတ္အဖြဲ႕သားအားလုံးကို ျပသာနာ ျကားထဲ မေရာက္ေအာင္ ရပ္ကြက္သူရပ္ကြက္သားေတြနဲ႔ ျပႆနာ မ ျဖစ္ေအာင္ ဇာတ္အဖြဲ႕သားေတြ အားလုံး လူေတြၾကည့္ပဲ အျပင္ကို အကုန္ေပးပါ လုံျခဳံအပ္ျကည့္ေပးပါမယ္
ဒါေပမဲ့ စက္ပစၥည္းမ်ားနဲ႔ ကား ၅ စီးကိုထိန္းသိမ္းခဲ့ပါတယ္ ဇာတ္အဖြဲ႕သားေတြကို ျပသာနာ မျဖစ္ရေအာင္လို့ မွန္လုံကားတစ္စီး ကိုေတာ့ မင္းသားငယ္ မင္းသမီးမ်ားကိုဇာတ္အဖြဲ႕သားေတြကို တင္ေပးၿပီး အမရပူရၿမိဳ့နယ္နဲ႔ ေဝးတဲ့ ေနရာသာ သြားပါလို့ ေျပာဆိုၿပီး နားလည္မွုရွိစြာျဖင့္ ဇာတ္အဖြဲ႕သားေတြကိုလႊတ္ေပးခဲ့ၿပီး စက္ပစၥည္းအားလုံးနဲ႔ ကားေလးစီးကိုေတာ့ပြဲေတာ္ေကာ္မတီမွ ထိန္သိမ္းထားပါတယ္ နစ္နာေၾကးအျဖင့္ သိန္း 500 က်ပ္တိတိကို ေပးတာနဲ႔ စက္ ပစၥည္းမ်ားနဲ႔ ကားေလးစီးကို ျပန္ေပးပါမည္ မနက္ျဖန္ မွ စ၍ ၁၄ ရက္ အခ်ိန္ေပးသြားပါမည္ ၁၄ ရက္ေက်ာ္ခဲ့ပါက စက္ပစၥည္းမ်ားနဲ႔ ကားေလးစီးကို လုံးဝတာဝန္မယူေၾကာင္းကို
ပြဲေတာ္ျဖစ္ေျမာက္ေရး ေကာ္မတီမွ အထူးသတိေပးေၾကညာအပ္ပါေၾကာင္း
အႏုပညာရွင္တစ္ဦးသည္ ပရိတ္သတ္ကို ေလးစားမွုရွိရမည္မိမိလုပ္ရမဲ့ အလုပ္ကို တန္ဖိုးထားရမည္ မလုပ္နိုင္လၽွင္ အေစာထဲက လက္မခံပါနဲ႔ ပရိတ္သတ္ကိုေစာ္ကားအထင္ေသးျခင္းသည္ အနုညာရွင္ တစ္ဦးရဲ့ အဆုံးသက္ ေနဝင္ခ်ိန္ တစ္ခုျဖစ္တည္လာနိုင္ပါသည္။ညေန 4:၀၀ မွာ ေရွ႕မ်ားနဲ႔ အတူ သဘင္အစည္းအ႐ုံးႏွင့္ ပြဲေတာ္ေကာ္မတီ မွ စာခ်ဴပ္ ခ်ဴပ္ဆိုသြားမွာ ျဖစ္ေၾကာင္း သတိေပးပါသည္ လုံးဝ ခြင့္မလႊတ္နိုင္ပါ အမရပူရၿမိဳ့ နန္းေတာ္ရာစံျပကြက္သစ္ ပြဲေတာ္ျဖစ္ေျမာက္ေရး ေကာ္မတီအဖြဲ႕” ဆိုၿပီးေတာ့ ေရးသားတင္ျပသြား ခဲ့တာ ျဖစ္ပါတယ္။
စြမ္းဇာနည္ကေတာ့ သူ႔ရဲ႕ေဖ့ဘုတ္အေကာင့္မွာေတာ့ “ဘာျဖစ္ခ်င္လဲေျပာ ေအးေဆး” ဆိုၿပီးေတာ့ ျပန္တင္ထားတာျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး စြမ္းဇာနည္ကိုေတာ့ေဝဖန္သူေတြလည္း မ်ားျပားေနသလို ဝန္းရံသူေတြလည္း ႐ွိေနပါတယ္။
Credit:Cantwiat2say
Unicodeဖြင့်ဖတ်ရန်
၁၄ရက်အတွင်း သိန်း ၅၀၀ နစ်နာကြေးတောင်းခံလိုက်ရတဲ့စွမ်းဇာနည်
ပရိသတ်တွေ အားပေးမှု အပြည့်အဝရရှိထားပြီး နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ကြိုက်ရတဲ့ ဇာတ်မင်းသား စွမ်းဇာနည်ကိုတော့သိမယ်ထင်ပါတယ်။ မင်းသား စွမ်းဇာနည်ကတော့နယ်ပရိသတ်တွေရဲ့အပြည့်အဝ အားပေးမှုကို ခံထားရတဲ့မင်းသား တလက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စွမ်းဇာနည်တယောက်ကတော့ လက်ရှိချိန်မှာ အမရပူရမြို့မှာပွဲငှါးတဲ့ကိစ္စနဲ့ပတ်သက်ပြီး အရှုပ်အရှင်းတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးစွမ်းဇာနည်ကိုတော့တာဝန်ရှိသူတွေက ပွင့်ပွင့်လင်းလင်း သတိပေးထားတာကို တွေ့ရပါတယ်။
စွမ်းဇာနည်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကတော့ “အထူးသတိပေးချက် အမရပူရမြို့ နန်တော်ရာစံပြကွက်သစ် ငါးဆယ်တစ်ကြိမ်မြောက် ပွဲတော်မှာ စွမ်းသဘင် ကို ငှားခဲ့ပါတယ် စရံကိုလဲ တောင်းတဲ့ သိန်း 50 ချပေးခဲ့ပါတယ် ပွဲတော် သုံးရက် ငှားရမ်းခဲ့ရာမှာ ကြားရက် ပွဲကူးရက် မရှိသဖြင့် ထပ်တိုးဖို့ ပြောဆိုတဲ့ အခါမှာ နောက်တစ်ရက် ထပ်တိုးပေးခဲ့ပါတယ် စုစုပေါင်း စွမ်းသဘင်ကို လေးရက်တိတိ ငှားရမ်းခဲ့ပါတယ် ပထမ ပွဲရက်မှာပဲစွမ်းသဘင်မှ အဖွဲ့သား အားလုံးရောက်ရှိပေမဲ့ စွမ်းဇာနည် မရောက်ခဲ့ပါဘူး အဲ့ အတွက် ပွဲတော်ကို ကျွန်တော်တို့ ပွဲကော်မတီမှ နားလည်မှုရှိစွာဖြင့် တစ်ရက် နောက်ဆုတ်ပေးခဲ့ပါတယ် ဒုတိယ ရက်နေ့မှာလဲ နေ့လည် 12:00 ထိ စွမ်းဇာနည် ရောက်မလာခဲ့လို့ စွမ်းသဘင် မှ တာဝန်ရှိသူဖြင့်တဲ့ စွမ်းဇာနည်ရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းဆက် မေးခိုင်းခဲ့ပါတယ် နေမကောင်းဘူး ပြောဆိုပါတယ် ဒါနဲ့ ကျွန်တော်တို့ ပွဲတော်ကော်မတီ မှ ဒုတိယတခါ နားလည်မှုရှိစွာဖြင့် စွမ်းဇာနည် မင်းနေမကောင်းဖြစ်နေရင်လဲ လူလေးပဲ စင်ပေါ်တက်ပြီး ပရိသတ်ကို မျက်နှာလေးပဲ လာပြပြီး မင်းနားနေပေါ့လို့ လေယာဉ်လက်မှတ်လဲအသင့်လုပ်ပေးမယ် ပြောဆိုခဲ့ပါတယ်
ဒီလိုနဲ့ ညနေပိုင်းထိမရောက်လာတော့ စွမ်းသဘင်က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ပွဲကော်မတီ ထပ်တွေ့ပါတယ် ညကြရင်မဖြစ်မနေ ပွဲစရတော့မယ် အခုထိ စွမ်းဇာနည် မရောက်လာသေးပါလား ဖုန်းပြန်ဆက်ကြည့်ပါပေါ့ ကျွန်တော်တို့ ဆက်တာ မကိုင်လို့ပေါ့ ဒီလိုနဲ့ သူရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းခေါ်ခိုင်းတယ် ဖုန်းမကိုင်တော့ ကျွန်တော်တို့ ပွဲကော်မတီမှ သည်းခံနိုင်တဲ့ အတိုင်းတာ ကုန်ဆုံးသွားပါပြီးဗျာ အဲ့တော့ စွမ်းဇာနည်ကိုပြောလိုက်ပါ ဒီညမှ အရောက်မလာရင် ပွဲကော်မတီမှ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်လို့ပြောလိုက်ပါ အဲ့မှာ စွမ်းဇာနည်ရဲ့အစ်မ နဲ့ အဒေါ်က ဖုန်းတွေမရမကခေါ်ပြီး စွမ်းဇာနည်ထံကို ဖုန်းဆက်ပါတယ်ဒီညမှ နင်မလာရင် ငါ့တို့ဇာတ်ဖွဲ့တစ်ခုလုံး ပြဿနာပြီးလို့ ပြောတဲ့အခါမှာ စွမ်းဇာနည်ထံမှ သေသေသတ်သတ် လို့ ပြန်ပြောခဲ့ပါတယ် အဲ့အချိန်ကစပြီး ကျွန်တော်တို့ ပွဲကော်မတီ မှ ဇာတ်အဖွဲ့သားအားလုံးကို ပြသာနာ ကြားထဲ မရောက်အောင် ရပ်ကွက်သူရပ်ကွက်သားတွေနဲ့ ပြဿနာ မ ဖြစ်အောင် ဇာတ်အဖွဲ့သားတွေ အားလုံး လူတွေကြည့်ပဲ အပြင်ကို အကုန်ပေးပါ လုံခြုံအပ်ကြည့်ပေးပါမယ်
ဒါပေမဲ့ စက်ပစ္စည်းများနဲ့ ကား ၅ စီးကိုထိန်းသိမ်းခဲ့ပါတယ် ဇာတ်အဖွဲ့သားတွေကို ပြသာနာ မဖြစ်ရအောင်လို့ မှန်လုံကားတစ်စီး ကိုတော့ မင်းသားငယ် မင်းသမီးများကိုဇာတ်အဖွဲ့သားတွေကို တင်ပေးပြီး အမရပူရမြို့နယ်နဲ့ ဝေးတဲ့ နေရာသာ သွားပါလို့ ပြောဆိုပြီး နားလည်မှုရှိစွာဖြင့် ဇာတ်အဖွဲ့သားတွေကိုလွှတ်ပေးခဲ့ပြီး စက်ပစ္စည်းအားလုံးနဲ့ ကားလေးစီးကိုတော့ပွဲတော်ကော်မတီမှ ထိန်သိမ်းထားပါတယ် နစ်နာကြေးအဖြင့် သိန်း 500 ကျပ်တိတိကို ပေးတာနဲ့ စက် ပစ္စည်းများနဲ့ ကားလေးစီးကို ပြန်ပေးပါမည် မနက်ဖြန် မှ စ၍ ၁၄ ရက် အချိန်ပေးသွားပါမည် ၁၄ ရက်ကျော်ခဲ့ပါက စက်ပစ္စည်းများနဲ့ ကားလေးစီးကို လုံးဝတာဝန်မယူကြောင်းကို
ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ အထူးသတိပေးကြေညာအပ်ပါကြောင်း
အနုပညာရှင်တစ်ဦးသည် ပရိတ်သတ်ကို လေးစားမှုရှိရမည်မိမိလုပ်ရမဲ့ အလုပ်ကို တန်ဖိုးထားရမည် မလုပ်နိုင်လျှင် အစောထဲက လက်မခံပါနဲ့ ပရိတ်သတ်ကိုစော်ကားအထင်သေးခြင်းသည် အနုညာရှင် တစ်ဦးရဲ့ အဆုံးသက် နေဝင်ချိန် တစ်ခုဖြစ်တည်လာနိုင်ပါသည်။ညနေ 4:၀၀ မှာ ရှေ့များနဲ့ အတူ သဘင်အစည်းအရုံးနှင့် ပွဲတော်ကော်မတီ မှ စာချူပ် ချူပ်ဆိုသွားမှာ ဖြစ်ကြောင်း သတိပေးပါသည် လုံးဝ ခွင့်မလွှတ်နိုင်ပါ အမရပူရမြို့ နန်းတော်ရာစံပြကွက်သစ် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့” ဆိုပြီးတော့ ရေးသားတင်ပြသွား ခဲ့တာ ဖြစ်ပါတယ်။
စွမ်းဇာနည်ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတော့ “ဘာဖြစ်ချင်လဲပြော အေးဆေး” ဆိုပြီးတော့ ပြန်တင်ထားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စွမ်းဇာနည်ကိုတော့ဝေဖန်သူတွေလည်း များပြားနေသလို ဝန်းရံသူတွေလည်း ရှိနေပါတယ်။
Credit:Cantwiat2say


မှတ်ချက်များ