မိဘႏွစ္ပါး အသက္ကို ကယ္ဖို႔ အရွင္လတ္လတ္ မီးေလာင္ ေသဆုံးခဲ့ရတဲ့ သတင္းေၾကျငာသူ ေကာင္မေလး
Zawgyi ျဖင့္ဖတ္ရန္
အသက္ေမြးဝမ္းေၾကာင္း အလုပ္အကိုင္မ်ားစြာထဲမွာမွ သတင္းေၾကျငာတဲ့ အလုပ္ဟာလည္း လြယ္ကူလွတဲ့ အလုပ္ေတာ့ မဟုတ္ပါဘူး။ အသံအားေကာင္းရမယ္ ၊ ရွင္းလင္းျပတ္သားေသာ အသံရွိရမယ္ ၊ ႐ုပ္ရည္ေျပျပစ္ရမယ္ ၊ လိမ္မာယဥ္ေက်းရမယ္ စတဲ့အခ်က္ မ်ားစြာနဲ႔ ကိုက္ညီမွ အလုပ္ရတာမ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလို အလုပ္ရဖို႔အတြက္ေတာ့ လြယ္ကူလွမွာမဟုတ္ပါဘူး။
ဒီလို အလုပ္ကိုလုပ္ကိုင္သူ သတင္းေၾကညာသူေလး Zeng Yingxin ဟာဆိုရင္ ေဟာင္ေကာင္သတင္းစာတစ္ခုမွာ အလုပ္လုပ္ကိုင္ေနသူပါ။ ဒါေပမယ့္ သူမဟာ ၿပီးခဲ့တဲ့ ႏိုဝင္
ဘာလ ၇ ရက္ေန႔က မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး ေသဆုံးခဲ့ပါတယ္။ သူမဟာ ကနဦးမီးစတင္ေလာင္ကြၽမ္းခ်ိန္မွာ လြတ္ေျမာက္ခဲ့ၿပီးေတာ့ သူမရဲ႕ မိဘေတြကို ကယ္ယူဖို႔ ႀကိဳးစားရင္း အသက္ဆုံးရႈံးခဲ့တာျဖစ္ပါတယ္။
မီးသတ္ကားေတြဟာ ၅ မိနစ္အတြင္း ေရာက္ႏိုင္ခဲ့ေပမယ့္ မီးအရမ္းႀကီးေန တာေၾကာင့္ ၉ လႊာမွာရွိတဲ့ သူတို႔ တိုက္ခန္းကေန မိဘေတြကိုသာ အရင္ကယ္ထုတ္ႏိုင္ခဲ့ၿပီးေတာ့ သူမကို ဒုတိယအႀကိမ္ ျပန္လည္ကင္တင္ဖို႔ႀကိဳးစားရာမွာေတာ့ မီးကြၽမ္းေနတဲ့ ခႏၶာကိုယ္သာ ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။
သူမဟာ ေသဆုံးခ်ိန္မွာ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္ၿပီးေတာ့ အၿပဳံးခ်ိဳၿပီး ၾကင္နာတတ္သူျဖစ္တာေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္ေတြပါ အလြန္ကိုခ်စ္ခင္သူေလးျဖစ္ပါတယ္။ မီးေလာင္မႈ ျဖစ္စဥ္ကိုေတာ့ ရဲအရာရွိေတြက စုံစမ္းစစ္ေဆးေနပါတယ္။ သူရဲ႕ မိဘမ်ားကေတာ့ အသက္ေဘးက လြတ္ေျမာက္ခဲ့ၿပီး ပြန္းပဲ့ဒဏ္ရာေလာက္သာရခဲ့ေပမယ့္ လိမ္မာတဲ့သမီးေလး ဆုံးရႈံးလိုက္ရတဲ့အတြက္ ယူႀကဳံးမရျဖစ္ေနခဲ့ၾကပါတယ္။
Writer- SMT(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
မိဘနှစ်ပါး အသက်ကို ကယ်ဖို့ အရှင်လတ်လတ် မီးလောင် သေဆုံးခဲ့ရတဲ့ သတင်းကြေငြာသူ ကောင်မလေး
အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များစွာထဲမှာမှ သတင်းကြေငြာတဲ့ အလုပ်ဟာလည်း လွယ်ကူလှတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အသံအားကောင်းရမယ် ၊ ရှင်းလင်းပြတ်သားသော အသံရှိရမယ် ၊ ရုပ်ရည်ပြေပြစ်ရမယ် ၊ လိမ်မာယဉ်ကျေးရမယ် စတဲ့အချက် များစွာနဲ့ ကိုက်ညီမှ အလုပ်ရတာမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အလုပ်ရဖို့အတွက်တော့ လွယ်ကူလှမှာမဟုတ်ပါဘူး။
ဒီလို အလုပ်ကိုလုပ်ကိုင်သူ သတင်းကြေညာသူလေး Zeng Yingxin ဟာဆိုရင် ဟောင်ကောင်သတင်းစာတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူပါ။ ဒါပေမယ့် သူမဟာ ပြီးခဲ့တဲ့ နိုဝင်
ဘာလ ၇ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ပါတယ်။ သူမဟာ ကနဦးမီးစတင်လောင်ကျွမ်းချိန်မှာ လွတ်မြောက်ခဲ့ပြီးတော့ သူမရဲ့ မိဘတွေကို ကယ်ယူဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
မီးသတ်ကားတွေဟာ ၅ မိနစ်အတွင်း ရောက်နိုင်ခဲ့ပေမယ့် မီးအရမ်းကြီးနေ တာကြောင့် ၉ လွှာမှာရှိတဲ့ သူတို့ တိုက်ခန်းကနေ မိဘတွေကိုသာ အရင်ကယ်ထုတ်နိုင်ခဲ့ပြီးတော့ သူမကို ဒုတိယအကြိမ် ပြန်လည်ကင်တင်ဖို့ကြိုးစားရာမှာတော့ မီးကျွမ်းနေတဲ့ ခန္ဓာကိုယ်သာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
သူမဟာ သေဆုံးချိန်မှာ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီးတော့ အပြုံးချိုပြီး ကြင်နာတတ်သူဖြစ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေပါ အလွန်ကိုချစ်ခင်သူလေးဖြစ်ပါတယ်။ မီးလောင်မှု ဖြစ်စဉ်ကိုတော့ ရဲအရာရှိတွေက စုံစမ်းစစ်ဆေးနေပါတယ်။ သူရဲ့ မိဘများကတော့ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ပွန်းပဲ့ဒဏ်ရာလောက်သာရခဲ့ပေမယ့် လိမ်မာတဲ့သမီးလေး ဆုံးရှုံးလိုက်ရတဲ့အတွက် ယူကြုံးမရဖြစ်နေခဲ့ကြပါတယ်။
Writer- SMT(Shwe Yaung Lan)

မှတ်ချက်များ